ခင်များ ဖတ်ပြီး စိတ်မကောင်း မဖြစ်ပါနဲ့လို့ ကြိုတင်ဆိုပါရစေ။
ဒီပုံလေးဟာ ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံး ဓါတ်ပုံဆုရခဲ့တဲ့ပုံ၊ ရိုက်ခဲ့တဲ့ ဓါတ်ပုံဆရာတောင် စိတ်ကျရောဂါ ခံစားရသလို ဖြစ်သွားစေတဲ့ပုံတဲ့။ ခံစားကြည့်လိုက်ရအောင်။
ပုံထဲမှာ အသားစားမယ့် ရန်သူတွေ ဝန်းရံခံနေရမယ့် ဒရယ်အမေကြီးကို သင်တွေ့တယ်ဟုတ်။ တွေ့တာမှ မလှုပ်မပြုပဲ မားမားမတ်မတ် ရပ်နေတဲ့ ဒရယ်အမေကြီး။
ပြေးလို့ လွတ်နိုင်ပေမယ့် မပြေးဘူး။ ကိုယ့်အသားကို တစ်စစီ ဆွဲမယ်၊ စားမယ်။ ဒါတွေရဲ့ နာကျင်မှုတွေကို သိပေမယ့် မတုန်လှုပ်ပဲ ရပ်ကျန်နေခဲ့တယ်။
သူမ စိတ်ထဲမှာ အသားစားကောင်တွေ သူ့ကို ပွဲတော်တည်ရင် သူမရဲ့ ပေါက်စ ဒရယ်လေးတွေကို ဒီကောင်တွေ အာရုံမရတော့မှာကိုပဲ သိတယ်။ ဒီလိုနဲ့ သူမရဲ့ သားပေါက်စနလေးတွေ ဘေးလွတ်ရာကို ငေးကြည့်ရင်း အသားစားကောင်တွေကြားမှာ သူမ မတ်မတ်ကျန်နေခဲ့တော့တာပါပဲ။
ဘုံအဆင့်သာ ပြောင်းသွားမယ်၊ အမေဆိုတာရဲ့ ချစ်ခြင်းက အလွှာတွေမခြားပါဘူး။
**************
တစ်ခါတစ်လေ ကိုယ်လိုချင်တဲ့ အရာလေး၊ ကိုယ်သွားချင်တဲ့ နေရာလေးအတွက် အမေ့ဆီက ခွင့်ပြုချက်မရရင် စိတ်မဆိုးပါနဲ့။
မလိုအပ်ဘူးထင်လို့ မလိုက်လျောတာ ဖြစ်နိုင်သလို မပြည့်စုံသေးတဲ့ ဘဝကြောင့်လဲဖြစ်ချင်ဖြစ်မယ် ။
အဲ လိုအပ်လာပြီဆိုရင်တော့ အမေဆိုတာမျိုးကငွေကြေးလောက် မပြောနဲ့။ သားသမီးအတွက် လည်စင်းခံပေးရမယ်ဆိုရင်တောင် " အခုလား မောင်ရင် " လို့ မေးမယ့် အာဂ မေတ္တာမျိုး။
ပုံလေးကို တစိမ့်စိမ့်ကြည့်ရင်း၊ ဆိုးမိုက်ခဲ့တာတွေ ရှိရင် ခင်များ မငိုပါနဲ့လို့ ပြောရင်း အဆုံးသတ်လိုက်ပါတယ်။
ကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှနိုင်ပါသည်။
Photo credit - Alison Buttigieg
Like the page for daily awesome contents
ဒီပုံလေးဟာ ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံး ဓါတ်ပုံဆုရခဲ့တဲ့ပုံ၊ ရိုက်ခဲ့တဲ့ ဓါတ်ပုံဆရာတောင် စိတ်ကျရောဂါ ခံစားရသလို ဖြစ်သွားစေတဲ့ပုံတဲ့။ ခံစားကြည့်လိုက်ရအောင်။
ပုံထဲမှာ အသားစားမယ့် ရန်သူတွေ ဝန်းရံခံနေရမယ့် ဒရယ်အမေကြီးကို သင်တွေ့တယ်ဟုတ်။ တွေ့တာမှ မလှုပ်မပြုပဲ မားမားမတ်မတ် ရပ်နေတဲ့ ဒရယ်အမေကြီး။
ပြေးလို့ လွတ်နိုင်ပေမယ့် မပြေးဘူး။ ကိုယ့်အသားကို တစ်စစီ ဆွဲမယ်၊ စားမယ်။ ဒါတွေရဲ့ နာကျင်မှုတွေကို သိပေမယ့် မတုန်လှုပ်ပဲ ရပ်ကျန်နေခဲ့တယ်။
သူမ စိတ်ထဲမှာ အသားစားကောင်တွေ သူ့ကို ပွဲတော်တည်ရင် သူမရဲ့ ပေါက်စ ဒရယ်လေးတွေကို ဒီကောင်တွေ အာရုံမရတော့မှာကိုပဲ သိတယ်။ ဒီလိုနဲ့ သူမရဲ့ သားပေါက်စနလေးတွေ ဘေးလွတ်ရာကို ငေးကြည့်ရင်း အသားစားကောင်တွေကြားမှာ သူမ မတ်မတ်ကျန်နေခဲ့တော့တာပါပဲ။
ဘုံအဆင့်သာ ပြောင်းသွားမယ်၊ အမေဆိုတာရဲ့ ချစ်ခြင်းက အလွှာတွေမခြားပါဘူး။
**************
တစ်ခါတစ်လေ ကိုယ်လိုချင်တဲ့ အရာလေး၊ ကိုယ်သွားချင်တဲ့ နေရာလေးအတွက် အမေ့ဆီက ခွင့်ပြုချက်မရရင် စိတ်မဆိုးပါနဲ့။
မလိုအပ်ဘူးထင်လို့ မလိုက်လျောတာ ဖြစ်နိုင်သလို မပြည့်စုံသေးတဲ့ ဘဝကြောင့်လဲဖြစ်ချင်ဖြစ်မယ်
အဲ လိုအပ်လာပြီဆိုရင်တော့ အမေဆိုတာမျိုးကငွေကြေးလောက်
ပုံလေးကို တစိမ့်စိမ့်ကြည့်ရင်း၊ ဆိုးမိုက်ခဲ့တာတွေ ရှိရင် ခင်များ မငိုပါနဲ့လို့ ပြောရင်း အဆုံးသတ်လိုက်ပါတယ်။
ကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှနိုင်ပါသည်။
Photo credit - Alison Buttigieg
Like the page for daily awesome contents

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။