Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 4, 2017

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့


ငွေတာရီ added 4 new photos.

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
============================
သီတင်းကျွတ်လပြည့်နေ့ကို
၁။ဝါကျွတ်ပွဲတော်နေ့
၂။အဘိဓမ္မာအခါတော်နေ့
၃။မီးထွန်းပွဲတော်နေ့
၎။မဟာပဝါရဏာနေ့ စသည်ဖြင့်
ရှုထောင့်အမျိုးမျိုး အမြင်အမျိုးမျိုးဖြင့် ခေါ်ဝေါ်လေ့
ရှိကြသည်။

ဝါတွင်း ၃-လ ဥပုသ်သီတင်းများ စောင့်ထိန်းမှုမှ
ပြီးဆုံးကျွတ်လွတ်သောနေ့ဖြစ်၍ သီတင်းကျွတ်
လပြည့်နေ့ ဟု လည်းကောင်း
ဝါဆို,ဝါခေါင်,တော်သလင်းဟူသော ဝါတွင်း ၃-လ
မှ ကျွတ်လွတ်သောနေ့ဖြစ်၍ ဝါကျွတ်ပွဲတော်နေ့
ဟု လည်းကောင်း
မြတ်ဗုဒ္ဓ အဘိဓမ္မာတရားဟောကြားမှု ပြီးဆုံး
သောနေ့ဖြစ်၍ အဘိဓမ္မာအခါတော်နေ့ ဟု လည်း
ကောင်း
တာဝတိံသာနတ်ပြည်မှ လူ့ပြည်သင်္ကဿမြို့သ်ု့
ပြည်တော်ပြန်ခရီးကြွချီတော်မူလာသော မြတ်
ဗုဒ္ဓကို ဆီမီးများဖြင့် ပူဇော်သောနေ့ဖြစ်၍ မီးထွန်း
ပွဲတေည်နေ့ ဟု လည်းကောင်း
သံဃာတော်များ တစ်ပါးနှင့်တစ်ပါး ပြောဆိုဆုံးမ
နိုင်ရန် အပြန်အလှန် ဖိတ်ခေါ် လက်ကမ်းကြိုဆို
သည့်အနေဖြင့် ပဝါရဏာပြုသောနေ့ဖြစ်၍ မဟာ
ပဝါရဏာနေ့ ဟု လည်းကောင်း ခေါ်ကြခြင်းဖြစ်
သည် ။
ဤဆိုခဲ့ပြီးသော အခေါ်အဝေါ်များသည် ဗုဒ္ဓဘာ
သာဝင်များနှင့် ဆက်နွယ်သော အခေါ်အဝေါ်များ
သာ ဖြစ်ကြသည် ။ အခြား အခေါ်အဝေါ်များ
လည်း ရှိနိုင်ပါသေးသည် ။
အဘိဓမ္မာအခါတော်နေ့
=================
မြတ်ဗုဒ္ဓသည် (ဘီစီ ၅၈၉ ခုနှစ် ) မဟာသက္ကရာဇ်
၁၀၃ - ခု ကဆုန်လပြည့်နေ့ ညဉ့်ကုန်ဆုံးချိန်၌ ဗုဒ္ဓ
အဖြစ်သို့ ရောက်တော်မူခဲ့သည် ။ဗုဒ္ဓအဖြစ်
ရောက်ပြီးနောက် ၇ - ဝါ မြောက်တွင် တာဝတိံ
သာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗ
လာ မြကျောက်ဖျာထက်၌ မယ်တော်ဖြစ်ခဲ့ဘူး
သော သန္တုဿိတနတ်သားအမှူးပြုသည့် နတ်ဗြဟ္မာ
ပရိသတ်တို့အား ဝါတွင်းသုံးလပတ်လုံး အဘိ
ဓမ္မာတရား ဟောကြားတော်မူခဲ့သည် ။ဤသီ
တင်းကျွတ်လပြည့်နေ့မှာပင် အဘိဓမ္မာတရားပွဲ
လည်း ပြီးဆုံးခဲ့သည် ။ ဤသီတင်းကျွတ်လပြည့်
နေ့သည်
၁။နတ်ဗြဟ္မာပရိသတ်တို့အား ဟောကြားသော
မြတ်ဗုဒ္ဓ၏ အဘိဓမ္မာတရားပွဲ ပြီးဆုံးသည့်နေ့
၂။ရှင်သာရိပုတ္တရာအား ဟောကြားသော မြတ်
ဗုဒ္ဓ၏ အဘိဓမ္မာတရားပွဲ ပြီးဆုံးသည့်နေ့
၃။တပည့်ရဟန်းငါးရာတို့အား ဟောကြားသော
ရှင်သာရိပုတ္တရာ၏ အဘိဓမ္မာတရားပွဲ ပြီးဆုံး
သည့်နေ့
၎။ကမ္ဘာလောက၌ အဘိဓမ္မာတရားတော်
အပြည့်အစုံ ရောက်ရှိသောနေ့ ဖြစ်သည်။
ဤသို့စသည်ဖြင့် အဘိဓမ္မာနှင့်စပ်ဆိုင်သော
အကြောင်းအရာမြောက်များစွာရှိနေသောကြောင့်
ဤသီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါ
တော်နေ့ ဟု ဗုဒ္ဓဘာသာဝင်များက သတ်မှတ်
ထားခဲ့ကြသည်။
အဘိဓမ္မာကို အဘယ့်ကြောင့် နတ်ပြည်မှာ သွား
ဟောပါသနည်းဆိုလျှင် အဘိဓမ္မာသည်
၁။များပြားကျယ်ဝန်းခြင်း
၂။နာရီပိုင်းဖြင့် တစ်ထိုင်တည်း ပြီးဆုံးအောင်
နာကြားဖို့ မလွယ်ကူခြင်း
၃။ယခုလက်ရှိ ပေယျာလမြှုပ်ထားသော စာမျက်
နှာသည်ပင် ၄၉၄၁ - မျက်နှာ ရှိနေခြင်း
၎။အပြည့်အစုံဟောလျှင် နှုတ်လျှာ အလွန်လျှင်
မြန်သော မြတ်စွာဘုရားသည်ပင် ရက်ပေါင်း
၉၀ - နာရီပေါင်း ၂၁၆၀ - နာရီ ဟောခဲ့ရခြင်း
စသော အကြောင်းတို့ကြောင့် မနားတမ်း တစ်
ထိုင်တည်း နာနိုင်သော နတ်,ဗြဟ္မာတို့အားသာ
ဟောကြားခဲ့ခြင်းဖြစ်သည်။
အချိန်ကွာခြားချက်
=============
တာဝတိံသာနတ်ပြည်၏ တစ်ရက်သည် လူ့ပြည်
၏ နှစ်ပေါင်း ၁၀၀၀ (ရက်ပေါင်း ၁၀၀၀×၃၆၅ =
၃၆၅၀၀၀ ၊ နာရီပေါင်း ၃၆၅၀၀၀ ×၂၄=၈၇၆၀၀၀
ဝ ) ဖြစ်သည်။
အချုပ်မှာ မြတ်စွာဘုရား ဆက်တိုက်ဟောကြား
ခဲ့သော အဘိဓမ္မာကို တာဝတိံသာနတ်တို့၏
အချိန်ဖြင့် တိုင်းတာလျှင် ၁၀ - မိနစ်ပင် ပြည့်မည်
မဟုတ်ချေ ။
မြတ်ဗုဒ္ဓ ဘဝတစ်သက်တာ ဟောကြားချက်
၃ - မျိုး
၁။ရဟန်းတော်များ လိုက်နာကျင်းသုံးရန် ဟော
ကြားသော ဝိနယ
၂။တရားနာပရိသတ်နှင့် တန်ရုံ သင့်ရုံမျှဟော
သော သုတ္တန္တ
၃။တရားနာပရိသတ်ကို မငဲ့ဘဲ ဖြစ်နိုင်သမျှ
တရားအပြည့်အစုံ ကျယ်ဝန်း များပြားစွာ
ဟောသော အဘိဓမ္မ ဟု ၃ - မျိုး ရှိသည်။
ယင်းကို ပိဋကတ် ၃- ပုံ ဟုလည်း ခေါ်သည်။
အရှင်တိလောကာဘိဝံသ (အင်းစိန်)
သာကီသွေးဂျာနယ် အတွဲ(၁) အမှတ်(၇) မှ
============================ကူးယူဝေမျှပေးတာပါ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။