Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 3, 2017

ဘာတဲ့_အခက်အခဲ_ဟုတ်လား

#ဘာတဲ့_အခက်အခဲ_ဟုတ်လား :D

***************************************************

လူရယ်လို့ဖြစ်လာရင် အခက်အခဲ၊ အကြပ်အတည်းဆိုတာ တွေ့ကြုံရစမြဲပါ။ အခက်အခဲတွေကို နောက်မဆုတ်ဘဲနဲ့ နည်းလမ်းအသွယ်သွယ်နဲ့ ဖြေရှင်းသင့်ပါတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ နည်းလမ်းတစ်မျိုးနဲ့အဆင်မပြေရင် နောက်တစ်မျိုးနဲ့ပြောင်းလဲဖြေရှင်းပေးတာမျိုးတွေ လုပ်သင့်ပါတယ်။ အပြောင်းအလဲများတဲ့ လောကကြီးမှာ ပုံသေတွက်ထားရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အခက်အခဲတွေကို နောက်မဆုတ်တမ်းဖြေရှင်းတတ်ဖို့၊ နည်းလမ်းတကျဖြေရှင်းတတ်ဖို့အတွက် အတုယူစရာပုံပြင်လေးတစ်ပုဒ်ကို ဝေငှချင်ပါတယ်။

နေပူပူကြီးထဲမှာ ကျီးကန်းတစ်ကောင်ဟာ ရေဆာလွန်းတဲ့အတွက် ရေရှာဖို့ ထွက်လာခဲ့ပါတယ်။ အချိန်တော်တော်ကြာ ပျံသန်းရှာဖွေခဲ့ပေမယ့် ရေနည်းနည်းမှ မတွေ့ခဲ့ရဘူး။ ကျီးကန်းဟာ ရေဆာလွန်းတဲ့အတွက် ဆက်ပြီးပျံသန်းနိုင်ဖို့ အားအင်မရှိတော့ပါဘူး။ ကဲ . . . ရေငတ်ပြီး အသေခံတော့မှာလား။ အရှုံးပေးတော့မှာလား။ လုံးဝအရှုံးမပေးခဲ့ပါဘူး။ ရှိသမျှအားအင်နဲ့ အားတင်းပြီး ရေကိုသာ သဲကြီးမဲကြီးရှာဖွေလိုက်ပါတယ်။

ကံကောင်းထောက်မပြီးတော့ ကျီးကန်းဟာ သစ်ပင်အောက်မှ ရေကရားတစ်လုံးကို တွေ့လိုက်တယ်။ သူ ပျော်သွားတယ်။ ဒါပေမယ့် ကရားအိုးထဲမှာ ရေပါ ၊ မပါ သေချာအောင် စုံစမ်းဖို့ ဆင်းလိုက်တယ်။ ကျီးကန်း ကံကောင်းပြန်ပြီဗျာ။ ကရားအိုးထဲမှာ ရေပါတယ်။ ကဲ . . ကံမကောင်းပြန်ဘူး။ ရေက ကရားအိုးရဲ့ အောက်ခြေမှာ နည်းနည်းလေးပဲပါလို့ သူ့နှုတ်သီးနဲ့ အမျိုးမျိုး ကြိုးစားခဲ့သောက်ခဲ့ပေမယ့် ရေကို မရခဲ့ပါဘူး။ ကဲ . . . သူ နောက်တစ်နည်းနဲ့ ကြိုးစားပြန်ပြီ။ ကရားအိုးကို စောင်းပြီး ရေသောက်မယ်ပေါ့။ ဒါပေမယ့် ဒီနည်းလမ်းကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကရားအိုးဟာ လေးလွန်းလို့ နည်းနည်းလေးတောင် မစောင်းဘူး။

သူ စဉ်းစားလိုက်တယ်။ ကရားအိုးအောက်ခြေမှာ နည်းနည်းလေးရှိတဲ့ ရေကို ရေမျက်နှာပြင်ပေါ် မြင့်တက်လာအောင် ဘယ်လိုလုပ်မလဲ။ သူ အကြံရပြီ။ အနီးနားမှ ကျောက်စရစ်ခဲတွေကို နှုတ်သီးနဲ့ချီပြီးတော့ ကရားအိုးထဲကို တစ်လုံးချင်း ထည့်လိုက်တယ်။ ကရားအိုးထဲကို ခဲ တစ်လုံးထည့်လိုက်လေ ရေမျက်နှာပြင် အနည်းငယ်မြင့်တက်လာလေ။ နောက်ဆုံး ကျောက်စရစ်ခဲတွေ ကုန်သလောက်နီးနီးမှာ ကရားအိုးထဲက ရေတွေကို ကျီးကန်းလေး သောက်လို့ရပါပြီ။ ကျီးကန်းလေးလည်း ရေကို တစ်ဝသောက်ပြီး လိုရာခရီးကို ဆက်လက်ပျံသန်းသွားပါတော့တယ်

ပုံပြင်လေးကတော့ ဒါပါပဲ။ ကျွန်တော်တို့တွေလည်း အခက်အခဲမျိုးစုံ၊ အတိုက်အခိုက်မျိုးစုံနဲ့ ကြုံဖူးကြပါတယ်။ ပုံပြင်ထဲက ကျီးကန်းလေး ရေငတ်ပြီး အသက်မသေတဲ့အကြောင်းရင်း (၂) ခုရှိပါတယ်။ ပထမတစ်ချက်ကတော့ သူဘယ်လောက်ရေငတ်ပါစေ၊ အားအင်များ ဆုတ်ယုတ်ပါစေ၊ နောက်ဆုံးအသက်သေတဲ့အထိ မလျော့သောဇွဲ၊လုံ့လတွေနဲ့ ရေတွေ့တဲ့အထိ ပျံသန်းရှာဖွေမယ်ဆိုတဲ့စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ အခက်အခဲပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ နည်းလမ်းအမျိုးမျိုးနဲ့ ပြောင်းလဲဖြေရှင်းရမယ်ဆိုတဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ ဒီနည်းနဲ့အဆင်မပြေရင် နောက်တစ်နည်းပေါ့။ ပုံပြင်ထဲက အဟိတ်တိရိစ္ဆာန် ကျီးကန်းလေးတောင် သူ့ရဲ့အခက်အခဲတွေကို နည်းလမ်းတကျနဲ့ ဇွဲမလျော့ဘဲ ဖြေရှင်းနိုင်သေးတယ်ဆိုရင် အသိဥာဏ်ပိုပြီးကြီမားတဲ့ ကျွန်တော်တို့လူသားတွေက ပိုပြီးတော့ ဇွဲမကောင်းသင့်ဘူးလား၊ ပိုပြီးတော့ ပြဿနာဖြေရှင်းနိုင်စွမ်းရည် မမြင့်သင့်ဘူးလား။ ကျွန်တော်တို့ စဉ်းစား၊ဝေဖန်၊သုံးသပ်ကြည့်ရအောင်ပါ။
crd

SuccessUpsize.com
Credit. To. Successupsize

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။