Facebook က News Feed မှာ
အလိုအလျှောက် ဗီဒီယိုများ ဖွင့်ပေးထားတဲ့ စွမ်းဆောင်ချက်ကို
ထည့်သွင်းပေးထားတာကြာပြီဖြစ်ပြီး အနောက်နိုင်ငံနဲ့ အခြားနိုင်ငံများမှာ
အရင်ဆုံး မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာလည်း Auto Play Video
များကို မိတ်ဆက်လိုက်ပါပြီ။ ဗီဒီယိုများဟာ သင့်ရဲ့ မိုဘိုင်းဒေတာကို
ကုန်ကျစေတဲ့ အတွက် အလိုအလျှောက် ဖွင့်ပေးခြင်းဟာလည်း မလိုလားအပ်တဲ့
အချက်ဖြစ်လာပါတယ်။ ဒါပေမယ့် Facebook က ဗီဒီယိုများ အလိုအလျှောက် ဖွင့်ပေးတာကို မနှစ်သက်သူများအတွက် ရွေးချယ်ခွင့်ကို ပေးထားပါတယ်။
ပီစီ
ပီစီမှာ ဆိုရင် Facebook Home Page ရဲ့ ညာဘက်အပေါ်ထောင့်မှ Drop-Down Arrow ကို နှိပ်ပါ။ Settings ထဲသွားပါ။
ဘယ်ဘက်အောက်မှ Videos လင့်ထဲသွားပါ။
Auto-play Videos ရဲ့ ညာဘက်မှ Default ခလုတ်ကို နှိပ်ပြီး Off ကို ပြောင်းပေးပါ။
မိုဘိုင်း
---------
မိုဘိုင်းဖုန်းမှာ ဆိုရင်တော့ ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။ အောက်ကို
ဆင်းပြီး App Settings ထဲသွားပါ။ Videos play automatically ကို နှိပ်ပါ။
နောက်အဆင့်မှာ Off ကို ရွေးပေးပါ။ WiFi Only ကို ရွေးရင်တော့
ဝိုင်ဖိုင်ချိတ်ဆက်မိတဲ့ အချိန်မှသာ ဗီဒီယိုများကို အလိုအလျှောက်
ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် သင့်ရဲ့ မိုဘိုင်းဒေတာ ကုန်ကျမှာကို
မစိုးရိမ်ရပါဘူး။
http://www.myanmardigitallife.com





No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။