သင်ယူရအုံးမယ်
____________
"ယုံတမ်းစကားတွေကိုပြောဖို့ အတွက်
ပုံဖမ်းကောင်းတာကို အပြစ်မဆိုပါနဲ့
ထုံ ပြီး "အ" နေရင်တော့ ခံရမှာပဲမိတ်ဆွေ"
ဘယ်အရာကိုမဆို
မျက်တောင်တစ်ဆုံးမကြည့်ပါနဲ့ 
မျက်စေ့တဆုံးသာရောက်အောင်ကြ ည့်ပါ
ယနေ့ ပြောနေကြတာရှိတယ်
ခေတ်ကြီးကမကောင်းတော့ဘူးဆိုပဲ
တကယ်တော့ ခေတ်ကိုက မကောင်းတာမဟုတ်ဘူး
လူတွေရဲ့ မူက မကောင်းကြတော့လည်း
ခေတ်ကြီးက ပြောင်းလဲ လာရတာပေါ့ဗျာ
ဘယ်အရာမှ အမှန်ကန်ပါဆိုပြီး
ယုံရလောက်အောင် မူတွေမရှိကြတော့ဘူးလေ
အဲ့တော့ လက်ခံ ဖို့ အင်အားလည်းမရှိတော့ကြသလို
ဘာကိုမှလည်း သိပ်ပြီး အရေးတယူ
လုပ်နေဖို့ မလိုဘူးဖြစ်သွားကြတယ်
တစ်ခါတစ်လေတော့လည်း
ကိုယ့်ရှေ့ မှာ ဘာကြီးပဲ ဖြစ်နေပါစေ
ကြားနေလည်း မကြားချင်ယောင်ဆောင်လိုက်ရတယ်
မြင်နေလည်း မမြင်ချင်ယောင်ဆောင်လိုက်ရတယ်
ပြောချင်ပေမယ့်လည်း နှုတ်ပိတ်ပြီး စွင့် အ နေလိုက်ရတယ်
ခွဲခြားရခက်လွန်းတဲ့ ကမ္ဘာမြေပေါ်မှာ
ပုခုံးနှစ်ဖက်ကြားခေါင်းပေါ က်နေပေမယ့်
လူစိတ်ကင်းပြီး အကြင်နာတရားမဲ့နေတဲ့သူတွေ
လောကကြီးမှာ လက်ချိုးပြီးရေတွက်နိုင်မှာ မဟုတ်ဘူး
အားလုံးကမင်းသားခေါင်းဆောင်းထားတဲ့
ဘီလူးတွေရှိတတ်ကြသလို
သိုးရေခြုံလွှမ်းထားတဲ့ ဝံပုလွေတွေလဲရှိကြတယ်
ဖွတ်ထွက်မှ တောင်ဘို့မှန်းသိတယ်ဆိုတာ
လူ "နုံ" လူ "အ" တွေရဲ့ ညံ့ဖျင်းမှုကြောင့်ပါပဲ
သင့် ရဲ့ခေါင်းထဲမှာစွဲမြဲစွာနှလုံးသွင်းထားရမည့်အသိက
အားလုံးရဲ့ လူဖျင်းတွေထဲမှာ "ငါ" ဆိုတဲ့လူ မပါရလေအောင်
ယနေ့ကတည်းက လူ့လောကရဲ့နိယာမတရားတွေကို
သင်ယူလေ့လာထားဖို့ မမေ့ပါနဲ့ #မိတ်ဆွေ
မေတ္တာဖြင့်
ကိုရဲ(Barlarlar)
____________
"ယုံတမ်းစကားတွေကိုပြောဖို့
ပုံဖမ်းကောင်းတာကို အပြစ်မဆိုပါနဲ့
ထုံ ပြီး "အ" နေရင်တော့ ခံရမှာပဲမိတ်ဆွေ"
ဘယ်အရာကိုမဆို
မျက်တောင်တစ်ဆုံးမကြည့်ပါနဲ
မျက်စေ့တဆုံးသာရောက်အောင်ကြ
ယနေ့ ပြောနေကြတာရှိတယ်
ခေတ်ကြီးကမကောင်းတော့ဘ
တကယ်တော့ ခေတ်ကိုက မကောင်းတာမဟုတ်ဘူး
လူတွေရဲ့ မူက မကောင်းကြတော့လည်း
ခေတ်ကြီးက ပြောင်းလဲ လာရတာပေါ့ဗျာ
ဘယ်အရာမှ အမှန်ကန်ပါဆိုပြီး
ယုံရလောက်အောင် မူတွေမရှိကြတော့ဘူးလေ
အဲ့တော့ လက်ခံ ဖို့ အင်အားလည်းမရှိတော့ကြသလ
ဘာကိုမှလည်း သိပ်ပြီး အရေးတယူ
လုပ်နေဖို့ မလိုဘူးဖြစ်သွားကြတယ်
တစ်ခါတစ်လေတော့လည်း
ကိုယ့်ရှေ့ မှာ ဘာကြီးပဲ ဖြစ်နေပါစေ
ကြားနေလည်း မကြားချင်ယောင်ဆောင်လ
မြင်နေလည်း မမြင်ချင်ယောင်ဆောင်လ
ပြောချင်ပေမယ့်လည်း နှုတ်ပိတ်ပြီး စွင့် အ နေလိုက်ရတယ်
ခွဲခြားရခက်လွန်းတဲ့ ကမ္ဘာမြေပေါ်မှာ
ပုခုံးနှစ်ဖက်ကြားခေါင်းပေါ
လူစိတ်ကင်းပြီး အကြင်နာတရားမဲ့နေတဲ့သူတွေ
လောကကြီးမှာ လက်ချိုးပြီးရေတွက်နိုင်မှာ
အားလုံးကမင်းသားခေါင်းဆောင်
ဘီလူးတွေရှိတတ်ကြသလို
သိုးရေခြုံလွှမ်းထားတဲ့ ဝံပုလွေတွေလဲရှိကြတယ်
ဖွတ်ထွက်မှ တောင်ဘို့မှန်းသိတယ်ဆိုတာ
လူ "နုံ" လူ "အ" တွေရဲ့ ညံ့ဖျင်းမှုကြောင့်ပါပဲ
သင့် ရဲ့ခေါင်းထဲမှာစွဲမြဲစွာနှလ
အားလုံးရဲ့ လူဖျင်းတွေထဲမှာ "ငါ" ဆိုတဲ့လူ မပါရလေအောင်
ယနေ့ကတည်းက လူ့လောကရဲ့နိယာမတရားတွေကို
သင်ယူလေ့လာထားဖို့ မမေ့ပါနဲ့ #မိတ်ဆွေ
မေတ္တာဖြင့်
ကိုရဲ(Barlarlar)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။