Pacific Wave added 2 new photos.
မနေ့ကတင်တဲ့ Post တစ်ခုမှာ လူငယ်တစ်ယောက်ကစောဒကတက်ထားတာလေးရှိလို့ရှင်းပြလိုက်ပါတယ်။(သင်္ဘောသားလူသစ်သို့မဟုတ် Crew ဖြစ်မယ်ထင်ပါတယ်။ဒါကြောင့်သူစောဒကတက်တာလို့နားလည်မိပါတယ်။)
ကျတော့သင်္ဘောဟာ External Force ကြောင့် ၄၈ ဒီဂရီအထိစောင်းခဲ့တယ်။အဲဒါကို ၄၈ အထိစောင်းတာမဖြစ်နိုင်ဘူး။
၄၈ အထိစောင်းရင်သေချာပေါက်မှောက်ပြီ။Clinnometerကိုမှားကြည့်မိတာများလား ဆိုပြီးတော့ စောဒကတက်ထားတာလေးပါ။အခုသူစောဒကတက်လိုက်တာ သူ့အတွက်ရော လူသစ်တွေအတွက်ရော ဗဟုသုတလိုချင်တဲ့စာဖတ်သူတွေအတွက်ရော အရမ်းကောင်းသွားပါတယ်။အရာရှိတွေနဲ့သက်ဆိုင်ပေမယ့် အရာရှိစာဖြစ်ပေမယ့် Crewတွေပါသိသွားတော့ပိုကောင်းပါတယ်။
ရှင်းပြခွင့်ရလို့ပိုသိသွားကြတဲ့အတွက်ကြောင့်ပါ။ အမှန်တကယ်က သင်္ဘောတစ်စီးဟာ gm ,gz ကောင်းနေရင် မှောက်စရာအကြောင်းမရှိပါဘူး။Bafore sailing မှာ မိမိသင်္ဘောရဲ့ gm,gz ကိုသိထားဖို့လိုအပ်ပါတယ်။မိမိသင်္ဘောရဲ့ သိထားရမယ့် Interior condition ၇ ချက်ထဲမှာ gm,gzလည်းပါပါတယ်။gm ကောင်းနေရင် သင်္ဘောမမှောက်နိုင်သလို gm အောက်နေရင်တောင်မှ righting arm လို့ခေါ်တဲ့ gz ရှိနေသေးရင် မမှောက်နိုင်ပါဘူး။ဆရာတစ်ယောက်ကပြောဖူးတယ်။တစ်ခါက မြန်မာအရာရှိ ဖြစ်တဲ့ Chief Officer တာဝန်ထမ်းဆောင်နေတဲ့ Car Carrier (ကားတင်သင်္ဘော)တစ်စီးဟာ ၆၉ ဒီဂရီအထိlistဖြစ်သွားတယ်။မမှောက်ခဲ့ဘူး။နောက်ဆုံး တစ်ဖြေးဖြေး ၉၀ ဒီဂရီအထိတိမ်းစောင်းသွားခဲ့တာ လုံးဝ မမှောက်ခဲ့ပါဘူး။ဘာကြောင့်မမှောက်တာလဲဆိုရင် gm,gz ရှိနေသေးလို့မမှောက်တာပါ။gm,gzကသင်္ဘောရဲ့ဟန်ချက်ကိုထိန်းသွားတာပါ။သင်္ဘောတွေမှာgm,gz ဘယ်လောက်အထိရှိရမယ်ဆိုတာသတ်မှတ်ချက်ရှိပါတယ်။ဒါကြောင့်သင်္ဘောကိုစဆောက်ကတည်းက ပညာရှင်တွေဟာ သေချာတွက်ချက်ပြီးတည်ဆောက်ခဲ့ကြတာပါ။နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကောင်းမွန်တဲ့နည်းပညာတွေကို အခြေခံပြီးခေတ်မှီစွာတည်ဆောက်လာကြတာဖြစ်လို့သင်္ဘောတွေဟာလည်း တစ်ဖြည်းဖြည်းခေတ်မှီလာကြတယ်။သင်္ဘောတည်ဆောက်ပြီးသင်္ဘောမှာ Stability book ဆိုပြီးပါလာပါတယ်။Builder ကတစ်ပါတည်း သင်္ဘောနဲ့အတူ ထည့်ပေးလိုက်ပြီးသား။
သင်္ဘောတစ်စီးနဲ့တစ်စီးဟာ Stability book ချင်းမတူပါဘူး။သူ့ဟာနဲ့သူလာတာပါ။ဒီသင်္ဘောက Stability book ကိုကြည့်ပြီးအခြားသင်္ဘောကိုသွားတွက်လို့မရပါဘူး။
အဲဒီ Stability book let ဟာ သင်္ဘောရဲ့မရှိမဖြစ်ပါပဲ။အဒီစာအုပ်ထဲမှာသင်္ဘောအကြောင်းအသေးစိပ်အပြည့်အစုံပါဝင်ပါတယ်။ အရာရှိတစ်ယောက်ဟာ cargo အတင် အချ ဆီ/ရေအသွင်းအထုတ် interior /exterior condition စတာတွေအားလုံးပါပါတယ်။Stability book let ကိုကြည့်ပြီးမှ သင်္ဘောကို cargo operation လုပ်ရ ထိမ်းသိမ်းရတာပါ။ဒါကြောင့်
Stbility နဲ့ပါတ်သက်လို့ GM နဲ့ GZ အကြောင်းလေးကို အသေးစိပ် ရှင်းပြချင်ပါတယ်။ အမှန်တကယ်တော့ သူတို့ဟာ သင်္ဘောရဲ့ Stability ဆိုတဲ့အခန်းကဏ္ဍမှာ လင်မယားလိုပါပဲ။ သင်္ဘောဟာ လှုပ်နေတယ်ဆိုတာ Metacenter ကနေလှုပ်နေတာ။ အဲဒါကြောင့် Rolling Period ဆိုပြီးဖြစ်လာတာ။
M လို့ခေါ်တဲ့ Metacenter လေးဟာ အမြင့်မှာရှိပါတယ်။ သင်္ဘောရဲ့ဟိုးမိုးပေါ်အထိအမြင့်ဆုံးကိုဆိုလိုတာမဟုတ်ပါဘူး။ Keel ကနေကြည့်မယ်ဆိုရင် အမြင့်ဆုံးမှာရှိတယ်လို့ဆိုလိုတာပါ။
Hold ထဲမှာရှိတယ်။ K ကနေကြည့်ရင် B ပြီးရင် G ပြီးရင် M ဆိုပြီးရှိပါတယ်။ K ဆိုတာ keel ပါ။ Bဆိုတာ buoyancy ပါ။ ( တွန်းတင်တာ။)။G ဆိုတာ Gravity (ဆွဲချတာပါ။)အဲဒီတော့ K ကနေ Mကို KM လို့ခေါ်ပါတယ်။ K ကနေ Bကို KB လို့ခေါ်ပါတယ်။K ကနေ Gကို KG လို့ခေါ်ပါတယ်။ M ဆိုတာ အမြင့်မှာရှိနေတဲ့အတွက်ကြောင့် cargo တင်လိုက်တဲ့အခါ အဲဒီ M ဟာ တစ်ဖြေးဖြေးနဲ့ အောက်ကိုနိမ့်ဆင်းကျလာပါတယ်။ ( M က အောက်ကိုကျသွားတယ်ဆိုပါတော့)။
G လည်း Cargo Hold မှာရှိပါတယ်။ ဒါကြောင့် KM ထဲကနေ KG ကိုနှုတ်လိုက်ရင်GM ဆိုပြီးထွက်လာပါတယ်။ အဲဒီGM ဟာ NLT 0.15 ထက်မနည်းပါစေနဲ့။အဲဒီ GM ဟာ အောက်လည်းဆင်းတယ် ။ အထက်လည်းတက်တယ်။ Cargo တွေကိုအောက်ကိုများများထည့်ရင်G က အောက်ဆင်းပြီး အပေါ်တင်ရင် အပေါ်တက်တယ်။အပေါ်ကိုတင်ရင်းတင်ရင်းနဲ့Gနဲ့M သွားထိတဲ့အခါ GM 0 ဖြစ်သွားပါတယ်။အဲဒီ G ဟာ M ရဲ့အထက်ကိုတက်သွားရင်တော့ GM - ဖြစ်သွားတော့တာပါပဲ။ အဲဒီအခါ သင်္ဘောဟာ လုံးဝကိုပျားတုတ်ပြီးတိုင်ပတ်တော့တာပါပဲ။ GM ဟာ အောက်ကိုဆင်းသွားရင်တော့ Stability အရကောင်းပါတယ်။ဒါပေမယ့် သင်္ဘောမှာ B (KB)လို့ခေါ်တဲ့ ဆရာကြီးတစ်ဆူကျန်ပါသေးတယ်။သူဟာ Buoyancy ပေါ့။ အဲဒီ B ဟာ Draft များလာရင် အပေါ်ကိုတက်လာပါတယ်။ သတ်မှတ်ထားတဲ့ကုန်တစ်ခုကိုသင်္ဘောပေါ်တင်လိုက်ရင် ( Cargo Hold ထဲကိုထဲ့လိုက်ရင်) G ကအောက်ကျလာပါတယ်။ G ကအောက်ကျလာသလို Weight များလာတဲ့အခါ B ကလည်းအပေါ်ကိုတက်လာပါတယ်။အဲဒီလို Cargo Hold ထဲကို Cargo တွေတင်ရင်းတင်ရင်းနဲ့B နဲ့G ထိလာပါတော့တယ်။ G သည် M နဲ့ဝေးသွားတဲ့အတွက်ကြောင့် GM ကောင်းလာပေမယ့် B နဲ့ထိသွားတဲ့အတွက်ကြောင့် Over Load ဖြစ်သွားပြီး သင်္ဘောမြုတ်သွားပါတော့တယ်။ အဲဒါကြောင့်Over Load ဖြစ်တယ်ဆိုတာ B နဲ့G ထိသွားလို့ပါ။ အကြောင်းမှာ Summer Draft ကျော်သွားလို့ပါပဲ။ တစ်ချို့သဲသင်္ဘောတွေ . ကျောက်စရစ်တင်တဲ့သင်္ဘောတွေ မြုပ်တယ်ဆိုတာ Over Load ကြောင့် Summer Draft ကျော်သွားလို့ပါ။
GM ကြောင့်သင်္ဘောစောင်းနေရင် အဲဒီစောင်းနေတာကိုပြန်ဆွဲတည့်ဖို့အတွက်GZ လို့ခေါ်တဲ့ Righting Arm ကိုသိဖို့လိုပါတယ်။ အဲဒီ GZ လို့ခေါ်တဲ့ Righting Arm နဲ့ပြန်ဆွဲတည့်ရတာပါ။ ကရိန်းနဲ့ပြန်ဆွဲတည့်တာမဟုတ်ပါဘူး။ ( တော်ကြာ ကရိန်းနဲ့ပြန်ဆွဲတည့်နေမှာစိုးလို့ပါ။ အဲဒီ GZ က θ ( Theta ) 30 ဒီဂရီမှာ NLT 0.2 ဖြစ်ရပါမယ်။ 0.2 ထက်နည်းသွားရင် အဲဒီသင်္ဘောဟာ ပြန်မတည့်နိုင်တော့ပါဘူး။ သင်္ဘောတစ်စီးရဲ့ Stability နဲ့ပါတ်သက်လို့ သိထားရမယ့်အခြေခံ အရည်အချင်းတွေထဲမှာGMတို့ GZ တို့လည်းအဓိကပါဝင်ပါတယ်။ GZ တွက်နည်းကလည်း ၃ မျိုးရှိပါတယ်။ GZ တွက်တဲ့အခါ အရင်ဆုံး GM သိမှတွက်လို့ရပါမယ်။ နောက်ပြီး KG ကိုသိရပါမယ်။ KG ဆိုတာ GM တွက်တဲ့အခါ အသုံးပြုတဲ့ Final KG ကိုယူခြင်းဖြစ်ပါတယ်။ GM မှာလည်းပဲ Fluid GM ကိုယူပါ။ Solid GM ကိုမယူပါနဲ့။ အသေမှတ်ထားရမှာက သင်္ဘောရဲ့ Displacement ကိုသိရင် KM တို့ KN တို့ရဲ့တန်ဖိုးတွေကိုသိနိုင်ပါတယ်။ Stability book let ထဲက Hydrostatic Particular ( Hydrostatic Table ) မှာ ကြည့်ရင်သိနိုင်ပါတယ်။ ဒါကြောင့်မှတ်ထားစေချင်တာက
KM ထဲကနေ GM ကိုနှုတ်ရင် KG ရပါတယ်။
KG ထဲကနေ KB ကိုနှုတ်ရင် BG ရပါတယ်။
KM နဲ့KB ကို သင်္ဘောပေါ်ရှိ Stability book let ထဲမှယူပါ။ Displacement နဲ့ကြည့်ပြီးယူပါ။
KN ထဲကနေ X ဆိုတဲကဒေါင့်လေးကိုနှုတ်လိုက်ရင် GZ ရပါတယ်။ X ဆိုတာဘယ်ကရလဲလို့မေးရင် θ ဆိုတာ မျက်နှာချင်းဆိုင်အနားကို ထောင့်မှန်ခံအနားနဲ့စားလိုက်တာပါ။
မျက်နှာချင်းဆိုင်အနားဆိုတာ X ပါ။ ထောင့်မှန်ခံအနားဆိုတာ KG ပါ။ အဲဒါကြောင့် X ဆိုတာ KG နဲ့ Sin θ ကိုပြောတာပါ။ ဒါဆိုရင် GZ လိုချင်ရင် ဘယ်ကရမလဲဆိုရင် KG ကို ၂ နဲ့စားပြီး ရလာတဲ့အဖြေကို KN ထဲကနေ နှုတ်ပေးခြင်းဖြင့်ရပါလိမ့်မယ်။ တစ်နည်းပြောရရင် KN ထဲကနေ KG ကိုနှုတ် ( KG ကို ၂ နဲ့မစားပါတော့နဲ့၊ တိုက်ရိုက်နှုတ်ပါ။) ပါ။ပြီး ရင် Sin θ နဲ့မြှောက်ပါ။ Sin 30 ဟာ 0.5 ဖြစ်ပါတယ်။ T လို့ခေါ်တဲ့ Rolling Period တွက်နည်းအပါအ၀င် GZ တွက်နည်းတွေကိုပါ အသေးစိပ်သိချင်ရင်တော့ Navigation and Stability Knowledge ဆိုတဲ့ Page မှာထပ်မံလေ့လာနိုင်ပါတယ်။
မှားတာရှိရင်လည်းထောက်ပြပေးပါရန်လေးစားစွာပြောကြားအပ်ပါတယ်။်
ကျေးဇူးတင်စွာဖြင့်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။