လက်ထဲက လိမ္မော်ချို
-------------------------- -
မိဘမဲ့ကျောင်းကကြီးပြင်းလာခဲ့တဲ့ လူငယ်တစ်ယောက်က သူတွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံကို ဒီလိုပြောပြသွားခဲ့ တယ်။
ကျွန်တော် ငယ်ငယ်လေးကတည်းက မိဘတွေဆုံးပါးသွားခဲ့လို့ ကျွန်တော် ၉နှစ်သားအရွယ်မှာ မိဘမဲ့ကျောင်းတစ်ကျောင်းမှာ
သွားနေခဲ့ ရတယ်။ မိဘမဲ့ကျောင်းလို့သာဆိုတယ် ထောင်နဲ့မကွာလှဘူး။
နေ့အချိန်မှာ ကျွန်တော်တို့ ၁၄နာရီလောက် အလုပ်လုပ်ရတယ်။ ပန်းခြံမှာ
စိုက်ပျိုးရတယ်။ မီးဖိုမှာ ကူရတယ်။ တစ်ခါတလေ လယ်တွေ ထွန်ယက်ရတယ်။ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ရဲ့ဘ၀ မပြောင်းလဲခဲ့ဘူး။
တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့အတွက် နားရက်တစ်ရက်ပဲ ရှိတယ်။ အဲဒီနေ့က ခရစ္စမတ်နေ့ပဲ။ အဲဒီနေ့မှာ ဘုရားသခင်ကို ပူဇော်တဲ့အနေနဲ့ လူတိုင်း လိမ္မော်သီးတစ်လုံးစီရကြတယ်။ ခရစ္စမတ်မှာ ကျွန်တော်တို့ အတွက် အစားအသောက်ကောင်းတွေမရှိဘူး ၊ ကစားစရာ အရုပ်မရှိဘူး၊ ကျွန်တော်တို့ရဲ့ဝေစုဟာ လိမ္မော်သီးတစ်လုံးပဲဖြစ်တယ် ။
တစ်နှစ်ပတ်လုံး အမှား မကျူးလွန်တဲ့သူ၊ ပြောသမျှစကားကို နားထောင်ပြီး
လိမ္မာတဲ့သူမှ လိမ္မော်သီးကိုရတယ်။ ဒါကြောင့် ခရစ္စမတ်ရဲ့ လိမ္မော်သီးဟာ
ကျွန်တော်တို့ တစ်နှစ်ပတ်လုံးရဲ့ မျှော်လင့်ချက်ဖြစ်ခဲ့တယ်။
ဒီလိုနဲ့ ခရစ္စမတ်ပွဲတော်ရက်ရောက်လို့ လာပြန်တယ်။ အဲဒီရက်က ကျွန်တော့်အတွက် ကမ္ဘာပျက်တဲ့နေ့ပဲ။ ကလေးတွေ အားလုံး လိမ္မော်သီးရဖို့အတွက် ကျောင်းအုပ်ကြီးရှေ့တန်းစီေ နချိန်မှာ
ကျွန်တော်က အခန်းရဲ့ထောင့်တစ်နေရာမှာ အပြစ်ပေးတာခံနေရတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ်နွေရာသီတုန်းက ကျောင်းကနေ
ကျွန်တော်ထွက်ပြေးဖို့ ကြိုးစားခဲ့မိလို့ပါပဲ။
လိမ္မော်သီးရတဲ့ကလေးတွေ ခြံထဲကစားခွင့်ရတဲ့အချိန်မှာ
ကျွန်တော်က အိပ်ခန်းထဲမှာ တစ်နေကုန် လဲလှောင်းနေရတယ်။ ကျွန်တော်
အရမ်းဝမ်းနည်းမိတယ်။ အရမ်းလည်း ရှက်မိတယ်။ ငိုရှိုက်သံတွေကိုမျိုသိပ်ရင်း ကျွန်တော်မျက်ရည်ကျမိတယ်။ ဒီလောကမှာ ကျွန်တော် အသက်ရှင်နေတာ ဘာအဓိပ္ပာယ်မှမရှိခဲ့ဘူး။
တအောင့်ကြာတော့ ကျွန်တော့်အခန်းထဲဝင်လာတဲ့ေ ခြသံကို ကျွန်တော် ကြားမိလိုက်တယ်။ ကျွန်တော့်ကိုယ်နဲ့ လုံးထွေးနေတဲ့စောင်ကို လက်တစ်ဖက်ကဆွဲလှန်လိုက်တာကို ကျွန်တော်ခံစားမိတယ်။ ကျွန်တော် မျက်စိကိုဖွင့်ကြည့်လိုက်တော့ ဝီလီလို့ခေါ်တဲ့ကောင်လေးတစ်ေ ယာက်
ကုတင်ရှေ့မှာရပ်နေတာကို တွေ့လိုက်တယ်။ သူ့ ညာဖက်လက်မှာ
ဆုပ်ကိုင်ထားတဲ့လိမ္မော်သီး ကျွန်တော်ကိုကမ်းပေးနေတယ်။ သူ့ ဆီမှာ
ဘယ်လိုလုပ်ပြီး လိမ္မော်သီးတစ်လုံး ပိုနေရတာလဲ... ကျွန်တော် နားမလည်ခဲ့ဘူး။
ဝီလီကိုကြည့်လိုက် လိမ္မော်သီးကိုကြည့်လိုက်နဲ့ ကျွန်တော် ဇဝေဇဝါဖြစ်နေမိတယ်။
ဝီလီက လက်ကိုရှေ့တိုးပြီး ထပ်ကမ်းပေးလာပြန်တယ်။ အခွံနွှာထားတဲ့ လိမ္မော်သီးကို သေချာကြည့်လိုက်မိမှ အရာရာကို ကျွန်တော် သဘောပေါက်သွားတော့တယ်။ ကျွန်တော် မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်လျှံလို့ လာပြန်တယ်။
ဝီလီကမ်းပေးလာတဲ့လိမ္မော်သီး ကို
လက်နှစ်ဖက်နဲ့ ကျွန်တော် တယုတယ ယူလိုက်တယ်။ ဒီလိုမှမဟုတ်ရင် လိမ္မော်သီးတွေ
အစိပ်စိပ် အမွှာမွှာ ကွဲကုန်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေစုရတဲ့
ကလေးဆယ်ယောက်က ဒီခရစ္စမတ်မှာ ကျွန်တော်ကိုလည်း လိမ္မော်သီးတစ်လုံးပိုင်ဆိုင်စေချင်တဲ့ ဆန္ဒနဲ့ သူတို့ဝေစုထဲက လိမ္မော်သီးတစ်စိပ်စီကိုယူပြီး လိမ္မော်သီးတစ်လုံးဖြစ်အောင် ပေါင်း လိုက်တာပဲဖြစ်တယ်။ ကျွန်တော့်ဘဝမှာ အဲဒီ လိမ္မော်သီးဟာ အချိုဆုံး၊ အကောင်းဆုံး ခရစ္စမတ်လက်ဆောင်ဖြစ်ခဲ့တယ်။ သူတို့ရဲ့ စစ်မှန်တဲ့ သူငယ်ချင်းပီသမှုကို ကျွန်တော်ခံစားလိုက်ရတယ်။
သူငယ်ချင်း မိတ်ဆွေဆိုတာ ဘဝမှာ အဖိုးတန်တဲ့အပေါင်းအဖော်တွေ ပါ။
မတော်တဆပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းနဲ့ အပြုအမူအတွက် သင်
စိတ်ထိခိုက်နေသလား... သင့်လက်ထဲက လိမ္မော်ချိုလေးတစ်စိပ်ကို
မျှဝေလိုက်ပါ..... နှလုံးသားရဲ့ ရယ်မောသံတွေကို သင် ပြန်ကြားပါလိမ့်မယ်။
နိုင်းနိုင်းစနေ (Wednesday, May 09, 2007)
--------------------------
မိဘမဲ့ကျောင်းကကြီးပြင်းလာခ
ကျွန်တော် ငယ်ငယ်လေးကတည်းက မိဘတွေဆုံးပါးသွားခဲ့လို့ ကျွန်တော် ၉နှစ်သားအရွယ်မှာ မိဘမဲ့ကျောင်းတစ်ကျောင်းမှာ
တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့အတွက် နားရက်တစ်ရက်ပဲ ရှိတယ်။ အဲဒီနေ့က ခရစ္စမတ်နေ့ပဲ။ အဲဒီနေ့မှာ ဘုရားသခင်ကို ပူဇော်တဲ့အနေနဲ့ လူတိုင်း လိမ္မော်သီးတစ်လုံးစီရကြတယ်။
ဒီလိုနဲ့ ခရစ္စမတ်ပွဲတော်ရက်ရောက်လို့
လိမ္မော်သီးရတဲ့ကလေးတွေ ခြံထဲကစားခွင့်ရတဲ့အချိန်မှ
တအောင့်ကြာတော့ ကျွန်တော့်အခန်းထဲဝင်လာတဲ့ေ
ဝီလီက လက်ကိုရှေ့တိုးပြီး ထပ်ကမ်းပေးလာပြန်တယ်။ အခွံနွှာထားတဲ့ လိမ္မော်သီးကို သေချာကြည့်လိုက်မိမှ အရာရာကို ကျွန်တော် သဘောပေါက်သွားတော့တယ်။ ကျွန်တော် မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်လျှံလို့ လာပြန်တယ်။
ဝီလီကမ်းပေးလာတဲ့လိမ္မော်သီး
သူငယ်ချင်း မိတ်ဆွေဆိုတာ ဘဝမှာ အဖိုးတန်တဲ့အပေါင်းအဖော်တွေ
နိုင်းနိုင်းစနေ (Wednesday, May 09, 2007)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။