"It + seem + adjective /noun + to V1 "
*********************************
It seem ရဲ့ တွဲပြီး အသုံးပြုရတဲ့ ဝါကျလေးတွေ လေ့လာကြည့်ကြရအောင်......
*********************************
It seem ရဲ့ တွဲပြီး အသုံးပြုရတဲ့ ဝါကျလေးတွေ လေ့လာကြည့်ကြရအောင်......
It seem ဆိုတာကတော့ ဖြစ်ပေါ်ပုံရတယ်..ထင်ရတယ်..လို့ ဆိုလိုပါတယ်..
It seem ရဲ့ နောက်က Adjective / noun နဲ့ ဆက်ရေးပြီး to နဲ့ Verb 1 phrase စာကြောင်းထက်တွဲပေးရပါမယ်...
ဥပမာ-
(၁) ထပ်ကြိုးစားမယ်ဆို သင့်တော်ပုံရပါတယ်...ဆိုပါစို့။
စာကြောင်းရေးမယ်ဆိုရင်
ထပ်ကြိုးစားမယ်ဆို- to try again
သင့်တော်ပုံရပါတယ်- It seems reasonable
It seems reasonable to try again.
ထပ်ကြိုးစားမယ်ဆို သင့်တော်ပုံရပါတယ်။
(၂) တိုက်ခန်းတစ်ခန်းဝယ်မယ်ဆို သင့်တော်ပုံရပါတယ်....ဆိုပါစို့။
တိုက်ခန်းတစ်ခန်းက - a flat
သင့်တော်သောက - reasonable
ဖြစ်ပုံရပါတယ်က- It seem
ဝယ်မယ်ဆို / ဝယ်ရန်က - to buy
စာကြောင်းရေးမယ်ဆိုရင်-
It seems reasonable to buy a flat.
တိုက်ခန်းတစ်ခန်းဝယ်မယ်ဆို သင့်တော်ပုံရပါတယ်။
(၃) ဒီကစားနည်း ကစားရတာ ပျော်စရာကောင်းပုံရပါတယ်...ဆိုပါစို့။
ဒီကစားနည်းက= this game
ပျော်စရာကောင်းတာက - enjoyable
ကစားတာက - to play
ဖြစ်ပုံပေါ်တာက - It seem
စာကြောင်းရေးမယ်ဆိုရင်
It seems enjoyable to play this game.
ဒီကစားနည်း ကစားရတာ ပျော်စရာကောင်းပုံပေါ်ပါတယ်။
(၄) ဆက်ရုန်းကန်မယ်ဆိုရင် သိပ်အကျိုးထူးပုံမရဘူး။
It doesn't seem much use to go on struggling.
(၅) ကလေးကို အပြစ်ပေးတာ မသင့်တော်ဘူးလို့ ထင်ရတယ်။
It seems unreasonable to punish the child.
(၆) သူတို့ကို ဂိုးသွင်းရတာ ခက်ခဲပုံရပါတယ်။
It seemed difficult to score against them.
(၇) သူတို့ကို နိုင်ဖို့ ဖြစ်နိုင်ပုံထင်ရတယ်။
It seems possible to beat them.
(၈) ထပ်ပြီးရှုံးတာ စိတ်မကောင်းစရာပဲလို့ ထက်ရတယ်။
It seemed a pity to lose again.
(၉) ဒီလိုကျော်ကြားမှုမျိုးရတာ အံ့သြစရာဖြစ်ပုံရတယ်။
It seemed surprising to achieve such fame.
(၁၀) တောင်ထွတ်ကို အောင်နိုင်ဖို့ မဖြစ်နိုင်ဘူး ထင်ရတယ်။
It seemed impossible to conquer the peak.
"ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ........."

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။