နှစ်သစ်သြ၀ါဒ သုံးခွန်း
(၁) ကိုယ့်ဘ၀ကိုယ် “နွယ်ပင် မဖြစ်စေနဲ့”။ နွယ်ပင်ဆိုတာ အမှီရှိမှ တက်တာ၊ အမှီမရှိရင် မတက်ဘူး။
ကိုယ့်ဗိမာန် ကိုယ်ဖန်ဆင်းတဲ့ နတ်လို ဖြစ်စေချင်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားကြပါ။
မှီသူ မဖြစ်စေနဲ့၊ မှီခိုခံသူ ဖြစ်အောင် ကြိုးစားရမယ်။ ဘာ့ကြောင့်လဲ၊ အပင်လဲရင် အသီးကြွေမယ်။ အသီးကြွေလို့ အပင်မလဲဘူး။
မှီခိုတယ်ဆိုတာ အခိုက်အတန့်ပဲ ကောင်းတယ်။ မိဘ၊ ဆရာသမားတွေကို မှီခိုတယ်ဆိုတာ အမြဲတန်းကြီး မကောင်းဘူး။
အမြဲမှီခိုရင် ကိုယ်ရဲ့ အစွမ်းအစ တုံးသွားတတ်တယ်။ထူးချွန်တဲ့ သူဆိုတာ ကိုယ့်ကိုယ်ကို အားကိုးလို့ပဲ။
ကမ္ဘာမှာ သန်းကြွယ်သူဋ္ဌေး ၁၀၀-မှာ အယောက် ၉၀-ဟာ ကိုယ့်ကိုယ်ကိုအားကိုးပြီး သူဋ္ဌေးဖြစ်လာတာပါတဲ့။
(၂) ယာယီအပျော်ကို ထာဝရအပျော်နဲ့ မလဲပါနဲ့။ ဂိမ်းစော့လို့ ပျော်တယ်။ ဖဲကစားရလို့ ပျော်တယ်၊ ဆေးလိပ်သောက်လို့၊ ဘီယာအရက်သောက်လို့၊ ပါတီသွားလို့ ပျော်တယ်။ ဒါတွေဟာ တဒင်္ဂ အပျော်လေးတွေပါ။
စာမေးပွဲအောင်လို့ ပျော်တယ်။ လုပ်ငန်းအောင်မြင်လို့ ပျော်တယ်။ ဆုတံဆိပ်တွေ ရလို့ ပျော်တယ်။ ဒါ ကမှ ထာဝရအပျော်ပဲ။
တဒင်္ဂအပျော်တွေကြောင့် ဘ၀ပျက်သူတွေ အများကြီးပဲ။ ဆေးကျောင်းသားတစ်ယောက် ဂိမ်းဆိုင်မှာ တနေကုန် အချိန်ဖြုန်း လိုက်တာ ဆေးကျောင်းကနေ ထွက်လိုက်ရတယ်။
ယာယီအပျော်မက်လို့ ထာဝရအပျော်ပျက်သွားတာ။
(၃) “သဲအုတ်တို့ဖြင့် ပြိုလဲရာ ကျောက်အုတ်တို့ဖြင့် တည်ဆောက်အံ့”ဆိုတဲ့ စိတ်ဓာတ်ရှိရမယ်။
“တဲအိမ်ပြိုရင် တိုက်အိမ်ဆောက်မယ်” ဆိုတဲ့စိတ်ဓာတ်မျိုးပေါ့။ ကိုယ့်ဘ၀ကို မြင့်သထက်မြင့်အောင် ကြိုးစားရမယ်။
စာရေးကနေ အရာရှိ၊ အရာရှိကနေ အကြီးအကဲပေါ့။
ကားစပယ်ရာကနေ ဒရိုင်ဘာ၊ ဒရိုင်ဘာကနေ ကားပိုင်။
စားပွဲထိုးကနေ မုန့်ဆရာ၊ မုန့်ဆရာကနေ မုန့်တိုက်ပိုင်ရှင် ဖြစ်အောင် ကြိုးစားရမယ်။မန္တလေးမြို့မှာ ရှိတယ်။ စားပွဲထိုးဘဝကနေ မုန့်တိုက်ပိုင်ရှင် ဖြစ်သွားတာ။
ကျောင်းသားကနေ ကျောင်းဆရာ၊ ကျောင်းဆရာကနေ ပါမောက္ခ။ အဲဒီလို မြင့်ထက်မြင့်အောင် ကြိုးစားရမယ်။
အညာဘက်က သူဋ္ဌေးတစ်ယောက်၊ သာမန်ဝန်ထမ်းဘ၀ကနေ အလုပ်ထွက်လိုက်တယ်။ အဲဒီနောက် လုပ်ငန်းတစ်ခုလုပ်မယ်ဆိုပြီး လုပ်ငန်း စတင်လုပ်ကိုင်တယ်။ တဖြေးဖြေးနဲ့ အောင် မြင်လာတယ်။
အခုတော့ လုပ်ငန်းရှင်ကြီး ဖြစ်နေပြီ။အလုပ်သမား ၅၀၀ဝ-လောက် ရှိတယ်။
အဲဒါ ကြိုးစားမှုကြောင့်ပါပဲ။
မိဘက ဆင်းရဲပေမဲ့ သူ့ လက်ထက် ရောက်တော့ ချမ်းသာသွားတယ်။ သဲအုတ်တို့ဖြင့် ပြိုလဲရာ ကျောက် အုတ်တို့ဖြင့် တည်ဆောက်တယ်ဆိုတာ ဒါပါပဲ။
မေတ္တာစိတ်တို့ဖြင့်
အရှင်ဝေပုလ္လ ပရဟိတ လမင်း
Credit...နည်းစနစ်ကျကျအတွေး အခေါ်
(၁) ကိုယ့်ဘ၀ကိုယ် “နွယ်ပင် မဖြစ်စေနဲ့”။ နွယ်ပင်ဆိုတာ အမှီရှိမှ တက်တာ၊ အမှီမရှိရင် မတက်ဘူး။
ကိုယ့်ဗိမာန် ကိုယ်ဖန်ဆင်းတဲ့ နတ်လို ဖြစ်စေချင်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားကြပါ။
မှီသူ မဖြစ်စေနဲ့၊ မှီခိုခံသူ ဖြစ်အောင် ကြိုးစားရမယ်။ ဘာ့ကြောင့်လဲ၊ အပင်လဲရင် အသီးကြွေမယ်။ အသီးကြွေလို့ အပင်မလဲဘူး။
မှီခိုတယ်ဆိုတာ အခိုက်အတန့်ပဲ ကောင်းတယ်။ မိဘ၊ ဆရာသမားတွေကို မှီခိုတယ်ဆိုတာ အမြဲတန်းကြီး မကောင်းဘူး။
အမြဲမှီခိုရင် ကိုယ်ရဲ့ အစွမ်းအစ တုံးသွားတတ်တယ်။ထူးချွန်တဲ့
ကမ္ဘာမှာ သန်းကြွယ်သူဋ္ဌေး ၁၀၀-မှာ အယောက် ၉၀-ဟာ ကိုယ့်ကိုယ်ကိုအားကိုးပြီး သူဋ္ဌေးဖြစ်လာတာပါတဲ့။
(၂) ယာယီအပျော်ကို ထာဝရအပျော်နဲ့ မလဲပါနဲ့။ ဂိမ်းစော့လို့ ပျော်တယ်။ ဖဲကစားရလို့ ပျော်တယ်၊ ဆေးလိပ်သောက်လို့၊ ဘီယာအရက်သောက်လို့၊ ပါတီသွားလို့ ပျော်တယ်။ ဒါတွေဟာ တဒင်္ဂ အပျော်လေးတွေပါ။
စာမေးပွဲအောင်လို့ ပျော်တယ်။ လုပ်ငန်းအောင်မြင်လို့ ပျော်တယ်။ ဆုတံဆိပ်တွေ ရလို့ ပျော်တယ်။ ဒါ ကမှ ထာဝရအပျော်ပဲ။
တဒင်္ဂအပျော်တွေကြောင့် ဘ၀ပျက်သူတွေ အများကြီးပဲ။ ဆေးကျောင်းသားတစ်ယောက် ဂိမ်းဆိုင်မှာ တနေကုန် အချိန်ဖြုန်း လိုက်တာ ဆေးကျောင်းကနေ ထွက်လိုက်ရတယ်။
ယာယီအပျော်မက်လို့ ထာဝရအပျော်ပျက်သွားတာ။
(၃) “သဲအုတ်တို့ဖြင့် ပြိုလဲရာ ကျောက်အုတ်တို့ဖြင့် တည်ဆောက်အံ့”ဆိုတဲ့ စိတ်ဓာတ်ရှိရမယ်။
“တဲအိမ်ပြိုရင် တိုက်အိမ်ဆောက်မယ်” ဆိုတဲ့စိတ်ဓာတ်မျိုးပေါ့။ ကိုယ့်ဘ၀ကို မြင့်သထက်မြင့်အောင် ကြိုးစားရမယ်။
စာရေးကနေ အရာရှိ၊ အရာရှိကနေ အကြီးအကဲပေါ့။
ကားစပယ်ရာကနေ ဒရိုင်ဘာ၊ ဒရိုင်ဘာကနေ ကားပိုင်။
စားပွဲထိုးကနေ မုန့်ဆရာ၊ မုန့်ဆရာကနေ မုန့်တိုက်ပိုင်ရှင် ဖြစ်အောင် ကြိုးစားရမယ်။မန္တလေးမြို့မှ
ကျောင်းသားကနေ ကျောင်းဆရာ၊ ကျောင်းဆရာကနေ ပါမောက္ခ။ အဲဒီလို မြင့်ထက်မြင့်အောင် ကြိုးစားရမယ်။
အညာဘက်က သူဋ္ဌေးတစ်ယောက်၊ သာမန်ဝန်ထမ်းဘ၀ကနေ အလုပ်ထွက်လိုက်တယ်။ အဲဒီနောက် လုပ်ငန်းတစ်ခုလုပ်မယ်ဆိုပြီ
အခုတော့ လုပ်ငန်းရှင်ကြီး ဖြစ်နေပြီ။အလုပ်သမား ၅၀၀ဝ-လောက် ရှိတယ်။
အဲဒါ ကြိုးစားမှုကြောင့်ပါပဲ။
မိဘက ဆင်းရဲပေမဲ့ သူ့ လက်ထက် ရောက်တော့ ချမ်းသာသွားတယ်။ သဲအုတ်တို့ဖြင့် ပြိုလဲရာ ကျောက် အုတ်တို့ဖြင့် တည်ဆောက်တယ်ဆိုတာ ဒါပါပဲ။
မေတ္တာစိတ်တို့ဖြင့်
အရှင်ဝေပုလ္လ ပရဟိတ လမင်း
Credit...နည်းစနစ်ကျကျအတွေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။