ပရလောကသားတွေဟာ လူတွေကို ဘာမှတော့ မလုပ်ပါဘူး။ ဒါပေမယ့်
ကိုယ်ထင်ပြတတ်ကြတယ်။ အမရပူရမြို့(တောင်မြို့)ရောက်ခါနီးမှာ တော်တော်ရှည်တဲ့
အကွေ့တစ်ခုရှိပါတယ်။ ဗားဂရာကွေ့လို့ခေါ်ပါ တယ်။ အဲဒီမှာ ကားမှတ်တိုင်တစ်ခုရှိတယ်။
စစ်ကိုင်းနဲ့မန်းလေး ပြေးဆွဲနေတဲ့ လိုင်းကားတွေက နေ့ ခင်းဘက်ဆိုရင်တော့
အဲဒီမှတ်တိုင်မှာ အတက်၊ အဆင်းရှိပါတယ်။ ညဖက်ကြတော့ အရင်တုန်းကတော့ ရှိတယ်။
နောက်ပိုင်းမှာ မရှိတော့ဘူး။
ဘာလို့လဲဆိုတော့ အဲဒီမှတ်တိုင်ရောက်တိုင်း၊ ရောက်တိုင်း လူတစ်ယောက်က
တားတားပြီးစီးတယ်။ ကားပေါ်ရောက်ပြီးလို့ နောက်ကားမှတ်တိုင်တောင် မရောက်သေးဘဲနဲ့
ပျောက်ပျောက်သွားလို့ ကား ဆရာတွေ၊ ကားစပါယ်ယာတွေက အဲဒါ ပရလောကသားပဲဆိုတာ
သဘောပေါက်သွားပြီး နောက် အဲဒီနေ ရာမှာ မရပ်တော့တာဖြစ်တယ်။ အဲဒါ အမှန်အကန်နော်။
အဲဒီပုံစံနဲ့နည်းတူ နိုင်ငံခြားမှာလည်း ရှိတယ်။ အင်တာနက်ကနေ ဘာသာပြန်ထားတာပါ။
ဆက်ဖတ်ကြည့်ရအောင်..
သူဟာ ကျနော့်သူငယ်ချင်းရဲ့ ၀မ်းကွဲပါ။ သူ့နာမည်က Robie တဲ့။ တစ်ညမှာ
Robie က သူ့ သူငယ်ချင်း တစ်ယောက်နဲ့ Oshkosh ကနေ အိမ်ကို ကားမောင်းပြန်တဲ့အချိန်မှာ သူတို့ရှေ့တည့်တည့်မှာ
လက်ဆွဲအိတ် တစ်လုံးနဲ့ မိန်းခလေးတစ်ယောက်ကို တွေ့နေရတယ်။
သူတို့ ကားရပ်လိုက်ပြီး သူမလိုက်လိုက လိုက်နိုင်ကြောင်း ပြောလိုက်ပါတယ်။
သူမက သဘောတူပြီး သူတို့နှင့်အတူ လိုက်ခဲ့လိုက်တယ်။ သူမနာမည်ဘယ်လိုခေါ်ကြောင်းနှင့်
ခုလို ညအချိန်ကြီးမှာ ဘာလို့ လမ်းလျှောက်နေရတယ်ဆိုတဲ့အကြောင်း မေးလိုက်တယ်။ သူမက
သူမရဲ့ နာမည်ကို ပြောပြတယ်။ ပြီးတော့ ကောလိပ်မှာ အက်စီဒင့်ဖြစ်ပြီးတာနဲ့ အိမ်ကို
ပြန်ခဲ့ကြောင်း အဲဒါကြောင့် ညအချိန်မှာ လမ်းလျှောက်ရတယ်ဆိုတဲ့အကြောင်း
ပြောပါတယ်။
သူမဘယ်နေရာကို သွားမယ်၊ ဘယ်ကို လိုက်ပို့ပေးရမယ်ဆိုတာကို မေးလိုက်ပါတယ်။
သူမမိသား စုတွေက Appleton ကို သွားတဲ့ လမ်းခွဲနားက ဓာတ်ဆီဆိုင်တစ်ဆိုင်အနီးနားမှာ သူမကို
လာရောက်ဆီး ကြိုနေလိမ့်မယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ ယောက်ျားလေးနှစ်ယောက်က
သူတို့လည်း Appleton မှာ နေတဲ့အကြောင်း သူမကို ရှင်းပြကြတယ်။ သူတို့တွေ သူမကို
ဘယ်မိသားစုလဲလို့ မေးတော့ သူမက သူ့မိဘနာမည်နဲ့ မိသားစုနာမည်ကို
ပြောပြပါတယ်။
သူတို့တွေ ဓာတ်ဆီဆိုင်နားရောက်တဲ့အခါ နောက်ဘယ်အချိန်မဆို
တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန် ဆက်သွယ်နိုင်ဖို့ ဖုံးနံပါတ်တွေ ဖလှယ်လိုက်ကြတယ်။
ပြီးတော့ သူတို့ထွက်သွားကြတယ်။ အဲဒီညမှာပဲ သူတို့တွေ အိမ်ပြန်ရောက်တဲ့အခါ
အဲဒီမိန်းကလေး အိမ်ကို ရှောရှောရှူရှူ ရောက်မရောက်
ဖုံးနဲ့ဆက်သွယ်မေးမြန်းလိုက်ကြတယ်။
မိန်းကလေးရဲ့အမေက ဖုံးကို ကောက်ကိုင်လိုက်တဲ့အခါ သူတို့ပြောတဲ့
မိန်းကလေးရဲ့အိမ် ဟုတ်မ ဟုတ် မေးမြန်းတော့ သူ့အမေက ဟုတ်ကြောင်းပြောပါတယ်။
အဲဒီမိန်းကလေးနဲ့ ပြောလိုကြောင်း ပြော လိုက်တော့ မိန်းကလေးရဲ့အမေက
ဇဝေဇ၀ါဖြစ်သွားပြီး ကောင်လေးတွေကို “ဘာတွေပြော နေကြတာ တုန်း၊ ကျမသမီးဆုံးသွားတာ
တစ်နှစ်တောင် ရှိပါပြီတော့” ပြောလိုက်ပါတယ်။
ကောင်လေးတွေ ခေါင်းရှုပ်သွားကြပြီး သူမကို မျက်စိနဲ့တပ်အပ်မြင်ခဲ့ပြီး
လမ်းကြုံတောင် တင်ခဲ့ သေးတယ် ဆိုတဲ့အကြောင်း ရှင်းပြတော့ မိန်းကလေးရဲ့အမေက “နင်တို့
သူ့ကို တွေ့ခဲ့တဲ့နေရာက သူ့ကား အက်စီ ဒင့်ဖြစ်တဲ့နေရာပဲ”လို့ ပြောလိုက်ပါတယ်။
ပြီး…
မှတ်ချက်။ ။(ပုံကို Google က ယူထားတယ်၊ Google ယူတာ များတယ်၊ တစ်ခါတစ်ခါ သိလောက် တယ်ဆိုပြီး မပြောဖြစ်တဲ့အခါလည်း ရှိသေးတယ်၊ အဲဒီအတွက် ဆောရီးနော်)
မှတ်ချက်။ ။(ပုံကို Google က ယူထားတယ်၊ Google ယူတာ များတယ်၊ တစ်ခါတစ်ခါ သိလောက် တယ်ဆိုပြီး မပြောဖြစ်တဲ့အခါလည်း ရှိသေးတယ်၊ အဲဒီအတွက် ဆောရီးနော်)
မူရင်း "True" Ghost Story by Blong (Menasha, WI)
သတ္တ၀ါ မှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာ
ရှိကြပါစေ…
Source....http://www.taukpakyesin.com/2012/10/blog-post.html#more
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။