ကွန်ဖြူးရှပ်၏အဆိုအမိန့်များ
၁။ သင်ယူခဲ့တာကို လေ့လာခြင်း အသုံးချ ခြင်း ဟာပျော်စရာပဲမဟုတ်လား?
၂။ ဘဝခရီးကိုလျှောက်လှမ်းတဲ့အခါမှာ လူတိုင်းဟာကိုယ့်ရဲ့ဆရာဖြစ် တယ်လို့မှတ်ယူပါ။
လူတိုင်းမှာ အရည်အချင်းကောင်းတစ်ခုတော့ရှိစမြဲမို့ ကိုယ့်ဆီကူးစက်ပါစေ. .
ဒီလိုပဲဆိုးတဲ့ အရည်အချင်းကိုတော့ ကိုယ့်ဆီကို အဝင်မခံ မသင်ယူပါနဲ့. .
လူနောက်မလိုက်ပါနဲ့ အရည်အချင်းအဆိုး အကောင်းကိုပဲမြင်အောင်ကြည့် ပါ. . .။
၃။ စဉ်းစာမှုမပါတဲ့သင်ယူမှုဟာ အချိန် စွမ်းအား အရင်းအမြစ် ကိုဆုံးရှုံးစေပြီး သင်ယူမှုမပါတဲ့စဉ်းစားခြင်းဟာ အန္တရာယ်ပါပဲ. . ။
၎။ လူတစ်ဦးဟာ သူ့ရဲ့ဗဟုသုတအဟောင်းတွေကိုလ ည်းသိမ်းဆည်းမယ် အသစ်တွေကိုလည်းဆက်လက်ဆည်းပူးနေတဲ့သူသာလျှင် အခြားသူတို့ရဲ့ဆရာဖြစ်နိုင် လိမ့်မယ်
၅။ အမှန်တရားကိုသိသူနဲ့ချစ်သူမ တူဘူး။ အမှန်တရားကိုချစ်သူနဲ့အမှန် တရားထဲမှာပျော်မွေ့သူမတူဘူး ။
၆။ ကိုယ်ကိုမသိတဲ့သူအတွက် ကိုယ်ဟာဂြိုလ်ကောင်မဟုတ်ပေမ ယ့် ကိုယ်ကမသိတဲ့သူအတွက်တော့ ကိုယ်ဟာ ဂြိုလ်ကောင်ဖြစ်နေတတ်တယ်။
၇။ တပ်တော်ကြီးတစ်ခုရဲ့နိုင်ငံ ကြီးတစ်ခုရဲ့ခေါင်းဆောင်ဟာ အခက်အခဲပေါင်းစုံကိုကျော်ဖြ တ်နိုင်ကောင်းပေမယ့် သာမန်ပြည်သူတစ်ဦးရဲ့စိတ်ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။
၈။ တစ်စုံတစ်ဦးဟာ စဉ်းစားဆင်ခြင်မှုကို ရေရှည်မလုပ်ဘူးဆိုရင်ဒုက္ခတွေကိုတားဆီးဖို့ အခုလည်းမဖြစ်နိုင်ဘူး. .နောင်မှာလည်းမဖြစ်နိုင်ဘူး ။
၉။ အချိန်ဟာစမ်းရေလိုပဲစီးဆင်း နေတယ် နေ့နေ့ညညမရပ်ဘူး
၁၀။လူတစ်ဦးဟာကိုယ့်ကိုယ်လု ပ်ရင်မကြိုက်တဲ့ပြစ်ဒဏ်မျိုး အခြားသူကိုမပေးသင့်ဘူး
၁၁။ ကတိကဝတ်များကိုစောင့်ထိန်ြး ခင်းဟာ အကောင်းဆုံးမိတ်ဆွေဖွဲ့နည်း ပါပဲ။
၁၂။ ကိုယ်ကျိုးစီးပွားကိုတွေ့ချိန်မှာရိုးသားမှုအကြောင်းစဉ်းစားသူဟာ အခြားသူတွေဒုက္ခရောက်ချိန်တွေ့ချိန်မှာ ဘဝနဲ့ရင်းစွန့်စားဝံ့သူဖြစ် တယ်။
၁၃။ လူတွေကိုတောင်အလုပ်အကြွေးမြ ပုနိုင်သေးတာ နတ်ဘုရားတွေဝိဥာဉ်တွေကို ဘယ်လိုပူဇော်မှာလဲ. . ?
၁၄။ သဘာဝအားဖြင့်တော့ယောကျာင်္းတွေကသိပ်မကွာပါဘူး အမူအကျင့်အရသာ ကွာခြားမှုကြီးမားသွားတာပါ။
၁၅။ သင်ပြောသမျှကိုထိန်းသိမ်းပါ သင်လုပ်သမျှကိုတာဝန်ယူပါ။
၁၆။ အလုပ်တစ်ခုမှာကတိုက်ကရိုက်နဲ့ပြီးသွားရင် ရည်ရွယ်ချက်မပြည့်မီဘူး။ အမြတ်နည်းတာကိုပဲကြည့်နေရင် ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုမှာမအောင်မြင်နိုင်ဘူး။
၁၇။ အလုပ်ကိုကောင်းကောင်းလုပ်ချ င်စိတ်ရှိရင်တော့ လုပ်ငန်းသုံးပစ္စည်းများကိုဂ ရုစိုက်ပါ။
၁၈။ အရမ်းအေးလာတဲ့နှစ်မှသာ ထင်းရှူးတွေဟာနောက်ဆုံးအရောင့်လွှင့် ပျယ်သူတွေဖြစ်မှန်းသိရတယ်။
၁၉။ အရည်အသွေးရှိသူဟာ စကားပြောခြင်းမှာသတိထားပြီး စီမံခန့်ခွဲမှုကို အလေးထားတယ်။
၂၀။ လမ်းကြောင်းမတူရင် လုပ်နည်းမှာညှိလို့မရဘူး။
၂၁။ မာယာဆိုစကား ဟန်ဆောင်မျက်နှာထားရှိသူသည် ဂရုဏာရှိခဲလှ၏။
၂၂။ ငါသည် ၁၅ နှစ်တွင် သင်ယူခြင်းတွင်ပျော်ရွှင်လာ၏ ။ ၃၀ တွင်မိမိကိုယ်ကိုရပ်တည်လာ၏။ ၄၀ တွင် ယုံခြင်းကင်းလာ၏။ ၅၀ တွင် ကံကြမ္မာကိုသိလာ၏။ ၆၀ တွင်နားထောင်သဘောပေါက်မျှဝေ လာနိုင်၏။ ၇၀ တွင် စိတ်အလိုကျလုပ်နိုင်ပြီး ထုံးစံကိုမူမကျော်လွန်နိုင် ပေ။
၂၃။ ကရုဏာရှိသောသူသည် မပူပန်။ အသိရှိသောသူသည်မတွေဝေ။ ရဲရင့်သောသူသည်မကြောက်ရွံ့။
၂၄။ ကရုဏာရှိသောသူသည် မိမိကိုယ်ကို ရပ်တည်လိုသောဆန္ဒရှိ၍ သူတစ်ပါးကိုလည်းရပ်တည်စေသည် ။
၂၅။ ကောင်းသောမိတ်ဆွေဖွဲ့ခြင်းသ ည် ဖြောင့်မတ်သူ နှင့် ဖြောင့်မှန်သူနှင့် အကြားအမြင်များသောသူနှင့် ဖြစ်ပြီး
မကောင်းသောမိတ်ဆွေဖွဲ့ခြင်း သည် အကျိုးမျှော်တန်စိုးလက်ဆောင်ဖြင့်သွားလေ့ရှိသူ နှင့် ရုပ်အမူအရာလိမ္မာသောသူနှင့် နှုတ်အမူအရာလိမ္မာသောသူနှင့် မိတ်ဆွေဖွဲ့ခြင်းပင်ဖြစ်သည် ။
- မှတ်စုကြမ်း
#ကိုမင်းမောင်
( #SwamHtet မှကျေးဇူးပြုပါသည် )
၁။ သင်ယူခဲ့တာကို လေ့လာခြင်း အသုံးချ ခြင်း ဟာပျော်စရာပဲမဟုတ်လား?
၂။ ဘဝခရီးကိုလျှောက်လှမ်းတဲ့အခ
လူတိုင်းမှာ အရည်အချင်းကောင်းတစ်ခုတော့ရ
ဒီလိုပဲဆိုးတဲ့ အရည်အချင်းကိုတော့ ကိုယ့်ဆီကို အဝင်မခံ မသင်ယူပါနဲ့. .
လူနောက်မလိုက်ပါနဲ့ အရည်အချင်းအဆိုး အကောင်းကိုပဲမြင်အောင်ကြည့်
၃။ စဉ်းစာမှုမပါတဲ့သင်ယူမှုဟာ အချိန် စွမ်းအား အရင်းအမြစ် ကိုဆုံးရှုံးစေပြီး သင်ယူမှုမပါတဲ့စဉ်းစားခြင်းဟ
၎။ လူတစ်ဦးဟာ သူ့ရဲ့ဗဟုသုတအဟောင်းတွေကိုလ
၅။ အမှန်တရားကိုသိသူနဲ့ချစ်သူမ
၆။ ကိုယ်ကိုမသိတဲ့သူအတွက် ကိုယ်ဟာဂြိုလ်ကောင်မဟုတ်ပေမ
၇။ တပ်တော်ကြီးတစ်ခုရဲ့နိုင်ငံ
၈။ တစ်စုံတစ်ဦးဟာ စဉ်းစားဆင်ခြင်မှုကို ရေရှည်မလုပ်ဘူးဆိုရင်ဒုက္ခတေ
၉။ အချိန်ဟာစမ်းရေလိုပဲစီးဆင်း
၁၀။လူတစ်ဦးဟာကိုယ့်ကိုယ်လု
၁၁။ ကတိကဝတ်များကိုစောင့်ထိန်ြး
၁၂။ ကိုယ်ကျိုးစီးပွားကိုတွေ့ချ
၁၃။ လူတွေကိုတောင်အလုပ်အကြွေးမြ
၁၄။ သဘာဝအားဖြင့်တော့ယောကျာင်္းတေ
၁၅။ သင်ပြောသမျှကိုထိန်းသိမ်းပါ
၁၆။ အလုပ်တစ်ခုမှာကတိုက်ကရိုက်န
၁၇။ အလုပ်ကိုကောင်းကောင်းလုပ်ချ
၁၈။ အရမ်းအေးလာတဲ့နှစ်မှသာ ထင်းရှူးတွေဟာနောက်ဆုံးအရောင့်လွှင်
၁၉။ အရည်အသွေးရှိသူဟာ စကားပြောခြင်းမှာသတိထားပြီး
၂၀။ လမ်းကြောင်းမတူရင် လုပ်နည်းမှာညှိလို့မရဘူး။
၂၁။ မာယာဆိုစကား ဟန်ဆောင်မျက်နှာထားရှိသူသည်
၂၂။ ငါသည် ၁၅ နှစ်တွင် သင်ယူခြင်းတွင်ပျော်ရွှင်လာ၏
၂၃။ ကရုဏာရှိသောသူသည် မပူပန်။ အသိရှိသောသူသည်မတွေဝေ။ ရဲရင့်သောသူသည်မကြောက်ရွံ့။
၂၄။ ကရုဏာရှိသောသူသည် မိမိကိုယ်ကို ရပ်တည်လိုသောဆန္ဒရှိ၍ သူတစ်ပါးကိုလည်းရပ်တည်စေသည်
၂၅။ ကောင်းသောမိတ်ဆွေဖွဲ့ခြင်းသ
မကောင်းသောမိတ်ဆွေဖွဲ့ခြင်း
- မှတ်စုကြမ်း
#ကိုမင်းမောင်
( #SwamHtet မှကျေးဇူးပြုပါသည် )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။