Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 21, 2012

EMG မှမေးမြန်းသောမေးခွန်းအား သမ္မတဦးသိန်းစိန်မှ ဖြေဆိုခဲ့ခြင်းကို လေ့လာခြင်း။

by ငရဲ သား on Sunday, October 21, 2012 at 5:51pm



Eleven Media Group ၏ မေးမြန်းချက်နှင့် သမ္မတကြီး၏ ဖြေကြားချက်အပြည့်အစုံအား ပြန်လည်ဖော်ပြအပ်ပါသည်..။ မီဒီယာများမှမေးသော မေးခွန်းများအား မေးမြန်းချက် အပြည့်အစုံနှင့် ဖြေကြားချက်အပြည့်အစုံကို ဖော်ပြမှ ပြည်သူက တိတိကျကျသုံးသပ်ခွင့်ရ မည်ဖြစ်သဖြင့် လိုရင်းမဟုတ်ဘဲ တိတိကျကျ အပြည့်အစုံပြန်လည်ဖော်ပြပေးသော Eleven Media Group အား ဦးစွာ အထူးကျေးဇူးတင်ရှိပါကြောင်း..။


(Eleven Media Group ၏ မေးမြန်းချက်အပြည့်အစုံ )
ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်သမ္မတကြီး အနေနဲ့သော်လည်းကောင်း၊ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌအပြင် လက်ရှိတပ်မတော် ခေါင်းဆောင်တွေက လေးစားတယ်လို့သိရတဲ့ ယခင်တပ်မတော်ခေါင်းဆောင်ဟောင်း တစ်ယောက်အနေနဲ့ ဒီမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်။ လက်ရှိမှာ တိုင်းရင်းသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လုပ်ဆောင်နေတာတွေဟာ ခရီးအတော်ရောက်နေတာကို တွေ့ရပါတယ်။ ဒီလိုအချိန်မှာပဲ နိုင်ငံတော်သမ္မတကြီးရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပါ ဘယ်တော့မှ နောက်ပြန်မသွားဘူးလို့ ပြောကြားထားတာ နိုင်ငံတကာက အသိဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး သည်းသည်းမဲမဲ တိုက်ခိုက်ရေးသားတာတွေကို Myanmnar Express ၀က်ဘ်ဆိုက်မှာ တွေ့ရသလို တပ်မတော်အရာကြီး တစ်ချို့ကြားထဲမှာ ကုလားမဆိုတဲ့ အသုံးအနှုန်းမျိုး သုံးနှုန်းနေတယ်လို့ ကြားသိရပါတယ်။ ဒီလိုအချိန်မှာ နောက်ပြန်သွားနိုင်မလားဆိုတဲ့ သံသယတွေ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရေစီ အင်အားစုတွေကြားထဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူတွေကြားထဲမှာ ပြန်လည်လက်စားချေလိုတဲ့ သဘောအသုံးအနှုန်းမျိုးနဲ့ လုပ်ဆောင်တဲ့ အနေအထားတွေ တွေ့နေရပါတယ်။

ဒီအခြေအနေမှာ ပြည်သူတွေကြားထဲနဲ့ နိုင်ငံရေးကျွမ်းကျင်သူတွေကြားထဲမှာ နောက်ပြန်သွားနိုင်မလားဆိုတဲ့ သံသယတွေရှိနေပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ဘင်္ဂါလီကိစ္စမှာ ဆိုရင်လည်း ရခိုင်တိုင်းရင်းသားတွေကြောင့် အစပြုဖြစ်ခဲ့ရတဲ့သဘောမျိုး အစီရင်ခံစာထွက်ရှိလာသလို ကချင်ပြည်နယ်ကိစ္စကလည်း ရှိနေဆဲပါ။
ဒီတော့ ကျွန်တော်တို့ယူဆတာက ဒီလိုနောက်ပြန်မလှည့်နိုင်ဖို့၊ သံသယတွေမရှိဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ဖို့က အဓိကကျမယ်လို့ ထင်ပါတယ်။ အဲဒီအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လက်ရှိမှာလုပ်ဆောင်နိုင်တဲ့ အနေအထားတွေရှိတဲ့ နိုင်ငံတော်သမ္မတကြီး၊ လွှတ်တော်ထဲမှာ မဲအများဆုံးရရှိပြီး ရောက်ရှိနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြင်ဆင်နိုင်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အစီအစဉ် ရှိပါသလား၊ ဒါမှမဟုတ်၂၀၁၅ ရွေးကောက်ပွဲ ကျော်လွန်ပြီးမှ အခြားပါတီနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အခြေအနေမျိုးမှာမှ ပြုပြင်ဖို့ အစီအစဉ်ရှိပါသလားဆိုတာ သိချင်ပါတယ်။
....................................................................................................



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖြေကြားချက် အပြည့်အစုံ
နောက်ပြန်လှည့်မလား၊ မလှည့်ဘူးလားဆိုတာကတော့ ပြည်သူတွေရဲ့ ဆန္ဒပေါ်မှာမူတည်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ ပြည်သူကို မေးကြည့်ရင်တော့ ဘယ်လိုမှ နောက်ပြန်လှည့်ချင်တဲ့ ဆန္ဒမရှိတော့ပါဘူး။

ပြည်သူက နောက်ပြန်မလှည့်ချင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ကလည်း နောက်ပြန်မလှည့်နိုင်အောင် ကြိုးစားပြီးလုပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာတော့ သဘောထားတွေကတော့ အမျိုးမျိုးရှိမှာပါ။ တူညီတဲ့ အချက်တွေရှိတယ်။ မတူညီတဲ့ အချက်တွေရှိတယ်။ နိုင်ငံရေးသမား ဆိုတာကတော့ ချီးမွမ်းခံရတာတွေရှိသလို၊ အဆဲခံရတာတွေလည်း ရှိမှာပါပဲ။ ရှေ့ကိုပဲ ချီတက်သွားဖို့လိုတယ်လို့ ဒီလိုပဲကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရေးမပြင်ရေးကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေ ပေးထားပြီးဖြစ်ပါတယ်။

အဲဒီမှာအခန်း ၁၂ ဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်တဲ့ Amendement ပေါ့။ လုပ်ထုံးလုပ်နည်းတွေ ဘာတွေညာတွေလည်း ပါတာပေါ့။ ကျွန်တော့်သဘောထား တစ်ရပ်ထဲနဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက် ဒီလိုမျိုးပြောလို့တော့မရဘူး။ မပြင်ပါနဲ့လို့ သွားပြောလို့ကလည်းမရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရေးမပြင်ရေးသည် ပြည်သူတွေက ရွေးချယ်တင်မြောက်ထားတဲ့ လွှတ်တော်ထဲမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်တို့ ပြောရမှာဖြစ်ပါတယ်။

သူ့ရဲ့ လုပ်ထုံးလုပ်နည်းကလည်း ဒီအတိုင်းပါပဲ။ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်ကနေပြီးတော့ ပြင်ဖို့ ဟိုဒင်းလုပ်ရင် ဘယ်လိုတွေ ဆက်လုပ်ရမယ် ဘာညာပါပြီးသား ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေ ကျွန်တော်တို့ပေးထားပြီး ဖြစ်ပါတယ်။ ပြင်ရေးမပြင်ရေးသည် ခုနကပြောတဲ့ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားအတိုင်းပဲ ဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ ပြန်ဖြေရမှာ ဖြစ်ပါတယ်။
.................................................................................................


သုံးသပ်ချက်
အလွန်ကောင်းသော မေးမြန်းချက်ဖြစ်ပါသည်။ မေးခွန်းအားလုံးကို နောက်ကြောင်းပြန်မလှည့်ခြင်းနှင့် အခြေခံဥပဒေပြင်ဆင်ခြင်းကို အခြေခံထားပါသည်..။ သို့သော် သမ္မတ၏ ဖြေကြားချက်အား အားမရပါ..။

(၁) လွှတ်တော်သို့ နိုင်ငံတော်သမ္မတရုံးမှ တင်ပြသော ရခိုင်-ဘင်္ဂလီကိစ္စ သမ္မတရုံး၏ အစီရင်ခံစာသုံးသပ်ချက် အကြောင်းကို တိတိကျကျ တာဝန်ယူဖြေကြားခဲ့ခြင်းမရှိပါ..။ မည်သူက ရေးသားခဲ့သည်ကို ပုံဖော်ဖြေဆိုနိုင်ခဲ့ခြင်းမရှိပါ..။ သုံးသပ်ချက်ရေးသားခဲ့သူများအား များအား ကာကွယ်လိုသောကြောင့်လား ဟု ယူဆရမလိုဖြစ်နေပါသည်..။

(၂) EMG ၏မေးမြန်းချက်မှာ ဒေါ်အောင်ဆန်းစုကြည်အား Myanmar Express မှတစ်ဆင့် ပုတ်ခတ်နေခြင်းသည် ယခင်တပ်မတော်အစိုးရလက်ချက်ဟု တိုက်ရိုက်မညွှန်းဆိုရုံတမယ် မေးမြန်းထားပါသည်..။ နောက်ကြောင်းပြန်ခြင်းဖြင့် ခိုင်းနှိုင်းမေးမြန်းထားခြင်းဖြစ်ပါသည်..။ သို့သော် ထိုမေးခွန်းပါအချက်အား သမ္မတမှ တုန့်ပြန်ဖြေရှင်းခြင်းမပြုခဲ့ပါ..။

(ယခင်‌ စစ်‌အစိုးရလက်‌ထက်‌က youtube အပါအ၀င် Website အများအပြား Burned ကာ ပိတ်ပင်ခြင်းခံခဲ့ရသော်လည်း Myanmar Express မှာ လွတ်လပ်စွာရေးသားအပုတ်ချခွင့်ရခဲ့သော ပိတ်ပင်ခြင်းမခံရသည့် ဆိုဒ်တစ်ခုဖြစ်သလို တချို့ဓာတ်ပုံမှတ်တမ်းများသည် သတင်းစာထဲတွင်ဖြူမဲပါဝင်သော်လည်း Site ထဲတွင်မူ Color ပုံများ ဖြစ်နေလေ့ရှိပါသည်။ မည်သည့် အစိုးရ Website များတွင် မဖော်ပြခဲ့သော Credit မပါသည့် အပြင်လူသတင်းယူခွင့်မရသည့် VIP ဓာတ်ပုံများ၊ တပ်မတော်၏ တိုက်ပွဲသတင်းဓာတ်ပုံမှတ်တမ်းများကိုလည်း ဖော်ပြလေ့ရှိပါသည်..။ ထို website မှ သတင်းများကို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပြန်လည်ဖော်ပြနေသူအများစုမှာလည်း Profile အမှန်ဖြင့် တပ်မတော်သားအရာရှိငယ်များဖြစ်နေခြင်းကလည်း ထူးခြားချက်ဖြစ်ပါသည်။ ထို့ကြောင့် Myanmar Express website သည် ယခင် စစ်မဟာဗျူဟာ သို့မဟုတ် စစ်အစိုးရ/တပ်မတော်ဘက်မှဟု သုံးသပ်သူများက ယူဆပါသည်။)

(၃) ထိုကဲ့သို့ အစိုးရနှင့် တာဝန်ရှိသူများ၏ အရေးယူဆောင်ရွက်မှုများက နောက်ကြောင်းပြန်လှည့်ရန် အခြေအနေဖြစ်ပေါ်နေသည်ကို သမ္မတက ပြည်သူ့အပေါ်တွင် လုံးဝမူတည်သည်ဟု ပြောလိုက်ခြင်းသည် ထမင်းရေပူ လျှာလွှဲစကားဟု ယူဆပါသည်..။ ပြည်သူက ရှေ့သို့ မည်မျှပင် သွားဖို့ ကြိုးစားနေပါစေ ရှေ့က ဦးဆောင်နေစီမံနေသူ အစိုးရက နောက်ကြောင်းပြန်လှည့်ချင်စိတ် လုံးဝ မရှိမှ/ယခင်အကျင့်၊ မူများအတိုင်း ကျင့်သုံးဆောင်ရွက်နေခြင်းများမရှိမှ နောက်ကြောင်းပြန်လှည့်မှုမရှိခြင်း ပြီးပြည့်စုံမည်ဟု သုံးသပ်မိသည်..။

(၄) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရေး မပြင်ရေးသည်လည်း လွှတ်တော်ကိုယ်စားလှယ်များအပေါ်တွင်သာ မူတည်ကြောင်း ဖြေကြားခဲ့ပါသည်..။ ၂၀၀၈ အခြေခံဥပဒေအခြေခံဥပဒေပါ ဥပဒေပြင်ဆင်ခြင်း ပြဌာန်းချက်များအရ အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် မည်မျှခက်ခဲမည်၊ မည်မျှ ကြိုးစားရမည်ကို အကျယ်တ၀င့် သုံးသပ်ဖြေကြားထားခြင်းမရှိပေ..။

အချုပ်အားဖြင့်ဆိုရလျှင် သမ္မတကြီး၏ ထိုမေးခွန်းအပေါ် ဖြေကြားချက်သည် ... တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တိကျပြတ်သားသော ရလာဒ် တစုံတရာ ထွက်မလာသော ဖြေကြားချက်ဖြစ်ကြောင်း ပွင့်လင်းလွတ်လပ်စွာ ယူဆပါသည်..။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။