Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 13, 2017

ဗယ်လင်တိုင်းနေ့နဲ့ပတ်သက်ပြီး လူတွေသိပ်မသိတဲ့ သမိုင်းကြောင်းနဲ့ ယုံတမ်းပုံပြင်

ဗယ်လင်တိုင်းနေ့နဲ့ပတ်သက်ပြီး လူတွေသိပ်မသိတဲ့
သမိုင်းကြောင်းနဲ့ ယုံတမ်းပုံပြင်
======================
နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီရောက်ပြီးဆိုလျှင် လူငယ်တွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်း Valentine’s Day လို့ ခေါ်တဲ့ ချစ်သူများနေ့ဟာ ဖေဖော်ဝါရီလ ဆယ့်လေးရက်နေ့ဖြစ်နေလို့ပါပဲ။ "သဘောနားလည်သူကြင်သည်ကို၊ ဆိမ့်ကြည့်လေးပင်၊ မြင်းတို့ချင်ငဲ့" ဆိုတဲ့ ဆရာမကြည်အေးရေးခဲ့ဖူးတဲ့ စာသားလေးအတိုင်းပါပဲ လူငယ်ဆိုတာ အချစ်ဆိုတဲ့အရာကို မြည်းတို့ချင်တဲ့စိတ် ကလေးတွေရှိကြတာ သဘာဝပါ။ အဲဒီလိုချစ်တတ်တဲ့လူငယ်လေးတွေက ချစ်သူများနေ့ဆိုတာကို ရင်ခုန်စွာနဲ့ မျှော်လင့်တကြီးစောင့်မျှော်နေတတ်တာကို အပြစ်တစ်ခုရယ်လို့ မဆိုချင်ပါ။

ဟုတ်ပါတယ်။ ဖေဖော်ဝါရီလ ရောက်ပြီးဆိုရင် Valentine’s Day ဆိုတဲ့ ရက်လေးတစ်ရက်အတွက် လူတော်တော်များများ အလုပ်ရှုပ်ကြရပါတယ်။ ပန်းစည်းတွေမှာဖို့၊ ချောကလက်ဝယ်ဖို့၊ လက်ဆောင်ပစ္စည်းဝယ်ဖို့နဲ့ စုံနေတာပါပဲ။
ဒါနဲ့ ဘာရယ်ကြောင့်များ ဖေဖော်ဝါရီလ တစ်ဆယ့်လေးရက်နေ့ကို Valentine’s Day ဆိုပြီး နာမည်ပေးထားပါလိမ့်။ ကြည်နူးဖွယ်ရာ နေ့ရက်လေးရဲ့ နောက်ကွယ်မှာ ရင်နင့်စရာ ဒဏ္ဍာရီလေးတစ်ပုဒ်ရှိခဲ့ပါတယ်။ တကယ်တော့ St.Valentine ကို ရည်စူးပြီး Valentine’s Day လို့ နာမည်ပေးခဲ့တာပါ။ St. Valentine အကြောင်းပြန်ပြောရမယ်ဆိုရင် ရင်နင့်စရာကောင်းလှပေမယ့် ဖေဖော်ဝါရီလဆိုတဲ့ လလေးကတော့ ကျွန်မတို့အတွက် ချစ်ခြင်းမေတ္တာတွေနဲ့ ထုံမွမ်းထားတဲ့ နှစ်သက်စရာလလေးတစ်လပါပဲ။

ဒဏ္ဍာရီတစ်ခုမှာတော့ St.Valentine’s ဆိုတာ သုံးရာစုနှစ်လောက်တုန်းက ရောမနိုင်ငံမှာရှိတဲ့ ဘုန်းတော်ကြီးတစ်ပါးရဲ့အမည်လို့ အခိုင်အမာပြောဆိုထားပါတယ်။ အဲဒီအချိန်တုန်းက ရောမအင်ပါယာကြီး တစခုလုံးကို အုပ်ချုပ်တဲ့သူဟာ Cladius (II) တဲ့ ။ သူကသူ့ရဲ့ စစ်တပ်ထဲမှာ လူပျိုစစ်သားတွေပဲထားလိုတယ်။ လူပျိုဆိုတော့ အိမ်ထောင်သည် စစ်သားတွေလို ဇနီးမယားနဲ့ သားသမီးတွေကို လွမ်းဆွတ်တဲ့ အနှောင်အဖွဲ့ သံယောဇဉ်တွေ မရှိဘူးလေ။ ဒါကြောင့် တိုင်းပြည်မှာရှိတဲ့ လူငယ်တွေ လုံးဝလက်မထပ်ရဆိုတဲ့ဥပဒေ တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ St. Valentine က ဒီလိုဥပဒေမျိုး ဟာ လုံးဝမတရားဘူးဆိုပြီး တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ဝင် ချစ်ခင်နေကြတဲ့ လူငယ်တွေကို တိတ်တဆိတ်လက်ထပ်ပေးပါတယ်။ ဒီလိုတရားမ၀င်တဲ့ မင်္ဂလာပွဲတွေကို ကျင်းပပေးတဲ့ St. Valentine’s အကြောင်းကို ဧကရာဇ်ဘုရင်မင်းမြတ် သိရှိသွားတဲ့အခါမှာတော့ မျက်မာန်တော်ရှလို့ ထောင်သွင်းအကျဉ်းချပြီး သေမိန့်ပေးလိုက်ပါတော့တယ်။

St. Valentine ဟာ သူထောင်ကျနေတုန်း ထောင်ဝင်စာလာတွေတဲ့ ကောင်မလေးနဲ့ မေတ္တာမျှခဲ့တယ်လို့ တချို့တွေက ပြောကြပါသေးတယ်။ သူမသေခင် ကောင်မလေးကို မင်းရဲ့ Valentine’s လို့ လက်မှတ်ထိုးပြီး စာတစ်စောင်ပေးခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ကိုယ့်ချစ်သူကို မင်းရဲ့ Valentine’s လို့ရေးပေးတဲ့ အရေးအသားမျိုး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တစ်ချို့တွေက St. Valentine က ခေါင်းဖြတ်သတ်ခံရတယ်လို့ ပြောကြတယ်။ တချို့ကတော့ အကျဉ်းကျနေတုန်းမှာ အဖျားဝင်ပြီး ဆုံးတာလို့လည်း ဆိုပြန်တယ်။ St. Valentine’s သေဆုံးမှုကို ဒီလိုပဲ တော့ လူတွေက ထင်မြင်ချက်တွေ အမျိုးမျိုး ပေးခဲ့ကြပါတယ်။

ဘီစီ နှစ်ရာကျော်လောက်မှာတော့ မယ်သီလရှင်နှစ်ပါးဟာ St. Valentine’s သေဆုံးခဲ့တဲ့ ဖေဖော်ဝါရီ ဆယ့်လေးရက်နေ့ကို ချစ်သူများနေ့ရယ်လို့ စတင် သတ်မှတ်ခဲ့ပြီး ပွဲတွေကျင်းပကြပါတယ်။ Valentine’s Day မှာ မိန်းကလေးတစ်ယောက်ဟာ လက်ဆောင်ပစ္စည်းတစ်ခုရပြီးဆိုရင် ဒီလက်ဆောင်ဟာ ဘယ်သူပေးတာ ဖြစ်မလဲဆိုတာ ခန့်မှန်းရပါတယ်။ အကယ်၍များ ယောင်္ကျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို အဲဒီနေ့မှာ အင်္ကျီလက်ဆောင်ပေးခဲ့မယ်ဆိုင် ငါမင်းကိုလက်ထပ်ပါရစေ ဆိုတဲ့ အဓိပ္ပါယ်ပါ။ မိန်းကလေးက လက်ခံခဲ့မယ်ဆိုရင် ငါမင်းနဲ့ လက်ထပ်ပါမယ်လို့ ကတိပေးလိုက်သလိုပါပဲတဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက်ဆိုရင် အင်္ဂလန်မှာ ကလေးလေးတွေက လူကြီးတွေလို ၀တ်ပြီး သီချင်းတွေလိုက်ဆိုကြပါတယ်။

Valentine’s Day နဲ့ ပတ်သတ်ပြီး တချို့လူတွေက အခိုင်အမာ ပြောဆိုလက်ခံထားတာ တစ်ခုရှိပါသေးတယ်။ အဲ့ဒါ က Valentine’s Day မရောက်ခင် ညမှာ မိမိအနာဂတ်ရဲ့ ဖူးစာရှင်ကို အိမ်မက်ထဲမှာ မြင်ရတတ်တယ်တဲ့။ နည်းနည်းတော့ ယုံတမ်းပုံပြင်ဆန်ပေမယ့် ရင်ခုန်စရာကောင်းတာမို့ မအိပ်ခင် စိတ်ကူးယဉ်လို့ ရတာပေါ့နော်။

===========

Trend Myanmar

#ကိုဖေအောင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။