Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 25, 2015

ဇော်ဝင်းထွဋ်နှင့်တွေ့ဆုံခြင်း

 
(ဓာတ်ပုံ-စိုင်းဇော်)

‘‘အင်ပါယာဆိုတာ ခေတ်တစ်ခုကို ဖြတ်သန်းပြီးလူငယ်တွေမခံချင်စိတ်တွန်းအားတွေနဲ့ လုပ်လိုက်တာပဲ။အဲဒါက ဒီအရွယ်အထိပါလာတယ်။ ဒါပါပဲ’’

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်း များစွာ အောင်မြင်မှုတစ်ခုကို ထိန်း ထားနိုင်သည့် အဆိုတော်အရေအ တွက်သည် လက်ချိုးရေတွက်၍ ရနိုင်ပါသည်။ ယင်းအဆိုတော်များတွင် နှစ်ပေါင်းသုံးဆယ်ကျော်ကြာ ကိုယ်ပိုင် Emperor တီးဝိုင်းနှင့် ပရိသတ်အားပေးမှုရရှိနေသူမှာ ဇော်ဝင်းထွဋ်ဖြစ်သည်။ 
  အ သက် (၅၀)ကျော်အရွယ်ရောက် သည့်အချိန်အထိ ပရိသတ်အား ပေးမှုရရှိပြီး ဒီဇင်ဘာ ၃၁ ရက် တွင်လည်း တစ်ကိုယ်တော်ဖျော် ဖြေပွဲတစ်ခုပြုလုပ်ရန် အစီအစဉ်ရှိ သည့် ဇော်ဝင်းထွဋ်ကို ယင်းတစ် ကိုယ်တော်ဖျော်ဖြေပွဲအကြောင်း အပါအဝင် ၎င်း၏ အနုပညာလှုပ် ရှားမှုများအကြောင်း တွေ့ဆုံမေး မြန်းခဲ့ပါသည်။
ဒီဇင်ဘာ ၃၁ ရက်မှာလုပ်မယ့် Gps-py Night ဖျော်ဖြေပွဲအကြောင်း အရင်ဆုံးပြောပြပေးပါ။
  
‘Gpspy Night’ ကတော့ ဖန် ကလပ်က တောင်းဆိုလို့။ ‘ဂျစ်ပစီ မိုးတိမ်’ထွက်တာ နှစ် (၂၀) ပြည့် သွားတဲ့အတွက် ‘ဂျစ်ပစီမိုးတိမ်’ အတွက် ပွဲတစ်ခုလုပ်ပါလို့။ သူတို့ ပြောတာ နှစ်စလောက်ကတည်း က ပြောထားတာ။ ဒီနှစ်ထဲမှာလုပ် ပေးပါ။ ဒီနှစ်ထဲမှာလုပ်မှ နှစ် (၂၀) ဖြစ်မှာဆိုတော့ ဒီနှစ်ရဲ့နောက်ဆုံး နေ့မှာ စီစဉ်ပေးဖြစ်တာ။ အဓိက ကတော့ ကိုဝင်းမင်းထွေးရဲ့ သီချင်းတွေ အခုထက်ထိ မျိုးဆက်အကုန် လုံးအတွက် ရှင်သန်နေဆဲဖြစ် တယ်။ ဒါကိုလည်း ဂုဏ်ပြုတဲ့ သဘောမျိုးပေါ့။ ဖျော်ဖြေရေးက တော့ ကျွန်တော့်ထုံးစံအတိုင်းဆို မယ်။ ရှေ့မှာတော့ ဆိုချင်တဲ့၊ တီးချင်တဲ့ကလေးတွေရဲ့ ဝိုင်းခုနစ် ဝိုင်းလောက်ဆိုမယ်။ မန္တလေးက ကလေးတွေလည်း ပါတယ်။ ကိုရင်
ဂိုတို့အဖွဲ့လည်း ပါမယ်။

ဂီတသက်တမ်းအနှစ် (၃၀)ကျော် သွားတဲ့အချိန်အထိ အောင်အောင်မြင်မြင်ရပ်တည်နိုင်ခဲ့တာက ဘယ်လိုအချက်တွေကြောင့်လဲ။
  
ကျွန်တော်တို့ကတော့ အဲဒီ လိုထင်မထားပါဘူး။ ကိုယ့်ကိုယ် ကိုယ်အမြဲတမ်းအောင်မြင်နေမယ်လည်း ထင်မထားဘူး။ တစ်ရက်ချင်း၊တစ်ရက်ချင်းနေသွားတဲ့ သူတွေဖြစ်တယ်။ အခွေသွင်းပြီဆိုလည်း ဒီတစ်ခွေကို ကိုယ်လုပ်ချင် လို့ လုပ်မယ်။ အချိန်တစ်ခုပေးပြီး လုပ်မယ်။ ဒါက နောက်ဆုံးအခွေပဲ။ နောက်တစ်ခွေအတွက် မစဉ်းစားဘူး။ တစ်ခွေပြီးတစ်ခွေ ဘယ်လိုထုတ်သွားမယ်ဆိုတဲ့အစီအစဉ်လည်း မရှိဘူး။ တစ်ခွေလုံးကိုယ့် စိတ်ကူးနဲ့ တည့်သွားတာလည်း ရှိ တယ်။ လူအများစု လက်မခံတဲ့အခွေတွေ လုပ်ခဲ့တာတွေလည်း ရှိတယ်လေ။ အဓိကကတော့ ကိုယ်ကရပ်တည်မှုအတွက် ရွေးချယ်ထားတာ
ဖြစ်နေတာကိုး။ နာမည်ကြီးလို့ ဆိုနေရတဲ့ အဆိုတော်၊ နာမည်ကြီးလို့ တီးနေရတဲ့ တီးဝိုင်းနဲ့စာရင် ကျွန်တော်တို့ကိုယ်တိုင်က ဒီလောကမှာမနေတဲ့၊ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပိုင်ဆိုင်တဲ့နေရာမှာ နေနေတဲ့ သဘောပေါ့။ အဲဒီတော့ ဂီတလောကမှာ နေနေတဲ့အတွက် ဒီလောက်အ ထိရှိလာတယ်လို့ မြင်ပါတယ်။ အောင်မြင်လို့ရှိနေတယ်ဆိုတာ အခုနပြောသလို Industry က ထုတ်တဲ့ အဆိုတော်တွေက ဟုတ်တယ်။ အောင်မြင်ရင်ထုတ်မယ်။ မအောင်မြင်ရင် ဘေးဖယ်ပြီး သူ့ထက်အောင်မြင်တဲ့သူကို ထုတ်မယ်ဆိုတာ အန်တာတိန်းမန့်ဘက်ကို သွားတာပေါ့။ ကျွန်တော်တို့ကတော့ အဲဒီလိုမဟုတ်ဘဲ ဂီတကို Way of Life ပေါ့။ ရော့ခ်သီချင်းတွေနဲ့နေမယ်။ တစ်သက်လုံးလည်း ဒီလိုပဲနေသွားမယ်။ အောင်မြင်လို့ ဘာညာထက်စာရင် အဲဒါကြောင့်ရှိနေတယ်လို့ ထင်တယ်။

‘လူ’အခွေပြီးကတည်းက အသစ်တွေမထွက်တာလည်း ကြာပြီ။ ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်တဲ့ အကြောင်းအရာတွေရအောင် သီချင်းတွေ ဘယ်လိုဖန်တီးဖြစ်လဲ။
  
အရွယ်တစ်ခုရောက်လာပြီ၊ ဖြတ်သန်းခဲ့တဲ့ အချိန်တစ်ခုရှိပြီဆို တော့ ကျွန်တော်တို့ဆိုမယ့်သီချင်းတွေက အဓိပ္ပာယ်ရှိဖို့နဲ့ တကယ် ယုံယုံကြည်ကြည်နဲ့ဆိုတဲ့ သီချင်းတွေဖြစ်ဖို့ လိုတာပေါ့။ ဒါက ကလေးတွေကြိုက်မှာပဲဆိုပြီး လုပ် တဲ့အရွယ်လည်းမဟုတ်တော့ဘူး။ ‘လူ’အခွေဆိုရင်လည်း အဲဒီလိုပဲ။ ဆောင်းဦးလှိုင် ကျွန်တော့်ကို သီချင်းတွေရေးပေးတာ အများကြီးပဲ။ တစ်ပုဒ်မကြိုက် တစ်ပုဒ်ဖြုတ်၊ နှစ်ပေါင်းများစွာ စုလာတဲ့သီချင်းတွေ။ ၂ နှစ်လောက်ကြာမှ ဒီအခွေ ဖြစ်လာတာကိုး။ နောက်တစ်ခါ အချစ်သီချင်းတွေလည်းပါတယ်။ ဆောင်းဦးနဲ့ ကျွန်တော်ပေါင်းပြီးလုပ်တဲ့ အချစ်သီချင်းတွေရှိတယ်။ အချစ်သီချင်းဆိုတဲ့သဘောအတိုင်း ကျွန်တော်ကလည်း အသည်းတော့ကွဲတာပဲ။ ဒါပေမဲ့ ဣနြေ္ဒရရနဲ့ လူကြီးတွေအသည်းကွဲတဲ့ပုံစံမျိုး ရေးတာပေါ့။ ကလေးတွေလို သိပ်ကြွေတဲ့သီချင်းတော့မရေးတော့ဘူး။ အဲဒီသဘောပါပဲ။ အခုဆိုရင်လည်း နယူးရီးယားမှာ အသစ်တစ်ပုဒ် စထုတ်မယ်။ ပြီးရင်တော့နောက်ကနေ အယ်လ်ဘမ်လိုက်မယ်ပေါ့။ ဒီတစ်ခါ ဆောင်းဦးရေးထားတာလေး၊ ငါးပုဒ်တော့ သွင်းထားတယ်။ ကိုလှိုင် (သုခမိန်လှိုင်) တို့၊ မင်းချစ်သူတို့၊ ကိုထွေးတို့ ရေးပေးထားတာ နှစ်ပုဒ်ရှိသေးတယ်။ အဲဒါလည်း မဆိုဖြစ်သေးဘူး။ အဲဒါလည်း ထည့်မယ်။ ဒီတစ်ခါတော့ သီချင်းရေးဆရာ အစုံပါမှာပေါ့။

ဂျစ်ပစီမိုးတိမ်သီချင်းကို အခုအချိန်မှာ ဆိုရတာက အရင်ထက် ပိုပြီးထိတယ်ဆိုတော့ အခုအချိန်မှာ ဘယ်လိုသီချင်းတွေကို ခံစားမှုကောင်းကောင်းနဲ့ ပိုပြီးဆိုချင်စိတ်ရှိသလဲ။
  
ကျွန်တော်ကျတော့ ပုံစံတစ် ခုမှာနေသားကျသွားပြီ။ ဘာမှတီထွင်ပြီးလုပ်ဖို့တော့ ဘာအကြောင်းမှ မရှိတော့ဘူး။ ကိုယ်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ ဂီတဆိုရင်လည်း လေ့လာခဲ့တာ။ ကိုယ်သိသလောက်ကို အန်ထုတ်တဲ့ သဘောပဲ။ အခုအချိန်မှာ နောက်ထပ်ဂီတအသစ်ကြီး ဖန်တီးပြီးတော့ လုပ်ပြတာမျိုးလည်း ရှိမှာမဟုတ်တော့ဘူး။ ကျွန်တော်တို့ ကြိုက်တဲ့ ဂီတပုံစံကိုပဲ ဒီဘက်ခေတ်က ရင်ခုန်သံနဲ့ ဘယ်လိုညှိမလဲဆိုတဲ့ပုံစံမျိုးပေါ့။ အဓိကကတော့ အကြောင်းအရာပေါ့။ ကျွန်တော်တို့ဆိုချင်တဲ့အကြောင်းအရာကလည်း အခွေစထုတ်ကတည်းက ငါ့သီချင်းက အဆိပ်အတောက် လုံးဝမဖြစ်စေရဘူး။ အကျိုးမပြု ရင်နေပါစေ။ သူတို့အတွက် အင်အားတစ်ခုခုလေးရရင် တော်ပြီဆို တဲ့ ‘မာကျူရီည’ကတည်းက တစ်ခွေမှာ နှစ်ပုဒ်ပါအောင် အမြဲထည့်တယ်။ ကျွန်တော်တို့ သီချင်းတွေ နားထောင်လိုက်ရင် အားရှိသွားမယ့် သီချင်းမျိုးအမြဲထည့်တယ်။ မင်းချစ်သူနဲ့ စရေးကတည်းက ‘မာကျူရီည’ဆိုရင်လည်း အဲဒီခေတ်က အကျိုးပြုတစ်ပုဒ်မထည့် မနေရထည့်ရတယ်။ စာပေစိစစ်ရေးက ရှိတယ်လေ။ သူများတွေကျတော့ တကယ်အကျိုးပြုမထည့်ဘဲ ပါချင်ယောင်ဆောင်ပြီး သီချင်းစာအုပ်ကျမှ နောက်ဆုံးမှာ နိုင်ငံတော်ကြီး ဘာဖြစ်တယ်၊ ညာဖြစ် တယ်ဆိုပြီး တကယ်မရှိတဲ့သီချင်းကို စာသားရေးထည့်ပြီး စာပေစိစစ်ရေးကိုညာပြီး တင်တယ်။ ဟိုကလည်း ဒါတွေပါတော့ ခွင့်ပြုတယ်။

ကျွန်တော်တို့ကတော့ အဲဒီလိုမလုပ်တတ်ဘူး။ အကျိုးပြုသီချင်းဆိုမယ်ဆိုပြီး ခေါင်းစဉ်တောင် မာကျူရီ ညလို့ ပေးခဲ့တယ်။ လောကကြီးမှာ လူသားဆိုတာ အလင်းဆောင်နိုင်မှရမယ်။ ဉာဏ်အလင်းတွေ ဘယ်လိုဖွင့်ရမလဲဆိုပြီး တကယ့်အကျိုး ပြုပဲ။ သူတို့လည်း ခွင့်ပြုတယ်။ အကျိုးပြုတယ်ဆိုတာ တပ်မတော်လို့ပြောနေမှ အကျိုးပြုတာမှ မဟုတ်တာ။ အဲဒီကနေ အရှိန်ရပြီး ‘ရွက်လွှင့်ခြင်း’အခွေမှာလည်း ‘ရှင်သန်ရေး’သီချင်းမျိုး၊ ရဲရဲရင်ဆိုင်တဲ့ သီချင်းမျိုးတွေ ဆိုခဲ့တယ်။ အခုအချိန်က အသက်ကြီးလာတော့ ပိုပြီးတောင် တာဝန်ယူလာတာပေါ့။ ကိုယ့်မှာသားသမီးရှိတယ်။ မြေးတွေရဲ့ Generation ရောက်လာပြီဆိုတော့ သူတို့အဘိုးဆိုတဲ့ သီချင်းတွေ၊ သူတို့အဖေအသံနဲ့ ထားသွားတဲ့ သီချင်းတွေက နောက်မျိုးဆက်အတွက် တစ်စုံတစ်ရာရ မယ့်ဟာမျိုး ဖြစ်စေချင်တယ်။ သင်ခန်းစာရမလား၊ မှတ်သားစရာကျန်မလား အဲဒီလို ဖြစ်စေချင်တယ်။ အဲဒါကြောင့် ပိုပြီးဂရုစိုက်တယ်။ ကျွန်တော်တို့ အပျော်အ ပါးဆိုဖြစ်ခဲ့တာဆိုလို့ ဆေးဆိုးပန်း ရိုက်တစ်ခွေပဲရှိတာ။ နောက်သင်္ကြန်အခွေရှိမယ်။ အဲဒီလောက်ပဲ။ ကျန်တဲ့ အယ်လ်ဘမ်တွေကတော့ တစ်ခုခုပေးမှဖြစ်မယ်ဆိုတာ မျိုးတော့ အမြဲပါတာပေါ့။
ရန်ကုန်မှာ တစ်ကိုယ်တော်ဖျော် ဖြေပွဲမလုပ်တာလည်း ကြာပြီဆိုတော့ ဒီဖျော်ဖြေပွဲမှာ ထူးထူးခြား ခြားတင်ဆက်မှု အစီအစဉ်တွေရှိမလား။
  
ဘာတွေလုပ်ပြမယ်တော့ တစ်ခါမှ မပြောဖူးဘူး။ အဓိကကတော့ ကျွန်တော်ကိုယ်တိုင်လည်း စင်ပေါ်မှာ ဘာတွေတွေ့ကြုံရမယ်ဆိုတာ မသိဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ပျော်ချင်တယ်။ မထင်မှတ်တာတွေဖြစ်ချင်တယ်။ ကြို တင်ကြံစည်ထားတာမျိုးမလုပ်တတ်ဘူး။ မတော်တဆဖြစ်တာတွေကို တအားကြိုက်တယ်။ ဘယ်လိုစင်ကြီးကိုဆောက်ပြီး ဘယ်ကထွက်လာမယ်ဆိုတာမျိုး ကြိုတင်မကြံစည်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုလူတွေလာမယ်ဆို တာ စိတ်ဝင်စားတယ်။ လာတဲ့လူတွေအပေါ်မူတည်ပြီး ဆိုတယ်။ ကျွန်တော့် တီးဝိုင်းသမားကို List ပေးထားပြီး စင်ပေါ်ရောက်ရင် အရှေ့တစ်ပုဒ်နှစ်ပုဒ်လောက်ပဲတူမယ်။ ကျန်တာမတူတော့ဘူး။ ဆိုချင်တာပြောင်းဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့
ရောက်သွားတဲ့နေရာပေါ်မူတည်ပြီး ပြောင်းဆိုတာ။ များသောအားဖြင့် ကမ္ဘာပေါ်မှာ Band တွေက ဘွန်ဂျိုဗီဆိုလည်း ဒီအပုဒ် ၂၀ ဆို အသေတိုက်ထားပြီး အဲဒီသီချင်းတွေနဲ့ Tour ထွက် တာ။ ဒီအတိုင်းပဲ ဘယ်အပုဒ်မှာ ဘာလုပ်လိုက်မယ်ဆိုတာ ကွက်တိပဲလေ။ ကျွန်တော်ထင်တယ်။ အဲဒီလိုမလုပ်တာ ကျွန်တော်တစ်ယောက်ပဲရှိမလားပဲ။ ဆိုချင်တာဆိုတာ။ ဘာကြောင့်လဲဆိုတော့ နေရာစုံသွားရတာကိုး။ ကိုယ့်အတွေ့အကြုံအရ လာကြည့်တဲ့သူရဲ့ မျက်နှာကိုကြည့်ပြီး ဘာဆိုရမလဲဆိုတာ အနည်းဆုံးတော့ မှန်းမိသွားပြီ။ အဲဒါကြောင့် ကိုယ်ရေးထားတဲ့ List က ဘယ်တော့မှ အချောမဖြစ်ဘူး။ ဘာမှကြိုမလုပ်ထားဘူး။ ဒီပွဲအတွက်လည်း သီချင်းအပုဒ် ၁၀၀ ကျော်တယ် ချရေးထားတယ်။ အဲဒီစာရင်းဖန်ထဲက ကလေးတွေကိုပေးပြီး အဲဒီအထဲက ဆိုစေချင်တာ မဲပေးလိုက်လို့၊ နည်းနည်းနွှေးပြီး ဆိုပေးလိုက်တယ်။

ဦးညီထွဋ်ရဲ့ ပွဲတွေဆိုရင် ပရိသတ်တွေနဲ့ သဟဇာတဖြစ်တာ တွေ့ရ တယ်။ အဲဒီလိုဖြစ်အောင်ကော ဘယ်လိုပြင်ဆင်ဖြစ်သလဲ။
ဘာမှ ပြင်ဆင်ထားလို့မရဘူး။ လောကကြီးက ဘာမှမသေချာဘူး။ ပြင်ဆင်ထားတဲ့လူကတလွဲတွေဖြစ်မှာပဲ။ အလိုအလျောက်တုံ့ပြန်မှ အေးအေးဆေးဆေးရှိတယ်။ ကိုယ့်ရဲ့နှလုံးသားကို သေချာနားထောင်နိုင်မယ်။ သေချာတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။ သေချာတယ်ဆိုရင်တော့ တစ်ခုခုမှားယွင်းနေပြီ။ နောက်ပြီး တစ်ခုခု အမှားအယွင်းဖြစ်သွားတာကိုက ကျွန်တော်တို့အတွက် အရသာပဲ။ အဲဒါကို ပိုရင်ခုန်တယ်။ စနစ်တကျနဲ့ ဘယ်လိုကြိုးစားပြီးတင်ဆက်မှာ၊ အားပေးကြပါဆိုပြီး ငယ်ငယ်ကတည်းကတတ်လာရင် ဘဝကြီးက စနစ်တကျကြီးနဲ့ အောင်မြင်ရတာမျိုးကြီးလည်း မလိုချင်ဘူး။ ဒီပွဲဆိုရင်လည်း အဲဒီနေ့မှာ ဘာဖြစ်မလဲမသိဘူး။ ကျွန်တော်နေရာသစ်ပွဲဆိုတော့ အပြင်အဆင်ပိုင်းက ကျွန်တော် ဘာမှဝင်မပါဘူး။ မမျှော်လင့်တာတွေ ဖြစ်ချင်တယ်။ အဲဒီပွဲမှာ စင်ပေါ်က ပြုတ်ကျပြီး မေးကွဲသွားတယ်။ ကိုယ်ထင်တာက တန်းတွေက ခိုင်မယ်ထင်တာ။ ဒါပေမဲ့ ကိုယ့်ဝိတ်နဲ့မခံ နိုင်တော့ ပြုတ်ကျ။ အဲဒါကလည်း ဘဝမှာ အမှတ်တရ၊ စင်ပေါ်က ပြုတ်ကျပြီး မေးကွဲအောင်က တမင်လုပ်လို့မှ မရတာ။ မတော်တဆဖြစ်ရပ်တွေကို ကြိုက်တယ်။
အင်ပါယာရဲ့ ဂီတသက်တမ်းလည်း နှစ် (၃၀)ကျော်လာပြီဆိုတော့ အင်ပါယာရဲ့မျိုးဆက်အတွက်ကော ဘယ်လိုစဉ်းစားထားတာမျိုးရှိသလဲ။
  
ကျွန်တော်တို့ထားခဲ့တဲ့ ဂီတတွေ ရှင်သန်နေသမျှ ကျွန်တော် တို့ Generation ရှိနေမယ်လို့ယူဆတယ်။ အင်ပါယာကြီးလည်းရှိနေစရာမလိုဘူး။ ကျွန်တော်သေသွားရင်ပြီးပြီ။ ကျွန်တော်လည်း ဆက်ရှိစရာမလိုဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့၊ ကျွန်တော်တို့ကြိုက်တဲ့ ဂီတကိုတော့ လူတွေဆက်ဆိုနေဦးမယ်။ Band တွေ ဆက်ရှိနေဦးမယ်ဆိုရင်တော့ ငါတို့ဂီတရဲ့ မျိုးဆက်ရှိနေတယ်လို့ပဲ ယူဆရမှာပေါ့။ အင်ပါယာကြီး ထူထောင်ပြီး အင်ပါယာကြီးထားခဲ့တာမျိုးလည်း မဖြစ်နိုင်ပါဘူး။ အင်ပါယာဆိုတာလည်း ခေတ်တစ်ခုကို ဖြတ်သန်းပြီး လူငယ်တွေ မခံချင်စိတ်တွန်းအားတွေနဲ့ လုပ်လိုက်တာပဲ။ အဲဒါက ဒီအရွယ်အထိပါလာတယ်။ ဒါပါပဲ။ ကျွန်တော့်သားလည်း ကျွန်တော်ဖြစ်စေချင်သလို ဖြစ်ချင်မှဖြစ်မှာ။ နောက်တစ်ခုလုပ်ရင် လုပ်မှာဆိုတော့ ကျွန်တော်တို့အတွက် ဘာတွေကျန်ခဲ့ရမယ်၊ အင်ပါယာအတွက် ဘာတွေကျန်ခဲ့ရမယ်ဆိုတာမျိုး မရှိပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်ထောင်သက် အနှစ် (၃၀)ပြည့်ခဲ့တာဆိုတော့ အောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်ထားနိုင်တဲ့ အဓိကအချက်က ဘာဖြစ်မလဲ။
  
လူနှစ်ယောက် အတူတူအကြာကြီးရှိဖို့ကတော့ အခြေခံအနေနဲ့ကတော့ တစ်ယောက်အပေါ်မှာတစ်ယောက် ရှိမယ့်ယုံကြည်မှုပေါ့။ ယောက်ျားကလည်း ဆိုးချင်ဆိုးမယ်။ မိန်းမကလည်း ဆိုးချင်ဆိုးမယ်။ ရှိနေတာပဲ ကမ္ဘာမှာ မြဲနေတဲ့စုံတွဲတွေ။ နောက်ဆုံး သူတို့ယုံကြည်မှုတစ်ခုက သူငါ့ကိုလို အပ်နေသေးတယ်။ ငါသူ့ကို လိုအပ်နေသေးတယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုပေါ့။ အဲဒါရှိနေသမျှတော့ ဘာပဲဖြစ်နေဖြစ်နေ အတူတူရှိကြမှာပဲ။ အဓိကက အဲဒါပဲ။ နောက်တစ်ခါ အားလုံးနဲ့ဆိုင်တာ ပြောရရင်တော့ သဒ္ဓါပေါ့။ စိတ်နှလုံးသားကောင်းဖို့တော့လိုတယ်။ နှလုံးသားဖြူဖြူစင်စင်ထားရင်တော့ အဆင်ပြေမှာပါ။ ကျန်တဲ့ သီလတို့၊ စောင့်ထိန်းတဲ့ကိစ္စတို့က နောက်ပိုင်းမှပေါ့။ ကျွန်တော့်မိန်းမက ကျွန်တော့်ကို စရွေးတော့ ကျွန်တော်ဘာကောင်မှန်းမသိဘူး။ ရှင်းရှင်းပြောရရင် သူ့အိမ်ကလည်း သဘောတူမှာ မဟုတ်ဘူး။ အဆိုတော်၊ ဆံပင်ရှည်ရှည်နဲ့၊ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်သမီးကို စိတ်ချလက်ချ ထည့်ဖို့တော့ တော်တော်ခဲယဉ်းမှာ။ ဒါပေမဲ့ မေခိုင်က ရွေးတာက ကျွန်တော့်ကို ကြည့်လိုက်တော့ တိရစ္ဆာန်လေးတွေ ချစ်တတ်တယ်။ တိရစ္ဆာန်တွေချစ်တတ်တဲ့သူက စိတ်သဘောထားဆိုးမယ် မထင်ဘူးဆိုပြီး ရွေးတယ်လို့ပြောတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ကောင်းရှိတယ်လို့တော့ မပြောဘူး။ ဒါပေမဲ့ ကျွန်တော်က အကုန်လုံးကို ချစ်တတ်တယ်။ တိရစ္ဆာန်တွေမှ မဟုတ်ပါဘူး။ သစ်ပင်တွေကိုလည်း ချစ်တတ်တဲ့ လူစားတစ်ယောက်ဖြစ်တယ်။ မေခိုင်က အဲဒီလိုရွေးတယ်။ ဒါပေမဲ့ သူထင်ထားတဲ့အတိုင်း ၁၀၀ ရာခိုင်နှုန်းဟုတ်ချင်မှလည်း ဟုတ်မှာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်ကြားမှာ လုံလောက်တဲ့ ယုံကြည်မှု ဒီနေ့အထိ ရှိနေတဲ့အတွက် ဒီအချိန်ထိ ရောက်လာတာပေါ့။

ကျေးဇူးတင်ပါတယ်။
 http://www.7daydaily.com/story/53962

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။