by Myo Chit Myanmar on Friday, October 5, 2012 at 7:10pm ·
အစကတော့ ...
သြော်
...
ငါ့ ညီမလေးလဲ မဟုတ် ..
ငါ နဲ့လဲ မခင် ..
အနေသာကြီးပါလေ ...
ဝင်မပါတော့ပါဘူး .... ဆိုပြီး နေနေပါတယ်။
ဒါပေမယ့်လေ ..
ကိုယ့်ထမင်းကိုယ်စားပြီး မဟုတ်တာတွေ့ရင်
အမုန်းဝင်ခံချင်တဲ့ ဗီဇ ကို ဘာလို့များ ကျွန်တော့်ကို ပေးခဲ့တာလဲ ဘုရားသခင်ရယ်
.....
:(
.......
ကဲ ...
မြန်မာတွေဟာလေ ...
ကိုယ့်လူမျိုးချင်း တိုးတက်အောင် ဘာလို့များ
မုဒိတာ မပွားနိုင်ကြတာလဲဟင် ...
ဂုဏ်သရေရှိလှစွာသော အမျိုးသမီးများ နှင့်
လူကြီးမင်းတို့ ရေ ..
ဒီကောင်မလေး ဟာ မယ် ဝင်ပြိုင်နေတာလေ ..
သူ က ရန်ကုန်က Night Club တစ်ခုမှာ ဒီလိုဝတ်နေတာလဲ
မဟုတ် ...
ရွှေတိဂုံ ဘုရားသွားဖူးနေတာ လဲ မဟုတ် ...
သူ့ FB WALL မှာ ဒီလို ပုံတွေ
ရွစိတက်ပြီးတင်နေတာလဲ မဟုတ် ...
အဲ့ဒါကို ဘာကိစ္စ မဖွယ်မရာတွေ သူများသားသမီး ကို
လုံးဝ သိက္ခာမဲ့နေသလိုလို အသရေဖျက်တဲ့စကားတွေ ဘာလို့ စွပ်စက်ပြောနေကြတာလဲ ဆိုတာ
နားကို မလည်နိုင်ဘူး။
တရုပ်တို့ ကိုရီးယားတို့ ဂျပန် တို့
အာရှတိုင်းသားတွေ အများစုက ဗုဒ္ဓဘာသာ တွေဘဲလေ။
သူတို့ရဲ့ ရိုးရာ အဝတ်တွေဆိုတာ လုံသမှ မြန်မာမတွေ
တောင် ပူလွန်းလို့ မဝတ်နိုင်လောက်အောင်ထိဘဲဟာ။
ဒါပေမယ့် သူတို့ ခုခေတ်မှာ ဒါတွေ
ဝတ်တော့လို့လား။
ဒါဆို ဒီလူမျိုး မိန်းကလေးတွေ လဲ ဒီ
မယ်ပြိုင်ပွဲမျိုးမှာ ဒီလိုတွေဝတ်ပြိုင်တာဟာ အင်မတန် ရိုင်းစိုင်းနေပြီလား ..
သိပ်ရှက်စရာကောင်းနေပြီလား။
ဘာမှမဆိုင်တာကြီးကို။
တရုပ် ၊ ဂျပန် ၊ ထိုင်း ၊ အင်ဒိုနီးရှား ၊
ကိုရီးယား အစရှိတဲ့ Asian မ လေးတွေ ရုပ်ရှင်တွေထဲ ကြော်ငြာတွေထဲ Two Pieces လေးတွေ
G - Strings လေးတွေ ဝတ်တာကြတော့ ဖွယ်ရာသတဲ့လား။
ဘာလို့လဲ ???
ခင်ဗျားတို့ ဟိုးအရင်ခေတ်တုန်းက မြန်မာ မယ်တွေ
နိုင်ငံတကာ မယ်ပြိုင်ပွဲတွေမှာ ဘယ်လိုဝတ်လဲဆိုတာရော သေချာတွေ့ဖူးကြရဲ့လား။
အဲ့ဒိတုန်းကလဲ အများနည်းတူ နိုင်ငံတကာအတိုင်း
ဝတ်ကြရတာဘဲ။
ခုခေတ်က ပိုပြီးပွင့်လင်းလာတဲ့ အနေအထားမို့
နည်းနည်းလေး အသားပိုပေါ်လာတာဘဲကွာတာလေ။
ဒီ ကလေးလေး တစ်ယောက်ထဲ ထူးခြားပြီး အားလုံးထက်
ပိုဖေါ်ချွတ်နေတာမှ မဟုတ်တာ။
သူတို့ ဝတ်ရမယ်ဆိုတဲ့ ပုံစံအတိုင်း
အများနည်းတူဝတ်တာ ဘာဖြစ်လဲ။
ဒီလိုဝတ်တာကိုလဲ တခြားဘယ်လူမျိုးတွေကမှ
တဏှာစိတ်တစ်ခုထဲနဲ့ ခင်ဗျားတို့လိုလိုက်ကြည့်မနေဘူး။
အဲ့ဒါကို ဘာတွေ ရွှေဥကြမ်းညပ် သလို ရွစိတက်
နေကြတာလဲ။
ကလေးတွေ သူတို့ဘာသာ ဝါသနာပါရာ ကျွမ်းကျင်ရာကနေ
နိုင်ငံတကာ နဲ့ ရင်ဘောင်တန်းနိုင်အောင် ကျိုးစားကြပါစေ။
အရမ်း မချိုးနှိမ် မကဲ့ရဲ့ ကြပါနဲ့ဗျာ။
အဲ့ဒိလို ပုံမှန်ထက် နည်းနည်းလေး အရည်အချင်း နဲ့
သတ္တိ ပိုရှိတဲ့ လူငယ်တွေကို ပေတံအိုကြီး တွေနဲ့ မျက်နှာဖြတ်ရိုက်သလို မျိုးတွေ
လုပ်လုပ်နေကြတာကြောင့် မြန်မာ တွေ ခေတ်နောက်ကျကုန်တာလဲ ပြန်သတိရကြဦး။
မြန်မာ အမျိုးသမီးတွေရဲ့ အလှ ကို ကမ္ဘာက
ချီးမွှန်းခံရမှာကို ခင်ဗျားတို့ ဘာလို့ ပီတိ မဖြစ်ပေးနိုင်ကြတာလဲ။
ကျွန်တော့် မှာ ညီမ လှလှ
ချောချောလေးတွေရှိပါတယ်
(ခုတော့ ခလေးအမေတွေဖြစ်ကုန်ပြီပေါ့လေ)
သူတို့ လဲ တစ်ခါမှ အဲ့လိုမျိုးတွေလဲ မဝတ်ကြပါဘူး
။
ဒါပေမယ့် သူတို့သာ မယ် သို့ မဟုတ် Model
(အမှန်အကန် Pro) လုပ်စားမယ်ဆိုရင်လဲ ကျွန်တော် ဒီလို မယ်ပြိုင်ပွဲမျိုးမှာ ဒီလို
ပေးဝတ်မှာပါဘဲ။
ဒါပေမယ့် သူတို့ သူငယ်ချင်း ပါတီမှာတို့
သင်္ကြန်မှာတို့ ဒါမျိုးဝတ်လို့ FB မှာ ပါလာလို့ကတော့ ဖင်ချည်းဆောင့်ကန်မှာ
စိတ်ချ။
ဒူးနေရာဒူး တော်နေရာတော် | ကာလံဒေသံအလိုက်
ဆိုတာတွေ ကြားဖူးတယ်ဟုတ် .. အဲ့လိုဘဲပေါ့ဗျာ။
ဒီတော့ ခင်ဗျားတို့ ဒီကလေးမလေး ကို မဝေဖန်ခင်မှာ
..
ရန်ကုန်က ခင်ဗျားတို့ မိန်းမ ၊ ရည်းစား ၊ ညီမ ၊ အမ
၊ တူမ တွေ ..
လူကြားသူကြား သွားလာတဲ့အခါ ဘယ်လို
နေထိုင်ဝတ်စားသင့်တယ် ဆိုတာ အရင် ဆုံးမကြစမ်းပါ။
အားတိုင်းယားတိုင်း မယောင်ရာ ဆီလူး
မနေစမ်းပါနဲ့။
အလားအလာရှိတဲ့ ကလေးတစ်ယောက်ကို လွတ်လွတ်လပ်လပ်
ကြိုးစားခွင့်ပေးကြပါ ၊ အမြင်ကျယ်ကြပါ။
ငါ့ သမီးလေး ၊ တူမလေး ၊ ညီမလေး သာဆိုရင် ဆိုတဲ့
စာနာချစ်ခင်နားလည်စိတ်လေး ထားပေးကြစမ်းပါဗျာ။
တော်ပါပြီဗျာ။
ဆက်ပြောရင် သွေးတိုးတယ်။
(နန်းခင်ဇေယျာ သို့)
သမီး နန်းခင်ဇေယျာ ရေ ...
သမီး လုပ်နေတာ ဘာမှ မှားတာ မပါဘူး။
ကိုယ် ရိုးရိုးသားသား ဝါသနာပါတာကို အောင်မြင်အောင်
လုပ်သမီး။
သမီး ကို ဦးသားကြီး လုံးဝ နားလည် ထောက်ခံ
အားပေးတယ်။
ရင့်ကျက်ပြီး ခေတ်မှီတဲ့ မြန်မာလူမျိုးတွေ အားလုံး
သမီး ကို အားပေးနေမယ်ဆိုတာ သမီး သေချာ ယုံကြည်ထားပါ။
ဘာမှ မတွေဝေနဲ့ ..
ဆုံးဖြတ်ထားတဲ့အတိုင်း ဆက်သာလုပ် ...
မယောင်ရာဆီလူးနေတဲ့ သူတွေ အသံကို နားမထောင်နဲ့
..
တစ်ခုဘဲ အမြဲ သတိရပါ။
ငါဟာ မြန်မာ
လူမျိုးဖြစ်တယ်ဆိုတာကို ပြောဖို့
ဘယ်တော့မှ ..
မမေ့နဲ့ ..
မရှက်နဲ့ ..
မကြောက်နဲ့ ..
မတွေဝေနဲ့ ...
သမီး အောင်မြင်ပါစေ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။