#ဂျက်မားဆိုတာ_ဘယ်လိုလူလဲ
ကျွန်တော်တို့ မြန်မာပြည်ဟာ အခွင့်အလမ်းတွေပွင့်လမ်းလာတာ ၅နှစ်ကျော် ၆နှစ်ထဲဝင်လာနေပါပြီ။ FDI တွေကလဲ မမြဲမပျက်ဝင်လာပြီး ကျွန်တော်တို့လိုလူငယ်တွေအတွက် အလုပ်အကိုင်တွေ၊ အတွေ့အကြုံ အခွင့်အလမ်းတွေ အများကြီးပေါ်ထွက်လာနေပါတယ်။
ဒါပေမယ့် လူအများစုကိုတွေ့ရတာ ဧည့်ကြိုလုပ်၊ စားပွဲထိုးလုပ်၊ လုံခြုံရေး၊
တံခါးဖွင့်၊ ပန်းရံ၊ လက်သမား၊ ကားမောင်းပြီးတော်ရုံ လစာကောင်းကောင်းလေးရရင်
ကျေနပ်တယ်ဆိုတဲ့ လူတွေပဲ တော်တော်များများတွေ့နေရပါတ ယ်။ သူတို့လက်ရှိဘ၀လေးကိုကျေနပ် နေကြပြီး
ဘာလို့ မတိုးတက်ချင်၊ မကြိုးစားချင်၊ မကြီးပွားချင်ရခြင်းရဲ့
အကြောင်းပြချက်တွေထဲမှာ ပညာသင်ကြားခဲ့ရမှု၊ လုပ်ငန်းအတွေ့အကြုံတွေ၊
မိဘဆင်းရဲတာတွေကို လက်ညှိုးထိုးအကြောင်းပြကြပါလိမ့်မယ်။
တချို့ကပြောကြပါတယ် သူတို့က အမေရိကား၊ လန်ဒန်၊ သြဇီမှာကျောင်းတက်ခဲ့ကြတာ
ငါတို့က ဒီကသင်တဲ့ပညာရေးနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ၊ သူတို့က ကမ္ဘာပတ်ပြီး
လုပ်နေကြတာ ပညာရှင်တွေကို ငါတို့ကဘယ်မှီပါ့မလဲ ဆိုတာတွေများပါတယ်။ ဒီ idea
တွေကိုတွန်းလှန်ဖို့ အတွက်ဆရာကြီး ဗန်းမော်သိန်းဖေရဲ့ဂျက်မားနှင့်အလီဘာဘာ ကိုဖတ်ကြစေလိုပါတယ်။
...
ဆရာကြီး ဗန်းမော်သိန်းဖေရဲ့ ဂျက်မားနှင့်အလီဘာဘာဆိုတဲ့စာအုပ်ကို ဖြန့်ဝေတဲ့ ဒီဇင်ဘာ ၈ရက်နေ့မတိုင်ခင်တလ လောက်အလိုတည်းက ဆရာ့ Page မှာအမြည်းလေးတွေလိုက်ဖတ်ရင်း တော်တော်လေးစိတ်ဝင်စားမိပါတ ယ်။ ဆရာ့ရဲ့အရေးအသားကောင်းပုံကလဲ အရင် ဆရာ့စာအုပ်သုံးအုပ်ကို လေးရက်လောက်နဲ့ အပြီး ဖတ်ပြီးကတည်းက ယုံကြည်ပြီးသားပါ။ စာရေးကောင်းသူတစ်ယောက်ရဲ့စွ မ်းအားဟာ စာဖတ်သူကို ဆွဲဆောင်ရာမှာ စာအုပ်ပြီးလို့ ပြီးမှန်းမသိအောင်ခေါ်ဆောင်သွားနိုင်တယ်ဆိုတာ ဆရာကြီးက သက်သေပြနေပါတယ်။ တခြားစာအုပ်တွေဖတ်ဖူးပါတယ်၊
မူရင်းစာအုပ်တွေက တော်တော်လေး ကမ္ဘာကျော်ပေမယ့် ဘာသာပြန်သူရဲ့
ညံ့ဖျင်းမှုကြောင့် ထမင်းကို ရေချည်းဆမ်းစားသလို အရသာမရှိတာ
ကြုံပေါင်းလဲများလှပါပြီ။ဂျ က်မားနှင့်အလီဘာဘာ
စာအုပ်ကို ၈ရက်နေ့မှာစဖြန့်တော့ Royalshop.Biz မှာ မှာလိုက်တော့
သူတို့ထုံးစံအတိုင်း ၃ ရက်အတွင်း ကျွန်တော့စားပွဲပေါ်ရောက်လာပါတယ်။ Royalshop.Biz ရဲ့ဝန်ဆောင်မှုကိုလဲ တကယ်ကောင်းလို့ Recommend ပေးပါရစေ။ဈေးကလဲ ပို့ခမယူတဲ့အပြင် စာအုပ်ပေါ်ကဈေးအတိုင်းပါပဲ။
…
ဒီစာအုပ်မှာ ဂျက်မား ဆိုတဲ့ ကျောင်းဆရာလေးက ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေ ကို ဘယ်လိုကျော်တက်ပြီး အောင်မြင်နေတယ်ဆိုတာကို နှံ့နှံ့စပ်စပ်ဖော်ပြထားသလို တခြားအောင်မြင်သူတချို့အကြောင်းတွေကိုလည်း အလျင်းသင့်သလို ထည့်ရေးပေးထားပါသေးတယ်။
…
မော်စီတုံး အလွန် တိန်ရှောင်ဖိန် အုပ်ချုပ်တဲ့ တရုတ်ပြည် တံခါးဖွင့်ဝါဒ စတင်ကျင့်သုံးတဲ့ အချိန်မှာပဲ ဂျက်မားက သူ့ရည်ရွက်ချက်တွေအကောင်အထည်ဖော်ခဲ့လို့
အဲဒိလိုအချိန်မျိုးဟာ မြန်မာပြည်ရဲ့ ယနေ့အခြေအနေနဲ့
တော်တော်လေးကိုဆင်တူပါတယ်။ ကမ္ဘာ့ထိပ်တန်း IT ကုမ္ပဏီကြီးတွေကို
ကျော်ဖြတ်နိုင်သူဟာ English စာကို တိုးရစ်တွေဆီက ဖြစ်သလိုနဲ့
ဂိုက်လုပ်ပေးရင်း သူတို့ဆီက သင်ကြားခဲ့ရတဲ့ တရုတ်ကလူငယ်လေးပါ၊ IT မပြောနဲ့
ကွန်ပျူတာတောင်လက်နဲ့မကိုင် ဖူးခဲ့သူပါ။
ကဲ…..ပညာရေးနောက်ခံကို အကြောင်းပြချက်ပေးကြအုံးမလား?????
…
အတွေ့အကြုံကိုပြောပါဆိုရင်လဲ ဂျက်မား ရဲ့ ပထမဆုံး နိုင်ငံခြားခရီး အမေရိက ကအပြန်မှာပဲ သူကိုယ်တိုင်ဘာမှန်းကောင်းေ ကာင်းမသိသေးတဲ့ အင်တာနက် ဆိုတာကြီးကနေ China Pages ကိုထူထောင်လိုက်ပါတယ်။ ဘယ်မလဲ…… လုပ်ငန်းအတွေ့အကြုံ????
…
ဂျက်မားအောင်မြင်တာ ရုပ်ရည်ကြောင့်လား????? ဗေလုဝ ကအဖေခေါ်ရလောက်တယ်၊
…
မိဘ ငွေကြေးချမ်းသာလို့လား????? အထောက်အပံ့ကောင်းလို့လား??? ??
အမေရိကားက ပြန်လာတော့ လေယာဉ်လက်မှတ်ဖိုးကအပြင် အကြွေး၂သောင်းကပါလာသေးတယ်။
…
အစိုးရမကောင်းလို့တဲ့လား??? ?? ကွန်မြူုနစ်လောက်စနစ်လောက် စီးပွားရေးသမားတွေကိုဒုက္ခပေးတာ ကွန်မြူနစ်ပါပဲဗျာ။
…..
ခေတ်မကောင်းသေးဘူးပြောမလား? ????
ဂျက်မား စလုပ်တော့ တရုတ်လူဦးရေ ၁၀၀၀ မှာတစ်ယောက်တောင်
အင်တာနက်မသုံးဘူးရယ်၊ ကွန်ပျူတာတလုံးကိုလဲ သိန်း ၂၀ လောက်ပေးနေရတဲ့အချိန်။
…
ဒါဆို….. ဘာကြောင့်လဲ
ဂျက်မား ရဲ့ ဦးနှောက်၊ အတွေးအခေါ်နဲ့ အပြောကောင်း တဲ့ပါးစပ်လေးတစ်ပေါက်၊ အောင်မြင်လိုစိတ်ပျင်းပြခြင်းတွေ၊
ကိုယ့်ကိုယ်ကို ယုံကြည်မှုခိုင်မာတာတွေ၊ လူတွေကိုဆွဲဆောင် ပြေပြေလည်လည်
စိတ်ရင်းအတိုင်း ဆက်ဆံ၊ ရည်ရွယ်ချက်ကို ခိုင်ခိုင်မာမာထားခြင်း ဆိုတဲ့
လက်နက်တွေကိုသုံးပြီး ဘယ်လိုအောင်မြင်မှုယူခဲ့လဲဆိုတာ
ကို လူငယ်တွေ၊ အထူးသဖြင့် ကျွန်တော်တို့လို ပွင့်လင်းစ
မြန်မာနိုင်ငံကလူငယ်တွေ ကမ္ဘာကို ထိုးဖောက်နိုင်ဖို့ entrepreneur ကောင်းတွေ
ဖြစ်လာစေဖို့ ဖတ်စေချင်လို့ ညွှန်းပေးလိုက်ရပါတယ်ခင်ဗျာ။
#မောင်ကံကောင်း
၁၃၊ ၁၂၊ ၂၀၁၆ (၁း၀၁)
ကျွန်တော်တို့ မြန်မာပြည်ဟာ အခွင့်အလမ်းတွေပွင့်လမ်းလာတ
...
ဆရာကြီး ဗန်းမော်သိန်းဖေရဲ့ ဂျက်မားနှင့်အလီဘာဘာဆိုတဲ့စ
…
ဒီစာအုပ်မှာ ဂျက်မား ဆိုတဲ့ ကျောင်းဆရာလေးက ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေ
…
မော်စီတုံး အလွန် တိန်ရှောင်ဖိန် အုပ်ချုပ်တဲ့ တရုတ်ပြည် တံခါးဖွင့်ဝါဒ စတင်ကျင့်သုံးတဲ့ အချိန်မှာပဲ ဂျက်မားက သူ့ရည်ရွက်ချက်တွေအကောင်အထည
ကဲ…..ပညာရေးနောက်ခံကို အကြောင်းပြချက်ပေးကြအုံးမလာ
…
အတွေ့အကြုံကိုပြောပါဆိုရင်လ
…
ဂျက်မားအောင်မြင်တာ ရုပ်ရည်ကြောင့်လား????? ဗေလုဝ ကအဖေခေါ်ရလောက်တယ်၊
…
မိဘ ငွေကြေးချမ်းသာလို့လား?????
အမေရိကားက ပြန်လာတော့ လေယာဉ်လက်မှတ်ဖိုးကအပြင် အကြွေး၂သောင်းကပါလာသေးတယ်။
…
အစိုးရမကောင်းလို့တဲ့လား???
…..
ခေတ်မကောင်းသေးဘူးပြောမလား?
…
ဒါဆို….. ဘာကြောင့်လဲ
ဂျက်မား ရဲ့ ဦးနှောက်၊ အတွေးအခေါ်နဲ့ အပြောကောင်း တဲ့ပါးစပ်လေးတစ်ပေါက်၊ အောင်မြင်လိုစိတ်ပျင်းပြခြင
#မောင်ကံကောင်း
၁၃၊ ၁၂၊ ၂၀၁၆ (၁း၀၁)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။