စိတ်ပျက်ပါ ဒါပေမယ့်မရပ်လိုက်ပါနဲ့ ရှေ့ဆက်လျှောက်ပါ...တဲ့။
-------------------------- -------------------------- -------------
သွားပြီ။
ရှုံးပြီဆိုပြီး ထင်ထားသလို မဖြစ်တဲ့အခါ
စိတ်ဓါတ်ကျသွားတဲ့ သူတွေအများကြီးရှိတယ်။
ကျမလည်း အကြိမ်ပေါင်းများစွာ စိတ်ပျက်ခဲ့ဖူးတယ်။
စိတ်မောလူမောနဲ့ ရှေ့ဆက်ဖို့အင်အားမရှိလောက်အောင်
ဖြစ်ခဲ့ရဘူးတယ်။
့ပတ်ဝန်းကျင်မှာလည်း အရှုံးတွေကို ရင်မဆိုင်ရဲဘူး ….ဆိုပြီးတော့
နောက်ဆုတ်လက်လျော့ လိုက်တဲ့ သူတွေလည်း အများကြီး။
ကျမတော့ရှုံးတယ် ဘာဖြစ်လဲ ဆက်လုပ်မှာပဲ။ အခါခါ လဲကျလည်း
နောက်မဆုတ်ဘူး နိုင်အောင် တိုက်မယ် ဆိုတဲ့ အယူအဆရှိတဲ့သူပါ။
မသေမချင်း နိုင်အောင် တိုက်မယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ ဘ၀ကို
ကြံ့ကြံ့ခံနေရတဲ့ အချိန်တွေအများကြီးပါ။ အဲဒီလို ကြံ့ကြံ့ခံနိုင်ပြီး
ဖြစ်အောင် လုပ်နိုင်သွားတာကိုပဲ အောင်မြင်တယ်လို့ လူတွေက
ဆိုကြပြန်တယ်။
တကယ်တော့ အမှားတို့ အရှုံးတို့ ဆိုတာ ကို်ယ့်ကို ပေးလိုက်တဲ့
အတွေ့အကြုံကောင်းတစ်ခု၊ အောင်မြင်မှုရရှိစေဖို့အတွက်
လှေခါးထစ်လေး တစ်ထစ်ပါလို့ပဲ လက်ခံပါတယ်။
ဒီအဆင့်ကို မဖြတ်သန်းဘဲနဲ့ ထိပ်ကိုမရောက်နိုင်သလို၊ ဒီအရှုံးမျိုး
မကြုံဘူးဘဲနဲ့လည်း ကြီးကျယ်လှတဲ့အောင်မြင်မှုတွေကို
မရရှိနိုင်ပါဘူးလို့လည်း ကျမက နားလည်ထားတယ်။
မြင့်မားတဲ့ အောင်မြင်မှုတိုင်းမှာ
တန်ကြာတန်ကြေးပေးဆပ်ရတာတွေရှိတာပဲ။
ကျားကန်ရတာတွေလည်း ရှိတာပဲ။
စိတ်ပင်ပန်းလူပင်ပန်းစွာနဲ့ ကျော်ဖြတ်ရတာတွေ ရှိတာပဲ။
ကျွန်မ အတွေ့အကြုံအရ အကောင်းဆုံးအကြံပေးရရင်တော့ 
မှားတယ်၊ ရှုံးတယ်ဆိုတာကို လက်ခံလိုက်ပါ ။
ဒါပေမယ့် ရပ်မပြစ်လိုက်ပါနဲ့။
မှားလျက်နဲ့ မမှားဘူး၊ ရှုံးလျက်နဲ့ မရှုံးဘူးလို့ ဟန်မဆောင်မိပါစေနဲ့..အဲဒီလို ဟန်ဆောင်လိုက်တာနဲ့ ကိုယ်ရယ့်
အောင်မြင်မှုဟာ ဝေးသွားတယ်၊ ကိုယ်တက်ရမဲ့ ခြေတစ်လှမ်းဟာ
နောက်ကျသွားတယ်။
ဒါကြောင့်မှားပြီ၊ရှုံးပြီ ဆိုတာနဲ့အဲဒါကို ချက်ခြင်း လက်ခံလိုက်ပါ၊။
ပြီးရင် ကို်ယ့်အမှားနဲ့ အရှုံးကို ပြန်မြင်အောင် ကြည့်ပါ၊ မြင်အောင်
ကြည့်တဲ့နေရာမှာ ကိုယ့်ကိုယ်ကို ရိုးသားပါ၊ သစ္စာရှိပါ။ ကိုယ့်ကိုယ်ကို
ရိုးသားတယ်ဆိုတာက အရှိကို အရှိတိုင်း မြင်တာပါ၊ ကိုယ်ရဲ့
အားနည်းချက်ကို မြင်အောင် ကြည့်ပြီးတဲ့အခါ အားသာချက်အဖြစ်
မပြောင်းလဲနိုင်သေးတာကိုလ ည်း လက်ခံပါ။
နောက်တစ်ခါ ဒီအားနည်းချက်ကြောင့် ထပ်မှားတာမျိုး
မဖြစ်ရလေအောင် အဲဒီအားနည်းချက်ကို အသုံးပြုရမယ့်
အခြေအနေတွေကိုရှောင်လွဲပါ၊ အားသာချက်ကို များများ
အသုံးပြုနိုင်အောင် ဆောင်ရွက်ပါ။
အဲလိုနဲ့
ကို်ယ့်ကိုကိုယ် ယုံကြည်မှုအားကောင်းလာပြီဆိုရင် စိတ်ဓါတ်ကျတာ၊
စိုးရိမ်သောကရောက်တာတွေ မရှိတော့ဘူး။
ယုံကြည်ချက်အားကောင်းနေတဲ့ အတွက်အပြုစိတ်လည်း
ပိုများလာတယ်။ သူများကိုလည်း အပြစ်တင်တာတွေမရှိတော့ပြန်ဘူး။
ဒါကြောင့် အောင်မြင်မှုကို အဟန့်အတားဖြစ်စေတဲ့ အပျက်စိတ်၊
အပြစ်တင်စိတ်၊ စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်ကြီးခြင်းတွေလည်း
မရှိတော့ပြန်ဘူး။
ဒါဆို ကိုယ်သွားချင်တဲ့ လမ်းက ပိုပြီး ပြတ်သားလာပြီ၊
မရှုပ်ထွေးတော့ဘူး၊ ပိုပြီးတော့လည်း စိတ်ဝင်စားမှုလည်း
အားကောင်းလာတဲ့အတွက် ကိုယ်လိုချင်တဲ့ အရာကို
ရရှိလာတော့တာပါပဲ။
ဒါကြောင့်မှားတာက အရေးမကြီးပါဘူး၊ ရှုံးသွားတာကလည်း
အရေးမကြီးဘူး၊ အရေးကြီးတာက ရပ်မပစ်ဖို့ပါပဲ။
မရည်ရွယ်ဘဲနဲ့ကအမှားတွေ ဆက်လုပ်နေရင်လည်း အဲဒီကနေ
သင်ယူပြီး အကောင်းဆုံးဘ၀တစ်ခု ရလာနို်င်တာပဲ။ အမှားနဲ့
အရှုံးဆိုတာကို ကြောက်ပြီး ဘာမှ မလုပ်ဘဲရှေ့မဆက်ဘဲနဲ့
ရပ်ပစ်လိုက်တာကမှ တကယ့်ကို ရှုံးသွားတာပါ။
ဒါကြောင့် ရပ်မပစ်ဖို့ပဲ လိုပါတယ်။ မှားပါစေ၊ ရှုံးပါစေ…အဲဒီကနေ
သင်ယူပြီး ရှေ့ဆက်ပါ။အမြဲတမ်း ရယ်မောလိုက်နိုင်တဲ့
သတ္တိမျိုးလည်း ရှိစေချင်တယ် ။
ကျွန်မလည်း မှားခဲ့တယ်၊ရှုံးခဲ့တယ် ဒီကနေ့မှာလည်း
အမှားတွေရှိနေတုန်းပါပဲ၊ ဒါပေမဲ့ ရှေ့ဆက်နေတုန်းပါ။ ရယ်မောပြီး
သင်ယူနေတုန်းပါ၊အရှုံးတွေကိုလည်း ရိုးသားစွာ လက်ခံနေရတုန်းပါ။
ဒါပေမယ့် စိတ်မပျက်ပါဘူး၊ အရှုံးမပေးပါဘူး၊ ရပ်မပစ်ပါဘူးနော်။
ကျွန်မ အရမ်းသဘောကျတဲ့စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့
ဘ၀မှာ အရေးကြီးတာက အောင်မြင်မှုရဖို့မဟုတ်ပါဘူး၊
ရုန်းကန် လှုပ်ရှားနိုင်ဖို့ပါ …တဲ့။
မေသင်္ကြန်ဟိန်း(မြစ်မခ)
ခပ်မြင့်မြင့်ကလှပတဲ့ပန်းလေးတစ်ပွင့်ဖြစ်ပါစေ
🌼
မယ် ဖွေး
--------------------------
သွားပြီ။
ရှုံးပြီဆိုပြီး ထင်ထားသလို မဖြစ်တဲ့အခါ
စိတ်ဓါတ်ကျသွားတဲ့ သူတွေအများကြီးရှိတယ်။
ကျမလည်း အကြိမ်ပေါင်းများစွာ စိတ်ပျက်ခဲ့ဖူးတယ်။
စိတ်မောလူမောနဲ့ ရှေ့ဆက်ဖို့အင်အားမရှိလောက
ဖြစ်ခဲ့ရဘူးတယ်။
့ပတ်ဝန်းကျင်မှာလည်း အရှုံးတွေကို ရင်မဆိုင်ရဲဘူး ….ဆိုပြီးတော့
နောက်ဆုတ်လက်လျော့ လိုက်တဲ့ သူတွေလည်း အများကြီး။
ကျမတော့ရှုံးတယ် ဘာဖြစ်လဲ ဆက်လုပ်မှာပဲ။ အခါခါ လဲကျလည်း
နောက်မဆုတ်ဘူး နိုင်အောင် တိုက်မယ် ဆိုတဲ့ အယူအဆရှိတဲ့သူပါ။
မသေမချင်း နိုင်အောင် တိုက်မယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ ဘ၀ကို
ကြံ့ကြံ့ခံနေရတဲ့ အချိန်တွေအများကြီးပါ။ အဲဒီလို ကြံ့ကြံ့ခံနိုင်ပြီး
ဖြစ်အောင် လုပ်နိုင်သွားတာကိုပဲ အောင်မြင်တယ်လို့ လူတွေက
ဆိုကြပြန်တယ်။
တကယ်တော့ အမှားတို့ အရှုံးတို့ ဆိုတာ ကို်ယ့်ကို ပေးလိုက်တဲ့
အတွေ့အကြုံကောင်းတစ်ခု၊ အောင်မြင်မှုရရှိစေဖို့အတွက
လှေခါးထစ်လေး တစ်ထစ်ပါလို့ပဲ လက်ခံပါတယ်။
ဒီအဆင့်ကို မဖြတ်သန်းဘဲနဲ့ ထိပ်ကိုမရောက်နိုင်သလို၊ ဒီအရှုံးမျိုး
မကြုံဘူးဘဲနဲ့လည်း ကြီးကျယ်လှတဲ့အောင်မြင်မှုတေ
မရရှိနိုင်ပါဘူးလို့လည်း ကျမက နားလည်ထားတယ်။
မြင့်မားတဲ့ အောင်မြင်မှုတိုင်းမှာ
တန်ကြာတန်ကြေးပေးဆပ်ရတာတွေရ
ကျားကန်ရတာတွေလည်း ရှိတာပဲ။
စိတ်ပင်ပန်းလူပင်ပန်းစွာနဲ့
ကျွန်မ အတွေ့အကြုံအရ အကောင်းဆုံးအကြံပေးရရင်တော
မှားတယ်၊ ရှုံးတယ်ဆိုတာကို လက်ခံလိုက်ပါ ။
ဒါပေမယ့် ရပ်မပြစ်လိုက်ပါနဲ့။
မှားလျက်နဲ့ မမှားဘူး၊ ရှုံးလျက်နဲ့ မရှုံးဘူးလို့ ဟန်မဆောင်မိပါစေနဲ့..အဲဒီလိ
အောင်မြင်မှုဟာ ဝေးသွားတယ်၊ ကိုယ်တက်ရမဲ့ ခြေတစ်လှမ်းဟာ
နောက်ကျသွားတယ်။
ဒါကြောင့်မှားပြီ၊ရှုံးပြီ ဆိုတာနဲ့အဲဒါကို ချက်ခြင်း လက်ခံလိုက်ပါ၊။
ပြီးရင် ကို်ယ့်အမှားနဲ့ အရှုံးကို ပြန်မြင်အောင် ကြည့်ပါ၊ မြင်အောင်
ကြည့်တဲ့နေရာမှာ ကိုယ့်ကိုယ်ကို ရိုးသားပါ၊ သစ္စာရှိပါ။ ကိုယ့်ကိုယ်ကို
ရိုးသားတယ်ဆိုတာက အရှိကို အရှိတိုင်း မြင်တာပါ၊ ကိုယ်ရဲ့
အားနည်းချက်ကို မြင်အောင် ကြည့်ပြီးတဲ့အခါ အားသာချက်အဖြစ်
မပြောင်းလဲနိုင်သေးတာကိုလ
နောက်တစ်ခါ ဒီအားနည်းချက်ကြောင့် ထပ်မှားတာမျိုး
မဖြစ်ရလေအောင် အဲဒီအားနည်းချက်ကို အသုံးပြုရမယ့်
အခြေအနေတွေကိုရှောင်လွဲပါ၊
အသုံးပြုနိုင်အောင် ဆောင်ရွက်ပါ။
အဲလိုနဲ့
ကို်ယ့်ကိုကိုယ် ယုံကြည်မှုအားကောင်းလာပြီဆိ
စိုးရိမ်သောကရောက်တာတွေ မရှိတော့ဘူး။
ယုံကြည်ချက်အားကောင်းနေတဲ့
ပိုများလာတယ်။ သူများကိုလည်း အပြစ်တင်တာတွေမရှိတော့ပြန်ဘ
ဒါကြောင့် အောင်မြင်မှုကို အဟန့်အတားဖြစ်စေတဲ့ အပျက်စိတ်၊
အပြစ်တင်စိတ်၊ စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်ကြီးခြင်းတွေလည်း
မရှိတော့ပြန်ဘူး။
ဒါဆို ကိုယ်သွားချင်တဲ့ လမ်းက ပိုပြီး ပြတ်သားလာပြီ၊
မရှုပ်ထွေးတော့ဘူး၊ ပိုပြီးတော့လည်း စိတ်ဝင်စားမှုလည်း
အားကောင်းလာတဲ့အတွက် ကိုယ်လိုချင်တဲ့ အရာကို
ရရှိလာတော့တာပါပဲ။
ဒါကြောင့်မှားတာက အရေးမကြီးပါဘူး၊ ရှုံးသွားတာကလည်း
အရေးမကြီးဘူး၊ အရေးကြီးတာက ရပ်မပစ်ဖို့ပါပဲ။
မရည်ရွယ်ဘဲနဲ့ကအမှားတွေ ဆက်လုပ်နေရင်လည်း အဲဒီကနေ
သင်ယူပြီး အကောင်းဆုံးဘ၀တစ်ခု ရလာနို်င်တာပဲ။ အမှားနဲ့
အရှုံးဆိုတာကို ကြောက်ပြီး ဘာမှ မလုပ်ဘဲရှေ့မဆက်ဘဲနဲ့
ရပ်ပစ်လိုက်တာကမှ တကယ့်ကို ရှုံးသွားတာပါ။
ဒါကြောင့် ရပ်မပစ်ဖို့ပဲ လိုပါတယ်။ မှားပါစေ၊ ရှုံးပါစေ…အဲဒီကနေ
သင်ယူပြီး ရှေ့ဆက်ပါ။အမြဲတမ်း ရယ်မောလိုက်နိုင်တဲ့
သတ္တိမျိုးလည်း ရှိစေချင်တယ် ။
ကျွန်မလည်း မှားခဲ့တယ်၊ရှုံးခဲ့တယ် ဒီကနေ့မှာလည်း
အမှားတွေရှိနေတုန်းပါပဲ၊ ဒါပေမဲ့ ရှေ့ဆက်နေတုန်းပါ။ ရယ်မောပြီး
သင်ယူနေတုန်းပါ၊အရှုံးတွေက
ဒါပေမယ့် စိတ်မပျက်ပါဘူး၊ အရှုံးမပေးပါဘူး၊ ရပ်မပစ်ပါဘူးနော်။
ကျွန်မ အရမ်းသဘောကျတဲ့စကားတစ်ခွန်း
ဘ၀မှာ အရေးကြီးတာက အောင်မြင်မှုရဖို့မဟုတ်ပါဘ
ရုန်းကန် လှုပ်ရှားနိုင်ဖို့ပါ …တဲ့။
မေသင်္ကြန်ဟိန်း(မြစ်မခ)
ခပ်မြင့်မြင့်ကလှပတဲ့ပန်းလေ

မယ် ဖွေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။