Khant Naing added 2 new photos.
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို
ဘွဲ့မရဘူး ဒုတိယနှစ် ဘာညာနဲ့
ဟောင်နေတဲ့ကောင်တွေကို ပြောချင်တာက
ဒုတိယနှစ်နဲ့ဘွဲ့မရတာက စာမလိုက်နိုင်လို
့ စာမေးပွဲကျလို့ မဟုတ်ဘူး။
မင်းအဖေ စစ်အာဏာရူးတွေက ထောင်ချခဲ့လို့ဟ
ထောင်ကျတာဘာမှု့လဲဆိုတော့ လူသတ်မှု့လဲမဟုတ်ဘူး။
ခိုးမှု့လဲမဟုတ်ဘူး လိမ်လည်မှု့မဟုတ်ဘူး။ ဘာရာဇဝတ်မှု့ တရားမမှု့မှမဟုတ်ဘူး ။
အာဏာသိမ်းစစ်အစိုးရကို တော်လှန်လို့
စစ်ထောက်လှမ်းရေးက ချလို့ကျတဲ့ထောင် အနှစ်၂၀လောက်ထိချလို့ သူ့ခမျာ ကျောင်းမပြီးရတာ..
ဒါပေမဲ့ ဦးဖြိုးမင်းသိန်းက မြန်မာပြည်မှာသာ
ကျောင်းမပြီးတာ ထောင်ကလွတ်ချိန်မှာ အင်္ဂလန်မှာပညာသင်ခဲ့တာ ..
လူယုတ်မာ ခင်ညွှန့်ဆိုတဲ့လူ လာဘ်စားမှု့
ဆိုပြီးထောင်ဆွဲချတော့ သူ့မြေးလေး တွေကျောင်းမတတ်ရလို့ဆိုပြီးနှာကျိုးသံနဲ့ နှဲမှုတ်ခဲ့သေးတာ သူ့ကြောင့်မဆီမဆိုင်သူ့မြေးလေးတွေပါ ကျောင်းနားထားရတာ စိတ်မကောင်းဘူးဘာညာနဲ့ငိုခဲ့သေးတာ ... (စိတ်မကောင်းရင်လည်း လဲသေခဲ့ပါ့လား)
သူများ သားသမီးကျောင်းသားတွေကျ
မစာမနာ ကိုယ့်လူမျိုးချင်းကို
ပက်ပက်စက်စက်ရက်စက်ခဲ့တာ..
သူ့ကြောင့်ပျက်စီး သေကြေ ဘဝပျက်တဲ့ ကျောင်းသားတွေ မနည်းမနောကိုရှိခဲ့တာ ...
ကျောင်းတွေလဲပိတ်ချင်သလိုပိတ် ဖွင့်ချင်သလိုဖွင့် တောထဲပို့လိုပို့ ကျောင်းသားကိုရော ပညာရေးကိုပါ နလန်မထူအောင်ဖျက်ဆီးသွားတာ.. အဲ့ဒီလူယုတ်မာတွေက ကျောင်းသားကိုသာ သဲကြီးမဲကြီးအငြိုးးတကြီးရက်စက်ခဲ့တာ ...
ဘိန်းဘုရင် လက်နက်ကိုင်တွေကျ ဖက်လဲတကင်းပေါင်းပြီး ကာကွယ်ခဲ့ကြ သူကောင်းပြုခဲ့ကြတာဗျ..
သတ္တိဆိုတာ လုပ်ရဲတာမဟုတ်ဘူး ခံရဲတာကမှသတ္တိ
အာဏာပါဝါကိုအသုံးချ စစ်ကျောရေးခေါ်
လက်ပြန်ကြိုးတုတ်ရိုက်ရဲတာ သတ္တိမဟုတ်ဘူး ။ လက်နက်မကိုင်ပဲ စစ်အာဏာရှင်ကို တော်လှန်ခဲ့တာ.. ထောင်ချခံ အရိုက်အနှက်ခံပြီး ယုံကြည်ချက်ကို လုံးဝမလျှော့တာမှသတ္တိခေါ်တယ်။
ကတုတ်ကျင်းထဲက နေကျဉ်ဖြုံန်းတာမှသတ္တိမဟုတ်ဘူး
လွှတ်တော်ဥက္ကဌဦးဝင်းမြင့်ဆို သူ့သားဆုံးတာကိုမသွားခဲ့ဘူး ။
စစ်အာဏာရူးတွေက သွားမလား NLDကထွက်ပြီးနိုင်ငံရေးမလုပ်ရင် ထောင်ကလွှတ်ပေးမယ်ပြောတာ ဦးဝင်းမြင့်ကခေါင်းခါပြီး ထောင်ထဲဆက်နေခဲ့တာ အဲ့ဒါကမှသတ္တိခေါ်တယ်။
မိမိဘဝတူကျောင်းသားတွေ ပစ်သတ်ခံရ ရိုက်နက်ခံရချိန် အိမ်ကိုအသာလေးပြန်နေပြီး ကျောင်းဖွင့်တော့ ကျောင်းပြန်တတ်တဲ့အလုပ်မျိုး လုပ်ခဲ့ရင် ဦးမင်းကိုနိုင်တို့ ဦးဖြိုးမင်းသိန်းတို့
အကုန်ကျောင်းပြီးဘွဲ့ရပြီးသား ။
ဒါပေမဲ့အဲ့လိုသရဲဘောကြောင်တဲ့ အလုပ်ကိုသူတို့မလုပ်ခဲ့လို့ ကျောင်းမပြီးခဲ့ကြတာ ။
အဲ့လိုသရဲဘောကြောင်တဲ့ အလုပ်ကို Elevenပိုင်ရှင် သန်းထွဠ်အောင်လို လူမျိုးကလုပ်ခဲ့တယ်။
အဲ့elevenက လူကအစမှာပါခဲ့ပြီး
ဖိနှိပ်တဲ့အချိန်မှာ ရှောင်ထွက်သွားတာ
သန်းထွဠ်အောင်က အဲ့ဒီအချိန်ကတည်းက
အဲ့လိုလူမျိုး။ ဒါကသမိုင်းပဲ
အဲ့ဒီသမိုင်းကို ၈၈ ကိုမှီခဲ့တဲ့
မိမိတို့ရဲ့ ဦးလေး ဒေါ်လေး မိခင် ဖခင်တို့ကိုမေးကြည့်
ဟုတ်မဟုတ် သိလိမ့်မယ်။
ပြေချင်တာက ဖြိုးမင်းသိန်း ကျောင်းမပြီးဘူး။
ဟုတ်တယ် အေးအဲ့ဒါ မင်းတို့ပထွေးစစ်အာဏာရူးတွေ သားသမီးချင်းမစာနာ ယုတ်မာခဲ့လို့ဆိုတာပဲ။
ပြောလက်စနဲ့ပြောချင်တာက
အဲ့လူတွေ အာဏာအတွက်ဆို ဘယ်လောက်ထိ
ကမ်းကုန်အောင် ယုတ်မာခဲ့ကသလဲဆိုရင်
တိပိဠက ဆရာတော်ဦးသုမင်္ဂလကိုတောင်
ထောင်ချခဲ့တဲ့လူတွေ..အပြစ်ကဘာလို့လဲဆိုတော့ သူတို့ပင့်တာမကြွလို့ သူတို့ကပ်တဲ့ဆွမ်း ဘုန်းမပေးလို့တဲ့ အဲ့လိုမထင်ရင်မထင်သလို အရူးချီးပန်းထောင်ချခဲ့တဲ့လူတွေဗျ ဒီစစ်အာဏာရှင်စနစ်မှာပါခဲ့တဲ့လူတွေ အကုန်ငရဲပြည်ရောက်မှာအသေချာပဲ ဗေဒင်မေးဆန်ကုန်တယ် မြန်မာ့သမိုင်းမှာ သမိုင်းမှတ်တမ်းတင်နိုင်တဲ့ ပုဂံခေတ်ကစလို့ ဒီနေ့ထိ ပိဠကတ်၃ပုံအောင်တာ ၁၂ ပါးပဲပေါ်ဖူးတယ် အဲ့ထဲက တစ်ပါးကို ဒီစစ်သားတွေကထောင်ချခဲ့တာ ထောင်ကလွှတ်ပေးလိုက်ပြီးမကြာဘူး ဆရာတော်လဲပျံလွန်တော်မူတာပဲ ဒီလူတွေငရဲကျမှာ လုံးဝမလွဲဘူး ဘာနဲ့မှမကျေဘူး အကြားအမြင် ရှေ့ဘဝနောက်ဘဝသိနိုင်တဲ့ ဆရာတော်တွေများရှိရင်သွားမေးကြည့် နေဝင်းတို့ အောင်သာင်းတို့ အခုငရဲပြည်မှာရှိတယ်လို့ သေချာပေါက်ဟောလိပ်မယ်
သူတို့ပြောရင် အရင်စစ်အစိုးရ နောက်ကြံ့ဖွတ်အစိုးရဆိုပြီး အစိုးရခွဲပြလိပ်မယ် အစိုးရခွဲတော့ ငရဲကလွတ်ရောလား လူက ဒီလူ ဒီလူတွေ နအဖစစ်အစိုးရမှာ သိန်းစိန်က S1 ဝန်ကြီးချုပ် ကြံ့ဖွတ်အစိုးရလုပ်တော့ သမ္မတ အဲ့တာကို နှမဇောင်းတွေက ကူလီကူမာနဲ့ပေါ်တင်အစိုးရခွဲ လူခွဲလုပ်နေကြတာ လွှဲချနေကြတာ
ပြောရရင်အများကြီးပဲ ခင်ညွန့်က သူရေးတဲ့စာအုပ်ထဲမှာ သူကအမိန့်အရလုပ်ရတာပါဆိုပြီး သန်းရွှေကိုလွှဲချတာဗျ နေဝင်းကကျတော့ အောက်ကလူတွေကကျနော့်ကိုဝိုင်းလိမ်ခဲ့ကြတယ် ကျနော်ဘာမှမသိဘူးတဲ့ အဲ့လိုလက်သည်ပျောက် ကူလီကူမာလုပ်ခဲ့တဲ့ကောင်တွေဗျ သူများကျလုပ်ခဲ့ကြရက်စက်ခဲ့ကြပြီး သူတို့ခံရမှာကြောက်တော့ သူတို့ရေးတဲ့အခြေခံဥပဒေမှာ နောက်ကြောင်းပြန်တရားမစွဲရဆိုပြီး သူရဲဘောကြောင်သွားတဲ့လူတွေဗျ
ကိုယ့်အဘိုးအရွယ်လူတွေကို အဲ့လိုနံမည်အရင်းခေါ်လို့ရိုင်းတယ်တော့မထင်နဲ့ဗျာ ဒီစစ်အာဏာရူးအဖွဲ့ကလူတွေကို အသက်တစ်ရာ ဘွဲ့တစ်ရာဖြစ်ပါ့စေ ဦးတပ်မခေါ်နိုင်ဘူး ဦတပ်ခေါ်တာ လူကြီးလူကောင်းမှခေါ်ရတာမျိုး ဒီလူတွေက လူယုတ်မာတွေ ဘာဂုဏ်သရေမှမရှိဘူး မသေခင်နံသေရင်ငရဲတွေ
Hlwan wai lwin

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။