မလုပ်ခင်က အရှုံးစိတ်ကို မမွေးပါနဲ့....
====================
Nothing is impossible to willing heart .
ပြင်းပြထက်သန်သော စိတ်နှလုံးသာ ရှိနေမယ်ဆိုရင်
မဖြစ်နိုင်ဘူးဆိုတဲ့ အရာမရှိပါဘူးတဲ့
တစ်ယောက်ယောက်ရဲ့ ရှုံ့ချတဲ့ စကားတစ်ခွန်းကြောင့်
ရှေ့ဆက်ဖို့ တွန့်ဆုပ်နေမယ်ဆိုရင် လုပ်နေတဲ့ အလုပ်ကိုပါ လွဲချော်မှုတွေ ဖြစ်သွားပါလိမ့်မယ်။
ဆုံးဖြတ်တစ်ခုကို ခိုင်ခိုင်မာမာ မှန်မှန်ကန်ကန်ချပြီးပြီဆို ရင်
ရအောင်လုပ်မယ်ဆိုတဲ့ အောင်နိုင်စိတ်ကိုမွေးထားရင်
မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။
ရှိခဲ့ရင်လည်း နည်းလမ်းသွယ်သုံးပြီး ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
ဘယ်သူ့ကြောင့်လဲဆိုရင် ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး
မိမိကြောင့်ပါ...
မိမိစိတ်သန္တာန်မှာ အရှုံးစိတ်မရှိလို့ အရာတိုင်းကို ဖြတ်ကျော်နိုင်တာပါ....။
မဖြစ်နိုင်ပါဘူးဆိုတဲ့ အရှုံးစိတ်ဝင်လာပြီဆိုရင်
အလိုလို အားငယ်လာမယ်
ကြောက်ရွံ့လာမယ်
သိမ်ငယ်လာမယ်
တုန်လှုပ်လာမယ်။
တကယ်တော့ ဒါတွေက မိမိရဲ့ စိတ်ကြောင့်ပါပဲ
အခက်ခဲဆိုတာကတော့ နေရာတိုင်းမှာ ရှိတယ်
မိမိသိပ်ကြိုက်တဲ့ ဖိနပ်တစ်ရံ ၀ယ်လာတယ်ဆိုရင်တောင်
စစချင်း စီးနင်းတဲ့အခါမှာ လွယ်လင့်တကူ အဆင်မပြေနိုင်ပါဘူး။
အနည်းငယ်ဖြစ်ဖြစ်တော့ စနိုးစနောင့်ဖြစ်တာပါပဲ
သို့သော်လည်း ဒီဖိနပ်ကို မိမိကကြိုက်တယ်လေ
အဲ့တော့ ခြေထောက်ပေါက်လည်း စီးမှာပဲ။
နောက်တော့ အဆင်ပြေသွားမှာပေါ့
မိမိက စီးချင်တာကိုးဗျ။
အလုပ်တစ်ခုကို စလုပ်တော့မယ်ဆိုရင် အများအားဖြင့် အခက်ခဲလေးတွေက စတင်ဝင်ရောက်လာတယ်
ဒါတွေက မိမိရဲ့ ခံနိုင်စွမ်းအားကို စမ်းသပ်လိုက်တာပဲလို့ ခံယူပြီး ပြုံးပြုံးကြီးရင်ဆိုင်လိုက်စမ်းပါ
နောက်ထပ်အခက်ခဲတွေ မိမိကိုရှိန်သွားလိမ့်မယ်။
ပတ်ဝန်းကျင်ကို ကြောက်ပြီး ဘာမှမလုပ်ရဲရင်တော့
ဘာမှတော့ မဖြစ်ပါဘူး
ဘာမှလည်းဖြစ်လာမှာမဟုတ်ပဲ လောကမှာ
လူပိုကြီးပဲ ဖြစ်သွားရုံပေါ့။
ပတ်ဝန်းကျင် ဆိုတာ ကောင်းတဲ့လူရှိသလို
ဆိုးတဲ့ လူလဲ ရှိတာပဲလေ။
မိမိကို သဘောကျနှစ်သက်ရင်
အားပေးမယ် ကောင်းသောစကားကိုဆိုမယ်
မိမိကို မနာလို ၀န်တိုစိတ်ရှိသူက
တိုက်ခိုက်မယ် ဖျတ်ဆီးမယ်
ဒီသဘောလေးကို သိထားခြင်းအားဖြင့်
မိမိစိတ်ဓာတ်ကို မြင့်တင်နိင်ပါတယ်။
စစ်မတိုက်ခင် မြားကုန်ဆိုတဲ့ စကားလို
မလုပ်ခင်က အရှုံးစိတ်မွေးထားရင်တော့
လုပ်မနေနဲ့တော့ သေချာပေါက် ရှုံးနိမ့်မှာပဲ
တစ်ခါတစ်လေ ဘ၀ဆိုတာ လမ်းရိုးတိုင်းလျောက်ရင်
ပြင်းစရာကြီးဗျ။
ကိုယ်ပိုင်စိတ်ကူးဉာဏ်တွေနဲ့  လမ်းသစ်ဖောက်နိုင်အောင်လည်း ကြိုးစားဖို့ လိုတယ်လို့
ကျနော်ထင်မိတယ်။
ဒါမှလည်း မိမိရဲ့ အရည်ချင်းကိုသိရှိနိုင်မှာ ပါ။
ိမိမိအရည်ချင်းကို မိမိကိုယ်တိုင်သိရှိလာပြီဆိုရင်
ဆုံးဖြတ်ချက် တစ်ခုခုကိုရဲရဲကြီး ချတတ်သွားလိမ့်မယ်
မိမိကိုယ်ကိုယုံကြည်မှု အပြည့်ဝရှိလာတဲ့အတွတ်
လုပ်ငန်းတိုင်း အဆင်ပြေလို့ ပျော်ရွင်တဲ့ဘ၀တွေ
ဆင့်ကဲတိုးလာပါလိမ့်မယ်။
မလုပ်ခင်က ဆင်ခြင်ပေးတတ်တဲ့အကျင့်ကိုေ တာ့
ဖျောက်ဖို့ လိုတာပေါ့။
တကယ်လုပ်ကြည့်လိုက်တော့
တစ်ချို့အရာတွေက ထင်သလောက်မခက်ပါဘူး။
လေးစားစွာဖြင့်
သျှီ(တမာမြေ)
====================
Nothing is impossible to willing heart .
ပြင်းပြထက်သန်သော စိတ်နှလုံးသာ ရှိနေမယ်ဆိုရင်
မဖြစ်နိုင်ဘူးဆိုတဲ့ အရာမရှိပါဘူးတဲ့
တစ်ယောက်ယောက်ရဲ့ ရှုံ့ချတဲ့ စကားတစ်ခွန်းကြောင့်
ရှေ့ဆက်ဖို့ တွန့်ဆုပ်နေမယ်ဆိုရင် လုပ်နေတဲ့ အလုပ်ကိုပါ လွဲချော်မှုတွေ ဖြစ်သွားပါလိမ့်မယ်။
ဆုံးဖြတ်တစ်ခုကို ခိုင်ခိုင်မာမာ မှန်မှန်ကန်ကန်ချပြီးပြီဆို
ရအောင်လုပ်မယ်ဆိုတဲ့ အောင်နိုင်စိတ်ကိုမွေးထားရင
မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။
ရှိခဲ့ရင်လည်း နည်းလမ်းသွယ်သုံးပြီး ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
ဘယ်သူ့ကြောင့်လဲဆိုရင် ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး
မိမိကြောင့်ပါ...
မိမိစိတ်သန္တာန်မှာ အရှုံးစိတ်မရှိလို့ အရာတိုင်းကို ဖြတ်ကျော်နိုင်တာပါ....။
မဖြစ်နိုင်ပါဘူးဆိုတဲ့ အရှုံးစိတ်ဝင်လာပြီဆိုရင်
အလိုလို အားငယ်လာမယ်
ကြောက်ရွံ့လာမယ်
သိမ်ငယ်လာမယ်
တုန်လှုပ်လာမယ်။
တကယ်တော့ ဒါတွေက မိမိရဲ့ စိတ်ကြောင့်ပါပဲ
အခက်ခဲဆိုတာကတော့ နေရာတိုင်းမှာ ရှိတယ်
မိမိသိပ်ကြိုက်တဲ့ ဖိနပ်တစ်ရံ ၀ယ်လာတယ်ဆိုရင်တောင်
စစချင်း စီးနင်းတဲ့အခါမှာ လွယ်လင့်တကူ အဆင်မပြေနိုင်ပါဘူး။
အနည်းငယ်ဖြစ်ဖြစ်တော့ စနိုးစနောင့်ဖြစ်တာပါပဲ
သို့သော်လည်း ဒီဖိနပ်ကို မိမိကကြိုက်တယ်လေ
အဲ့တော့ ခြေထောက်ပေါက်လည်း စီးမှာပဲ။
နောက်တော့ အဆင်ပြေသွားမှာပေါ့
မိမိက စီးချင်တာကိုးဗျ။
အလုပ်တစ်ခုကို စလုပ်တော့မယ်ဆိုရင် အများအားဖြင့် အခက်ခဲလေးတွေက စတင်ဝင်ရောက်လာတယ်
ဒါတွေက မိမိရဲ့ ခံနိုင်စွမ်းအားကို စမ်းသပ်လိုက်တာပဲလို့ ခံယူပြီး ပြုံးပြုံးကြီးရင်ဆိုင်လိုက
နောက်ထပ်အခက်ခဲတွေ မိမိကိုရှိန်သွားလိမ့်မယ်။
ပတ်ဝန်းကျင်ကို ကြောက်ပြီး ဘာမှမလုပ်ရဲရင်တော့
ဘာမှတော့ မဖြစ်ပါဘူး
ဘာမှလည်းဖြစ်လာမှာမဟုတ်ပဲ လောကမှာ
လူပိုကြီးပဲ ဖြစ်သွားရုံပေါ့။
ပတ်ဝန်းကျင် ဆိုတာ ကောင်းတဲ့လူရှိသလို
ဆိုးတဲ့ လူလဲ ရှိတာပဲလေ။
မိမိကို သဘောကျနှစ်သက်ရင်
အားပေးမယ် ကောင်းသောစကားကိုဆိုမယ်
မိမိကို မနာလို ၀န်တိုစိတ်ရှိသူက
တိုက်ခိုက်မယ် ဖျတ်ဆီးမယ်
ဒီသဘောလေးကို သိထားခြင်းအားဖြင့်
မိမိစိတ်ဓာတ်ကို မြင့်တင်နိင်ပါတယ်။
စစ်မတိုက်ခင် မြားကုန်ဆိုတဲ့ စကားလို
မလုပ်ခင်က အရှုံးစိတ်မွေးထားရင်တော့
လုပ်မနေနဲ့တော့ သေချာပေါက် ရှုံးနိမ့်မှာပဲ
တစ်ခါတစ်လေ ဘ၀ဆိုတာ လမ်းရိုးတိုင်းလျောက်ရင်
ပြင်းစရာကြီးဗျ။
ကိုယ်ပိုင်စိတ်ကူးဉာဏ်တွေနဲ
ကျနော်ထင်မိတယ်။
ဒါမှလည်း မိမိရဲ့ အရည်ချင်းကိုသိရှိနိုင်မှာ
ိမိမိအရည်ချင်းကို မိမိကိုယ်တိုင်သိရှိလာပြီဆ
ဆုံးဖြတ်ချက် တစ်ခုခုကိုရဲရဲကြီး ချတတ်သွားလိမ့်မယ်
မိမိကိုယ်ကိုယုံကြည်မှု အပြည့်ဝရှိလာတဲ့အတွတ်
လုပ်ငန်းတိုင်း အဆင်ပြေလို့ ပျော်ရွင်တဲ့ဘ၀တွေ
ဆင့်ကဲတိုးလာပါလိမ့်မယ်။
မလုပ်ခင်က ဆင်ခြင်ပေးတတ်တဲ့အကျင့်ကိုေ
ဖျောက်ဖို့ လိုတာပေါ့။
တကယ်လုပ်ကြည့်လိုက်တော့
တစ်ချို့အရာတွေက ထင်သလောက်မခက်ပါဘူး။
လေးစားစွာဖြင့်
သျှီ(တမာမြေ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။