Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, July 4, 2017

လူအများနဲ့ဆက်ဆံရင် လိုက်နာသင့်တဲ့အချက် (၆) ချက်


ကိုယ်နေဟန်ထားတွေမှာလည်း သီးသန့်ဘာသာစကားတစ်ခုရှိတယ်ဆိုရင် ယုံကြည်မလား။

ကိုယ်နေဟန်ထားတွေမှာလည်း သီးသန့်ဘာသာစကားတစ်ခုရှိတယ်ဆိုရင် ယုံကြည်မလား။ မယုံမရှိပါနဲ့။ စကားပြောနေရင်း ပြုမူလိုက်တဲ့ မိမိရဲ့ကိုယ်နေဟန်ထားတွေကလည်း အရမ်းစကားပြောပါတယ်။ တစ်ခါတလေမှာ အပြုအမူတွေက စကားလုံးတွေထက် ပိုတာသွားပါတယ်။ လေ့လာမှုတွေကဖော်ပြနေတာတစ်ခုက အောင်မြင်သူတွေဟာ မိမိတို့ရဲ့ကိုယ်နေဟန်ထားတွေကို အကောင်းဆုံးထားနိုင်ပြီး Emotional Intelligence လို့ခေါ်တဲ့ EQ လည်းကောင်းကြပါတယ်တဲ့။ အောင်မြင်သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အောက်ပါအချက်လေးတွေကို သိထားသင့်ပါတယ်။

၁။ တည့်တည့်မတ်မတ်ထိုင်ပါ

ထိုင်ခုံပေါ်မှာပျင်းတိပျင်းရွဲထိုင်တာတို့၊ စားပွဲပေါ်မှာတံထောင်ဆစ်ကြီးထောက်တင်ထားတာတို့၊ မျက်နှာကိုလက်ဝါးနဲ့ အုပ်ထားတာတို့က အလုပ်ကိုမလေးစားတဲ့ အမူအရာတွေပဲဖြစ်ပါတယ်။ ဒီအမူအရာတွေကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စကားပြောနေရင်းလုပ်မိမယ်ဆိုရင် သူတို့ပြောနေတဲ့စကားကိုခင်ဗျားစိတ်မဝင်စားဘူးဆိုတာကို ဖော်ပြနေတယ်လို့ မှတ်ယူသွားပါလိမ့်မယ်။
ဒါကြောင့်ထိုင်ခုံပေါ်မှာ ခါးကို မတ်မတ်ထားပြီးထိုင်ပါ။ ဒီပုံစံကို မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ပုံပေါက်ပါတယ်။ မှတ်ထားရမှာတစ်ခုက ခန္ဓာကိုယ်က မားမားမတ်မတ်ရှိနေမယ်ဆိုရင် အောင်မြင်သူတစ်ယောက်ရဲ့ ဟန်ပန်ကိုပေါ်လွင်စေပါတယ်။ ပျင်းရိပျင်းရွဲနဲ့ ထိုင်နေမယ်ဆိုရင် ခင်ဗျားကိုဘယ်သူကမှ အထင်ကြီးမှာမဟုတ်ပါဘူး။

၂။ လက်မပိုက်ပါနဲ့

play
 

လက်ပိုက်ထားတယ်ဆိုတာ တကယ်တော့ တစ်ဖက်လူကိုအသံတိတ်စကားတစ်ခွန်းပြောလိုက်တာပါပဲ။ "ငါကသိပ်ပြီးတော့ လိုက်လျောညီထွေမနေတတ်ဘူး။ နောက်ပြီး မင်းပြောတာတွေကို ငါလုံးဝသဘောမတူဘူး" ဆိုတဲ့စကားကို ကိုယ်နေဟန်ထားနဲ့ ပြောလိုက်သလိုပါပဲ။ မျက်နှာကဘယ်လောက်ပြုံးနေ၊ ပြုံးနေ စကားပြောနေတုံး အဲဒီလိုလက်ကြီးပိုက်ထားမယ်ဆိုရင် လူတွေအမြင်မှာ သိပ်ပြီး အမြင်ကောင်းမှာမဟုတ်ပါဘူး။

၃။ ဆံပင်ကိုခဏခဏမသပ်ပါနဲ့

တကယ်လို့ခင်ဗျားဟာ သူများတွေနဲ့စကားပြောနေတဲ့အချိန်တိုင်း ဆံပင်ကိုခဏခဏသပ်တင်နေတတ်သူ၊ ကိုင်တွယ်ဆော့ကစား နေတတ်သူ၊ ဆံပင်ပုံစံမှန် မမှန်အမြဲစစ်ဆေးနေတတ်သူဆိုရင် အဲဒီအကျင့်ကို ပြင်ဖို့ကြိုးစားပါ။ ဒီကိုယ်နေဟန်ထားဟာ ခင်ဗျားရဲ့ စိတ်ပိုင်းမလုံခြုံမှုနဲ့ အာရုံစိုက်မှုမရှိတာကိုဖော်ပြနေပါတယ်။ ဒါကြောင့်သူများတွေနဲ့စကားပြောမယ်ဆိုရင် ဆံပင်ကိုမထိမတွေ့ဘဲနဲ့ ပုံမှန်အတိုင်း စကားပြောနိုင်ဖို့ပဲ ကြိုးစားပါ။

၎။ ပြုံးပြပါ

တစ်ချိန်လုံးပြုံးရယ်နေတာက ခင်ဗျားကိုအောင်မြင်သူတစ်ယောက်ရဲ့သွင်ပြင်မပေါက်စေပေမယ့် သင့်တော်တဲ့အချိန်နဲ့နေရာမှာ ဘယ်လိုပြုံးရမယ်ဆိုတာကို သိနားလည်တာက ခင်ဗျားဟာအခြေအနေကို ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာနဲ့ ဘယ်လောက်ပဲခက်ခဲတဲ့အနေအထားမှာမဆို တည်ငြိမ်စွာပြုံးနိုင်စွမ်းရှိတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဒီကိုယ်နေဟန်ထားက အောင်မြင်သူတွေရဲ့လက္ခဏာ တစ်ခုပါပဲ။

၅။ မျက်လုံးချင်းဆုံအောင်ကြည့်ပါ

 

ကိုယ်နေဟန်ထားနဲ့ပတ်သက်ရင် ဒီတစ်ခုက အရေးအကြီးဆုံးဖြစ်နေနိုင်ပါတယ်။ စကားပြောရင် မျက်လုံးကိုတည့်တည့်ကြည့်ပြီး ပြောတာက သူပြောနေတဲ့စကားကို အာရုံအပြည့်စိုက်နေကြောင်း ဖော်ပြနေတယ်ဆိုပေမယ့် အကြည့်ကအရမ်းစူးရှနေရင် တစ်ဖက်လူကိုနေမထိထိုင်မသာဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ခင်ဗျားရဲ့စိတ်မလုံခြုံမှုကြောင့် သူတို့ပြောသမျှစကားတွေ၊ အမူအရာတွေကို လိုက်စောင့်ကြည့်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါက်သွားစေပါတယ်။
ဒါပေမယ့် သူတို့နဲ့မျက်လုံးချင်းမဆုံပြန်ရင်လည်း ခင်ဗျားမှာဖုံးဝှက်ထားစရာတစ်ခုခုရှိနေတယ်လို့ ဖော်ပြရာရောက်ပါတယ်။ ဒါကြောင့် မျက်လုံးချင်းဆုံအောင်ကြည့်ပါ။ ဒါပေမယ့် တောက်လျှောက်ကြီးမဟုတ်ဘဲ ကြားထဲမှာခဏမျက်လွှာချတာတို့၊ စားပွဲပေါ်မှာတင်ထားတဲ့လက်ကို အကြည့်လွှဲတာတို့ လုပ်ပေးသင့်ပါတယ်။

၆။ လက်ဆွဲနှုတ်ဆက်ရင် မြဲမြဲဆုပ်ကိုင်ပါ

တွေ့တွေ့ချင်းနှုတ်ဆက်တာပဲဖြစ်ဖြစ်၊ ပြန်ခါနီးလက်ဆွဲနှုတ်ဆက်တာပဲဖြစ်ဖြစ် လက်ဆွဲနှုတ်ဆက်ကြတော့မယ်ဆိုရင် ဖွဖွလေးမဆုပ်ကိုင်ပါနဲ့။ တစ်ဖက်သားရဲ့လက်ကိုအရိုးကျိုးမတတ် ဆုပ်ကိုင်ခိုင်းတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် တစ်ဖက်လူက လက်ဆွဲနှုတ်ဆက်ဖို့ဖိတ်ခေါ်ပြီဆိုရင် လက်ကိုမြဲမြဲဆုပ်ကိုင်တာအကောင်းဆုံးပါပဲ။ မြဲမြဲဆုပ်ကိုင်ခြင်းမှာ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ တစ်ဖက်လူအပေါ် ယုံကြည်မှုနဲ့ စိတ်လုံခြုံမှုတွေကို ဖော်ထုတ်ပြသနေပါတယ်။
Source: Brightside.me
 http://www.duwun.com.mm

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။