Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 18, 2015

အမြင့်ဆုံးပျံသန်းပါ

အမြင့်ဆုံးပျံသန်းပါ
-------------------
တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ အင်မတန်လှပသန်စွမ်းတဲ့ သိန်းငှက် နှစ်ကောင်ကို လက်ဆောင်ပဏ္ဍာအဖြစ် ရရှိခဲ့ပါသတဲ့...။ သိန်းငှက်နှစ်ကောင်ဟာ အမဲလိုက်သိန်းငှက်တွေဖြစ်ပြီး၊ ဘုရင်ကြီးရဲ့တစ်သက်တာလုံးမှာ အဲသည်လောက်လှပတဲ့ငှက်မျိုး မရှိဘူးလို့ ထင်ရတဲ့အထိ သိန်းငှက်တွေဟာ လှပလွန်းခဲ့တယ်။ ဘုရင်ကြီးဟာ အဖိုးထိုက်တန်လှတဲ့ သူ့ရဲ့ သိန်းငှက် နှစ်ကောင်အတွက် အလွန်တော်တဲ့ တိရစ္ဆာန်လေ့ကျင့်ပေးသူ တစ်ယောက်ကိုပါ ခန့်အပ်ခဲ့ပါသတဲ့..။

ဒီလိုနဲ့လအနည်းငယ် ကြာမြင့်တဲ့အခါ သိန်းငှက် လေ့ကျင့်ပေးသူက ဘုရင်ကြီးကို ဒီလိုတင်လျှောက်ပါသတဲ့

"အရှင်မင်းကြီး၊ အရှင့်ရဲ့သိန်းငှက် နှစ်ကောင်အနက် တစ်ကောင်သည်သာ လှပထည်ဝါစွာ ပျံသန်းပါတယ်ဘုရာ့၊ အခြားတစ်ကောင်ကတော့ သူ့ရဲ့အကိုင်းမှာသာ ဒီကနေ့အထိ နားနေလျက် ရှိပါတယ်ဘုရား"

ဘုရင်ကြီးဟာ အင်မတန်စိုးရိမ်သွားခဲ့တယ်။ သူ့ရဲ့သိန်းငှက်တစ်ကောင်ဟာ နေထိုင်မကောင်း ဖြစ်နေလို့သာ ပျံသန်းခြင်း မရှိတာလို့ ထင်နေခဲ့ပြန်တယ်။ ဒါကြောင့်သူဟာ နန်းတွင်းသမားတော်တွေ၊ အထက်လမ်း/အောက်လမ်းမှော်ဆရာတွေ အကုန်လုံးကို ဆင့်ခေါ်လိုက်ပြီး သူ့ရဲ့သိန်းငှက် ပျံသန်းစေဖို့အတွက်.. ကုစားစေတယ်။

ဒါပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဘုရင်ကြီးရဲ့ သိန်းငှက်ကို ပျံသန်းဖို့ မစွမ်းဆောင်နိုင်ဘဲ ဖြစ်နေရပြန်တယ်။ လပေါင်းတော်တော်ကြာတဲ့အထိ ကုသနိုင်မယ့်သူမရှိဘဲ.. ဖြစ်နေခဲ့တယ်။ သိန်းငှက်ဟာလည်း သစ်ကိုင်းပေါ်မှာ နားမြဲနားနေခဲ့ပြန်တယ်။

နောက်ဆုံးမှာတော့ ဘုရင်ကြီးဟာ.. သူ့ရဲ့ တိုင်းနိုင်ငံမှာလှည့်လည်ပြီး သိန်းငှက်ကို ပျံသန်းအောင်လုပ်နိုင်သူကို ရှာဖွေစေတယ်။ ဘုရင်ကြီးရဲ့ ငယ်သားတွေလည်း ကြိုးစားပမ်းစားရှာဖွေကြတယ်။ တစ်ကြိမ်မှာတော့ သူတို့ဟာ "သာမန်လယ်သမား" တစ်ယောက်ကို တွေ့ခဲ့တယ်။

အဲဒီလယ်သမားက

"အရှင်တို့၊ ဘုရင်မင်းမြတ်ကြီးရဲ့ သိန်းငှက်ကို ပျံသန်းသွားအောင် ကျွန်တော်မျိုးဆောင်ရွက်နိုင်ကြောင်းပါ"

လို့ ပြောခဲ့တယ်။ ဘုရင်ကြီးရဲ့ ငယ်သားတွေဟာ လယ်သမားကို ဘုရင့်ဥယျာဉ်ကိုခေါ်ဆောင်လာတယ်။ အဲဒီနောက် မပျံသန်းတဲ့သိန်းငှက်ကို ပြသပြီး နောက်တစ်နေ့မနက်မှာ ပျံသန်းနေတာကို မြင်ချင်ကြောင်း၊ မဆောင်ရွက်နိုင်ပါက ကွက်မျက်ခံရမည်ဖြစ်ကြောင်းပြောဆိုထွက်ခွာသွားခဲ့ကြတယ်။

နောက်တစ်နေ့မနက်မှာတော့ ဘုရင်ကြီးဟာ လေသာပြူတင်းကနေ ဥယျာဉ်တော်ကို ငေးမော ကြည့်ရှုခဲ့တယ်။ အဲဒီအချိန်မှာတော့ သူ့ရဲ့ ငှက်နှစ်ကောင်လုံးဟာ ဥယျာဉ်တော်ပေါ်မှာ လှပစွာ ပျံဝဲနေတာကို တွေ့ခဲ့ရတယ်။ ဘုရင်ကြီးဟာ အံ့သြကြီးစွာနဲ့ အပါးတော်မြဲအမတ်ကို ဒီလိုပြောတယ်

"မောင်မင်းတို့ ဘယ်လိုလုပ်ပြီး သိန်းငှက်ကို ပျံသန်းစေသလဲ"

အဲဒီအခါ အမတ်က

"မှန်ပါ့၊ ကျေးတောသားလယ်သမားတစ်ယောက်ကြောင့်ပါဘုရာ့"

လို့ လျှောက်တင်တယ်။ ဘုရင်ကြီးက

"လယ်သမားကိုရှေ့တော်မှောက်သွင်းစေ"

လို့မိန့်ကြားခဲ့တယ်။

အဲသည်လိုနဲ့ လယ်သမားဟာ မင်းကြီးရဲ့ရှေ့မှာ ခစားရောက်ရှိလာတယ်။ ဘုရင်ကြီးက

"လယ်သမား၊ အဘယ်သို့သော အတတ်နဲ့ သိန်းငှက်ကို ပျံသန်းစေပါသနည်း"

လို့မေးမြန်းတယ်။ လယ်သမားက

"အရှင်မင်းကြီး ကျွန်တော်မျိုးတွင် ထူးခြားသောအစွမ်းတစ်စုံတစ်ရာမှ မရှိပါဘုရား။ သိန်းငှက်ရဲ့ နားနေကျ သစ်ကိုင်းကိုသာ ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်ပါတယ်ဘုရား"

လို့ဖြေကြားခဲ့ပါသတဲ့..။
---------------------------------
ဒီပုံပြင်လေးဟာ..ကျနော်တို့ရဲ့ ပျံသန်းချင်စိတ် တစ်နည်းအားဖြင့် အောင်မြင်အောင် ကြိုးစားလိုစိတ် အကြောင်းကို ပြောပြနေခဲ့တယ်။ ကျနော်အပါအ၀င် စာရှုသူတို့ဟာ ပျံသန်းနိုင်ကြသူများသာလျင်ဖြစ်တယ်လို့ဆိုတယ်။ ဘုရင်ကြီးရဲ့သိန်းငှက်ဟာ နားနေကျ သစ်ကိုင်းမှာသာ စွဲမြဲထိုင်နေတတ်သလို၊ ကျနော်တို့ဟာလည်း လက်ရှိ အခြေအနေမှာ မိန်းမော သာယာနေတတ်ကြသူများသာလျင်ဖြစ်တယ်။ တစ်နည်းအားဖြင့် လက်ရှိအခြေအနေကို ရောင့်ရဲဖက်တွယ်နေသူများဟာ အောင်မြင်သူများဖြစ်လာမှာမဟုတ်ဘူးလို့ဆိုလိုရင်းဖြစ်တယ်။

တစ်ခါတစ်ရံမှာ လူတွေဟာ သိန်းငှက်ရဲ့သစ်ကိုင်းနဲ့တူတဲ့ ဘ၀ပေးအခြေအနေတစ်ခုကို မှီတွယ်ပြီး ရှိရင်းစွဲ အစွမ်းအစ၊ အရည်အချင်းတွေ ပျောက်ကွယ်နေတတ်သေးတယ်လို့ဆိုတယ်။ တစ်စုံတစ်ရာသော လောကဓံရဲ့ ရိုက်ပုတ်မှုကြောင့် ရရှိထားတဲ့ ကံကောင်းခြင်းတွေ ပျောက်ကွယ်ခဲ့ပြီဆိုရင်တော့ .. သိန်းငှက်ရဲ့ပျံသန်းခြင်းလို.. စတင်ကြိုးစားရုန်းကန် ရမှာပဲဖြစ်တယ်။ အဲဒီလိုရုန်းကန်ရင်းနဲ့ အမြင့်ဆုံးနေရာကို ရောက်နိုင်မှာပဲဖြစ်တယ်။ တစ်ကယ်လို့များ.. နားစရာမှီခိုစရာသစ်ကိုင်းလည်းမရှိ၊ ပျံသန်းခြင်းလည်း မလုပ်ဘဲ နေခဲ့ရင်တော့.. မြေပြင်နဲ့တူတဲ့ ဒုက္ခတွင်းထဲကို သက်ဆင်းရမှာပဲဖြစ်တယ်..။

လောကဓမ္မတာအရ.. ကျေးဇူးရှင်မိဘနှစ်ပါးဟာ ကျနော်တို့ရဲ့သစ်ကိုင်းတွေပဲဖြစ်ကြပြန်တယ်.. ။ ကျနော်တို့ဘ၀ရဲ့ တစ်စိတ်တစ်ဒေသဟာ သစ်ကိုင်းနဲ့တူတဲ့ မိဘတွေကို မှီခိုရင်းနေထိုင်ခဲ့ကြတာပဲဖြစ်တယ်။ လုံလောက်တဲ့စွမ်းပကား နဲ့ အရည်အသွေးရှိလာတဲ့ တစ်ချိန်မှာတော့ ကျနော်တို့ဟာ သစ်ကိုင်းကိုမှီခိုမနေသင့်တော့ပဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ ပျံသန်းသင့်လာပြီဖြစ်တယ်။ အဲဒီလို ပျံသန်းသင့်ပါလျက် မပျံသန်းပဲ အကိုင်းကိုသာ ဆက်လက် မီခိုနေမယ်ဆိုရင်တော့.. အောင်မြင်ခြင်းကောင်းကင်ဟာ.. ဝေးကွာနေဦးမှာပဲဖြစ်တယ်။

“Believe in yourself! Have faith in your abilities! Without a humble but reasonable confidence in your own powers you cannot be successful or happy.”

ဆိုတဲ့စကားလို.. မိမိကိုယ်ကိုယုံကြည်ပါ။ မိမိရဲ့အရည်အချင်းကို ကိုးစားပါ။ မိမိကိုယ်ကို အထင်ကြီးခြင်းမရှိဘဲ၊ မိမိအရည်အချင်းကို မှန်ကန်စွာယုံကြည်ခြင်းလည်းရှိမယ် နောက်တွန့်တဲ့စိတ်ဓါတ်ကို ခွာချပြီး ယုံကြည်မှုနဲ့ ပျံသန်းနိုင်မယ်ဆိုရင်တော့.. လှပစွာပျံဝဲနိုင်မှာပဲဖြစ်တယ်...။

အမြင့်ဆုံးပျံသန်းနိုင်ကြပါစေ...
(ဖြိုးသုတ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။