#လူတွေကိုယ့်နောက်လိုက်အောင်လုပ်ဆောင်နည်း
အချက် (၂ဝ)
ဤနည်းတွေကိုလုပ်ပါ၊
တစ်ကမ္ဘာလုံးသင့်နောက်လိုက်အ့ံ ….
1. လူတို့၏ စိတ်အလိုကို သိရမည်။
2. မည်သူနှင့်မျှ ဆန့်ကျင်ဘက် မပြုရ။ အလိုက်သင့်ပြောရမည်။
3. တစ်ဖက်သား မသိအောင် မြှောက်ပင့်တတ်ရမည်။ ချီးမွမ်းစကားဆိုပေးရမည်။
4. တစ်ဖက်သား၏ စိတ်ကို မထိမခိုက် အနာကြည်းစေရ။ မထီမဲ့မြင် မပြုရ။
5. သူတစ်ပါး၏ ထင်မြင်ချက်ကို လေးစားရမည်။
6. အနိုင်မယူချင်ရ။ လိုက်လျောရမည်။
7. ယခုပြော၍ မရလျှင် ဆိတ်ဆိတ်နေ၊ နောက်အခွင့်ကြုံမှ အခြားနည်းနှင့် ပြောရမည်။
8. လျှော့၍ပေးလျှင် ပြန်၍ရ၏။
9. သူ့အလိုကို အနည်းငယ်လိုက်က ကိုယ့်အလိုသို့ သူက အများကြီး ပြန်၍ လိုက်လိမ့်မည်။
10. စကားအပြောမသန်ရ။ အနားအထောင်သန်ရမည်။
11. လူကို မကြောက်ရ။ လူကိုကြင်နာရမည်။
12. လူကိုမမုန်းရ။ လူကို သနားရမည်။
13. တစ်ယောက်ယောက်နှင့် စကားပြောရာတွင် တစ်ဖက်သား၏ စရိုက်နှင့် သူ့အကြိုက်အလိုကို သိရမည်။
14. တစ်ဖက်ကို ဆရာတင်ခြင်းကြောင့် မိမိမှာ တပည့်နောက်လိုက်မဖြစ်၊ ပို၍ ကြီးသောဆရာ ဖြစ်နိုင်လေသည်။
15. င့ါစကားနွားရ မပြောရ။ အကျိုးမဲ့ အငြင်းအခုံ မပြုရ။
16. ဂုဏ်ဟူသမျှကို မိမိသာမလိုချင်နှင့်။
17. ချီးမြှင့်ထိုက်သူကို ချီးမြှင့်ရမည်။
18. ပြည့်စုံအောင် ဆောင်ရွက်နိုင်မည် မဟုတ်သော ကတိကို မထားရ။ ကထိထားခြင်း မလွယ်ကူအပ်။
19. ထားပြီးသော ကတိကိုလည်းတည်စေရမည်။။ စကားမှန်ရမည်။
20. တစ်ဖက်သား၏ အသေးအဖွဲ ဝါသနာကလေးများကို သိ၍ ဝါသနာနှင့်တွေ့အောင် ဝန်မလေးသော အလုပ်ကလေးများကို လုပ်၍ ပေးရမည်။
(ဆရာကြီးပီမိုးနှင်းစာအုပ် မှ မှတ်စုများ)
Let's Fly Together
Credit ဖူးကျော်ဇင် (Future Wave)
အချက် (၂ဝ)
ဤနည်းတွေကိုလုပ်ပါ၊
တစ်ကမ္ဘာလုံးသင့်နောက်လိုက်အ

(ဆရာကြီးပီမိုးနှင်းစာအုပ်
Let's Fly Together
Credit ဖူးကျော်ဇင် (Future Wave)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။