Idiots ရဲ့သီချင်းတွေထဲမှာ copy နဲ့ owntune ဘယ်ဟာ ပိုများလဲ။ Idiots copy မဆိုပါဘူး။
The Calling ရဲ့ Whatever You Will Go ကို ပြန်ဆိုဖြစ်တာကရော။
ဒါ Idiots band နဲ့ မဆိုင်ပါဘူး။ Idiots မဖွဲ့ခင် ၈ တန်းနှစ်လောက်က လုပ်ထားတာပါ။ အဲဒီတုန်းက ချာတိတ်ဆိုတော့ ဘာမှ မစဉ်းစားတတ်ဘဲ လုပ်ချင်စိတ်များပြီး လုပ်လိုက်တာ။ နောက် Idiots ဖွဲ့ပြီး ပွဲတော် (CD.VCD) ထွက်လာပြီးမှ အဲဒီအခွေ ထွက်လာတော့ Idiots copy ဆိုတယ် ထင်သွားကြတာ။ Copy ဆိုဖို့ နောက် အစီအစဉ်လုံးဝ မရှိပါဘူး။
မဂ္ဂဇင်းတွေထဲမှာ Emo Fashion ဆိုပြီး ဓာတ်ပုံတွေ ရိုက်တာတွေ့ရတယ်။ အစ်ကို Emo လား။ Emo music အကြောင်း နည်းနည်းရှင်းပြပေးပါဦး။ Emo band တွေထဲက ကြိုက်တဲ့ Band တွေ ပြောပါဦး။
ကျွန်တော် emo fashion ကိုတော့ သဘောကျပါတယ်။ Emo Music ကိုတော့ ကျွန်တော်နဲ့ မကိုက်လို့ နားထောင်ဖြစ်ရုံလောက်ပါပဲ။ Emo ဆိုတာ ကျွန်တော်သိသလောက်တော့ ၁၉၉၀ ၀န်းကျင်လောက်က ထွက်တဲ့ Embrace တို့၊ Rites of spring တို့လို band တွေက စတယ်လို့ ကြားဖူးတယ်။ ခုခေတ် Emo တွေနဲ့ သိပ်မတူဘူး။ Hardcore Punk တစ်မျိုးပဲ ထင်တယ်။ ခုနောက်ပိုင်းမှ Fashion တွေ၊ hair-style တွေနဲ့ တွဲလာပြီးမှ emo trend က ပိုခေတ်စားလာတာ။ Style ကလည်း မိတယ်ဆိုတော့လေ။ My Chemical Romance တို့ Fall Out Boy တို့ကို ကြည့်လိုက်ရင် emo music အကြောင်း ပိုနားလည်သွားမှာပါ။
(Idiots band ရဲ့ front man ဖြစ်တဲ့ Raymond အား အလင်္ကာမှ အင်တာဗျူး April,2008 )
Credit by -We Love Music

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။