Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 18, 2015

proud of you!

proud of you!

တစ်နေ့က ဆယ်တန်းတုန်းကခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က သူအမေရိကားရောက်နေကြောင်း မက်ဆေ့ပို့တယ်။ နယူးယောက်ကိုတော့ လွန်ခဲ့တဲ့ တစ်ပတ်ကလာသွားခဲ့ပြီတဲ့။ သူနဲ့ကျွန်မ မက်ဆေ့တွေ အပြန်အလှန်ပို့ကြရင်းနဲ့ သူက နင်ရေးတဲ့စာတွေ ငါကြိုက်တယ်.. proud of you လို့ ကျွန်မကိုပြောတယ်။ သူ့လိုပဲ တခြားသူငယ်ချင်းတွေလည်း ကျွန်မကိုပြောဖူးပါတယ်။ proud of you ဆိုတဲ့စကားလုံးမြင်တော့ စာလေးတစ်ပုဒ်ရေးဖို့ ကျွန်မစိတ်ကူးရလိုက်တယ်။

ကျွန်မဆယ်တန်းတုန်းက ဂျစ်ဂျစ်လို့ခေါ်တဲ့ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ကောင်မလေးတစ်ယောက်နဲ့ ခင်ခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုစသိစခင်မှန်း သေချာမမှတ်မိတော့ပေမယ့် သူနဲ့ ကျွန်မက ရပ်ကွက်တူ၊ ကျူရှင်အပြန်လမ်းတူတာမို့ မြင်တွေ့ဖန်များလားလို့ အလိုလိုခင်မင်ခဲ့ကြဟန်ပါပဲ။

ဂျစ်ဂျစ်က တောင်ကြီး အထက-၄က ကျွန်မက အထက-၁က ကျောင်းချင်းမတူပေမယ့် ကျူရှင်ချင်းတူလို့ ကျွန်မတို့ခင်ခဲ့ကြတယ်။ အဲဒီမှာ ကျူရှင်တူတူတက်နေတဲ့ ဂျစ်ဂျစ်ရဲ့သူငယ်ချင်းတစ်သိုက်ကို ကျွန်မသိခဲ့ခင်ခဲ့ရပြန်တယ်။ အထက-၄ က တောင်ကြီးမှာ နာမည်ကြီးတဲ့ကျောင်းပေါ့။ စာတော်တဲ့လူတွေစုတဲ့ကျောင်း၊ သူဌေးတွေနေတဲ့ကျောင်း.. ဆိုတော့ ကျွန်မသိတဲ့ အဲဒီဂျစ်ဂျစ်ရဲ့သူငယ်ချင်းတစ်သိုက်ဟာလည်း စာတော်တဲ့လူတွေချည်းပဲ။ စာတော်တဲ့အပြင် ရုပ်လည်းချောကြတယ်။ သူတို့နဲ့ ကျွန်မရင်းရင်းနှီးနှီးခင်ခဲ့တာမဟုတ်ပေမယ့် သူတို့ကို ကျွန်မအရမ်းအားကျခဲ့တယ်။ ရွာမှာကြီးပြင်းခဲ့ပြီး ပညာရေးအခြေခံမကောင်းခဲ့တဲ့ကျွန်မဟာ ဆရာမဘာမေးမေး ဒက်ခနဲဖြေနိုင်တဲ့သူတို့ကို ဘာတွေစားလို့ ဒီလောက်တော်တာပါလိမ့်၊ ဘယ်လိုကျက်မှတ်လို့ ဒီလောက်စာတော်ရတာပါလိမ့်၊ ဆရာမစာရှင်းတဲ့အချိန် ဘယ်လိုစူးစိုက်နားထောင်လို့ ချက်ချင်းသဘောပေါက်နားလည်တာပါလိမ့်၊ မှတ်စုစာအုပ်ထဲ ဘယ်လိုမှတ်သားကြပါလိမ့်လို့ အမျိုးမျိုးတွေးခဲ့ဖူးတယ်။ သူတို့ကို ကျွန်မ, မကြာခဏချောင်းချောင်းကြည့်ပြီး အတုယူခဲ့ဖူး၊ အားကျခဲ့ဖူးတယ်။

ဆယ်တန်းစာမေးပွဲပြီးတော့ ဂျစ်ဂျစ်ကလွဲလို့ ကျန်တဲ့လူတွေနဲ့ ကျွန်မ,မတွေ့ခဲ့တော့ဘူး။ ကျူရှင်မှာသာသိခဲ့တာမို့ အဆက်အသွယ်လည်း မရှိခဲ့ကြဘူး။ တစ်ယောက်တလေနဲ့တော့ လမ်းမှာတွေ့ရင် ပြုံးပြ၊ နှုတ်ဆက်ရုံလောက်ပဲရှိခဲ့တယ်။ တချို့က မီးမီးဆိုတာ ဘယ်သူမှန်းမသိခဲ့ပေမယ့် သူတို့ဟာ ကျွန်မရဲ့စံပြဖြစ်ခဲ့ဖူးတယ်။ (သူတို့လို အရမ်းစာတော်ချင်ခဲ့တာ.. ပညာရေးကိုအားပေးပေမယ့် ဘယ်လိုသွန်သင်လမ်းညွှန်ရမှန်းမသိတဲ့ မြန်မာစာမတတ်၊ မြန်မာစကား သေချာမပြောတတ်တဲ့ မိသားစုကကြီးပြင်းလာသူမို့ အရာရာဟာ လူများထက် နောက်ကျကျန်နေခဲ့တာချည်းပဲ)။ အဲဒီလိုနဲ့ ကျောင်းတွေပိတ်ထားတဲ့ကာလအတွင်းမှာ သူတို့အနာဂတ်အတွက် သူတို့ပြင်ဆင်ကြသလို ကျွန်မလည်း ကျွန်မအနာဂတ်အတွက် စမ်းတဝါးဝါးရှိခဲ့တာပေါ့။ ကိုးရီးယားကားထဲကလိုပဲ ဆယ်တန်းစာမေးပွဲပြီးကတည်းက ကွဲကွာသွားလိုက်တာ နောင်နှစ်ပေါင်း ၂ဝကြာသောအခါ Facebook ပေါ်မှာ အဲဒီအဖွဲ့ထဲက လူတချို့ကို ကျွန်မပြန်တွေ့ခွင့်ရခဲ့တယ်

ထင်ခဲ့တဲ့အတိုင်းပါပဲ.. စာတော်တဲ့လူတွေမို့ အများက ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေဖြစ်နေကြပါပြီ။ တချို့ကလည်း နိုင်ငံရပ်ခြားမှာ။ ဆရာဝန် အင်ဂျင်နီယာမဖြစ်ခဲ့တဲ့လူတွေကလည်း သူတို့နဲ့သက်ဆိုင်တဲ့နယ်ပယ်အသီးသီးမှာ အောင်မြင်တဲ့လူတွေဖြစ်နေကြပါတယ်။ အများအကျိုးကိုသယ်ပိုးရင်း လူ့အဖွဲ့အစည်းတချို့မှာ အောင်မြင်သူတွေဖြစ်နေကြပါပြီ။ တချို့ကလည်း ငြိမ်းချမ်းတဲ့ဘဝနဲ့ သူတို့လုပ်လိုတဲ့၊ သူတို့ဖြစ်ချင်ခဲ့တဲ့စိတ်ကူးအိပ်မက်အတိုင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။

လူတစ်ယောက်ရဲ့အောင်မြင်ခြင်းဟာ တစ်လောကလုံး ကိုယ့်ကိုသိမှ အောင်မြင်တာမဟုတ်သလို နိုင်ငံကျော်အောင် ကျော်ကြားနေမှ အောင်မြင်တယ်လို့ခေါ်တာ မဟုတ်ပါဘူး။ အများအကျိုးကို ကိုယ်တတ်စွမ်းတဲ့ အသိဉာဏ်ပညာ၊ ခွန်အားနဲ့ သယ်ပိုးထမ်းရွက်နေရင်း ဘဝမှာနေပျော်ခြင်းဟာလည်း အောင်မြင်ခြင်းပါပဲ.. ဒါကြောင့် မက်ဆေ့ပို့တဲ့သူငယ်ချင်းကိုရော အဲဒီတုန်းက ကျွန်မချောင်းချောင်းကြည့်ပြီး အားကျခဲ့တဲ့သူငယ်ချင်းတွေကိုရော ပြောချင်ပါတယ်.. I do proud of you guys too ပါလို့....

*** ဖေ့စဘုတ်ကို တစ်ခါခါ သိပ်ကျေးဇူးတင်တယ်... မျက်နှာချင်းဆိုင်ရင်တောင် ပြောဖြစ်မှာမဟုတ်တဲ့ ရင်ထဲကစကားတွေ၊ တစ်ချိန်တုန်းက ကိုယ့်ခံစားချက်တွေကို သက်ဆိုင်သူတွေသိအောင် ဖွင့်ပြောခွင့်ပေးလို့လေ... smile emoticon

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။