Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 18, 2015

လယ်သမား၏သမီးငယ်

လယ်သမား၏သမီးငယ်
--------------------------
တစ်ခါက ဆင်းရဲတဲ့လယ်သမားတစ်ဦးရှိပါသတဲ့..။ သူရဲ့တစ်နှစ်စိုက်ပျိုးသီးနှံရောင်းရသမျှဝင်ငွေဟာ အပိုအလျှံမရှိပဲ..တစ်နှစ်ပြီးတစ်နှစ်လည်ပတ်နေရရှာတယ်..။ လယ်သမားမှာ ချောမောလှပတဲ့ သမီးလေးတစ်ယောက်လည်းရှိတယ်..။ သူနေတဲ့ရွာမှာတော့ သူ့ရဲ့ အလှဂုဏ်သတင်းဟာ ကာလသားတိုင်းရဲ့ ပါးစပ်ဖျားမှာရေပန်းစားတယ်...။

ရာသီဥတုဆိုးဝါးလှတဲ့ရာသီတစ်ခုမှာတော့ လယ်သမားရဲ့စိုက်ပျိုးသီးနှံတွေအကုန်လုံးပျက်စီးကုန်ခဲ့တယ်..။ အဲဒီအခါ ရွာမှာရှိတဲ့ ငွေတိုးချေးစားတဲ့..သူဌေးတစ်ယောက်ဆီမှာငွေချေးရရှာတယ်..။ သူဌေးဟာ ငွေကြေးကလွဲပြီး ကျန်တာတွေအားလုံးဆင်းရဲသူသာဖြစ်တယ်။ ရုပ်ရည်ကလည်းဆိုးတဲ့အပြင်.. စိတ်ကောင်းမရှိပြီး အမြတ်ကြီးစာသူ တစ်ယောက်သာလျှင်ဖြစ်တယ်..။

နှစ်ကုန်လို့ အကြွေးပြန်ဆပ်ရမယ့်နေ့မှာ.. သူချေးယူထားတဲ့ကြွေးမြီရဲ့အတိုးကြောင့် လယ်သမားခင်ဗျာ..ကြွေးမဆပ်နိုင်ဖြစ်နေခဲ့ရတယ်..။ သူ့အနေနဲ့နောက်ထပ်တစ်နှစ်အကြွေးထပ်ထားခဲ့ရင်လည်း..သူ့လယ်တောတစ်ခုလုံးကို အကြွေးရှင်ရဲ့လက်ထဲကို ပေးအပ်ရမယ့်အခြေအနေဖြစ်လာပြန်တယ်။
တစ်နေ့တော့ကြွေးရှင်ဟာ လယ်သမားဆီကို ရောက်လာပြီးဒီလိုပြောတယ်..။

"ခင်ဗျားရဲ့ သမီးလေးကို ကျုပ်နဲ့ပေးစားမယ်ဆိုရင်..အကြွေးတွေလျှော်ပေးမယ်.."

အဲဒီအခါလယ်သမားက တူးတူးခါးခါးပဲ ငြင်းဆန်လိုက်တယ်..။ ချစ်တီးကုလားဟာ မကျေမချမ်းနဲ့ပြန်သွားပေမယ့်..လက်လျော့မယ့်ပုံတော့ မပေါက်ဘူး..။
နောက်တစ်နေ့မှာလည်း.. အကြွေးရှင်သူဌေးရောက်လာပြန်တယ်..။ ဒီတစ်ခါတော့သူဟာ..လယ်သမားရော ..သူ့သမီးလေးရောကိုပါ. လမ်းလျှောက်ရင်းစကားပြောဖို့ လာရောက်ခေါ်ဆောင်တယ်။
သူတို့သုံးယောက်ဟာ လယ်သမားရဲ့ လယ်တောကိုသွားတဲ့ ကျောက်ခင်းလမ်းကလေးမှာ အတူတကွ လမ်းလျှောက်ရင်းစကားပြောကြတယ်..။ သူတို့လမ်းလျှောက်သွားရင်း.. ကျောက်ခင်းလမ်းတစ်နေရာမှာ.. အကြွေးရှင်သူဌေးက ရပ်နားလိုက်တယ်..ပြီးတော့..သူကဒီလိုပြောတယ်..

"ဒီအတိုင်းတော့ ကျနော့်ရဲ့အကြွေးတွေကို လျော်မပေးနိုင်ဘူး၊ ခင်ဗျားတို့တစ်ခုခုတော့လုပ်ပေးမှ ရမယ်။ ခင်ဗျားတို့ကို ရွေးချယ်ခွင့်တော့ပေးထားမယ်။ နံပါတ်တစ် အနေနဲ့က.. ခင်ဗျားသမီးလေးကို ကျနော်နဲ့ လက်ထပ်ပေးရမယ်၊ အကြွေးတွေကိုလည်းလျော်ပေးမယ်။ နံပါတ်နှစ်ကတော့ ခင်ဗျားသမီးကျနော်နဲ့ လက်ထပ်စရာမလိုပဲ အကြွေးတွေကို လျော်ပေးမယ်။ အဲဒီမှာ.. နံပါတ်တစ်က ကျောက်စရစ်ခဲအမည်းကို ကိုယ်စားပြုမယ်။ နံပါတ် နှစ်က ကျောက်စရစ်ခဲ အဖြူပေါ့ဗျာ..။ ဟောဒီကျောက်ပုံထဲက.. ကျောက်တုံးနှစ်တုံးကို အိတ်ထဲထည့်ပြီး.. ခင်ဗျားရဲ့သမိးလေးကို နှိုက်ခိုင်းမယ်..။ အဖြူကျမလား.. အမည်းကျမလားဆိုတာတော့ ကံတရားက အဆုံးအဖြတ်ပေးလိမ့်မယ်"..

လယ်သမားဟာ. စိတ်ဖိစီးမှုတွေနဲ့ ချွေးစေးပြန်လာခဲ့တယ်.. လက်ဖျားခြေဖျားတွေမှာ သွေးမလျောက်တော့သလို ဖြစ်လာခဲ့တယ်.. သူချစ်တဲ့သမီးလေးကို လက်လွှတ်ဖို့ ကံကြမ္မာ ဖန်လာတာလားလို့တွေးတောဝမ်းနည်းလာတယ်..။ တကယ်လို့ သူတို့သားအဖနှစ်ယောက်ဟာ ကျောက်စရစ်ခဲအမည်းရောင်ကို ရွေးချယ်မိခဲ့ရင်တော့..သူနှလုံးသည်းပွတ် ကွဲကြေမှာသေချာတယ်..။ ကျောက်စရစ်ခဲအမည်းနဲ့အဖြူဟာ ထက်ဝက်စီအချိုးနဲ့သူတို့ကံတရားကို အဆုံးအဖြတ်ပေးကြတော့မှာဖြစ်တယ်။ ကျောက်စရစ်ခဲအဖြူကျပါစေလို့ပဲ ဆုတောင်းနေမိခဲ့တယ်..။

သူဌေးဟာပြောပြောဆိုဆိုနဲ့.. ကျောက်စရစ်ပုံထဲက ကျောက်တုံးနှစ်တုံးကိုယူပြီး အိတ်ထဲကို ထည့်လိုက်တယ်..။ မျက်စေ့ရှင်တဲ့ သမီးလေးက.. သူဌေးရဲ့ ကလိမ်ကျမှုကို မြင်ဖြစ်အောင်မြင်လိုက်တယ်..။ အဲဒါကတော့ သူဌေးဟာ ကျောက်စရစ် အဖြူတစ်ခဲ၊ အမည်းတစ်ခဲရွေးရမယ့်အစား.. ကျော်စရစ်အမည်းနှစ်ခဲကို ယူပြီး အိတ်ထဲကို ထည့်လိုက်တာပဲဖြစ်တယ်..။ လယ်သမားကတော့..အဲဒီအဖြစ်အပျက်ကို မမြင်လိုက်မိဘူး..။
ကလေးမလေးဟာ..ဘာမှမပြောပဲ....သူဌေးကိုစေ့စေ့ကြည့်တယ်... ပြီးတော့ လှပစွာပဲပြုံးရင်းနဲ့အနားကပ်လာတယ်...

ပြီးတော့.. ပေါ့ပေါ့ပါးပါးလေးပဲ..အိတ်ထဲကိုနှိုက်လိုက်တယ်..... ပြီးတော့ကျောက်ခဲကို ကြည့်တောင်မကြည့်ပဲ ကျောက်စရစ်ခဲပုံထဲကို လွှင့်ပစ်လိုက်တယ်...
ပြီးတော့ ဒီလိုပြောတယ်..

"အိတ်ထဲက ကျောက်ခဲက ဘာရောင်လဲဆိုတာ ရှင်ဘာရှင်ပဲကြည့်လိုက်တော့..။ ဒါဆို ကျမ ဘာရွေးခဲ့သလဲဆိုတာကိုလည်း ရှင့်ဟာရှင်ပဲ..သိလိုက်တော့"

လို့ပြောခဲ့တယ်..။

သူဌေးဟာ.. အံ့သြမှုတွေနဲ့ဆွံ့အနေခဲ့တယ်.. ။ သူ့ရဲ့မရိုးသားမှုကိုလည်း ရှက်ရွံ့နေခဲ့တော့တယ်..။
------------------------------------------

ဒီပုံပြင်ဟာ.. moral stories ဆိုတဲ့ စာရိတ္တ ပြုပြင်ရေး ပုံပြင်တွေထဲက.. လူသိများတဲ့ ပုံပင်တစ်ပုဒ်ဖြစ်တယ်..။

impossible situation (မျှော်လင့်ချက်ကင်းမဲ့သောအခြေအနေ) တစ်ခုကနေ အားသာချက်တစ်ခုကို ဥာဏ်ပညာနဲ့ ကူးပြောင်းနိုင်တယ်လို့ ဆိုလိုချင်တာပဲဖြစ်တယ်။

တစ်ကယ်လို့ဘ၀တစ်ကွေ့မှာ အကြပ်အတည်းကန့်သတ်ချက်တွေနဲ့ ကိုယ့်ရဲ့တက်လမ်း နဲ့ ရပိုင်ခွင့်တစ်စုံတစ်ရာကို လိမ်ညာလှည့်ဖျားပြီး ညစ်ပတ်ထားသူတွေ ကြုံကောင်းကြုံလာနိုင်မှာပဲဖြစ်တယ်..။ အဲဒီလိုအချိန်မျိုးကြုံလာခဲ့တဲ့အခါ... လယ်သမားကြီးလို ရင်တုန်ပန်းတုန်နဲ့ကြောက်လန့်မနေပဲ ခေါင်းအေးအေးထားပြီးအကောင်းဆုံးအဖြေကို ရှာသင့်တယ်လို့ဆိုတယ်

Most problems do have a solution, sometimes we just need to think in a different way.

ဆိုတဲ့စကားလို..မတူကွဲပြားတဲ့နည်းလမ်းတစ်ခုကို စဉ်းစားပြီး အဖြေထုတ်နိုင်တယ်လို့ဆိုတယ်..

အကြပ်အတည်းများကြုံရခြင်းမှ ကင်းကွာကြပါစေ..
(ဖြိုးသုတ)

P.S သူငယ်ချင်းတို့ကို..တစ်ခုထပ်မေးချင်တယ်.. ဒီပုံပြင်ကို ဖတ်မိတိုင်း ကျနော် တစ်စုံတစ်ယောက်ကို မြင်ယောင်မိတယ်။ သူက တမင်ရည်ရွယ်ပြီးကန့်သတ်ထားတဲ့အရာတစ်ခု၊ အများက မဖြေရှင်းနိုင်ဘူးလို့ ထင်ထားတဲ့ တားမြစ်ချက်ကြီးတစ်ခုကို စကားတစ်လုံးတည်းနဲ့ ချေဖျက်သွားနိုင်ခဲ့တယ်။ သိပ်မကြာသေးဘူး။ အဲဒါဘယ်သူဖြစ်မလဲ ?
— with စိုးထက် ဖြိုး.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။