#တူသောအကျိုး
တညနေခင်းမှာ စားသောက်ဆိုင်တစ်ခုကို အဖိုးအိုတစ်ယောက်၊ သူ့သား၊ ချွေးမနဲ့ ၄ နှစ်အရွယ် မြေးယောက်ျားလေးတို့ ဝင်လာကြတယ်။ အဖိုးအိုဟာ အသက် ၈၀ ကျော်မို့ တုန်တုန်ချိချိ လမ်းလျှောက်နေရလို့ သူ့သားက တွဲခေါ်ပြီး စားပွဲမှာ ထိုင်ခိုင်းလိုက်တယ်။
မကြာခင် မိသားစုအားလုံး စားပွဲမှာ ဝိုင်းထိုင်လိုက်ကြပြီး ထမင်းဟင်းတွေ မှာစားကြတယ်။ စားနေကြရင်းနဲ့ အဖိုးအိုဟာ ကြွေပန်းကန်ပြားကို တိုက်မိပြီး ကြမ်းပေါ်ကျကွဲသွားတယ်။
အဖိုးအို သောက်နေတဲ့ နွားနို့ဖန်ခွက်လည်း တိုက်မိပြီး စားပွဲခင်းဟာ နွားနို့တွေ စိုရွှဲသွားတယ်။ ထမင်းဟင်းတွေလည်း စားပွဲပေါ်မှာ ဖိတ်စင်ပေပွနေတယ်။ စားပွဲထိုးက စားပွဲခင်းအသစ်လာခင်းပေးပြီး
အဖိုးကြီးအတွက် ကြွေပန်းကန်ပြားသစ်တစ်ချပ် လာချပေးတယ်။ မကြာခင်
အဲဒီပန်းကန်ပြားဟာလည်း အဖိုးအိုကြောင့် ကြမ်းပေါ်ကျကွဲသွားပြန်တယ်။
စားသောက်ဆိုင်ထဲက လူတွေ ဝိုင်းကြည့်နေလို့ ချွေးမက ရှက်လာပြီး
သူ့ယောက်ျားကို တစ်ခုခုလုပ်ဖို့ ပြောလိုက်တယ်။
သားဖြစ်သူဟာ စားပွဲထိုးကို တစ်ခုခုပြောပြီး စီစဉ်ခိုင်းလိုက်တယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာ စားပွဲလေးတစ်လုံးချပြီး အဲဒီမှာ အဖိုးအိုတစ်ယောက်ထဲ ထိုင်ခိုင်းလိုက်တယ်။ အဖိုးအိုစားဖို့ အတွက် သစ်သားပန်းကန်ပြားတစ်ချပ်ထဲ မှာ
ထမင်းဟင်း ပုံထည့်ပေးလိုက်ပြီး သစ်သားဇွန်းတစ်ချောင်း တပ်ပေးထားတယ်။
အဖိုးအိုဟာ တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ် ထမင်းစားနေတယ်။ သူ့မျက်ဝန်းမှာ
မျက်ရည်စတွေနဲ့ပါ။
အဖိုးအိုရဲ့မြေးဖြစ်တဲ့ ကလေးဟာ သူတို့ထမင်းစားပွဲအောက်နားမှာ သစ်သားတုံးလေးတွေနဲ့ ကစားနေတယ်။ သူ့အဖေက သူ့ကို မေးလိုက်တယ်။ သစ်သားတုံးလေးတွေနဲ့ ဘာလုပ်တမ်းကစားနေတာလဲတဲ့။ ကလေးက ပြန်ဖြေတယ်။
"ဖေဖေနဲ့ မေမေတို့ အသက်ကြီးရင် ထမင်းထည့်ကျွေးဖို့ သစ်သားပန်းကန်ပြားနဲ့ သစ်သားဇွန်းတွေ လုပ်နေတာပါ" တဲ့။
အဲဒီစကားကို ကြားလိုက်တဲ့ အဖေနဲ့ အမေဟာ အဖိုးအိုကို လှည့်ကြည့်လိုက်တယ်။ အဖိုးအိုကတော့ သစ်သားပန်းကန်ထဲက ထမင်းဟင်းတွေကို ဇွန်းနဲ့ကော်စားရင်း စားပွဲတစ်ခုလုံး ပေပွနေပါတယ်။
တနေ့ တူသောအကျိုး ခံစားရပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၀၃-၀၂-၂၀၁၇
တညနေခင်းမှာ စားသောက်ဆိုင်တစ်ခုကို အဖိုးအိုတစ်ယောက်၊ သူ့သား၊ ချွေးမနဲ့ ၄ နှစ်အရွယ် မြေးယောက်ျားလေးတို့ ဝင်လာကြတယ်။ အဖိုးအိုဟာ အသက် ၈၀ ကျော်မို့ တုန်တုန်ချိချိ လမ်းလျှောက်နေရလို့ သူ့သားက တွဲခေါ်ပြီး စားပွဲမှာ ထိုင်ခိုင်းလိုက်တယ်။
မကြာခင် မိသားစုအားလုံး စားပွဲမှာ ဝိုင်းထိုင်လိုက်ကြပြီး ထမင်းဟင်းတွေ မှာစားကြတယ်။ စားနေကြရင်းနဲ့ အဖိုးအိုဟာ ကြွေပန်းကန်ပြားကို တိုက်မိပြီး ကြမ်းပေါ်ကျကွဲသွားတယ်။
အဖိုးအို သောက်နေတဲ့ နွားနို့ဖန်ခွက်လည်း တိုက်မိပြီး စားပွဲခင်းဟာ နွားနို့တွေ စိုရွှဲသွားတယ်။ ထမင်းဟင်းတွေလည်း စားပွဲပေါ်မှာ ဖိတ်စင်ပေပွနေတယ်။ စားပွဲထိုးက စားပွဲခင်းအသစ်လာခင်းပေးပြီ
သားဖြစ်သူဟာ စားပွဲထိုးကို တစ်ခုခုပြောပြီး စီစဉ်ခိုင်းလိုက်တယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာ စားပွဲလေးတစ်လုံးချပြီး အဲဒီမှာ အဖိုးအိုတစ်ယောက်ထဲ ထိုင်ခိုင်းလိုက်တယ်။ အဖိုးအိုစားဖို့ အတွက် သစ်သားပန်းကန်ပြားတစ်ချပ်ထဲ
အဖိုးအိုရဲ့မြေးဖြစ်တဲ့ ကလေးဟာ သူတို့ထမင်းစားပွဲအောက်နားမ
"ဖေဖေနဲ့ မေမေတို့ အသက်ကြီးရင် ထမင်းထည့်ကျွေးဖို့ သစ်သားပန်းကန်ပြားနဲ့ သစ်သားဇွန်းတွေ လုပ်နေတာပါ" တဲ့။
အဲဒီစကားကို ကြားလိုက်တဲ့ အဖေနဲ့ အမေဟာ အဖိုးအိုကို လှည့်ကြည့်လိုက်တယ်။ အဖိုးအိုကတော့ သစ်သားပန်းကန်ထဲက ထမင်းဟင်းတွေကို ဇွန်းနဲ့ကော်စားရင်း စားပွဲတစ်ခုလုံး ပေပွနေပါတယ်။
တနေ့ တူသောအကျိုး ခံစားရပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၀၃-၀၂-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။