သုံးနေသလား? ဖြုန်းနေသလား ?
⁉⁉⁉⁉⁉
📣"သင်တကယ်မလိုအပ်တဲ့အရာတွေ ဝယ်ရင်
မကြာခင်မှာ သင်လိုအပ်တဲ့အရာတွေ ရောင်း
ထုတ်ရလိမ့်မယ်"
💢💢Warren Buffett💢💢
➿လွန်ခဲ့တဲ့ ၃လလောက်က Time.comမှာ The Boring Secret to Getting Rich ဆိုတဲ့ ဆောင်းပါးလေးဖတ်လိုက်ရတယ်။
💯 အဲ့ဒီထဲမှာရေးထားတဲ့ ချမ်းသာဖို့ အခြေခံအကျဆုံး လျှို့ဝှက်ချက်က စိတ်ဆန္ဒလိုအပ်ချက်တွေကိုမချ မ်းသာခင်
မှာ ထိန်းချုပ်နိုင်ခြင်းပါတဲ့ ။
¤ သင့်ရဲ့ဝင်ငွေနဲ့ ထွက်ငွေ ကွာဟချက်
များလာလေလေ (ထွက်ငွေနည်းလာခြင်းကိုဆိုလိုသည်)၊
¤ သင့် လက်ထဲမှာ သင်လုပ်ချင်တဲ့လုပ်ငန်းတွေ လုပ်ဖို့ ပိုက်ဆံပိုစုမိ လာလေလေပါပဲတဲ့။
🔆Warren Buffett စကားနဲ့ Time.comကရေးတဲ့ဆောင်းပါး
က ဆိုလိုချက်က အတူတူပါပဲ။
☆ မချမ်းသာခင် မိမိမှာ မလိုအပ်
တာတွေကိုမဝယ်မိဖို့ အရမ်းအရေးကြီးပါတယ်။
☆ ပိုက်ဆံဟာ ရှာရတာသာခက်တာ လက်ထဲရောက်လာရင် အရမ်းသုံးချင်
တတ်ကြပါတယ်။
♻ဒီခေတ်ထဲမှာ ပိုက်ဆံတန်ဖိုးကို မသိတဲ့လူတွေ များပြားလာ သလိုပါပဲ။
● အချို့ကလည်း ဖြုန်းနေလိုက်ကြတာ မြင်မကောင်း ပါဘူး။
● မိဘက ချမ်းသာလို့ ပိုက်ဆံတန်ဖိုးကို မသိတာက ယုတ္တိရှိပါတယ်။
● ငယ်ငယ်တည်းက ပိုက်ဆံမရှာဖူးတဲ့အပြင်
မိဘရဲ့ အလိုလိုက်ခြင်းကိုခံရတော့ ပိုက်ဆံဆိုတာ သုံးဖို့ပဲ လို့ မြင်လာပါတယ်။
● ဆင်းရဲတဲ့ဘဝကနေ ပိုက်ဆံရှာပြီး
တက်လာတဲ့သူတွေကတော့ ပိုက်ဆံဘယ်လောက်ရှာရ
ခက်လဲ သိသင့်ပါတယ်။
☆ ချမ်းသာတဲ့သူတွေက ဆင်းရဲတဲ့
သူတွေလောက် ပိုက်ဆံရှာရမခက်ပါဘူး။
☆ ဆင်းရဲတဲ့သူတွေ က ပိုက်ဆံပိုရှာရခက်တတ်ပါတယ်။
〽ကျွန်တော်ငယ်ငယ် တည်းက အဖေရဲ့ အလုပ်မှာ အမြဲကူလုပ်ရပါတယ်။
☆အဖေက ငယ်ငယ်တည်းက ပိုက်ဆံဆိုတာ ဘယ်လိုရှာရလဲနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။
▪ အဖေ မာလကာခြံလုပ်ရင် ရေကူ
လောင်းရတယ်။ ကွမ်းခြံလုပ်ရင် ပေါင်းနှုတ်ရတယ်၊ ကွမ်းရိုး
နဲ့ကွမ်းတိုင်မှာ ကြိုးအသေးလေးတွေ လိုက်ချည်ရတယ်။
▪ ကွမ်းခြံရေတင်ရင် ပိုက်ထမ်းပေးရတယ်။ သင်ဖြူးဖျာတွေ နေပူထဲလှမ်းရင် လိုက်ကူရတယ်။
▪ ကျွန်တော့်ဘဝက ဒီလောက်မကြမ်းပါဘူး။ ကျွန်တော့်ထက် ဘဝကြမ်းတဲ့
သူတွေ အများကြီးပါ။
▪ ကျွန်တော့်ကို ဒီလိုမျိုး ပိုက်ဆံ
အကြောင်း သင်ပေးခဲ့တဲ့ အဖေကိုလည်း ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။
▪ အခုအချိန်အထိ ပိုက်ဆံ
ကို ကျွန်တ်ာဖြုန်းလေ့မရှိဘူး။
☆ လိုအပ်တာကိုပဲသုံးလေ့ရှိတယ် ။
♓ကျွန်တ်ာကိုင်တဲ့ဖုန်းက အလယ်အလတ်တန်းစားပဲရှိတယ်။
¤ ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံကို ဖုန်းဆိုတဲ့အရာ
အတွက် ၁၀သိန်းလောက် ကျွန်တ်ာမသုံးနိုင်ဘူး။
¤ ပိုက်ဆံဆိုတာ သုံးခါနီးတိုင်း သေသွားမလား၊ရှင်နေမလား ကြည့်တတ်ရတယ်။
▪ မြုပ်သွားတဲ့ ပိုက်ဆံဟာ ဘာမှလုပ်လို့မရတော့ဘူး။
▪အဲ့ဒီပိုက်ဆံဟာ တကယ် တော့ ပွားအောင်လုပ်လို့ရတယ်၊
သို့မဟုတ် အဲ့ဒီပိုက်ဆံနဲ့ မိမိအရည်အချင်းတွေ တိုးတက်အောင်လုပ်လို့ရတယ်။
💯 သူဌေးကြီးဖြစ်တဲ့နေ့ကျရင်တော့ ၁၀သိန်းတန် ဖုန်းကိုင်ချင်ကိုင်မှာပေါ့ ။
■ ဒါပေမယ့် ကိုယ်ကမချမ်းသာ
ရင် ကိုယ်သုံးမယ့်အရာတိုင်းကို ဆင်ခြင်ရတယ်။ ကျွန်တော် ပိုက်ဆံသုံးခါနီးတိုင်း အမြဲမေးလေ့ရှိတဲ့မေးခွန်း တစ်ခုရှိတယ်။ အဲ့ဒါက
"ငါတကယ်လိုရဲ့လားဆိုတဲ့ မေးခွန်း"
🌟 iPhone ဝယ်နိုင်တဲ့ ပိုက်ဆံရှိလည်း ကျွန်
တော် ဝယ်လေ့မရှိပါဘူး။
○ ကျွန်တော့်အတွက်လိုတာ
ဖုန်းပြောမယ်၊အင်တာနက်သုံးမ ယ်၊ဂိမ်းဆော့မယ်
● ဒီလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ဖုန်းတွေ ၃သိန်းလောက် နဲ့ ရပါတယ်။
အဲ့ဒါမျိုးပဲ ဝယ်ကိုင်လေ့ရှိပါတယ်။
● ကျွန်တော် iPhoneမကိုင်နိုင်လို့ အထင်သေးမယ် ဆိုရင်လည်း ကျွန်တော်က ဂရုမစိုက်ပါဘူး။
အဲ့ဒီလို လူတွေက ပကာသနလူသားတွေပါ။
● သူတို့ ကျွန်တော့် ဘဝထဲမှာ မရှိလို့ ဝမ်းမနည်းပါဘူး။ ပျော်တောင်ပျော်
ပါသေးတယ်။
⚡ကျွန်တော်ပြောချင်တဲ့အချက်က ဖုန်းမှ မဟုတ်ဘူး။
♤ နေ့တိုင်းဝယ်သုံးနေတဲ့ပစ္စည်းတွေ၊
ဝယ်နေတဲ့ တန်ဖိုးကြီး အဝတ်အစားတွေ၊
မိမိတကယ်လိုရဲ့လား ပြန်စဉ်းစား
ဖို့လိုပါတယ်။
● (သူဌေးများကိုပြောနေခြင်း မဟုတ်ပါ)။
♊လူဆိုတာကိုယ့်အခြေအနေကို ကိုယ်သိရပါတယ်။
■ ဖားတုလို့ခရုခုန် ဖင်ကျိုးရုံသာရှိတဲ့။ သူများ တန်ဖိုးကြီးတာ ဝယ်နိုင်တိုင်း ကိုယ်ဝယ်ရမယ်လို့ လိုက်မထင်ပါနဲ့။
■ ကိုယ့်အခြေအနေကို ကိုယ်သာအသိဆုံးပါ။ ဆင်းရဲတာရှက်စရာမဟုတ်ပါဘူး။
■ ပိုက်ဆံအများကြီး မရှိတာလည်း ရှက်စရာမဟုတ်ပါဘူး။
■ အသိမရှိရင်တော့
ရှက်စရာကောင်းပါတယ်။
🌐သူများနေသလို ငါလိုက်နေမယ်၊
• သူများဝတ်သလို ငါလိုက်ဝတ်မယ်ဆိုတာထက်
• ဒီဘဝထဲက ငါဘယ်လို ရုန်းထွက်ရမလဲ ဆိုတာကို ပိုစဉ်းစားသင့်ပါတယ်။
♡ သင့်ဘဝထဲမှာ တကယ်မလိုအပ်တာတွေကို အရမ်းမဝယ်မိပါစေနဲ့။
🌟🌟Warren Buffett 🌟🌟
ပြောသလို လိုတာလေးတွေ ထုတ်ရောင်းရတော့မှ မျက်ရည်ပိုကျရပါ လိမ့်မယ်။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit 》》
ကျောက်သင်ပုန်း
#မိုးရှင်း (I.M.T) ရေးသားသည်။
⁉⁉⁉⁉⁉
📣"သင်တကယ်မလိုအပ်တဲ့အရာတွေ ဝယ်ရင်
မကြာခင်မှာ သင်လိုအပ်တဲ့အရာတွေ ရောင်း
ထုတ်ရလိမ့်မယ်"
💢💢Warren Buffett💢💢
➿လွန်ခဲ့တဲ့ ၃လလောက်က Time.comမှာ The Boring Secret to Getting Rich ဆိုတဲ့ ဆောင်းပါးလေးဖတ်လိုက်ရတယ်။
💯 အဲ့ဒီထဲမှာရေးထားတဲ့ ချမ်းသာဖို့ အခြေခံအကျဆုံး လျှို့ဝှက်ချက်က စိတ်ဆန္ဒလိုအပ်ချက်တွေကိုမချ
မှာ ထိန်းချုပ်နိုင်ခြင်းပါတဲ့
¤ သင့်ရဲ့ဝင်ငွေနဲ့ ထွက်ငွေ ကွာဟချက်
များလာလေလေ (ထွက်ငွေနည်းလာခြင်းကိုဆိုလ
¤ သင့် လက်ထဲမှာ သင်လုပ်ချင်တဲ့လုပ်ငန်းတွေ လုပ်ဖို့ ပိုက်ဆံပိုစုမိ လာလေလေပါပဲတဲ့။
🔆Warren Buffett စကားနဲ့ Time.comကရေးတဲ့ဆောင်းပါး
က ဆိုလိုချက်က အတူတူပါပဲ။
☆ မချမ်းသာခင် မိမိမှာ မလိုအပ်
တာတွေကိုမဝယ်မိဖို့ အရမ်းအရေးကြီးပါတယ်။
☆ ပိုက်ဆံဟာ ရှာရတာသာခက်တာ လက်ထဲရောက်လာရင် အရမ်းသုံးချင်
တတ်ကြပါတယ်။
♻ဒီခေတ်ထဲမှာ ပိုက်ဆံတန်ဖိုးကို မသိတဲ့လူတွေ များပြားလာ သလိုပါပဲ။
● အချို့ကလည်း ဖြုန်းနေလိုက်ကြတာ မြင်မကောင်း ပါဘူး။
● မိဘက ချမ်းသာလို့ ပိုက်ဆံတန်ဖိုးကို မသိတာက ယုတ္တိရှိပါတယ်။
● ငယ်ငယ်တည်းက ပိုက်ဆံမရှာဖူးတဲ့အပြင်
မိဘရဲ့ အလိုလိုက်ခြင်းကိုခံရတော့ ပိုက်ဆံဆိုတာ သုံးဖို့ပဲ လို့ မြင်လာပါတယ်။
● ဆင်းရဲတဲ့ဘဝကနေ ပိုက်ဆံရှာပြီး
တက်လာတဲ့သူတွေကတော့ ပိုက်ဆံဘယ်လောက်ရှာရ
ခက်လဲ သိသင့်ပါတယ်။
☆ ချမ်းသာတဲ့သူတွေက ဆင်းရဲတဲ့
သူတွေလောက် ပိုက်ဆံရှာရမခက်ပါဘူး။
☆ ဆင်းရဲတဲ့သူတွေ က ပိုက်ဆံပိုရှာရခက်တတ်ပါတယ်။
〽ကျွန်တော်ငယ်ငယ် တည်းက အဖေရဲ့ အလုပ်မှာ အမြဲကူလုပ်ရပါတယ်။
☆အဖေက ငယ်ငယ်တည်းက ပိုက်ဆံဆိုတာ ဘယ်လိုရှာရလဲနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။
▪ အဖေ မာလကာခြံလုပ်ရင် ရေကူ
လောင်းရတယ်။ ကွမ်းခြံလုပ်ရင် ပေါင်းနှုတ်ရတယ်၊ ကွမ်းရိုး
နဲ့ကွမ်းတိုင်မှာ ကြိုးအသေးလေးတွေ လိုက်ချည်ရတယ်။
▪ ကွမ်းခြံရေတင်ရင် ပိုက်ထမ်းပေးရတယ်။ သင်ဖြူးဖျာတွေ နေပူထဲလှမ်းရင် လိုက်ကူရတယ်။
▪ ကျွန်တော့်ဘဝက ဒီလောက်မကြမ်းပါဘူး။ ကျွန်တော့်ထက် ဘဝကြမ်းတဲ့
သူတွေ အများကြီးပါ။
▪ ကျွန်တော့်ကို ဒီလိုမျိုး ပိုက်ဆံ
အကြောင်း သင်ပေးခဲ့တဲ့ အဖေကိုလည်း ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။
▪ အခုအချိန်အထိ ပိုက်ဆံ
ကို ကျွန်တ်ာဖြုန်းလေ့မရှိဘူး။
☆ လိုအပ်တာကိုပဲသုံးလေ့ရှိတယ်
♓ကျွန်တ်ာကိုင်တဲ့ဖုန်းက အလယ်အလတ်တန်းစားပဲရှိတယ်။
¤ ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံကို ဖုန်းဆိုတဲ့အရာ
အတွက် ၁၀သိန်းလောက် ကျွန်တ်ာမသုံးနိုင်ဘူး။
¤ ပိုက်ဆံဆိုတာ သုံးခါနီးတိုင်း သေသွားမလား၊ရှင်နေမလား ကြည့်တတ်ရတယ်။
▪ မြုပ်သွားတဲ့ ပိုက်ဆံဟာ ဘာမှလုပ်လို့မရတော့ဘူး။
▪အဲ့ဒီပိုက်ဆံဟာ တကယ် တော့ ပွားအောင်လုပ်လို့ရတယ်၊
သို့မဟုတ် အဲ့ဒီပိုက်ဆံနဲ့ မိမိအရည်အချင်းတွေ တိုးတက်အောင်လုပ်လို့ရတယ်။
💯 သူဌေးကြီးဖြစ်တဲ့နေ့ကျရင်တေ
■ ဒါပေမယ့် ကိုယ်ကမချမ်းသာ
ရင် ကိုယ်သုံးမယ့်အရာတိုင်းကိ
"ငါတကယ်လိုရဲ့လားဆိုတဲ့ မေးခွန်း"
🌟 iPhone ဝယ်နိုင်တဲ့ ပိုက်ဆံရှိလည်း ကျွန်
တော် ဝယ်လေ့မရှိပါဘူး။
○ ကျွန်တော့်အတွက်လိုတာ
ဖုန်းပြောမယ်၊အင်တာနက်သုံးမ
● ဒီလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ဖုန်းတွေ ၃သိန်းလောက် နဲ့ ရပါတယ်။
အဲ့ဒါမျိုးပဲ ဝယ်ကိုင်လေ့ရှိပါတယ်။
● ကျွန်တော် iPhoneမကိုင်နိုင်လို့ အထင်သေးမယ် ဆိုရင်လည်း ကျွန်တော်က ဂရုမစိုက်ပါဘူး။
အဲ့ဒီလို လူတွေက ပကာသနလူသားတွေပါ။
● သူတို့ ကျွန်တော့် ဘဝထဲမှာ မရှိလို့ ဝမ်းမနည်းပါဘူး။ ပျော်တောင်ပျော်
ပါသေးတယ်။
⚡ကျွန်တော်ပြောချင်တဲ့အချက်က
♤ နေ့တိုင်းဝယ်သုံးနေတဲ့ပစ္စည်
ဝယ်နေတဲ့ တန်ဖိုးကြီး အဝတ်အစားတွေ၊
မိမိတကယ်လိုရဲ့လား ပြန်စဉ်းစား
ဖို့လိုပါတယ်။
● (သူဌေးများကိုပြောနေခြင်း မဟုတ်ပါ)။
♊လူဆိုတာကိုယ့်အခြေအနေကို ကိုယ်သိရပါတယ်။
■ ဖားတုလို့ခရုခုန် ဖင်ကျိုးရုံသာရှိတဲ့။ သူများ တန်ဖိုးကြီးတာ ဝယ်နိုင်တိုင်း ကိုယ်ဝယ်ရမယ်လို့ လိုက်မထင်ပါနဲ့။
■ ကိုယ့်အခြေအနေကို ကိုယ်သာအသိဆုံးပါ။ ဆင်းရဲတာရှက်စရာမဟုတ်ပါဘူး။
■ ပိုက်ဆံအများကြီး မရှိတာလည်း ရှက်စရာမဟုတ်ပါဘူး။
■ အသိမရှိရင်တော့
ရှက်စရာကောင်းပါတယ်။
🌐သူများနေသလို ငါလိုက်နေမယ်၊
• သူများဝတ်သလို ငါလိုက်ဝတ်မယ်ဆိုတာထက်
• ဒီဘဝထဲက ငါဘယ်လို ရုန်းထွက်ရမလဲ ဆိုတာကို ပိုစဉ်းစားသင့်ပါတယ်။
♡ သင့်ဘဝထဲမှာ တကယ်မလိုအပ်တာတွေကို အရမ်းမဝယ်မိပါစေနဲ့။
🌟🌟Warren Buffett 🌟🌟
ပြောသလို လိုတာလေးတွေ ထုတ်ရောင်းရတော့မှ မျက်ရည်ပိုကျရပါ လိမ့်မယ်။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit 》》
ကျောက်သင်ပုန်း
#မိုးရှင်း (I.M.T) ရေးသားသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။