ရွာတရွာက အတော်လေးချမ်းသာတဲ့ လယ်သမားကြီးတစ်ယောက်ဟာ မသေခင်လေးမှာ သူ့သား ၃ ယောက်ကို ခုလို အမွေခွဲယူကြဖို့ မှာခဲ့တယ်။
သူ့မှာ ရှိတဲ့ နွား ၁၇ ကောင်ထဲက တဝက်ကို သားအကြီး ယူစေ၊ ၃ ပုံ ၁ ပုံကို သားလတ် ယူစေ၊ ၉ ပုံ ၁ ပုံကို သားအငယ် ယူစေတဲ့။
ခက်တာက နွား ၁၇ ကောင်ကို ၂ နဲ့ စားလို့ မပြတ်၊ ၃ နဲ့ စား၊ ၉ နဲ့လည်း စားလည်း မပြတ်တာကြောင့် သူတို့ဟာ အမွေခွဲလို့ မရကြဘူး။
ဒါကြောင့် သား ၃ ယောက်ဟာ ရွာထဲက ပညာရှိအဖိုးကြီးဆီကို သွားပြီး အမွေခွဲလို့ ရအောင် လုပ်ပေးဖို့ အကူအညီတောင်းကြတယ်။
အဖိုးအိုဟာ သူ့နွားတကောင်ကို အမွေခွဲမယ့် နွား ၁၇ ကောင်နဲ့ ပေါင်းလိုက်တယ်။ စုစုပေါင်း နွား ၁၈ ကောင် ဖြစ်သွားတယ်။ ၁၈ ကို ၂ နဲ့စားလိုက်တော့ ၉ ရတယ်။ သားအကြီးကို နွား ၉ ကောင် ပေးလိုက်တယ်။ အခုတခါ ၁၈ ကို ၃ နဲ့ စားလိုက်တော့ ၆ ရတယ်။ သားလတ်ကို နွား ၆ ကောင် ပေးလိုက်တယ်။ နောက်ဆုံး ၁၈ ကို ၉ နဲ့ စားလိုက်ပြန်တော့ ၂ ရတယ်။ သားအငယ်ကို နွား ၂ ကောင် ပေးလိုက်တယ်။
အခု ပေးပြီးသား နွားတွေဟာ ၉ + ၆ + ၂ = ၁၇ ကောင်မို့ တစ်ကောင် ပိုနေတယ်။ အဲဒီအကောင်ကို အဖိုးအိုက သူ့နွားဆိုပြီး ပြန်ယူလိုက်တယ်။
ပြဿနာတိုင်းမှာ သေသေချာချာ စဉ်းစားရင် အဖြေ ရှိပါတယ်။
ဗန်းမော်သိန်းဖေ
၀၄-၀၂-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။