Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 23, 2012

The Cunning of History သမိုင်းရဲ့မာယာဆင်စဉ်းလဲမှု

Mizzima Journal , 23October, 2012

သူပုန်ဘာ့ကြောင့်ထရတယ်…..
ရွှေအမြုတေစာစောင်မှာရဲသျှမ်းရဲ့ မိုးအောက်မြေ တန်ခိုးတောက်ပေ ခေတ်ကောင်း ရောက်ပြီလေ ဆိုတဲ့ ဆောင်းပါးဖတ်ဖြစ်တယ်။ လွတ်လပ်ရေးမရခင်နဲ့ရပြီးစခေတ်ကွန်မြူနစ်ပါတီဝင်အမျိုးသမီးကြီး တဦးဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုတင်ပြထားတဲ့ဆောင်းပါးတပုဒ်ပါ။
ဒီဆောင်းပါးထဲမှာထိုစဉ်ကကွန်မြူနစ်ပါတီရဲ့သူပုန်ဘာ့ကြောင့်ထရသလဲဆိုတဲ့သီချင်းစာသားကဒီလိုပါ….
ဖိနှိပ် ချုပ်ချယ်မှုတွေ များပြားလို့ရယ် သူပုန်ထတယ်။
ပျဉ်းမနား နတ်မောက် အရေးကိုကွယ် တစ်တိုင်းပြည်လုံးက ထောက်ခံစေဖွယ်။
သူပုန် ဘာကြောင့် ထရတယ်။ ဖိနှိပ်ခဲ့တယ်။ လယ်မဲ့ယာမဲ့၊ ပစ္စည်းမဲ့ကို ချုပ်ချယ်လို့သာ သူပုန်ထတယ်။
ရာဇ၀င်မျှော်တွေး သွေးနဲ့ ရေးရမယ်။
လယ်သမား သူပုန် အောင်မြင်ဖို့မနှေး အာဏာတွေ သိမ်းရမယ်
ကိုယ့်ကြမ္မာကိုယ်ဖန်ဖို့အရေး တကယ်ပင် သူပုန်ထလို့ သွေးမြေကျအောင် တိုက်ရပြန်တယ်။
ချီးကျူးတယ်၊ ဦးညွတ်တယ်။ လယ်ဝေးသူပုန်ကြီး ကြီးမားလာစေဖွယ်။

နယ်ချဲ့သမားတွေ ညှဉ်းပန်းမှုကြောင့် လူမွေးလူတောင် မပြောင်တယ်
ဆင်းရဲတွင်း နက်ပါလို့
သူပုန်မီးကို မွှေးရတယ်
တိုက်မယ် တိုက်မယ် ခိုက်မယ် ခိုက်မယ်
နယ်ချဲ့သမားကို ပြုတ်အောင် ဒို့တိုက်မယ်။
လယ်သမားသူပုန် အောင်မြင်ဖို့ မနှေး……………………. ကြီးမားလာစေဖွယ်။
ငယ်စဉ်ကကြားဘူးတဲ့သီချင်းမို့စာသားမြင်တာတဲ့သီချင်းအလိုက်ပါခေါင်းထဲပေါ်လာပါ
တယ်။အင်မတန်ထိမိတဲ့စာသားတွေပါဘဲ။အလွန်ထက်မြက်စူးရှတဲ့ဝါဒဖြန့်ချီရေးလက်
နက်တရပ်ပါဘဲ။ဒါကြောင့်လည်းအဲသည်ခေတ်ကလူငယ်တွေ၊တက္ကသိုလ်ကျောင်းသားတွေအတော်များများလက်နက်ကိုင်သူပုန်ထတဲ့ရေစီးကြောင်းထဲမျောပါသွားကြတာဘဲမဟုတ်ပါလား။တောထဲမရောက်သေးသူတွေလည်းဗကသ၊တကသ၊တပ်ဦးဆိုတဲ့ကျောင်းသားအဖွဲ့အစည်းတွေမှာလှုပ်ရှားကြရင်းနုနယ်သေးတဲ့ပါလီမန်ဒီမိုကရေစီစံနစ်ကိုရတဲ့နည်းနဲ့ဆန့်ကျင်လှုပ်ရှားခဲ့တာနားလည်နိုင်ပါတယ်။
ဆောင်းပါးထဲကအမျိုးသမီးကြီးရဲ့အဆိုအရ..မတ်လ ၁၈ ရက်နေ့ ညီလာခံပြီးတယ်။ နောက် ၁၀ ရက်ကြာ မတ် ၂၈ ဗမာ ပြည်ကွန်မြူနစ်ပါတီ တောခို တော့တာပဲ။
ပျဉ်းမနား ကွန်ဂရက်မှာ သခင်သန်းထွန်း တရားဟောတယ်။ ညပိုင်းမှာ ဗီယက်နမ် စစ် ရုပ်ရှင်ပြတယ်။ တကယ့် အဖြစ်အပျက်တွေကို ရိုက်ထားတာ။ ဇာတ်လမ်းရုပ်ရှင် မဟုတ်ဘူး။ စစ်အနိဋ္ဌာရုံပေါ့ ကွယ်။
ကွန်ဂရက်ပြီးတော့ ရထားစီးပြီး ပြန်လာကြတာ။ မီးသွေးခေါင်း စက်ခေါင်းနဲ့ ဆွဲတဲ့ကျောက်ရထားလေ။ ကျောက်တင်တဲ့ တွဲပက်လက် ပေါ်မှာ တပျော်တပါးကြီး။ ပါတီဝါဒ သီချင်းတွေ သံ ပြိုင်သီဆိုကြတာ။ မှတ်မိတာ ပေါ့။ ဆိုပြရဦးမယ်။ ၈၀ ကျော် အဘွားကြီးဆိုတော့ အသံတွေက တုန်နေမှာကွဲ့။ စာသားတွေက မမေ့ဘူး။ နှ လုံးသားထဲ စွဲနစ်နေတာဆို တော့ မှတ်မိနေတယ်။
ဒီသီချင်းဟာနိုင်ငံရေးအရဆန့်ကျင်ဖက်မှာရှိတဲ့သူတွေတောင်အားကျရလောက်အောင်
ထိရောက်အောင်မြင်တဲ့သီချင်းတပုဒ်ပါ။ စာရေးသူကတော့ဒီသီချင်းကိုလယ်ဝေးသူပုန်လို့ဘဲသညာမှာမှတ်သားမိပါတယ်။
ကြောက်စရာကောင်းလိုက်ပါတဲ့ကလောင်သွား
စာရေးသူငယ်စဉ်ကပါ…
ပါလီမန်ခေတ်ရွေးကောက်ပွဲနီးတဲ့အခါမဲဆွယ်သီချင်းတွေကိုမဲဆွယ်ဆိုင်းဘုတ်ကြီးတွေ
တဖက်တချက်မှာချိတ်ဆွဲထားတဲ့ကြော်ငြာကားတွေနဲ့လှည့်လည်ပြီးလော်စပီကာနဲ့အရပ်တကာဖွင့်ပြီးဘယ်အမတ်ကိုဖြင့်မဲထည့်ကြပါပေါ။့
ရွေးကောက်ပွဲသီချင်းတွေကိုဆရာကြီးရွှေပြည်အေးကစပ်ပေးတာများပါတယ်။
ဦးနု၊ဦးနု၊၀န်ကြီးချုပ်ဦးနုဆိုတာကွယ်….
မှတ်မိသေးတယ်..လွတ်လပ်တဲ့ပြည်ထောင်စုခေါ်ဗိမာန်ကြီးကိုတည်ဆောက်ရာဝယ်
ပိသုကာကြီးဖြစ်ပါတယ်..အဟုတ်ပါကွယ်…
သီလရော၊သမာဓိရော၊ပညာရောပြည့်စုံသူမှန်တယ်….အဟုတ်မှန်တယ်..
အဲသည်လိုသီချင်းမျိုးတွေပေါ့
တနေ့တော့စာရေးသူတို့အိမ်မှာဆရာကြီးရွှေပြည်အေးကသူစပ်ပြီးတိတ်ရကော်ဒါနဲ့
အသံသွင်းပြီးသီချင်းတွေကိုလာဖွင့်ပြတယ်။
အဖေက “ဆရာရေဒီသီချင်းတွေကလယ်ဝေးသူပုန်သီချင်းလောက်မထိဘူးဗျာ”လို့ပြောပြီး
အစမှာဖေါ်ပြခဲ့တဲ့သီချင်းကိုဆိုပြတယ်။
ဒါကြောင့်လယ်ဝေးသူပုန်သီချင်းလို့နားထဲစွဲခဲ့ပါတယ်။
အဖေဆိုပြတာကြားယောင်နေမိပါသေးတယ်…
သူပုန်ဘာ့ကြောင့်ထရတယ်
နယ်ချဲ့အစိုးရညှင်းပမ်းလို့ရယ်
လူမွေးလူယောင်မပြောင်တယ်
ဆင်းရဲတွင်းနက်ခဲ့ပါလို့ရယ်…
သူပုန်မီးကိုမွှေးခဲ့ရတယ်..
လယ်သမားသူပုန်အောင်မြင်ဖို့အရေး
အာဏာကိုသိမ်းရမယ်…
ဝါဒဖြန့်ချီရေးမှာဒီသီချင်းဟာအင်မတန်အစွမ်းထက်ခဲ့တဲ့လက်နက်ပါ။
သူပုန်ထရမယ်၊အာဏာသိမ်းရမယ်ပြီးတော့ဘာကြောင့်ဒီပန်းတိုင်ကိုရည်မှန်းရသလဲဆိုတာကိုရိုးရိုးရှင်းရှင်းလေး
အနုပညာပြောင်မြောက်စွာနဲ့တင်ပြသွားတယ်။
ကွန်မြူနစ်တွေဟာဒီသီချင်းအပြင်အခြားထိရောက်တဲ့ဝါဒဖြန့်လက်နက်တွေနဲ့လည်းပြည်သူ
တွေအကြားသူတို့ရဲ့ယုံကြည်ချက်တွေဖြန့်နိုင်ခဲ့တယ်။
လွတ်လပ်ရေးခေတ်ဦးမှသည်န၀တစစ်အစိုးခေတ်အထိနစ်ဖြူနစ်နီကွန်မြူနစ်ဝါဒီအားလုံးရဲ့
တူညီသောယုံကြည်ချက်ဟာလက်နက်ကိုင်တော်လှန်ရေးနဲ့အစိုးရအာဏာကိုသိမ်းပိုက်ရေးပါဘဲ။
ဒီယုံကြည်ချက်ဒီအတွေးအခေါ်ကိုမြေပေါ်မြေအောက်မှာရှိတဲ့တတ်သိဆိုတဲ့စာရေးဆရာ၊ကဗျာဆရာ၊သတင်းစာဆရာတွေရဲ့အနုပညာစွမ်းအားတွေနဲ့နိုင်ငံရေးစိတ်နိုးကြားတဲ့ပြည်သူတွေ(အထူးသဖြင့်လူငယ်တွေ)ရဲ့ခေါင်းထဲစွဲနေအောင်ရိုက်သွင်းနိုင်ခဲ့ပါတယ်။
တိုက်ရိုက်တမျိုးသွယ်ဝိုက်၍တဖုံသတင်းစာ၊၇ျာနယ်၊စာဆောင်ဝတ္ထုတွေမှတဆင့်
သပိတ်စုံသူပုန်ထ၊ပြည်သူ့အာဏာတည်ထောင်ကြ၊ကျေးရွာကိုသိမ်းမြို့ကိုဝိုင်း၊ရွှေရည်စိမ်
လွတ်လပ်ရေးအလိုမရှိဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူအရင်းရှင်ဒီမိုကရေစီကိုတိုက်ဖျက်ကြ၊
ပြည်သူ့ဒီမိုကရေစီထူထောင်ကြ၊ကမောက်ကမပညာရေးဖျက်သိမ်းပေး၊အလုပ်သမားလယ်သမားအကျိုးသာဦးစားပေးတဲ့ဗဟိုရ်ဦးစီးစံနစ်တည်ထောင်ရေးဆိုတဲ့ဝေါဟာရ
ဆောင်ပုဒ်တေနဲ့သူတို့ရဲ့အတွေးအခေါ်တွေကိုလူငယ်ပြည်တွေရဲ့ခေါင်းထဲရောက်အောင်ထိရောက်စွာ ဖြန့်ဖြူးပေးနိုင်ခဲ့ကြတယ်။
တော်လှန်သောအနုပညာအစွမ်းတွေနဲ့နိုင်ငံရေးပန်းတိုင်ကိုလက်နက်ကိုင်တိုက်ယူမှရမယ်
ဆိုတဲ့အသိကိုကျယ်ကျယ်ပြန့်ပြန့်ဖြန့်နိုင်ခဲ့တယ်။နိုင်ငံရေးမျိုးဆက်တဆင့်မှတဆင့်လက်ကမ်းနိုင်ခဲ့ကြတယ်။
လက်နက်ကိုင်လမ်းစဉ်ဝါဒနဲ့သူပုန်မီးကိုမွှေးခဲ့ကြတယ်။သူတို့မွှေးတဲ့ပြည်တွင်းစစ်မီးဟာတ
တောလုံးပြောင်အောင်လောင်ကျွမ်းခဲ့ရတယ်။
ဒါကြောင့်အလံနီလည်းသူပုန်ထ၊အလံဖြူလည်းသူပုန်ထ၊ပြည်သူ့ရဲဘော်လည်းသူပုန်ထ၊လူမျိုး
စုတွေလည်းသူပုန်ထ။တချိန်ကဆိုရှယ်လစ်သရုပ်မှန်ဆရာကြီးတွေရဲ့ဝေါဟရကိုအငှါးယူသုံးရရင်တော့အဖိနှိပ်ခံတွေကို့အနုပညာအစွမ်းနဲ့ထွက်ပေါက်ကိုလမ်းညွှန်ပြနိုင်ခဲ့တယ်ပေါ့။
ဥာဏ်နီဥာဏ်နက်တွေနဲ့သမိုင်းရယ်မာယာဆင်လို့
မြန်မာပြည်ရဲ့လွတ်လပ်ရေးခေတ်ဦးနိုင်ငံရေးဝါဒသုံးခုအားပြိုင်ခဲ့တယ်။ laissez faire capitalism အမေရိကန်လိုအရင်းရှင်စံနစ်ရယ်၊ democratic socialism ဆွီဒင်၊ဖင်လန်နဲ့ဥရောပနိုင်ငံတွေကလို ဒီမိုကရေစီဆိုရှယ်လစ်စံနစ်ရယ်၊
ဆိုဗီယက်ရပ်ရှားပုံစံcommunism ကွန်မြူနစ်စံနစ်တို့ဘဲပေါ့။ နယ်ချဲ့ရဲ့အရင်းရှင်စံနစ်ဟာကျွန်ဘ၀ကလွတ်မြောက်ခါစလူငယ်နိုင်ငံရေးခေါင်းဆောင်တွေ
အကြားမှာကြိုက်နှစ်သက်တဲ့သူမရှိသလောက်ပါဘဲ။ဒီတော့အကျိပ်အနယ်ပြိုင်ဆိုင်ခဲ့ရတဲ့ဝါဒ
နှစ်ရပ်ကတော့အနောက်ဥရောပနိုင်တွေကျင့်သုံးနေတဲ့ပါလီမန်ဒီမိုကရေစီစံနစ်အပေါ်အခြေခံတဲ့ဒီမိုကရေစီဆိုရှယ်လစ်စံနစ်နဲ့ဆိုဗီယက်ရပ်ရှားနဲ့(နောက်ပိုင်းမှာတရုတ်ပြည်သူ့သမတနိုင်ငံ)တို့လိုတပါတီအာဏာရှင်စံနစ်အပေါ်အခြေခံတဲ့ဆိုရှယ်လစ်(သို့မဟုတ်)ကွန်မြူနစ်စံနစ်
တို့ပါ။ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဏာရဖဆပလအဖွဲ့ဟာသူတို့ယုံကြည်တဲ့ပါလီမန်ဒီမိုကရေစီစံနစ်ရဲ့ဘောင်အတွင်းမှာဆိုရှယ်လစ်စံနစ်ကိုတည်ထောင်ဘို့အားစိုက်ခဲ့ကြတယ်။
ဒါပေမဲ့၁၉၆၂ခုနှစ်တော်လှန်ရေးကောင်စီတက်လာတဲ့အချိန်မှာတော့ဒီမိုကရေစီစံနစ်ဟာအလဲထိုးခံရပြီး
တပါတီအာဏာရှင်စံနစ်အပေါ်အခြေခံတဲ့ဆိုရှယ်လစ်စံနစ်(သို့)ကွန်မြူနစ်စံနစ်သာ
အနိုင်ရခဲ့တယ်။ ကွန်မြူနစ်စံနစ်ရဲ့အန္တိမအောင်ပွဲဘဲပေါ့။
စေ့စေ့တွေးကြည့်ရင်ဒီကွန်မြူနစ်အောင်ပွဲဟာတဖက်နဲ့တဖက်လက်နက်ကိုင်ပြီးရင်ဆိုင်တိုက်ခဲ့တဲ့စစ်ပွဲတွေထဲကပေါ်ထွက်လာတဲ့ရလဒ်မဟုတ်ဘူး။
ဝါဒဖြန့်ဆရာတွေရဲ့ထိရောက်မှုကဏ္ဍဟာအလွန်အရေးပါခဲ့တယ်။
နောက်ဆုံးတောအနုပညာ့ကလောင်လက်နက်နည်းမျိုးစုံနဲ့ထိုးဖေါက်ဖြန့်ချီခဲ့တဲ့
ကွန်မြူနစ်ဝါဒဟာဗိုလ်ချူပ်နေ၀င်းလိုတပ်မတော်ဦးစီးချုပ်ရဲ့ခေါင်းထဲအထိတောင်ထိုး
ဖေါက်ဝင်ရောက်နိုင်ခဲ့တယ်။ဒါကြောင့်လည်းသပိတ်မစုံ၊မြို့ကိုမ၀ိုင်းဘဲလက်နက်နဲ့နိုင်ငံတော်အာဏာကိုသိမ်းပိုက်နိုင်ခဲ့တာပါ။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတ်ီဆိုတာတကယ်တော့လီနင်နဲ့မော်စီတုန်းတို့ညွှန်ခဲ့တဲ့ (Vanguard Party of the Proletariat) ပစ္စည်းမဲ့တို့ရဲ့တပ်ဦးပါတီရဲ့ပုံတူပါဘဲ။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်တို့အညမညတို့ဆိုတာလည်းကွန်မြူနစ်စာရေးဆရာကြီ်းဦးချစ်လှိုင်ရဲ့ အနုပညာဖန်တီးမှုနဲ့ရောင်တုံးထုံးလုံချည်ဆင်ပေးထားတဲမတ်စ်လီနင်ဝါဒဘဲ။
ပြည်သူ့ဆိုင်၊ပြည်သူ့တရားစီရင်ရေး၊ပြည်သူ့တပ်မတော်၊ရပ်ကွက်ကောင်စီကစလို့နောက်
ဆံုးအခွင့်ထူးခံတွေအတွက်သာဝယ်ယူခွင့်ရှိတဲ့ပဒုမ္မာဆိုင်အဆုံး၊ဆိုဗီယက်၊တရုတ်ပြည်၊အရှေ့ရျာမဏီစတဲ့ကွန်မြူနစ်နိုင်ငံတွေဆီကပုံတူကူးတည်ဆောက်မှုတွေသာဖြစ်ပါတယ်။
ကနဦးအနပဋ္ဋိလောမဆရာကြီးHegelကတော့ (the cunning of reason) အကျိုးအကြောင်း တရားရဲ့စဉ်းလဲမှုလို့သုံးစွဲခဲ့တယ်။ စာရေးသူကတော့the cunning of history သမိုင်းရဲ့မာယာဆင်စဉ်းလဲမှုလို့ဘဲဆိုချင်ပါတယ်။
စဉ်းစားကြည့်ပါ။မြန်မာပြည်ရဲ့သမိုင်းမှာအလံနီကျဆုံးခဲ့တယ်။ဗကပကျဆုံးခဲ့တယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မျက်နှာဖုံးစွတ်ထားတဲ့ကွန်မြူနစ်ဝါဒကတော့မဟာအောင်မြင်မှု
ကြီးကိုရရှိခဲ့တယ်။
သမိုင်းဟာကွန်မြူနစ်စံနစ်အာဏာတည်ဆောက်မှု့အောင်ပွဲကိုအလံနီနဲ့
ဗကပလက်ထဲအပ်နှင်းဘို့ငြင်းဆိုခဲ့ပြီးဗိုလ်နေ၀င်းရဲ့လက်ထဲကိုဝကွက်ပြီးအပ်ခဲ့တယ်။
ဒါကြောင့်သမိုင်းရဲ့မာယာဆင်စဉ်းလဲမှုလို့စာရေးသူကဆိုချင်တာပါ။

http://drtunkyawnyein.wordpress.com/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။