အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ နာမည်ကြီး မြန်မာမော်ဒယ် တစ်ဦး ဖြစ်တဲ့Nida Taylor က နိုဝင်ဘာ ၃ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် Diaspora Models 2012-2013 International Beauty ပြိုင်ပွဲမှာ Miss Myanmar USA အနေနဲ့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ နိုင်ငံတကာက မော်ဒယ်များ လာရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကမ္ဘာ့ အလှဆုံး Diaspora မော်ဒယ်များနဲ့ အခြားအနုပညာရှင် များလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ နယူးယောက်မြို့က နာမည်ကြီး မြန်မာ မော်ဒယ်တစ်ဦးဖြစ်တဲ့ Nida Taylor က အမေရိကကို အထက်တန်းကျောင်း သူ ဘဝကတည်းက ရောက်ရှိနေတာဖြစ်ပြီး ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
မော်ဒယ်အတွေ့ အကြုံများစွာရှိပြီး စက်တင်ဘာ ၁၄ရက်နေ့ က နယူးယောက် မြို့မှာ ကျင်းပတဲ့ American Cancer Society ရန်ပုံငွေ မော်ဒယ်ရှိုးပွဲ ကိုလည်း Nida Taylor က ဦးဆောင်စီစဉ်ကျင်းပခဲ့ပါတယ်။ Nida Taylor နဲ့ ခင်မင်ရင်းနှီး တဲ့ အမေရိကနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအမှုထမ်း ဦးမြစိုးကလည်း Nida Taylor နဲ့ ပတ်သက်ပြီး "Nida Taylor နဲ့ စက်တင်ဘာ ၁၄ရက် နေ့က သူကိုယ်တိုင် ကိုယ်ကျစီစဉ်တဲ့ American Cancer Society ရန်ပုံငွေမော်ဒယ် ရှိုးပွဲကို တက်ပြီး ဓာတ်ပုံရိုက်ဖြစ်ရင်း သိသွားတာပါ။ သူက ထက်မြက်တယ်။ အရည်အချင်း လည်းရှိတယ်။ နယူးယောက်မြို့ ကြီး မှာ ဒီလို ပွဲမျိုးကို ကိုယ်တိုင် ကိုယ်ကျ စီစဉ်နိုင်တဲ့ အတွက်လည်း ဂုဏ်ယူမိတယ်။
ပြီးတော့ မြန်မာလူမျိုး တစ်ယောက်ကို နာမည်ကျော်ကြားတဲ့ မော်ဒယ်အနေ နဲ့ သိရတဲ့ အတွက်လည်း ဝမ်းသာတယ်။ နယူးယောက်မှာက လူဦးရေ တအား များတော့ နာမည်ကြီး မော်ဒယ် စာရင်းဝင်ဖို့ ခက်တယ်လေ။ ချောတဲ့လှတဲ့ မော်ဒယ်တွေအများ ကြီးရှိတဲ့အထဲမှာ ဝင်တိုးရတာဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။ Diaspora Models 2012-2013 International Beauty ပြိုင်ပွဲမှာ Miss Myanmar USA အနေနဲ့ ပြိုင်ခွင့်ရတော့ တအား ဝမ်းသာပါတယ်။ မြန်မာလူမျိုးအတွက်ရော၊ မြန်မာနိုင်ငံ အတွက်ပါ ဂုဏ်ယူ ပါတယ်" လို့ ပြောပြခဲ့ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။