Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 8, 2017

သင့်ဘ၀ကို တစ်နှစ်အတွင်း ပြောင်းလဲတိုးတက်စေနိုင်မယ့် နည်းလမ်းများ

 
 
သင့်ဘ၀ကို တစ်နှစ်အတွင်း ပြောင်းလဲတိုးတက်စေနိုင်မယ့် နည်းလမ်းများ😌😌
🇺 🇵 🇺 🇵

လူတိုင်းဟာ ကိုယ့်ဘ၀ကို အစဉ်မပြတ်တိုးတက်နေတာကို လိုချင်ကြတာပါပဲ။ လူအများစုဟာ တိုးတက်ပြောင်းလဲမှုမရှိပဲ၊ နဂိုပုံစံအတိုင်း နှစ်ပေါင်းများစွာနေထိုင်သွားကြရပါတယ်။ သင်ကိုယ်တိုင်ကတော့ ပြောင်းလဲတိုးတက်မှုကို ရယူချင်တာကြောင့် နေ့စဉ် ကျင့်မှတ်ရမှာတွေကို လိုက်နာမယ်ဆိုရင် တစ်နှစ်မတိုင်မီ သင့်ဘ၀က တိုးတက်ပြောင်းလဲလာမှာဖြစ်တယ်။
ဘာ့ကြောင့်လဲဆိုတာကို ရှာဖွေပါ (Find your why)
“ဘာ့ကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ရှိတဲ့ လူဟာ ဘယ်လိုအခြေအနေမဆိုကို ခံနိုင်ရည်ရှိတယ်” - ဖရက်ဒရစ်နစ်ရှေး
ကိုယ်ဘာ့ကြောင့် အသက်ရှင်နေသလဲဆိုတဲ့ အကြောင်းပြချက်ကို သိမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အကြောင်းကို ပိုပြီးလေးလေးနက်နက် သိမြင်လာပါလိမ့်မယ်။ ကျွန်တော်တို့ ဟာ အချိန်တော်တော်များများမှာ အမြဲတမ်းရှုပ်ထွေးလို့နေပါတယ်။
“ငါဟာ ငါ့ ဘ၀မှာ ဘာတွေ လုပ်ချင်တာ” ဆိုတာကို သိတဲ့ လူတွေဟာ ဘ၀မှာ ပိုအောင်မြင်ကြတဲ့ သူတွေပါ။ ကိုယ်ဘာလိုချင်လဲဆိုတာကို သိအောင်ကြိုးစားဖို့က အရေးကြီးပါတယ်။
ဘ၀မှာ ကိုယ်ဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိထားရင် ဘ၀ အောင်မြင်တိုးတက်ဖို့ ပိုမိုနီးစပ်ပါတယ်။
“ကိုယ့်ဘ၀ရဲ့ ပန်းတိုင်တွေက ဘာဖြစ်မလဲဆိုတာကို ရှာဖွေ သိချင်နိုင်ဖို့က အရေးကြီးပါတယ်။ ဘ၀မှာ ကိုယ့်ကို စိတ်လှုပ်ရှားစေတာတွေ၊ ပျော်ရွှင်ဖွယ် ပတ်ဝန်းကျင်တည်ဆောက်တာတွေက ဘ၀ကို ပိုမိုပျော်ရွှင်စေနိုင်ပါတယ်။ ကိုယ့်ပန်းတိုင်က ဘာလဲဆိုတာ သိသွားခဲ့ရင် လိုအပ်တဲ့ စွန့်စားမှုတွေ ဆောင်ရွက်ဖို့ အသင့်ပြင်ရပါမယ်။ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖြတ်ကျော်ရမှာပါ” လို့ စာရေးဆရာ ရစ်ချက်ဘရန်ဆန်က ရေးခဲ့ပါတယ်။
စိတ်လှုပ်ရှား တက်ကြွမှုတွေ ကျဆင်းနေရင်၊ ကိုယ့်ကိုယ်ကိုယ် မသေချာ၊ရည်ရွယ်ချက်မဲ့နေတယ်လို့ ခံစားနေရရင် တစ်ယောက်ထဲမနေပါနဲ့၊ သင့်လိုလူတွေ အများကြီးရှိနေတယ်ဆိုတာကို မမေ့ပါနဲ့။
မိမိအပေါ် အပြုသဘောဆောင်တဲ့ လွှမ်းမိုးနိုင်သူတွေကို ရှာဖွေပါ
ဘ၀မှာ အောင်မြင်ချင်ရင် ကိုယ့်ရဲ့ အောင်မြင်မှု အတိုင်းအတာကို သိထားဖို့လိုပါတယ်။ အဲဒီလို သတ်မှတ်ထားပါမှ ကိုယ်သွားချင်တဲ့ ခရီးကို သေသေချာချာ မြင်နိုင်ပါတယ်။ အဲလ်ဘတ်အိုင်းစတိုင်းဟာ မက်စ်တယ်လ်မဒ်ကို သူ့ရဲ့ ပထမဆုံး လမ်းညွှန်ဆရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ မက်စ်ဟာ အသက်ဆယ်နှစ်အရွယ် အိုင်းစတိုင်းကို သင်္ချာ၊သိပ္ပံ၊ဒသန ပညာရပ်တွေကို စတင်မိတ်ဆက်သင်ပေးခဲ့ပါတယ်။ မက်စ်ဟာ လူငယ်လေး အဲလ်ဘတ်ကို စာသင်ပေးခဲ့တဲ့ ခြောက်နှစ်တာကာလအတွင်းမှာ အဲလ်ဘတ်တို့ မိသားစုနဲ့ တစ်ပတ်ကို တစ်ကြိမ် ညစာအတူစားလေ့ရှိပါတယ်။
ဂီတပညာရှင် မိုးဇတ်ရဲ့ ဖခင်ဖြစ်သူ ဂီတပညာရှင် လီယိုပိုးလ်ဟာ သားဖြစ်သူကို ဂီတဖန်တီးမှုတွေမှာ ကူညီပေးခဲ့ပါတယ်။
နာမည်ကျော် အော်ပရာဝင်းဖရေးကလည်း သူမရဲ့ ဖခင်ကြောင့်သာ မဟုတ်ရင် ဒီလိုနေရာမျိုးကို ရောက်လာမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ကိုယ်ယုံကြည်မှုကို လိုက်နာပါ
“ရှေ့ကို သွားမယ့်လမ်းကြောင်းက အစက်တွေကို ချိတ်ဆက်လို့မရပါဘူး။ အတိတ်ကိုပြန်ကြည့်ပြီး အစက်တွေနဲ့သာ ဆက်သွယ်လို့ရပါတယ်။ အနာဂတ်ကို ချိတ်ဆက်မယ့် သင့်ရဲ့ အစက်တွေကို ယုံကြည်ပါ။ ကိုယ်ယုံကြည်ရာ၊စိတ်ထဲမှာ ခိုင်မာစွာ စွဲမြဲနေတာတွေကို ယုံကြည်ပါ။ အဲဒီလို ချဉ်းကပ်မှုဟာ သင့်ကို ရှုံးနိမ့်စေမှာ မဟုတ်ပါဘူး။ သင့်ဘ၀ကို ခြားနားတိုးတက်အောင်လုပ်ပေးပါလိမ့်မယ်” - စတိ့ဗ်ဂျော့
ကျွန်တော်တို့ကို အောင်မြင်စေမယ့် အိုင်ဒီယာတွေ၊ အလေ့အကျင့်တွေကို စိန်ခေါ်ရဲတဲ့ သတ္တိရှိရပါမယ်။ ဒါပေမယ့် ကမ္ဘာကြီးပြောင်းလဲမှုတွေ မြန်ဆန်လွန်းနေတာကြောင့် အစဉ်အလာ အတွေးအခေါ်တွေနဲ့တော့ အလုပ်မဖြစ်ပါဘူး။
ကမ္ဘာကြီးက ဘယ်လောက်ပဲပြောင်းလဲမှုမြန်ဆန်နေပါစေ၊ ဆူညံနေပါစေ၊ သင့်ကိုယ်တွင်းမှာ ခိုင်မာတဲ့ အသံတစ်သံတော့ ရှိဖို့လိုအပ်ပါတယ်။ သင့်ဘ၀အကြောင်းကို အမြဲတမ်း တိုးတိုးဖွဖွ အသိပေးနေမယ့် အသံတစ်သံလိုအပ်ပါတယ်။

သင့်ရဲ့မိတ်ဆွေသူငယ်ချင်းတွေအတွက် Share ဖို့ မမေ့နဲ့အုံးနော် ..
#upupmm

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။