22 November 2012 |By Good Health
သင့်ကလေးငယ်က သူ့ပါးစပ်ထဲကို ပစ္စည်းတစ်ခုခု ထည့်ဖို့ ရှာဖွေ ကြိုးစားနေပြီဆိုရင်
မိဘတွေအနေနဲ့ ကလေးငယ် အတွက် ကြောက်စရာ အကောင်းဆုံး ဆို့နင့်တဲ့ အန္တရာယ် ကျရောက်နိုင်ပါလားဆို တာ သတိထား ရပါတော့မယ်။ ကလေး တွေက အထိအတွေ့နဲ့ အရွယ်အစားအ ကြောင်း လေ့လာနေတဲ့ အရွယ်မှာ ပစ္စည်းတွေကို ပါးစပ်ထဲထည့်ဖို့ ကြိုးစားတတ် ကြပါတယ်။ ကလေးငယ် အသက် တစ်နှစ်အတွင်း မတော်တဆ မှုကြောင့် သေဆုံးနိုင်တဲ့ နံပါတ်တစ် အကြောင်းရင်းဟာ ဆို့နင့်မှုကြောင့်ပါ။ ဒါကြောင့် အစာ ကြောင့် ဆို့နင့်မှု မဖြစ်စေဖို့ သတိထားရ မယ့် အချက်တွေ ရှိပါတယ်။
(၁) ကလေးအစာစားနေစဉ် စောင့်ကြည့်ပါ
အသက်လေးနှစ်နဲ့ အောက် အရွယ် ကလေးငယ်တွေဟာ တစ်ချိန်တည်းနဲ့ အ စာကို ကြိတ်ခြေဝါးဖို့၊ မျိုချဖို့နဲ့ အသက် ရှူဖို့ မကျွမ်းကျင်ကြသေးပါဘူး။ ဒါကြောင့် သူတို့ကို ခွံ့ကျွေးဖို့နဲ့ သူတို့ အစာစားနေ စဉ်မှာ လူကြီးတစ်ဦးဦးက စောင့်ကြည့် နေဖို့ လိုပါတယ်။
(၂) လူအများစုရုံးစားစဉ် သတိထားပါ
လူအများနဲ့ စုရုံးပြီး စားနေချိန်ဟာ ကလေးငယ်အတွက် အစာဆို့နင့်မှု အ ဖြစ်များဆုံးအချိန်ပါ။ ဒီအချိန်မှာ ကလေး ဟာ အလစ်ချောင်းပြီး အစာကို ဖမ်းဆုပ် ယူကာ ပါးစပ်ထဲ ထည့်တတ်လို့ပါ။
(၃) အစာကို သေးငယ်သော အပိုင်း ဖြစ်အောင် ကြိတ်ခြေကျွေးပါ
စပျစ်သီး၊ ဘီစကွတ်မုန့်၊ ဟော့ဒေါ့ မုန့်စတဲ့ အစာတွေကို ကလေးငယ် ဝါး မျိုနိုင်တဲ့ အရွယ်အစားဖြစ်အောင် လှီး ဖြတ်ပြီးမှ ကျွေးပါ။ သစ်သီးတွေဆိုရင် အခံခွာပြီး မှ ကျွေးပါ။ ဒါဆရို င်ကလေးငယ် အဖို့ ဝါးစားရတာ ပိုမိုသက်သောင့်သက် သာ ဖြစ်စေပါတယ်။
(၄) ကလေး၏ အပြုအမူကို သတိထားပါ
ကလေးဟာ အစာကြောင့် ဆို့နင့် နေချိန်မှာ စကားမပြောနိုင်ပါဘူး။ ဒါ ကြောင့် ကလေး အသံတိတ်နေသလား ဆိုတာ သတိထားနေရပါမယ်။
(၅) အစာကုန်အောင် မျိုချပြီးမှ ထမင်းစားပွဲက ထခွင့်ပေးပါ
ကလေးက ထမင်းစားပွဲမှ မထခင် သူ့ပါးစပ်ထဲမှာ အစာတစ်ခုခု ကျန်သေး သလားဆိုတာ သေချာကြည့်ပါ။ ကလေး ဟာ အစာကို ပါးစပ်ထဲထည့်ထားရင်း ကစားတာကြောင့် အစာဆို့နင့်မှုဖြစ်နိုင် ခြေ မြင့်မားတတ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။