Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 7, 2017

အစိုးရရဲ့ ပေါ်လစီချမှတ်ရာမှာ ရည်ရွယ်ချက်ကောင်းရုံနဲ့ မလုံလောက်ပါ။


Bamaw Thein Pe

အစိုးရရဲ့ ပေါ်လစီချမှတ်ရာမှာ ရည်ရွယ်ချက်ကောင်းရုံနဲ့ မလုံလောက်ပါ။
၂၀၁၀ ခုနှစ်တုံးက ကျင်းပတဲ့ စင်္ကာပူနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ လက်ရှိအစိုးရရဲ့ အာဏာရပါတီဖြစ်တဲ့ ပီအေပီပါတီဟာ အတိုက်အခံပါတီတခုဖြစ်တဲ့ အလုပ်သမားပါတီကို မဲဆန္ဒနယ်တချို့မှာ ရှုံးသွားခဲ့တယ်။ လူတွေက အစိုးရကို မကျေနပ်တာကြောင့် အတိုက်အခံပါတီကို မဲပေးခဲ့ကြလို့ပါ။ မကျေနပ်တာတွေထဲက တချက်က စင်္ကာပူလူမျိုးတွေဟာ အိမ်ဈေးကြီးမြှင့်မှုကြောင့် တိုက်ခန်းတွေ မဝယ်နိုင်ကြလို့ မကျေနပ်ကြတာပါ။

ဒါကြောင့် စင်္ကာပူအစိုးရဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးကတဲ တိုက်ခန်းပေါင်းများစွာပါတဲ့ တိုက်အမြင့်တွေ အများကြီးကို စင်္ကာပူနေရာအနှံ့မှာ အားချင်းဆောက်လုပ်ပြီး လူတွေကို ရောင်းပေးတယ်။ ဒါပေမဲ့.တိုက်ခန်းဈေးတွေမကျဘူး။ ဒါကြောင့် ၂၀၁၃ ခုနှစ်မှာ အိမ်ဝယ်ဖို့ ဘဏ်ကနေ ချေးယူနိုင်တဲ့ ချေးငွေပမာဏတွေကို ကန့်သတ်ခဲ့သလို ချေးငွေပြန်ဆပ်ရမယ့် နှစ်ကာလတွေကိုလဲ လျှော့ချပစ်လိုက်တယ်။ လက်ငင်းပေးသွင်းရမယ့် ငွေပမာဏတွေကိုလည်း မြှင့်တင်လိုက်ပါတယ်။ ရည်ရွယ်ချက် အိမ်ခန်းတွေဈေးကြီးလို့ လူတွေသိတ်မဝယ်ကြရင် အိမ်ဈေးတွေ ကျသွားအောင်လို့ပါ။
ထို့နည်းတူပဲ မော်တော်ကားဝယ်ဖို့ ဘဏ်ကနေချေးယူနိုင်တဲ့ ချေးငွေပမာဏတွေကို ကန့်သတ်ခဲ့သလို ချေးငွေပြန်ဆပ်ရမယ့် နှစ်ကာလတွေကိုလည်း လျှော့ချပစ်လိုက်တယ်။ လက်ငင်းပေးသွင်းရမယ့် ငွေပမာဏတွေကိုလည်း မြှင့်တင်လိုက်ပါတယ်။ ရည်ရွယ်ချက်က ကားဈေးကြီးလို့ လူတွေ ကိုယ်ပိုင်ကားဝယ်မစီးကြပဲ ဘတ်စ်ကားတွေ MRTရထားတွေစီးကြရင် လမ်းမှာကားကြပ်တဲ့ ပြဿနာတွေနည်း သွားအောင်လို့ပါ။
အစိုးရက အဲဒီစီးပွားရေးပေါ်လစီတွေ ချမှတ်လိုက်ပြီးတော့ ဘာအကျိုးဆက်တွေ ဖြစ်လာသလဲ။ လူတွေဟာ အိမ်ဈေး ကားဈေးတွေကြီးနေပေမယ့် အိမ်၊ ကားတွေကို ဝယ်ချင်နေကြတယ်။ ဒီတော့ အသုံးစရိတ်ချွေတာပြီး ငွေစုကြတယ်။ စားတာ၊ သောက်တာ၊ သုံးစွဲတာ၊ ပစ္စည်းဝယ်တာ အစစအရာမှာ အရင်လိုမသုံးကြတော့ပဲ လျှော့သုံးလာကြတယ်။ စားသုံးသူ ဝယ်သူတွေ လျှော့နည်းလာလို့ စားသောက်ဆိုင်တွေ စတိုးဆိုင်တွေရဲ့ ဝင်ငွေတွေ ကျလာတယ်။ ၂ နှစ်လောက်ကြာတော့ စားသုံးသူနည်းလာလို့ လုပ်ငန်းအတော်များများမှာ ဝင်ငွေထိခိုက်ကြပြီး အကျိုးဆက်အဖြစ် စင်္ကာပူစီးပွားရေးကျဆင်းလာပါတယ်။ ကုမ္ပဏီတွေ ဆိုင်တွေ ပိတ်ပစ်လိုက်ရတယ်။ လူတွေ အလုပ်ပြုတ်ကုန်ကြတယ်။
ဒါဟာ ရည်ရွယ်ချက်ကောင်းပေမဲ့ ဆိုးကျိုးဖြစ်ပေါ်စေခဲ့တဲ့ စင်္ကာပူအစိုးရရဲ့ စီးပွားရေးပေါ်လစီအမှားတခုပါ။
လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က သြစတေးလျနိုင်ငံမှာ အစိုးရဟာ လူတွေအမဲလိုက်အပန်းဖြေစေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံခြားက ယုန်လေးတွေကို နိင်ငံအတွင်းကို အမြောက်အများ သွင်းယူခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ယုန်ဆိုတာ မျိုးပွားနူန်း သိတ်မြန်တဲ့သတ္တဝါမို့ အမဲလိုက်သတ်ဖြတ်တဲ့ ယုန်ဦးရေထက် မွေးလာတဲ့ ယုန်အရေအတွက်က ပိုများလို့ အခုအခါ ယုန်အကောင်ပေါင်း သန်း ၂၀ လောက်ဟာ သြစတေးလျနိုင်ငံအနှံ့က အိမ်ဝင်းတွေထဲမှာပါ ပြန့်နှံ့ရောက်ရှိနေကြပါတယ်။
ဒါက ရည်ရွယ်ချက်ကောင်းပေမယ့် ဆိုးကျိုးဖြစ်စေခဲ့တဲ့ သြစတေးလျနိုင်ငံရဲ့ ပေါ်လစီအမှားတခုပါ။
နှစ်အတန်ကြာလောက်က အိန္ဒိယနိုင်ငံမှာ မြွေဟောက်တွေ အရမ်းများလာလို့ အစိုးရက မြွေဟောက်အရေခွံတွေကို ပိုက်ဆံပေးဝယ်တယ်။ မြွေဟောက်အရေအတွက် နည်းပါးသွားအောင်လို့ပါ။ ဒီတော့ စီးပွားရေးသမားတွေက မြွေဟောက်တွေကို ခြံတွေမှာ အိမ်မှာပါ မွေးကြတယ်။ အကောင်ကြီးလာတော့ မြွေဟောက်ကို သတ်ပြီး အစိုးရဆီမှာ မြွေအရေခွံတွေ ရောင်းကြတယ်။ အမြတ်ကောင်းကောင်း ရနေကြတယ်။ အစိုးရက ရိပ်မိလာတော့ မြွေဟောက်အရေခွံဝယ်တာကို ရပ်ဆိုင်းလိုက်တယ်။ ဒီတော့ စီးပွားရေးသမားတွေဟာ သူတို့မွေးထားတဲ့ မြွေဟောက်အရှင်တွေကို တောထဲမှာ သွားလွတ်လိုက်ကြတယ်။ အခု အိန္ဒိယနိုင်ငံမှာ မြွေဟောက်တွေဟာ အရင်မြွေရေခွံတွေ မဝယ်ခင်ကထက် အရမ်းပိုများလာနေတယ်။
ဒါလဲ ရည်ရွယ်ချက်ကောင်းပေမယ့် ဆိုးကျိုးဖြစ်စေခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ပေါ်လစီအမှားတခုပါပဲ။
အချုပ်အားဖြင့် ပြောရရင် အစိုးရဝန်ကြီးတွေဟာ ပေါ်လစီတခု ချမှတ်ရာမှာ ရည်ရွယ်ချက်ကောင်းရုံနဲ့ မလုံလောက်ပဲ ပေါ်လစီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ကြိုတင်သိမြင်နိုင်တဲ့ အရည်အချင်း ရှိဖို့လိုပါတယ်။
ဗန်းမော်သိန်းဖေ
၂၀၁၅၊ နိုဝင်ဘာ(၁၀)ရက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။