မွန်လူမျိုးနှင့် မွန်ရိုးရာဓလေ့ သိချင်တဲ့သူငယ်ချင်းများအတွ က်
ဖတ်မှတ် သိလာခဲ့ရသော မွန်လူမျိုးအကြောင်း တစေ့တစောင်း မိတ်ဆက်ပါရစေ
မွန်အမျိုးသားဝတ်စုံ
>> အဝါရောင် ပန်းရောင် အဝတ်စဖြင့် ယုန်နားရွက်ပုံ သစ်ရွက်ပုံ စသဖြင့် ခေါင်းပေါင်းကြသည်။
မွန်တိုက်ပုံ နှင့် မွန်လုံချည် တွင် ဖော်ထားသော Pattern မှာ ရှေးယခင် ဘိုးဘေးကတည်းက သက်မွေးလုပ်ကိုင်လာခဲ့သော လယ်ယာလုပ်ငန်း ၏ လယ်ကွက် နှင့် ကန်သင်းရိုး သဏ္ဍာန်ဖော်ထားခြင်း ဖြစ်သည်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ခြင်းကို ဖော်ညွှန်း၏။ အခြားတိုက်ပုံနှင့် မတူသည်မှာ လည်ပင်းနေရာတွင် လည်လုံးမဟုတ်ဘဲ လည်ကတုံးနှင့် ဖြစ်သည်။ တိုက်ပုံသည်လည်း ထုံးသီးနှင့် မဟုတ်ဘဲ ချည်ကြိုး ဖြင့် ချည်ထား၏။
မွန်လုံချည်သည် မိရိုးဖလာ အနီဖြစ်သည်။
မွန်အမျိုးသမီးဝတ်စုံ
>> မွန်အမျိုးသမီးဝတ်စုံကား အဖြူရောင် ရင်စေ့လက်ရှည်ဖြစ်၍ ထဘီကား အနီရောင် ဖြစ်သည်။ မွန်ထဘီတွင် ဖော်ထားသော Patterm မှာ မွန်အမျိုးသမီးတို့ လက်ယက္ကန်း ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင် တတ်မြောက်ကြောင်း ဖော်ကြူးထားသော ဒီဇိုင်း ဖြစ်သည်။ ဆံထုံးကို မြင့်မြင့်ထုံးတတ်၍ စံပယ်ပန်း သဇင်ပန်း အမြတ်တနိုး ပန်တတ်ကြသည်။ နားနောက်တွင် ဆံရစ် ထား၏။ အနီရောင် ပုဝါတဘက်ကို မွန် ခမာ ထိုင်း လာအို ကမ္ဗောဒီးယား အတိုင်း လွယ်ရစ်ကြသည်။ ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် သင်္ကေတ။
မွန် နှင့် ဟင်္သာ
>> မွန်လူမျိုးတို့သည် ဟင်္သာငှက် ကို မြတ်နိုးကြ၏။ အဘယ်ကြောင့်ဆိုသော် မွန်လူမျိုးတို့ ဒေသတော် ဟံသာဝတီ ပြည်ကြီး ပေါ်ပေါက်ခဲ့သည့် နေရာတွင် ဟင်္သာမောင်နှံ တို့ နားခို နေသည့် အမှတ်သညာကြောင့် ဖြစ်သည်။
မွန်လူမျိုးနှင့် တနင်္လာနေ့
>> မွန်လူမျိုးတို့သည် တနင်္လာနေ့တိုင်း မွန်ဝတ်စုံ ဝတ်ဆင်ကြသည်။ အချို့လူများက MON DAY ဖြစ်၍ ဝတ်ဆင်သည်ဟု အထင်ရှိကြသည်။ အမှန်ကား မွန်လူမျိုးတို့သည် သာသနာသက္ကရာဇ် ၁၁၁၆ ခု တပို့တွဲလပြည့်ကျော် ၁ ရက် တနင်္လာနေ့တွင် ဟံသာဝတီ မွန်ပြည်တော်ကြီးအား တည်ထောင်ခဲ့သည့် နေ့စွဲ အထိမ်းအမှတ်ဖြင့် တနင်္လာနေ့ရောက်တိုင်း မွန်လူမျိုးတို့ သည် မွန်ဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်သည်။ ၄င်းနေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့ကို ကျင်းပလာခဲ့သည်မှာ ၂၀၁၅ တွင် ၆၈ ကြိမ်မြောက်ခဲ့ပြီ…
မွန်လူမျိုး နှင့် အမည်မှည့်ခြင်း
>> မွန်လူမျိုးတို့ အမည် သမုတ်ရာတွင် ယောကျာ်းလေးအမည် ရှေ့တွင်
'မင်း' (သို့) 'ဗညား'(သို့) 'မွန်' ဟူ၍ မှည့်ခေါ်ထည့်မှတ်ထားကြသည်။ ဥပမာ- မင်းသက်နောင်ထွန်း, မင်းထင်လင်းထွန်း, ဗညားဒလ, ဗညားထောလေး, မွန်အောင်ဝင်းကြည်, မွန်ဆိုင်အောင်း စသဖြင့်။
မွန်အမျိုးသားများ အရွယ်ရောက် ရှင်ပြုရဟန်းခံပြီးပါ က ယင်းအမည်များကို နိုင် တပ်၍ ပြောင်းလဲခေါ်ကြသည်။ နိုင်ထောမွန် နိုင်ချစ်သိန်း…
မွန်အမျိုးသမီး၏ အမည်ရှေ့တွင်မတော့ ငယ်သည်မှ အသက်ကြီးသည့် အထိ 'မိ' တပ်၍ ခေါ်ကြသည်။ မိမရော့စွန် မိကွန်ထော မိကျွန်ပါး မိပကောင်းမလေ မိယဉ်စနိုင်း…
ကိုးကား ။ မွန်လူမျိုး နှင့် ရိုးရာဓလေ့
>> Pa-roo Zoal မိတ်ဖွဲ့ဓလေ့
Pa Kao Wot နေညိုပန်းကပ် ဓလေ့
လှေဆွမ်းသပိတ် ကပ်လှူဓလေ့
ဥပုသ်ပန်းဝေဓလေ့
ဥပုသ် သက်ကြီးဆွမ်းကပ်ဓလေ့
အခိုက်ဖါပ်ဗ္စ သ္ဋိကုသ်င်္ု … စသဖြင့်
ဓါတ်ပုံ ခရက်ဒစ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။