Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 10, 2016

ဝက်ဝံကြီးပြောသွားတဲ့ စကားတစ်ခွန်း

ဝက်ဝံကြီးပြောသွားတဲ့ စကားတစ်ခွန်း
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

ငယ်ငယ်တုန်းက ပုံပြင်လေးတစ်ခု ဖတ်ဖူးပါတယ်။
အင်မတန်မှ မှတ်သားစရာကောင်းတဲ့ပုံပြင်လေးတစ်ခုပါ။

ပုံပြင်ထဲမှာ သူငယ်ချင်းနှစ်ယောက် တောအုပ်ကြီးတစ်ခုကို
ဖြတ်သန်းသွားရတယ်။ တစ်ယောက်က လက်နက်ပါလာတယ်။ နောက်တစ်ယောက်က လက်နက်မပါဘူး။ လက်နက်ပါတဲ့
သူက ဘာပြောသလဲဆိုတော့ “ ဒီနေရာမှာ ဆင်ပဲတွေ့တွေ့၊ ကျားပဲတွေ့တွေ့၊ ဘာကောင်ကြီးပဲတွေ့တွေ့ ငါကာကွယ်
နိုင်တယ်၊ ဘယ်အကောင်မှ မကြောက်ဘူး ” တဲ့။ သူက
ဒီလိုပြောတယ်။ ပြောလို့မှ မဆုံးသေးဘူး၊ လမ်းကွေ့တစ်ကွေ့
အရောက်မှာ ၀က်ဝံကြီးတစ်ကောင်ဘွားကနဲ ပေါ်လာတယ်။

ဝက်ဝံကြီးကိုလည်း တွေ့လိုက်ရော လက်နက်ပါလာတဲ့
အဲဒီလူက သစ်ပင်ပေါ် တက်ပြေးပါလေရော။
လက်နက်မပါတဲ့ သူငယ်ချင်းကို ဒီအတိုင်း ပစ်ထားခဲ့ပြီး
ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတယ်။

သူငယ်ချင်း လုပ်တဲ့သူက တိမ်းရှောင်ဖို့အချိန်မရလိုက်ဘူး။
အဲဒီတော့ သူ့အသက်ကိုသူကာကွယ်တဲ့ အနေနဲ့
လှဲအိပ်လိုက်ပြီး အသက်အောင့်ထားတယ်။ အသေယောင်
ဆောင်နေလိုက်ရတယ်။ အဲဒီအချိန်မှာ ၀က်ဝံကြီးက
အနားနားလာပြီးတော့ ခေါင်းကိုလျှာနဲ့လျက်တယ်။ ဟိုနမ်း
ဒီနမ်း လုပ်တယ်ပေါ့။ မလှုပ်ရဲဘူး။ အသက်လည်း မရှူရဲဘူး။
ငြိမ်နေရတယ်။ လှုပ်လိုက်ရင်တော့အကိုက်ခံရမှာ သေချာတယ်။

အဲဒီလို ငြိမ်နေတဲ့အခါကျတော့ ၀က်ဝံကြီးက လက်နဲ့ဟိုဘက်ကပုတ်ကြည့်၊ ဒီဘက်ကပုတ်ကြည့်၊
အသေကြီးပဲ မှတ်ထင်ပြီး သူ့လမ်းသူ ဆက်သွားတယ်။

ဝက်ဝံကြီး ထွက်သွားပြီဆိုတော့မှ ဟိုသေနတ်နဲ့ကောင်က သစ်ပင်ပေါ်က ဆင်းလာတယ်။ဆင်းလာပြီးတော့ “သူငယ်ချင်း၊
မင်းကို ၀က်ဝံကြီးက တိုးတိုး တိုးတိုးနဲ့ ဘာပြောသွားတာတုန်း”
မေးသတဲ့။

ဟိုလူကပြောတယ်။ “ အေး၊ ၀က်ဝံကြီးက ငါ့နားနား ကပ်ပြောသွားတာ=မိတ်ဆွေသူငယ်ချင်း မပီသတဲ့ အကောင်မျိုးကို
နောက် ဘယ်တော့မှ မပေါင်းနဲ့ ” တဲ့။

.....
....
...
..
.

အရေးကြုံလာပြီဆိုရင် နှစ်ဦးပူးပေါင်းခုခံမယ်လို
မလုပ်ဘဲနဲ့ “ အဲဒီလို ကိုယ်လွတ်ရုန်းသွားတဲ့ အကောင်မျိုးကို
ဘယ်တော့မှ မပေါင်းနဲ့ ” လို့ ၀က်ဝံကြီးက သူ့ကိုမှာသွားတယ်လို့
ပြောသတဲ့။ “ အာပဒါသု န ဇဟတိ ” ဒုက္ခကြုံလာတဲ့ အခါမှာ စွန့်ပြီးသွားတာမျိုး မဖြစ်စေရဘူးတဲ့။

တရားချစ်ခင် သူတော်စင်တို့ကလည်းတရား
သဘောသိရှိနားလည်ကြပြီး မိမိကိုယ်တိုင်က လည်းအများရဲ့
မိတ်ကောင်းဆွေကောင်း ဖြစ်အောင် ကြိုးစားကြဖို့၊ မိမိတို့
ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တွေကလည်း တကယ့်
မိတ်ကောင်းဆွေကောင်းတွေဖြစ်ဖို့ အာရုံထားပြီး
ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။

အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)
www.facebook.com/knowledgevillage11
(မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။