by သက်တန့်ချို on Friday, October 5, 2012 at 8:55pm ·
မနေ့က Miss International 2012 ပြိုင်ပွဲရဲ့
People Choice award ကို နန်းခင်ဇေယျာ ရရှိဖို့အတွက် မြန်မာပြည်က
အင်တာနက်သုံးစွဲသူအားလုံး လှိုက်လှဲစွာ Vote တွေပေးကြတာတွေ့တော့
မြန်မာတစ်ယောက်အနေနဲ့ရော နန်းခင်ဇေယျာကိုအားပေးနေတဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော
ကျွန်တော် ၀မ်းသာမိတယ် ။
Miss International ပြိုင်ပွဲဆိုတာ
အလှအပသာမက အဆင့်အဆင့် Personality , Intelligence , culture စတာတွေကိုပါ
ယှဉ်ပြိုင်ရတာဖြစ်ပါတယ် ။ အခုဆောင်းပါးလေးဖြစ်တာကလည်း မနေ့က
နန်းခင်ဇေယျာပုံအောက်မှာ ရေးထားတဲ့ကွန်းမန့်တစ်ချို့ကို ပြန်လည်ပြောပြ ချင်တဲ့အတွက်
ချရေးလိုက်ခြင်းဖြစ်ပါတယ် ။ မနေ့က နန်းခင်ဇေယျာရဲ့ Bikini နဲ့ပုံတစ်ပုံ (အမှန်ဆို
နောက်တစ်ပုံလည်းရှိပါသေးတယ် )
Miss Internation 2012 ကိုကျင်းပတဲ့ ဂျပန် က Photo
Gallary ထဲမှာတွေ့လိုက်လို့ တင်သင့်မတင်သင့် ကျွန်တော်စဉ်းစားလိုက်တယ် ။
ကမ္ဘာ့အလယ်မှာ မြန်မာ့အလှဟာ သေးသိမ်မနေရဘူး မြန်မာဆိုတာ
ကျန်းမာသန်စွမ်းတဲ့အမျိုးသမီးတွေ
အသားအရည်လှပတဲ့အမျိုးသမီးတွေအများကြီးရှိနေတယ်ဆိုတာ ပြသခဲ့တဲ့ နန်းခင်ဇေယျာရဲ့
သတ္တိကို ချီးကျူးချင်လို့ တင်ခဲ့ပါတယ် ။ အဲဒီမှာတင် “ ယဉ်ကျေးမှု ” “ ရိုးရာ ”
စတဲ့စကားလုံးတွေနဲ့ ဘောင်တွေလာခတ်နေကြတာတွေ့လိုက်ရတယ် ။
မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ကမ္ဘာ့အလယ်
နေရာတကာမှာ ကျွန်တော်တို့အနေနဲ့
ရိုးရာယဉ်ကျေးမှုဆိုတာကြီးနဲ့ ချိန်တွက်နေလို့မဖြစ်ဘူး ။ “ လူဆိုတာ
အခြေအနေနဲ့အခြေအခါကိုလိုက်ပြီး ချင့်ချိန်နေထိုင်တတ်ရမယ် ” ဆိုတဲ့စကားကို
ကျွန်တော်အရမ်းနှစ်သက်မိတယ် ။ ကျွန်တော်လည်းမြန်မာ့ယဉ်ကျေးမှုကို ထိမ်းသိမ်း
လေးစားလိုက်နာသူတစ်ဦးပါ ။ ဒါပေမယ့် မနေ့က နန်းခင်ဇေယျာပုံအောက်မှာ “ ယဉ်ကျေးမှု ”
ဆိုတဲ့ဘောင်တွေနဲ့ လာရေးထားကြတာတွေ့တော့ အတော်လေးစိတ်ပျက်မိတယ် ။ ယဉ်ကျေးမှုကို
ဘယ်လိုနားလည်ထားကြတာပါလဲ ။ အခုပွဲဟာ ဘုရားသွားကျောင်းတက် နဲ့
ရိုးရာသင်္ကြန်ပွဲမဟုတ်ပါဘူး ။ ရိုးရာသင်္ကြန်ပွဲမှာတောင် မမ တွေ အပြိုင်အဆိုင် ဖော်ပြ
ကဲကြ အကွဲအပြဲတွေ ၀တ်ကြတယ် ။ အဲဒါတွေကမှသာ တကယ့်ကို ရှက်စရာအတိ
ရိုးရာပွဲတော်ကြီးမှာ မသင့်တော်တဲ့ အပြုအမူတွေဖြစ်တယ် ။
တစ်ကမ္ဘာလုံးမှာ အလှဆုံး
မိန်းကလေးတစ်ဦးကိုရွေးချယ်တဲ့ပွဲဖြစ်တဲ့ Miss international လို ပြိုင်ပွဲမှာ
ဘီကီနဲ့လည်းပြိုင်ရတယ်ဆိုတာ အရင်ပြိုင်ပွဲတွေကိုလေ့လာသင့်တယ် ။ အထူးသဖြင့် အသားအရည်
Complexion နဲ့ ကျန်းမာသန်စွမ်းမှု ခန္ဓာကိုယ် လှပ ကျော့ရှင်းမှု စတာတွေဟာ
မြန်မာဟာလည်း ကမ္ဘာ့နိုင်ငံအသီးသီးထက် မညံ့ဘူးဆိုတာ ပြိုင်ကိုပြိုင်ရမယ် ။
ပြိုင်ကိုပြိုင်ရဲရမယ် ။ အဲဒါကို အတွေးအခေါ်တွေ ရေအိုင်ထဲက ဖားသူငယ်လို
မျက်စိစုံမှိတ်ပြီး မပြိုင်သင့်ဘူး ယဉ်ကျေးမှုနဲ့မကိုက်ဘူးဆိုပြီး
ကန့်လန့်တိုက်မနေသင့်ဘူး ။
Miss Myanmar နန်းခင်ဇေယျာ ရဲ့ Tallent
သူ့ကို စပြီးသတိထားမိတာ MCC မှာ ပြုလုပ်ခဲ့တဲ့
Miss Myanmar ပြိုင်ပွဲမှာပါ ။ အဲဒီမှာ စပြိုင်ကတည်းက သူ အနိုင်ရလိမ့်မယ်လို့
ကျွန်တော် တွေးမိသေးတယ် ။ အဲဒီတုန်းက ကျွန်တော် မန္တလေးရောက်နေတဲ့အချိန် Sky Net
ကနေလွှင့်တဲ့အဲဒီပွဲကို ကြည့်ဖြစ်ခဲ့တယ် ။ အထူးသဖြင့် သူ့မျက်နှာနဲ့စကားပြောဆိုပုံ
Tour Guide တစ်ယောက်ဖြစ်တဲ့အတွက် စကားပြောချိုသာတဲ့အပြင် English skill လည်း
အတော်ကြီးမဟုတ်တောင် အများနဲ့ယှဉ်ပြီးပြောဆိုနိုင်တယ် ။ အခုခေတ်မော်ဒယ်တွေ
ဟိုနေရာဖော် ဒီနေရာဖော်ပြီး ရိုက်ကြ တာထက်စာရင် ဘုရားပေါ် ဒူးကွဲ
စကတ်ကွဲတွေဝတ်ကြတာထက်စာရင် နန်းခင်ဇေယျာ ကမ္ဘာ့အလယ်မှာ Bikini နဲ့ ၀တ်ပြီး
ယှဉ်ပြိုင်တာ ကျွန်တော်ကတော့ ဂုဏ်ယူတယ် ။ ချီးကျူးတယ် အားပေးပါတယ် ။
လူတစ်ယောက်ကို ဝေဖန်ချင်တယ်ဆိုရင် သူ့အကြောင်းကို
အစအဆုံးသိအောင်လုပ်ပြီးမှ ဝေဖန်ပါ ကန့်လန့်မတိုက်ပါနဲ့ နန်းခင်ဇေယျာရဲ့ Bikini
ပုံကို မဝေဖန်ခင် နန်းခင်ဇေယျာရဲ့
ရိုးရာဝတ်စုံတွေဝတ်ပြီးရိုက်ထားတဲ့ပုံတွေလည်းသေချာကြည့်ပါဦး ။ သူဟာ
လျှပ်ပေါ်လော်လီနေတဲ့မိန်းကလေးတစ်ဦးမဟုတ်ဘူး ။ မြန်မာနိုင်ငံ ကိုယ်စားပြု
မြန်မာ့အလှကို ပြသခွင့်ရတဲ့ မြန်မာ့သမီးပျိုတစ်ဦးပါ ။ ဒါကြောင့် ဝေဖန်ချင်တယ်ဆိုရင်
စကားလုံးအသုံးအနှုန်းလေးတွေဆင်ခြင်စေချင်တယ် ။
ပိတ်ထားတဲ့မျက်လုံးတွေ
မျက်လုံးတွေ ပိတ်ထားလိုက်ကြတာ နေရာတကာမှာ ဘောင်
တွေ စည်းတွေ နဲ့ နေသားတကျဖြစ်နေတဲ့ စိတ်ဓါတ်တချို့ကို ပြုပြင်ဖို့လိုပါတယ် ။
ယဉ်ကျေးမှုဆိုတဲ့စကားလုံးကိုသိအောင်လုပ်ပါဦး ။ ရင်ဖုံးအကျီ နဲ့ ချိတ်ထဘီဝတ်ပြီး
ဆဲလိုက်ဆိုလိုက် မိဘကို မချေမငံပြန်ပြောလိုက် မိန်းကလေးတစ်ဦးက ယဉ်ကျေးမှုရှိတာလား
ဘီကီနီဝတ်ပြီး မြန်မာ့အလှကို ကမ္ဘာ့အလယ်မှာ ကြိုးစားပမ်းစား ယှဉ်ပြိုင်နေတဲ့
မိန်းကလေးတစ်ဦးက ယဉ်ကျေးတာလား သေချာ လည်းပြန်သုံးသပ်စေလိုတယ် ။ အဲဒီလိုဝေဖန်တဲ့
သူတွေကိုလည်းမေးလိုက်ချင်တယ် ။ ကိုယ့်လူတို့ရော မော်ဒယ်ပုံ အလန်းလေးတွေ
အကွဲအပြဲတွေတွေ့ရင်မကြည့်ကြဘူးလား ဒါမှမဟုတ် မျက်နှာလွှဲသွားသလား ။ နေရာတကာမှာ
မျက်စိပိတ်နားပိတ်နေတဲ့ဘ၀-တွေကိုတော့စွန့်လွှတ်ကြပါ ။ မြန်မာ့နှစ်ကူးသင်္ကြန်မှာ
မူးပြီး ကွဲပြဲနေတဲ့မိန်းကလေးတွေကိုသာ ယဉ်ကျေးမှုအကြောင်းသင်ပေးရမှာဖြစ်တယ် ။
International လိုနိုင်ငံတကာ ၀င်ဆံ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက ပြိုင်ရတဲ့ပွဲမှာ
ကိုယ့်လူတို့ရဲ့ အမြင်တွေကို တစ်ချက်လောက် ကျယ်ကျယ်လေးချဲ့ကြည့်ကြစေချင်တယ် ။
ကျွန်တော်ကတော့ရှင်းပါတယ် ။ ကိုယ့်ကိုယ်ကို ဘာဘောင်မှ မခတ်ထားဘူး ။ မြန်မာ့အလှဟာ
ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တယ်ဆိုတာကိုလည်းယုံတယ် ။
Miss International 2012
ဂျပန်နိုင်ငံမှာ
ကျင်းပတဲ့ ဒီပွဲဟာ တစ်ကမ္ဘာလုံးက အလှမယ်တွေ ၀င်ပြိုင်ကြတာဖြစ်ပါတယ် ။
မြန်မာနိုင်ငံကိုယ်စားပြု နန်းခင်ဇေယျာရဲ့ ဖေ့ဘုတ်အကောင့်ကတော့ www.facebook.com/nang.khin?id=1406755262&_rdr
ဖြစ်ပါတယ် ။ People Choice ဆုကိုရဖို့အတွက် စက်တင်ဘာ ၂၆ ကနေ အောက်တိုဘာ ၂၀ အထိ Vote
ပေးရမှာဖြစ်ပါတယ် ။ ပေးနည်းကတော့ www.pageantology.net/t569-pageantologynet-miss-international-2012-people-s-choice-award
https://www.facebook.com/media/set/?set=a.137306436415628.44897.132781446868127&type=3
ကို သွားပြီး နန်းခင်ဇေယျာရဲ့ပုံတွေ (၄) ပုံကို Like လုပ်ပေးရမှာဖြစ်ပါတယ် ။
အားလုံးပဲ တို့မြန်မာတွေ မြန်မာ အမျိုးသမီးလေးတစ်ဦး ကမ္ဘာ့အလယ်မှာ
ရင်ဘောင်တန်းနိုင်ဖို့ ၀ိုင်းဝန်းကူညီကြပါစို့ ။
သက်တန့်ချို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။