Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 4, 2012

ဖြူဖြူကျော်သိန်းနှင့် တွေ့ဆုံခြင်း

ကိုယ်ပိုင်သံစဉ်မဟုတ်လို့ အနုပညာသမားဘက်က အော်ခွင့်မရှိဘူးဆိုတာ မမှန်ကန်ပါဘူး။

Posted on Oct 04 12 - 03:49 PM

 

မကြာခင်က ထွက်ရှိထားတဲ့ "မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်” ကိုယ်ပိုင်သံစဉ် တစ်ကိုယ်တော်ခွေက ဖြူဖြူကျော်သိန်းကို နဂိုရှိရင်းစွဲ ပရိသတ်အရေအတွက်ကနေ ပရိသတ်သစ်တွေ ထပ်တိုးစေခဲ့တဲ့ အယ်လ်ဘမ်တစ်ချပ် ဖြစ်စေခဲ့ပါတယ်။ မြန်မာမှုပြုထားတဲ့ ကော်ပီသီချင်းတွေကို သီဆိုခဲ့ပြီး မူရင်းနာမည်ကျော် အင်္ဂလိပ်သီချင်းများကို Cover လုပ် သီဆိုခဲ့တဲ့ စီးရီးအပါအဝင် တစ်ကိုယ်တော်စီးရီးသုံးခွေ ထွက်ရှိထားပါတယ်။

အခု “မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်” စီးရီးကတော့ ဖြူဖြူကျော်သိန်း ဈာန်ဝင်စားတဲ့ ကိုယ်ပိုင်သံစဉ်ဆိုတာ ဒီလိုပါလားလို့ အားလုံးက အသိအမှတ်ပြုအောင် လုပ်နိုင်ခဲ့တဲ့ သူမရဲ့ကိုယ်ပိုင်သံစဉ် တစ်ကိုယ်တော်ခွေနဲ့ ဂီတအစည်းအရုံး အထွေထွေအတွင်းရေးမှူး အတွေ့အကြုံတွေကို မေးမြန်းထားပါတယ်။




မဖြူရဲ့ “မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်" စီးရီးဟာ ပထမဆုံး ကိုယ်ပိုင်သံစဉ် စီးရီးဖြစ်တဲ့အပြင် တီးလုံးတွေကို တော်တော်လေးဆန်းသစ်ထားတာ တွေ့ရတယ်။ သံစဉ်ရွေးချယ်မှုအပိုင်းကို စိတ်တိုင်းကျခဲ့လား။

ဖြူဖြူ့အခွေမှာ အခုလို တီးလုံးအကြောင်း တခုတ်တရမေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ။် အရမ်းလည်း ကျေနပ်ဝမ်းသာပါတယ်။ ဒါကိုယ်ပိုင်သံစဉ် ဖြစ်နေလို့ပါ။ ဒီလိုသံစဉ်တွေ ဘာကြောင့်ဖန်တီးနိုင်ကြလဲဆိုတော့ ဟိုအရှေ့ရှေ့တွေက ကော်ပီသံစဉ်များစွာကို လေ့လာဖန်တီးပြီး ဒါတွေကို အတုယူပြီး တီးခတ်ဖန်တီးကြတဲ့ ဂီတပညာရှင်များရှိလို့ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ကော်ပီသီချင်းပေါင်းများစွာကို Ref လုပ်ပြီးတီးလာရင်းနဲ့မှ ဖြူဖြူတို့ ဂီတဆိုတာလည်း တဖြည်းဖြည်းပုံစံလေးတွေ ပြောင်းလာခဲ့တာပါ။ ဖြူဖြူ့စိတ်ထဲမှာ ကော်ပီရယ်၊ ကိုယ်ပိုင်သံစဉ်ရယ်လို့တော့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။

ခု ဒါဆိုဘာကြောင့် ကိုယ်ပိုင် သံစဉ်လုပ်လဲဆိုတော့ လုပ်ချင်စိတ် ရှိလာတယ်။ လုပ်ဖို့လည်းအချိန်တန်လာပြီထင်လို့ပါ။ ဒီလိုပြောလို့ကိုယ်ပိုင်သံစဉ်ချည်းပဲ လုပ်မလားဆိုရင်တော့ လုပ်ချင်တာပေါ့။ ဒါပေမဲ့ဖြူဖြူတို့ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်နဲ့ဆို ကိုယ်ပိုင်ချည်းလုပ်ဖို့ဆိုတာ အချိန်ယူရတယ်။ ဖြူဖြူ့အသံနဲ့လိုက်ဖက်တဲ့ ကိုယ်ပိုင်သံစဉ်တီးလုံးတွေကို လေးဇီးကလပ်တီးဝိုင်းက ဖန်တီးပေးတယ်။ ဒီခွေကနေ တစ်ခါမှမရဖူးတဲ့ Sense လေး တစ်ခုရတယ်လို့ အပြောခံရတာ အရမ်းဂုဏ်ယူတယ်။

မဖြူရဲ့စီးရီးက ဒီရက်ပိုင်းအတွင်း ဘယ်မှာမေးမေး ကုန်နေပြီလို့ပဲ ကြားရတယ်။ ခိုးကူးလည်း ဖမ်းနေတဲ့အချိန်ဖြစ်တော့ အရမ်းရောင်းရမှာပေါ့။

အရမ်းရောင်းရတယ်ကြားတော့ တစ်ဖက်ကလည်း ရယ်ချင်သလို တစ်ဖက်ကလည်း ဝမ်းနည်းမိတယ်။ မြန်မာပြည်မှာ လူသန်းပေါင်းခြောက်ဆယ်ရှိတယ်။ အဲဒီအချိန်မှာ အရောင်းရဆုံးခွေက ထောင်ဂဏန်းဆိုတာ အရမ်းရယ်ရတယ်။ ဆိုလိုတဲ့ အရမ်းရောင်းရတယ်ဆိုတဲ့ ပမာဏက ဖြူဖြူရဲ့ပထမအကြိမ်ရိုက်နှိပ်တဲ့ ခွေငါးထောင် ကုန်သွားတာကို ဆိုလိုတာပါ။ သန်းခြောက်ဆယ်မှာ ခွေငါးထောင်လောက် ရောင်းရတာကို အရမ်းရောင်းရတယ်ဆိုရင် တခြားနိုင်ငံတွေကများကြားရင် ဖြူဖြူတို့တွေကို ရူးများရူးနေကြလား ထင်ကြလိမ့်မယ်။ ဒါပေမဲ့ အဲဒါအမှန်တရားပါ။

phyu phyu kyaw thein

Memor of Diva တုန်းက အော်ဒီယိုတစ်မျိုးတည်း ထွက်ခဲ့တော့ “မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်" စီးရီးအတွက် ဗီစီဒီကို ဆက်ရိုက်ဖြစ်ဦးမလား။

ဗီစီဒီတော့ ရိုက်ပါမယ်။ အင်္ဂလိပ်ခွေတုန်းက ဖြူဖြူ ဈေးကွက်ကိုလည်း သိပ်မသိခဲ့ဘူး။ ရိုက်နိုင်အားလည်း မရှိချင်တော့တဲ့အတွက် မရိုက်တော့ဘူး။ “မိန်းကလေးတစ်ယောက်”ကိုတော့ ဒီလကုန်မှာ စရိုက်ပါမယ်။ ဒါရိုက်တာက ကိုသုံးပေါင်၊ မီဒီယာကမ္ဘာ၊ Forever Bloosm တို့အားဖြည့်ပါမယ်။

မဖြူနဲ့ မခိုင်ကြီး (ထွန်းအိန္ဒြာဗို) တို့ ဆိုထားတဲ့ တီအားမိုသီချင်းက အရမ်းပေါက်ခဲ့တော့ မခိုင်ကြီး တစ်ကိုယ်တော် ရှိုးမှာအဲဒီသီချင်းနဲ့ အစ်မ ပါဝင်အားဖြည့် သီဆိုပေးဖို့ ရှိမလား။

မခိုင်က ဖြူဖြူ့ကိုပြောထားပါတယ်။ မခိုင်က အကယ်ဒမီရုပ်ရှင်မင်းသမီးဖြစ်သလို တစ်ဖက်ကလည်း ဖြူဖြူကြိုက်ရတဲ့ အဆိုတော်ကြီးလည်း ဖြစ်တယ်။ ဂီတညီအစ်မလည်း ဖြစ်တဲ့အတွက်ကြောင့် မမရဲ့ပွဲမှာ ဖြူဖြူပါဝင်ကူညီရမှာ အရမ်းဝမ်းသာမိတယ်။ အဲဒီပွဲမှာ ဘာဆိုမယ်ဆိုတာကိုတော့ လျှို့ဝှက်ထားလို့လည်း မရတော့တဲ့အတူတူ ဖြူဖြူပြောပါမယ်။ တီအားမိုသီချင်းကိုပဲ ဖြူဖြူတို့ညီအစ်မ အလှအပတွေနဲ့ ဆိုကြမယ်။

မဖြူရဲ့ ပထမဆုံးနဲ့ တစ်ကားတည်းသော ဗီဒီယိုဇာတ်ကား “ဘော်ဒီဂတ်” က တစ်လောကတော့ ထွက်တော့မလိုလို အသံကြားပြီး ခုငြိမ်ချက်သားကောင်းနေပါလား။

တလောကတော့ ထွက်မယ်ဆိုပြီး တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားလိုက်သေးတယ်။ ခုတော့ပြန်ငြိမ်သွားပြန်တယ်။ ဖြူဖြူ့ကိုလည်း ဘာမှထပ်မပြောတော့ မသိဘူးဖြစ်နေတယ်။ အရင်ခေတ် အခြေအနေအရဆိုရင်တော့ တခြားနိုင်ငံမှာ ခိုလှုံသွားတဲ့သူ(သရုပ်ဆောင် ဟန်နီထွန်းကို ဆိုလိုခြင်းဖြစ်သည်) ဒီဇာတ်ကားမှာ ပါတဲ့အတွက်ကြောင့် မထွက်ဖြစ်တော့ဘူးဆိုတာ လက်ခံတယ်။ ခုနိုင်ငံက ပြောင်းနေပြီပဲ။ ဒါမျိုးတွေ ထပ်မရှိသင့်တော့ဘူး။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပါပဲ။

ဂီတအစည်းအရုံး အတွင်းရေးမှူးတစ်ယောက် အနေနဲ့ မဖြူဖြစ်စေချင်တဲ့ အစည်းအရုံးပုံစံကို ပုံဖော်ပါဦး။

ဂီတလောကသားတွေအနေနဲ့ ဘာတွေက ရပိုင်ခွင့်ရှိလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပြသွားမယ်။ ဂီတလောကသားတွေကလည်း စိတ်ဝင်စားပေးကြပါလို့ ဖြူဖြူက မေတ္တာရပ်ခံချင်တယ်။ ဖြူဖြူတို့ ဂီတအစည်းအရုံးဟာ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေတယ်ဆိုတာကို သိစေချင်တယ်။ ဘာတွေလုပ်နေလဲဆိုတာ အမြဲတမ်း သတင်းပေးသွားမယ်။ မီဒီယာတွေက တစ်ဆင့်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ဂီတလောက စတူဒီယိုတွေကနေ ဖြစ်ဖြစ်၊ ဖုန်း အက်စ်အမ်အက်နဲ့ပဲဖြစ်ဖြစ်၊ အီးမေးလ်နဲ့ပဲ ဖြစ်ဖြစ် ပြန်ကြားပေးသွားပါမယ်။ တခြား သာတူညီမျှဖြစ်ရေးကိစ္စတွေကို ဆောင်ရွက်သွားရင်းနဲ့ တစ်ဖက်ကလည်း အဆင့်မီတဲ့ ဂီတဆုပေးပွဲကို ကြိုးစားသွားမှာပါ။

ခိုးကူးကိစ္စပြောရင် တစ်ဆက်တည်းပါလာမှာက ဂီတသမားအားလုံးကရော ကိုယ်ပိုင်သံစဉ် ဖန်တီးထားလို့လားလို့ မေးခွန်းထုတ်လာကြတယ်။ မဖြူတို့ ဒီအခြေအနေကို ဖြတ်သန်းရတာ လွယ်မယ်ထင်လား။

မူပိုင်ခွင့်ဆိုတာ ကော်ပီရယ်၊ ကိုယ်ပိုင်သံစဉ်ရယ်လို့ ခွဲပြောတာမဟုတ်ပါဘူး။ အနုပညာဖန်တီးမှုကို ကာကွယ်ခြင်းလို့ ယူဆပါတယ်။ ကော်ပီဆိုတာကလည်း ကိုယ့်ဘာသာနဲ့ ကိုယ့်တီးဝိုင်းနဲ့ မြန်မာအဆိုတော်က ဆိုကြရတာပါ။ ဥပမာ မြန်မာစာသားထည့်ကတည်းက ကိုယ့်စာသားဖြစ်အောင် ဖန်တီးရေးသားရပါတယ်။ ဖန်တီးမှုက သူ့နေရာလေးနဲ့ သူအတိုင်းအတာ တစ်ခုပါနေပါသေးတယ်။ ထောက်ပြပြောဆိုတဲ့သူကလည်း သေသေချာချာဝေဖန် ပြောဆိုနိုင်ခြင်း မရှိဘူး။ ပြန်ပြီး ကာကွယ်ရမယ့်သူကလည်း ရေရေရာရာ မရှင်းပြနိုင်ဘူး။

ပရိသတ်၊ သက်ဆိုင်သူနဲ့ အနုပညာရှင်ကြားမှာ အထင်အမြင်လွဲမှားစရာတွေ၊ ပြစ်တင်ပုံချစရာတွေ ရှိနေသယောင်ဖြစ်နေတာပါ။ ဒါကြောင့် ဖြူဖြူတို့ ဂီတအစည်းအရုံးက အနုပညာသမားတွေသိတဲ့ အခေါ်အဝေါ်တွေ၊ သတ်မှတ်ချက်တွေကို ဘာသာပြန်စာအုပ်တွေက တစ်ဆင့်၊ စာရွက်စာတမ်းတွေနဲ့ ပြောပြသွားမှာပါ။ ပရိသတ်နဲ့ မီဒီယာတွေလည်း သိသင့်ပါတယ်။ အကြောင်းအရာ တစ်ခုကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်စွမ်းရှိပြီးမှ ဝေဖန်ကြစေချင်ပါတယ်။ ဆိုတာ၊ ရေးတာ၊တီးတာ၊ ဖြန့်ချိတာ အားလုံး ကိုယ်တိုင်ငွေကြေးစိုက်ထုတ် ကုန်ကျပြီးလုပ်ရတာပါ။ ကိုယ်ပိုင်သံစဉ်မဟုတ်လို့ အနုပညာသမားဘက်က အော်ခွင့်မရှိဘူးဆိုတာ မမှန်ကန်ပါဘူး။

ကျေးဇူးတင်ပါတယ်။

Credit: အေးသူစံ (7Day News Journal)

Source...http://www.planet.com.mm/news/read.cfm/id/20012

1 comment:

  1. ဖြူဖြူကိုအရမ်းကြိုက်လို့ကျေးဇူးပါ
    ခင်မင်တဲ့ sis jasmine

    ReplyDelete

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။