လယ်သမားနဲ့ မြေခွေး (အီစွတ်ပုံပြင်)
=========================
တစ်ခါက မြေခွေးတစ်ကောင်ဟာ လယ်သမားတစ်ယောက်ရဲ့ ကြက်ခြံထဲက ကြက်တွေကို အမြဲလိုလို ၀င်ဆွဲလေ့ရှိတယ်။ အဲဒီလို လုပ်နေတဲ့အတွက် လယ်သမားဟာ မြေခွေးကို အင်မတန်မှ မုန်းတီးစက်ဆုတ်ခဲ့ပါသတဲ့။ မြေခွေးကို အမိဖမ်းမိရင်တော့ ကောင်းကောင်း လက်စားချေဖို့အတွက် တေးမှတ်ထားတယ်။
တစ်နေ့တော့ လယ်သမားဟာ မြေခွေးကို ထောင်ချောက်ဆင်ပြီး အမိဖမ်းလိုက်နိုင်တယ်။ အဲဒီအခါမှာတော့ သူဟာ ကြိုးတစ်ချောင်းကို ဆီအိုးထဲမှာ ရွှဲနစ်နေအောင်စိမ်လိုက်တယ်၊ ပြီးတဲ့အခါ မြေခွေးအမြီးမှာ ပူးချည်ပြီး မီးရှို့လိုက်တော့တယ်။
မီးလောင်နေတဲ့မြေခွေးဟာ လယ်သမားရဲ့ ရိတ်သိမ်းလုဆဲဆဲ ဂျုံခင်းထဲကို ဖြတ်ပြေးခဲတယ်။ အဲဒီအခါမှာတော့ လယ်သမားတစ်ရာသီလုံး ကြိုးစားစိုက်ပျိုးလာခဲ့ရတဲ့  ဂျုံခင်းတစ်ခုလုံးမီးလောင်သွားခဲ့ရတယ်။
----
တစ်ခါတစ်လေမှာ ကျနော်တို့တွေရဲ့ ဘ၀မှာ မြေခွေးလိုလူမျိုးတွေကို ခဏခဏကြုံဆုံလာရလေ့ရှိတယ် ကိုယ်အမြတ်တနိုးထားတဲ့၊ အရာတွေကို တောက်လျှောက် ပုတ်ခတ် သူတွေလည်း ရှိကောင်းရှိမယ်။ ကိုယ်အလေးအမြတ်ထားရတဲ့ ပုဂ္ဂိုလ်တွေကို မကြာခဏ စော်ကားလာသူတွေလည်း တွေ့ကြုံရမယ်။ ကိုယ်အမြတ်တနိုးစုဆောင်းထား တဲ့ ငွေကြေးတွေကို မကြာခဏ ခေါင်းပုံဖြတ်လာတဲ့ လူတွေလည်း တွေ့လာရမယ်။
တရားမျှတမှုကို လိုလားတဲ့ လူတွေရဲ့ ပင်ကိုယ်သဘာဝအရ လက်စားခြေလိုတဲ့စိတ်နဲ့ ကျွန်တော်တို့ တုန့်ပြန်မိကောင်း တုန့်ပြန်မိမယ်။ လက်စားခြေလိုတဲ့စိတ်နဲ့ လောင်မြိုက်နေကောင်းလောင်မြိုက်နေလိမ့်မယ်။ တရားမျှတမှုကို ကိုယ်တိုင်ပြင်းပြင်းပြပြ လိုချင်ကောင်း လိုချင်နေလိမ့်မယ်။
ဒါပေမယ့် ကျနော်တို့ဟာ တရားမျှတခြင်းအတွက် လက်တုန့်ပြန်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်ဂုဏ်သိက္ခာ စတဲ့ အခြားအခြားသော ကိုယ်မြတ်နိုးတဲ့အရာတွေကို ဆုံးရှုံးရတတ်တယ်။ လယ်သမားရဲ့ ဂျုံခင်းကြီးမီးလောင်ရသလို ဘ၀တစ်ခုလုံကိုတောင် ထိခိုက်နိုင်သေးတယ်။
ဒါကြောင့် ကျနော်တို့ဟာ သတိလက်လွတ် တုန့်ပြန်ခါနီးတိုင်း ဖြစ်လာမယ့် consequences တွေကို အရင်ဆုံး ဆင်ခြင်ဖို့ လိုအပ်မယ်။
ဒီပုံပြင်ရဲ့ အဓိကပြေချင်တဲ့အချက်ကတော့ Your act of revenge may destroy what you care for.ပဲဖြစ်တယ်။
တရားမျှတခြင်းများ လွှမ်းမိုးပါစေ
(ဖြိုးသုတ)
=========================
တစ်ခါက မြေခွေးတစ်ကောင်ဟာ လယ်သမားတစ်ယောက်ရဲ့ ကြက်ခြံထဲက ကြက်တွေကို အမြဲလိုလို ၀င်ဆွဲလေ့ရှိတယ်။ အဲဒီလို လုပ်နေတဲ့အတွက် လယ်သမားဟာ မြေခွေးကို အင်မတန်မှ မုန်းတီးစက်ဆုတ်ခဲ့ပါသတဲ့။ မြေခွေးကို အမိဖမ်းမိရင်တော့ ကောင်းကောင်း လက်စားချေဖို့အတွက် တေးမှတ်ထားတယ်။
တစ်နေ့တော့ လယ်သမားဟာ မြေခွေးကို ထောင်ချောက်ဆင်ပြီး အမိဖမ်းလိုက်နိုင်တယ်။ အဲဒီအခါမှာတော့ သူဟာ ကြိုးတစ်ချောင်းကို ဆီအိုးထဲမှာ ရွှဲနစ်နေအောင်စိမ်လိုက်တယ်၊
မီးလောင်နေတဲ့မြေခွေးဟာ လယ်သမားရဲ့ ရိတ်သိမ်းလုဆဲဆဲ ဂျုံခင်းထဲကို ဖြတ်ပြေးခဲတယ်။ အဲဒီအခါမှာတော့ လယ်သမားတစ်ရာသီလုံး ကြိုးစားစိုက်ပျိုးလာခဲ့ရတဲ
----
တစ်ခါတစ်လေမှာ ကျနော်တို့တွေရဲ့ ဘ၀မှာ မြေခွေးလိုလူမျိုးတွေကို ခဏခဏကြုံဆုံလာရလေ့ရှိတယ် ကိုယ်အမြတ်တနိုးထားတဲ့၊ အရာတွေကို တောက်လျှောက် ပုတ်ခတ် သူတွေလည်း ရှိကောင်းရှိမယ်။ ကိုယ်အလေးအမြတ်ထားရတဲ့ ပုဂ္ဂိုလ်တွေကို မကြာခဏ စော်ကားလာသူတွေလည်း တွေ့ကြုံရမယ်။ ကိုယ်အမြတ်တနိုးစုဆောင်းထား
တရားမျှတမှုကို လိုလားတဲ့ လူတွေရဲ့ ပင်ကိုယ်သဘာဝအရ လက်စားခြေလိုတဲ့စိတ်နဲ့ ကျွန်တော်တို့ တုန့်ပြန်မိကောင်း တုန့်ပြန်မိမယ်။ လက်စားခြေလိုတဲ့စိတ်နဲ့ လောင်မြိုက်နေကောင်းလောင်မြ
ဒါပေမယ့် ကျနော်တို့ဟာ တရားမျှတခြင်းအတွက် လက်တုန့်ပြန်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်ဂုဏ်သိက္ခာ စတဲ့ အခြားအခြားသော ကိုယ်မြတ်နိုးတဲ့အရာတွေကို ဆုံးရှုံးရတတ်တယ်။ လယ်သမားရဲ့ ဂျုံခင်းကြီးမီးလောင်ရသလို ဘ၀တစ်ခုလုံကိုတောင် ထိခိုက်နိုင်သေးတယ်။
ဒါကြောင့် ကျနော်တို့ဟာ သတိလက်လွတ် တုန့်ပြန်ခါနီးတိုင်း ဖြစ်လာမယ့် consequences တွေကို အရင်ဆုံး ဆင်ခြင်ဖို့ လိုအပ်မယ်။
ဒီပုံပြင်ရဲ့ အဓိကပြေချင်တဲ့အချက်ကတော့ Your act of revenge may destroy what you care for.ပဲဖြစ်တယ်။
တရားမျှတခြင်းများ လွှမ်းမိုးပါစေ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။