....................တရုတ် လိုရှာ....................
______(တရုတ်တို့စီးပွားရှာပုံရှာနည်း)______
.......ငယ်ငယ်တုန်းကကြား ခဲ့ဖူးမှာပါ။
"တရုတ်လိုရှာ။ ကုလားလိုစု။"တဲ့ ကုလားဘယ်လိုစုလဲတော့ကျွန် တော်မသိပါဘူး။ ဒါပေမဲ့တရုတ်ဘယ်လိုရှာလဲ ဆိုတာကိုတော့ မြန်မာတွေအားလုံးသိအောင် မျှဝေပေးချင်လို့ပါ။
.......တရုတ်တွေမြန်မာပြ ည်ကိုလာတာ အပျော်သက်သက်လာခဲ့တာမဟု တ်ပါဘူး။ တရုတ်ပြည်မှာဆင်းရဲတဲ့အတွက်ကြောင့် စီးပွားရှာရအောင်လို့ မြန်မာပြည်ရောက်လာကြတာပါ(အခုခေတ် မြန်မာလူမျိုးတွေ ထိုင်းတို့ စင်္ကာပူတို့မှာစီးပွားသွားရှာကြသလိုပေါ့)
.......တရုတ်တွေလာခဲ့ကြတာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ငွေစကြေးစလေးနည်းနည်းပါ ပဲ။ ဒါပေမဲ့ မြန်မာပြည်ကိုရောက်တော့  ပါလာတဲ့ငွေလေးနည်းနည်း နဲ့ပဲ သူတို့တတ်တဲ့ ပေါက်စီတို့၊ ဝက်သားတုတ်ထိုးတို့လုပ် ရောင်းကြပါတယ်။ ငွေအရင်းအနှီးမရှိသေးရင် တော့ ရရာအလုပ်မှာဝင်လုပ်ကြပါတ ယ်။
တရုတ်တစ်ယောက်ဟာ ပထမဆုံးတော့ အောက်ခြေသိမ်းအနေနဲ့ ဝက်သားတုတ်ထိုးကိုဆိုင်း ထမ်းနဲ့လည်ရောင်းပါတယ် ။ လူကြိုက်နည်းနည်းများလာရ င်တော့ လမ်းဘေးဆိုင်သေးသေးလေးဖွင့်ပြီးရောင်းပါတယ်။ ဒီအတိုင်းတော့မနေပါဘူး နေ့တိုင်းရတဲ့အမြတ်တွေကိုစုနေပါတယ်။ ၁နှစ်လောက်ကြာတော့ သူအရင်းအနှီးရသွားပြီလေ။ ဒါကြောင့် ဝက်သားတုတ်ထိုးဆိုင်ထက် နည်းနည်းကြီးပြီး အမြတ်ပိုရတဲ့ခေါက်ဆွဲဆို င်ကို ဆိုင်ခန်းနဲ့ပြောင်းဖွင့်ပါတယ်။ ဒါပေမဲ့ ဝက်သားတုတ်ထိုးဆိုင်ကိုလ ည်း မပိတ်လိုက်ပါဘူး။ သူ့ညီ ဒါမှမဟုတ် တခြားသူနဲ့အတူတူအလုပ်လာလုပ်တဲ့ တရုတ်လူမျိုးတစ်ယောက်လက်ထဲကိုလွှဲပေးလိုက်ပါတယ် ။ ဆိုင်တန်ဖိုးကိုတော့တန် ရာတန်ကြေးနဲ့ အရစ်ကျပေးရပါတယ်(အမြတ်ရ မှပေးရတာမျိုးပါ အတင်းမတောင်းတတ်ပါဘူး)။ အဲ့ဒီ့နေရာမှာ မှတ်သားစရာကောင်းတာက ဝက်သားတုတ်ထိုးဆိုင်ကို မျက်နှာလွှဲခဲပစ်ပုံစံမျိုးနဲ့လွှဲမပေးကြပါဘူး။ ဝက်သားတုတ်ထိုးလုပ်နည်း ၊ ရောင်းနည်းကစလို့ အချဉ်ရည်စပ်နည်း၊ ဟင်းရည်ချက်နည်းအထိ အစစအရာရာတတ်အောင်သင်ပေးကြပါတယ်။ ပြီးမှ သူ့ခေါက်ဆွဲဆိုင်ကိုဖွင့် ပါတယ်။ ဝက်သားတုတ်ထိုးဆိုင်ကတော့ သူမပိုင်တော့ဘူးပေါ့။ ဒါပေမဲ့ အကူအညီလိုရင်တော့အကုန်ေ ပးပါတယ်(အဲ့ဒါမှအမြတ်ရပြီး သူ့အကြွေးအကုန်ရမှာကိုး)။
ခေါက်ဆွဲဆိုင်ကရလာတဲ့အမြ တ်ကိုလည်း နေ့တိုင်းစုပါတယ်။ နောက်ထပ်နှစ်နည်းနည်း လောက်ကြာတဲ့အခါမှာ အမြတ်ငွေတွေစုမိနေပါပြီ ။ အဲ့ဒီ့အချိန်ကျတော့ ခေါက်ဆွဲဆိုင်ထက်ပိုကြီးတဲ့ ကြေးအိုးတို့၊ ဆီချက်တို့၊ ကြက်ကုန်းဘောင်၊ ဝက်ကုန်းဘောင်လို တရုတ်အစားအစာတွေရောင်းတဲ့ ခပ်ကြီးကြီးဆိုင်တစ်ခုကိုဖွင့်ပါတယ်။ ခေါက်ဆွဲဆိုင်ကိုလည်းပစ်မထားပါဘူး။ အရင်ဝက်သားတုတ်ထိုးဆိုင် ကိုလွှဲပေးတဲ့သူကိုပဲ ထပ်လွှဲပေးပါတယ်(အရစ်ကျ ရောင်းတာပေါ့)။ ပြီးတော့ ခေါက်ဆွဲဘယ်လိုရောင်းရ မယ် ဘယ်လိုချက်ရမယ်ဆိုတာလည်း သင်ပေးပြန်ပါသေးတယ်။
ဝက်သားတုတ်ထိုးဆိုင်ကိုလ ည်း ပစ်မထားကြပါဘူး။ နောက်ထပ်ရောက်လာတဲ့တရု တ်တစ်ယောက်ကို ထပ်လွှဲပေးပြန်ပါတယ်။ သူ့ကိုလည်း အရင်လူအတိုင်း အစစအရာရာ လုပ်နည်းကိုင်နည်းကအစ သင်ပေးပြန်ပါတယ်။
အဲ့ဒီ့လို အဆင့်ဆင့်ထပ်လွှဲပေးရင်းနဲ့ အမျိုးကိုစောင့်ရှောက်ြ ပီး စီးပွားရှာသွားတော့တရုတ်တ စ်ယောက်ဟာ စီးပွားအရှာကောင်းလို့ချမ်းသာသွားရင် သူနဲ့ပက်သက်ရာပက်သက်ြေ ကာင်း အမျိုးတွေအားလုံးဟာ မဆင်းရဲနိုင်တော့ပါဘူး။ ပိရမစ်ပုံစံစီးပွားရေးတစ် ခုကိုတည်ဆောက်သွားတာပါ။ အဲ့ဒီ့ပုံစံနဲ့ ကမ္ဘာအနှံ့ China Townတွေတည်ထောင်သွားကြတာပါ။
လူတိုင်းကို တရုတ်တွေရဲ့စီးပွားရှာနည်းကိုအတုယူပြီး ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်စေချင်ပါ တယ်။ ကိုယ်ကျရှုံးခဲ့ရင်တောင် ကိုယ်ကြည့်ခဲ့တဲ့လူတွေက ဝိုင်းကူညီမှာဖြစ်တဲ့အတွက် မှုစရာမလိုပါဘူး။
Write by San Win Aung
______(တရုတ်တို့စီးပွားရှ
.......ငယ်ငယ်တုန်းကကြား
"တရုတ်လိုရှာ။ ကုလားလိုစု။"တဲ့ ကုလားဘယ်လိုစုလဲတော့ကျွန်
.......တရုတ်တွေမြန်မာပြ
.......တရုတ်တွေလာခဲ့ကြတာ
တရုတ်တစ်ယောက်ဟာ ပထမဆုံးတော့ အောက်ခြေသိမ်းအနေနဲ့ ဝက်သားတုတ်ထိုးကိုဆိုင်း
ခေါက်ဆွဲဆိုင်ကရလာတဲ့အမြ
ဝက်သားတုတ်ထိုးဆိုင်ကိုလ
အဲ့ဒီ့လို အဆင့်ဆင့်ထပ်လွှဲပေးရင်
လူတိုင်းကို တရုတ်တွေရဲ့စီးပွားရှာနည်
Write by San Win Aung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။