ဧရာမ ပြသနာကြီးကို စကားလေးနဲ့ ဖြေရှင်းပြခဲ့တဲ့ ဦးပေါ်ဦး
**********************
ဦးပေါ်ဦးကိုတော့ အားလုံးသိပြီးဖြစ်မှာပါ။ ဘိုးတော်ဗုဒုံမင်း ရဲ့ နာမည်ကျော်ဝန်ကြီးတစ်ပါး ဖြစ်ပြီး စကားအရာ နဲ့ ဉာဏ်ပညာအရာမှာ တူမတူအောင် ထူးချွန်သူဖြစ်ပါတယ်။ ဘိုးတော်ဘုရား နဲ့ အခြားမှူးကြီး မတ်ရာ ၊ မင်းမှုထမ်းများ အခက်အခဲပြဿနာကြုံလေတိုင်း ဦးပေါ်ဦးသာ ဝင်ရောက်ရှင်းရသည်ချည်းသာ။
တစ်ခါကလည်း ကြီးမားတဲ့ ပြဿနာကို သိမ်မွေ့စွာဖြေရှင်းခဲ့ပါသေးတယ်။ ဖြစ်ရပ်ကတော့ မင်းကွန်းပုထိုးတော်ကြီးတည် စဉ် ကာလမှာပါ။ အဲဒီအချိန်မှာ ဘိုးတော်ဘုရားဟာ နန်းတော်တောင်ဘက် ကြက်တောင်ဥယျာဉ်မှာစံနေပါတယ်။
ဖြစ်ချင်တော့ ဘုရင်စံနေချိန်မှာပဲ ထီးဖြူတော်ဟာ ခုံမှာစိုက်ထားရာကနေ
လေခတ်ပြီး မြေပေါ်လဲကျသွားပါတယ်။ ထီးဖြူဆိုင်ရာ အမှုထမ်းတို့ရဲ့
ပေါ့လျှော့မှုပါ။ ထီးဖြူတော်ကို ခုံမှာစိုက်ထားပြီး
အချင်းချင်းစကားပြောနေသည့်အ တွက် လေတိုက်တဲ့အခါ ထီးဖြူတော်က လဲသွားရခြင်းဖြစ်ပါတယ်။
ဒါကို ဘိုးတော်ဘုရားက မမြင်ပေမယ့် အနီးအနားက ဝန်ကြီး မှူးမတ်တွေအားလုံး မြင်သွားပါတယ်။ မြင်ပြီးတဲ့နောက် အလွန်ပဲ စိုးရိမ်ထိတ်လန့်သွားကြပါတယ်။
လန့်ဆို ထီးဖြူတော်က မင်းရဲ့ အမြင့်ဆုံးလို့ခေါ်ရမယ့် အဆောင်ပဲကို .။
ဒီအထွဋ်အမြတ် ထီးဖြူတော်နဲ့ ပတ်သတ်လို့ ချထားတဲ့ ရာဇဒဏ်ကလည်း
အတော်ပြင်းထန်လှပါတယ်။
– ထီးတော်မိုး ၆၄ ယောက်တို့ဟာ ကိုယ့်တာဝန်ချိန်မဟုတ်ပဲ မိုးခြင်း ၊ ထမ်းထားခြင်းပြုရင်ဖြစ်စေ ၊ ထီးဖြူတော်ကို ထိမ်းသိမ်းထားတဲ့ အမှုထမ်းလက်က လွတ်သွားရင် ဖြစ်စေ ၊ လဲသွားရင်ဖြစ်စေ အဲဒီလူကို ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မီးလောင်တိုက် သွင်းစေ…တဲ့။
ထီးဖြူတော် လဲသွားလို့ ပြန်ထူဖို့လည်းမစဉ်းစားပါနဲ့ 
။ ဘုရင်မင်းမြတ် သက်တော်ထင်ရှားရှိပါလျက် ကောက်ယူ ထူမတ်သူဟာ
ဘယ်လောက်ရာထူးကြီးသူ ဖြစ်စေ ၊ မိဖုရား ၊ သားတော်ပင်ဖြစ်စေဦး ၊ ဒါဟာ
ထီးတော်သစ်တင်ရာ ရောက်လို့ အာဏာဖီဆန် ထောင်ထားခြားနားခြင်းပါပဲ တဲ့။
ဒီလူကလည်း အထက်ကအတိုင်း ဆွေခုနှစ်ဆက်မျိုး ခုနှစ်ဆက်ပါတဲ့..။
ထီးဖြူတော်လဲ တဲ့အကြောင်း ဘုရင်ကိုလျှောက်ရင်လည်း အမင်္ဂလာစကားပြောသူ ဆိုပြီး ပြင်းထန်တဲ့အပြစ်ဒဏ် အပေးခံရဦးမှာပါ။ အဲဒီတော့ ထီးတော်ကို ထူလဲမထူရဲ ၊ လျှောက်လဲမလျှောက်ရဲ ပဲ ဝန်ကြီး မှူးမတ်က စလို့အမှုထမ်းတွေအားလုံး ဘာလုပ်ရမှန်းမသိဖြစ်ကုန်ပါတ ယ်။
နောက်ဆုံး ဦးပေါ်ဦးကို အပူကပ်ရပါတော့တယ်။ အမှုထမ်းတွေရဲ့ အသက်က ဦးပေါ်ဦးလက်ထဲ
ရောက်သွားပါပြီ။ ဦးပေါ်ဦးက အစပိုင်း အင်တင်တင်လုပ်နေပြီး
ဒါဟာကြီးမားတဲ့ အမှုဖြစ်တဲ့အတွက် ငွေချိန် ၂၀ဝ ပေးရမယ်လို့ တောင်းသတဲ့။ ငွေချိန် ၂၀ဝ ဆိုတာ ဝန်ကြီး တစ်ဦးရဲ့ နှစ်လစာနဲ့ ညီလေတော့ အတော်များတယ် လျှော့ပါဦး ဆိုတော့ မလျှော့နိုင်ဘူးတဲ့။ အပေးအယူကိုလက်ခံလိုက်ပေမယ့်
လူကပ်ကြီးဦးပေါ်ဦးက ချက်ချင်းပေးပါတဲ့။ နောက်ဆုံးတော့ အနီးအနားက မင်းဆွေ
မျိုးများဆီက လက်ဝက်ရတနာတွေငှားရမ်းပြီး ဦးပေါ်ဦးကို ပေးလိုက်ရတယ်။
(လိုချင်လို့ မဟုတ်ပဲ ဘယ်အရာမှလွယ်လွယ်မရတတ်ကြောင်း သက်သက်ပညာပြတဲ့ သဘောပါ)
ဒါနဲ့ ဦးပေါ်ဦးဟာ ဘုရင့်ရှေ့တော်ကိုဝင်ပါတယ်။
ဘုရင်က ဘာအကြောင်းထူး ရှိသလဲ မေးတော့ ဦးပေါ်ဦးက လူမင်းဘုန်းကြီး
နတ်မင်းမနေသာဆိုတဲ့ စကားဟာ မှန်ကြောင်း အစချီကာ ဇာတ်တော်တွေကို
ကိုးကားလျှောက်ပါတော့တယ်။ အလာင်းတော်ပါရမီ ရှင်တွေကို ကြည်ညိုမိကြောင်း
အခုတော့ ဒါကို မျက်မြင်ကြုံပြီဖြစ်ကြောင်း
လျှောက်သတဲ့။ ဘိုးတော်ဘုရားက “မောင်မင်း ဘာများမြင်လို့လဲ” မေးတော့
“အခုအရှင်ဘုရားရဲ့ နောက်ကို ဝဠာဟက ၊ ဝလဝယက္ခ နတ်မင်းကြီး
(လေနှင့်ဆိုင်တဲ့နတ်မင်း) လိုက်လာပါတယ်ဘုရား။ နတ်က အရှင်ဘုရားကို
ကိုယ်ထင်ပြချင်ပေမယ့် လူတွေအုတ်အုတ်ကျက်ကျက် ပြီး အရှင်ဘုရားကို
ကျောခိုင်းသလို ဖြစ်မှာမို့ပါ။ ဒါကြောင့် လေနတ်မင်းကြီးဟာ
အရှင်ဘုရားသိစေဖို့ ထီးဖြူတော်ကို လေပလီကာမြေမှီလျှက် စံနေသည်ကို
မြင်ရကြောင်းပါ” လို့ လျှောက်သတဲ့။
အဲဒီတော့မှ ဘိုးတော်ဘုရားက ရိပ်မိသွားပြီး ပြုံးကာရယ်ကာဖြင့် “ထီးဖြူတော်ကို ထူလိုက်ပါဘိ မောင်မင်း” လို့မိန့်ပေါ တာ့တယ်။ ပြဿာနကြီးတစ်ခုကို စကားနဲ့ ကွေ့ဝိုက်ပြီး မိမိလိုရာကို ပြောသွားတဲ့ ဦးပေါ်ဦးရဲ့ အစွမ်းကတေော့ လးစားဖွယ်ကောင်းလှပါတော့တယ် ။
Ref;
သမိုင်းမဝင် သမိုင်းတွင် သမိုင်းဝင်နေတဲ့ စကားများ – ချစ်ဦးညို
#AyeSay
www.ayesay.com.mm
#သုတဇုန်
**********************
ဦးပေါ်ဦးကိုတော့ အားလုံးသိပြီးဖြစ်မှာပါ။ ဘိုးတော်ဗုဒုံမင်း ရဲ့ နာမည်ကျော်ဝန်ကြီးတစ်ပါး ဖြစ်ပြီး စကားအရာ နဲ့ ဉာဏ်ပညာအရာမှာ တူမတူအောင် ထူးချွန်သူဖြစ်ပါတယ်။ ဘိုးတော်ဘုရား နဲ့ အခြားမှူးကြီး မတ်ရာ ၊ မင်းမှုထမ်းများ အခက်အခဲပြဿနာကြုံလေတိုင်း ဦးပေါ်ဦးသာ ဝင်ရောက်ရှင်းရသည်ချည်းသာ။
တစ်ခါကလည်း ကြီးမားတဲ့ ပြဿနာကို သိမ်မွေ့စွာဖြေရှင်းခဲ့ပါသေ
ဒါကို ဘိုးတော်ဘုရားက မမြင်ပေမယ့် အနီးအနားက ဝန်ကြီး မှူးမတ်တွေအားလုံး မြင်သွားပါတယ်။ မြင်ပြီးတဲ့နောက် အလွန်ပဲ စိုးရိမ်ထိတ်လန့်သွားကြပါတယ
– ထီးတော်မိုး ၆၄ ယောက်တို့ဟာ ကိုယ့်တာဝန်ချိန်မဟုတ်ပဲ မိုးခြင်း ၊ ထမ်းထားခြင်းပြုရင်ဖြစ်စေ ၊ ထီးဖြူတော်ကို ထိမ်းသိမ်းထားတဲ့ အမှုထမ်းလက်က လွတ်သွားရင် ဖြစ်စေ ၊ လဲသွားရင်ဖြစ်စေ အဲဒီလူကို ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မီးလောင်တိုက
ထီးဖြူတော် လဲသွားလို့ ပြန်ထူဖို့လည်းမစဉ်းစားပါနဲ
ထီးဖြူတော်လဲ တဲ့အကြောင်း ဘုရင်ကိုလျှောက်ရင်လည်း အမင်္ဂလာစကားပြောသူ ဆိုပြီး ပြင်းထန်တဲ့အပြစ်ဒဏ် အပေးခံရဦးမှာပါ။ အဲဒီတော့ ထီးတော်ကို ထူလဲမထူရဲ ၊ လျှောက်လဲမလျှောက်ရဲ ပဲ ဝန်ကြီး မှူးမတ်က စလို့အမှုထမ်းတွေအားလုံး ဘာလုပ်ရမှန်းမသိဖြစ်ကုန်ပါတ
ဒါဟာကြီးမားတဲ့ အမှုဖြစ်တဲ့အတွက် ငွေချိန် ၂၀ဝ ပေးရမယ်လို့ တောင်းသတဲ့။ ငွေချိန် ၂၀ဝ ဆိုတာ ဝန်ကြီး တစ်ဦးရဲ့ နှစ်လစာနဲ့ ညီလေတော့ အတော်များတယ် လျှော့ပါဦး ဆိုတော့ မလျှော့နိုင်ဘူးတဲ့။ အပေးအယူကိုလက်ခံလိုက်ပေမယ့်
ဒါနဲ့ ဦးပေါ်ဦးဟာ ဘုရင့်ရှေ့တော်ကိုဝင်ပါတယ်။
အဲဒီတော့မှ ဘိုးတော်ဘုရားက ရိပ်မိသွားပြီး ပြုံးကာရယ်ကာဖြင့် “ထီးဖြူတော်ကို ထူလိုက်ပါဘိ မောင်မင်း” လို့မိန့်ပေါ တာ့တယ်။ ပြဿာနကြီးတစ်ခုကို စကားနဲ့ ကွေ့ဝိုက်ပြီး မိမိလိုရာကို ပြောသွားတဲ့ ဦးပေါ်ဦးရဲ့ အစွမ်းကတေော့ လးစားဖွယ်ကောင်းလှပါတော့တယ်
Ref;
သမိုင်းမဝင် သမိုင်းတွင် သမိုင်းဝင်နေတဲ့ စကားများ – ချစ်ဦးညို
#AyeSay
www.ayesay.com.mm
#သုတဇုန်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။