အပြာရောင်အမှုန်စစ ကြားက
မျက်လုံးပေါင်းတစ်ထောင်နဲ့ အကောင်ပလောင်တွေ ဟာ
ခါးကြားမှာ ညှပ်ထားတဲ့
စပီကာအသံတွေကြားမှာ
မျက်မှန်နဲ့နာရီတွေကို
ဟမ်ဘာဂါလုပ်ထားတဲ့ ခုံတန်းတွေထက်မှာ
ငရဲမီးနဲ့စား ၊
ဈေးလျှော့ဝယ်ဖို့ အကွက်ဆင်ထားတဲ့ စစ်တုရင် ရွှေန၀လီတွေလက်မှာ
သေချာတယ် . . .
ဒါဟာနိုင်ရာစား တောရိုင်းကြီး
ခြေထောက်မဲမဲ
ကိုယ်ခန္တာလေးထောင့် နဲ့အကောင်တွေ ပလူပျံတဲ့နေရာ
ကတ္တရာအနက်မှာ ခြေထောက်တွေ
မာရသွန်တဲ့နေရာ
လူလည်ပါတ်ကား တွေ
အပြုံးတဝေေ၀နဲ့နေရာ
လူရိုးတောသားများ
မျက်စိသေးသေး နားသေးသေးနဲ့နေရာ
ကွမ်ယာသမား ၊ မယားအဌား ၊
ဇာဦးထုပ် နဲ့ စိနသားများ ကြီးစိုးတဲ့နေရာ . . .
မနက်ဆို အထည်အလိပ်ဈေး
ညဆို အသွေးအသားဈေး
ညှီနံ့တသင်းသင်းဟာ
သိမ်ကြီးဈေးဆိုတဲ့နေရာမှာ
ညခြောက်နာရီကျော်လျှင်မွေး
ပေါင်တံဖွေးဖွေး
မျက်နှာဖွေးဖွေး ၊ . . . ဖွေးဖွေး ၊ ××× ဖွေးဖွေး
ဒါတင်မက
ပန်းဆိုးတန်းတံတားအောက်က
လဖက်ရည်နံ့သင်းတဲ့
ချောချောလှလှ ပုရိသတို့ရဲ့
အခြော်တကောက်များသီးသန့် . .
. ၀မ်းဝေး . . .
ဆူးလေစေတီ ၊ ဗလီ နဲ့
ချာခ်ျကျောင်း
ဒေါင်းနှစ်ကောင်ကို
အရောင်တင်ထားတဲ့ အဆောက်အအုံဟောင်း
သြစီလား ၊ ယူအက်စ်လား ၊ ဘတ်
လား ၊ ရင်းဂစ် လား အကို
လာပါ လာပါ ကျနော်တို့က
အပ်ချိန်းတွေထက်ဈေးပိုပေးမှာ
မျက်လှည့် ၀ါသနာရှင်တွေပါ
အကို ၊ ထောင်တန်အုပ်က နည်းနည်းတော့လျော့ပါလိမ့်မယ် . . .
မြို့လယ်လား
၊တောအုပ်လား
တောရိုင်းလား ၊
မြို့ပြလား
ကြည့်လေမြင်လေရာ မှာ
လှုပ်လှုပ်ရွရွ . . .
မိုးလေ၀သထက်ခန့်မှန်းရခက်တဲ့
မြို့လယ်ကွက်ကျား . . .
မာဃသစ္စာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။