Posted by နီနှစ်နှောင် ( ပိုင်ဒ၀ယ် ) on
အောက်တိုဘာ 22, 2012 at 11:00am
ကိလေသာတွေကို ငါတိုက်ခိုက်ကြည့်တယ်
ငါချည်းပဲရှုံးတယ် ဘယ်တော့မှငါနိုင်တော့မှာလဲ?
ရှင်းရှင်းပဲကြိုက်တယ်ဆိုရင် ရှင်းရှင်းနေမှ
ဖြစ်မယ် ရှုတ်ရှုတ်နေရင် သုတ်သုတ်သေမှာပဲ။
ငါ့မှာ ဘာလိုလည်းလို့ ကိုယ့်ကိုယ်ကို
တကယ်ပြန်မေးမှ တကယ်ဖြေမယ်တကယ်ဖြေမှ တကယ် ကောင်းမှုကို လုပ်ဖြစ်မှာ။
နွဲ့ဆိုး ဆိုးတယ်ဆိုတာ နွဲ့ဆိုး
ဆိုးလို့ရတဲ့သူရှိလို့သာ ဆိုးတာပါဆိုးလို့ရတဲ့ သူတွေကများလွန်းတော့ ဆိုးလို့
ဆုံးနိုင်တော့မှာ မဟုတ်ဘူး။
ရှက်တယ်ဆိုတာ ရှက်စရာကိုလုပ်လို့ ရှက်ရတာပါ
မလုပ်ရင် ရှက်စရာ မလိုဘူး ကြောက်စရာလည်း ဒီအတိုင်းပဲ။
ဆုတ်ယုတ်တယ်ဆိုတာ အကျင့်တွေ ဆုတ်ယုတ်တာပါ
ဘာကြောင့် အကျင့်တွေဆုတ်ယုတ်တာလဲ?
မကျင့်ကြတော့လို့ မကျင့်ရင်တော့ ဟာ...သွားပြီး
အပါယ်ကို၊ ကျင့်ရင်တော့ ဟာ...သွားပြီး နိဗ္ဗာန်ကို။
ကိုယ်ဖြစ်ဖူးမှ ကိုယ်ချင်းစာ တတ်တယ်ဆိုရင်
သူ့ကိုကူညီဖို့ လက်မနှေးပါနဲ့။
မဖြစ်ဘူးဆိုတာ မရှိဘူး မဖြစ်သေးတာပဲ ရှိတယ်ဆိုတော့
ဖြစ်အောင်ကိုယ်ကဘယ်တော့လုပ်မှာလဲ?.
အချိန်နှင့် ဒီ.ရေသည် လူကိုမစောင့်ပါဆိုတဲ့
စကားဟာ ရိုးအီလွန်းတယ်လို့မထင်ပါနဲ့ မနေ့က ကုန်သွားတဲ့
အချိန်ကိုဒီနေ့ဘယ်လိုမှ
ပြန်မရနိုင်တော့ဘူး။
မကောင်းတာတွေ မတွေးပါနဲ့ မပြစ်မှားပါနဲ့
အဲဒါလေးတစ်ခုတော့ တောင်းပန်ချင်ပါတယ်။
အာမခံတဲ့ အလုပ်ဆိုရင် ဘယ်အာမခံတဲ့
အလုပ်မှမလုပ်ပါနဲ့လို့ ပြောချင်တယ်။
အောင်မြင်မှုတော့ လိုချင်တယ် အောင်မြင်အောင်
မလုပ်ဘူးဆိုရင် ဘယ်လိုမှမအောင်မြင်နိုင်ဘူး။
မပြည့်တဲ့ရေအိုးဟာ ဘောင်ဘင်ခတ်တယ် ဆိုတာကို
ကြုံဖူးမှပဲ သိတော့တယ်ဆိုရင်အထင်သေးတဲ့စိတ် မဖြစ်တော့ပါနဲ့။
သူ့မှာ တနေကုန် အများနဲ့ ဆက်ဆံနေရတော့
ညောင်းချိပင်ပန်းပြီး ဒေါသဖြစ်နေတယ်သူ့ရဲ့ဒေါသကို အပြစ် မမြင်တော့ပါနဲ့
နားလည်ပေးလိုက်ပါ။
ရည်ရွယ်ထားတာက တစ်မျိုး ဖြစ်လာတာက တစ်မျိုးဆိုတော့
အဲဒီတစ်မျိုးဖြစ်လာတာကိုပဲ အကောင်းမြင်ရတော့မှာ ငါ့အလိုကို
ဘာမှမလိုက်ပါလား။
မနက်ဖြန် ငါဘာလုပ်လိုက်မယ်ဆိုတဲ့ အတွေးကို တွေးတာ
ကောင်းပါတယ်လက်ရှိယခု အချိန်ထက်တော့ ကောင်းမယ်မထင်ပါဘူး။
လူတစ်ဘ၀ ဖြစ်ရတာ မာနကြီးတစ်ခွဲသားနဲ့
ဟိုလူအကြောင်း ဒီလူအကြောင်းမကောင်းတာတွေ ပြောပြီး အသက်ရှင်နေရရင်
လူဖြစ်ကျိုးနပ်တော့မှာ မဟုတ်ဘူး။
အရာရာဟာ အားလုံး အဆင်ပြေရင် လောကကြီးမှာနေရတာ
ပျော်စရာပါ`အဆင်မပြေဘူးကွာ`ဆိုရင်တော့ ဒုက္ခရောက်သလို ခံစားရတယ်
ယခုလက်ရှိ ကြုံတွေ့နေရတဲ့ဒုက္ခတွေဟာ နောင်တချိန်မှာ
ရယ်စရာ ဟာသဖြစ်သွားတယ်။
လွတ်လွတ်လပ်လပ် နေရတဲ့ဘ၀ဟာ ပျော်စရာ ကောင်းပါတယ်
ဆေးထိုးအပ်တန်းလန်းနဲ့ မလွတ်မလပ် ဘယ်သူမှ မနေချင်ကြဘူး
ကျန်းမာရေးကို ဂရုစိုက်ပါ။ လူတွေဟာ သတ်မယ့်နေရာကို
ပို့ဖို့အတွက် ခြင်းတောင်းထဲမှာ စုပြုံထည့်ထားတဲ့
ကြက်တွေနဲ့လည်း တူတယ် နွားသတ်ရုံကို ပို့မယ့်
နွားတွေနဲ့လည်း တူတယ် ၀က်သတ်ရုံကိုပို့မယ့် ၀က်တွေနဲ့လည်း တူတယ်
စကားရိုင်းသွား
တယ်လို့မထင်နဲ့ ဒီနေရာမှာ
ဒီလိုပြောမှနားလည်မှာမို့လို့ ဒီလိုပြောတာ သံဝေဂရကြပါတော့လို့
ပြောချင်တယ်။
လူတွေကို သံဝေဂရအောင် ဘယ်လိုပြောရင် ကောင်းမလဲလို့
စဉ်းစားပြီးပြောကြည့်တာ သံဝေဂမရတဲ့ အပြင်
ကိုယ့်ကိုတောင် ပြန်ရယ်တဲ့ခေတ်
ဖြစ်နေတယ်။
ဒီခေတ်က စာမေးပွဲအောင်မှ ဖြစ်မယ်ဆိုတဲ့ခေတ်
ဖြစ်နေတယ် စာမေးပွဲအောင်မှ
အလုပ်လုပ်ရတာ အဆင်ပြေတယ် အောင်မြင်တယ်လို့
ထင်ကြလို့ပါပဲ တကယ်လည်း မှန်နေပါတယ်
ဒါပေမယ့်...စာမေးပွဲ အောင်ချင်လို့ လူဖြစ်လာတာ
မဟုတ်ဘူး ဆိုတာကိုတော့ သိကြမှာပါလေ...
သူ့လူက ကိုယ့်လူဖြစ်လာရင် သူမခံနိုင်ဘူး
ကိုယ့်လူကလည်း သူ့လူဖြစ်သွားရင်
ကိုယ်မခံနိုင်ဘူး အဲသလိုဆိုတော့ အဲဒီလူတွေဟာ
တိတ္ထိဂိုဏ်းဝင်တွေ ဖြစ်သွားပြီးထင်တယ်။
ဒီပစ္စည်းကို ကိုယ်မှမလုပ်တတ်တာ တန်တာပေါ့လို့
သဘောထားလိုက်ရင် အဆင်မပြေ စရာအကြောင်း မရှိတော့ပါဘူး
အားလုံးအဆင်ပြေကြပါစေ။
ဒီဘ၀မှာ ရောဂါတွေက အမျိုးမျိုး နှိပ်စက်တော့
ကျန်းမာရေးက မကောင်းဘူး
စီးပွားရေးက မပြေလည်တော့ ပစ္စည်းဥစ္စာက မချမ်းသာဘူး
ဆင်းရဲရတယ် မျက်နှာငယ်ရတယ်
ကြာလာတော့ ငြီးငွေ့လာတယ် အဲဒီတော့ ဒီခေတ်မှာ
ကျန်းမာပါစေ ထီပေါက်ပါစေ နိဗ္ဗာန်မြန်မြန်
ရောက်ပါစေလို့ပဲ
ဆုတောင်းပေးရတော့မယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။