လှပတဲ့ တုန့်ပြန်မှု
==========
ဒုတိယကမ္ဘာစစ်တုန်းက ဆွီဒင်ဟာ ကြားနိုင်ငံအဖြစ် ရပ်တည်ပြီး စစ်ပွဲမှာမပါဝင်ကြောင်း ကြေညာခဲ့တယ်။ ဒါကြောင့် ဂျူးလူမျိုးအများအပြားက ဆွီဒင်ကို ထွက်ပြေးလာခဲ့ကြတယ်။ ဒါကို နယ်စပ်က ဂျာမဏီစစ်တပ်တွေက ကြည့်မရခဲ့ဘူး။ အခွင့်အရေးရတာနဲ့ ဆွီဒင်စစ်တပ်ကို အကြောင်းပြဖို့ ချောင်းနေခဲ့ကြတယ်။
တစ်နေ့မှာ ဂျာမဏီစစ်တပ်က အထက်အမိန့်အရ လှလှပပ ထုပ်ထားတဲ့ လက်ဆောင်ထုပ်တစ်ခုကို ဆွီဒင်အရာရှိဆီ ပို့လိုက်တယ်။ အရာရှိက လက်ဆောင်ထုပ်ကို ဖောက်ကြည့်တော့ညစ်ပတ်နံစော် နဲ့
မြင်းချေးတွေ ဖြစ်နေတာ ကို တွေ့ လိုက်တယ်။ နောက်တစ်နေ့မှာ
ဆွီဒင်စစ်သားတစ်ဦးဟာ လှပတဲ့ လက်ဆောင်ထုပ်တစ်ခုကို ဂျာမဏီအရာရှိ ဆီ ပြန်
ပို့လိုက်တယ်။
"အထဲမှာ ဘာထည့်ထားသလဲဆိုတာ ဖွင့်မကြည့်လည်း သိနိုင်တယ်။ ငါတို့လိုပဲ ညစ်ညစ်ပတ်ပတ်တွေ ထည့်ထားမှာပဲ" လို့ ဂျာမဏီအရာရှိက တွေးလိုက်တယ်။ ဒါပေမယ့် လက်ဆောင်ထုပ်ကို ဖွင့်ကြည့်တော့ အထဲမှာ ဆွီဒင်နိုင်ငံထုတ် အကောင်း စား ချိစ်နဲ့ စာရွက်တစ်ရွက် တွေ့လိုက်တယ်။ စာရွက်ပေါ်မှာ " ကြီးမြတ်သော နိုင်ငံတော်၏ ထုံးတမ်းစဉ် လာအရ နိုင်ငံထုတ် အကောင်းဆုံးလက်ဆောင်ကို ပါးလိုက်ပါသည်" လို့ ရေးသားထားတယ်။
တစ်ခြားလူက ကိုယ့်ကိုအဆိုးနဲ့ ဆက်ဆံလာတဲ့အခါ ကိုယ်က အဆိုးနဲ့ ပြန်မဆက်ဆံဘဲ အသိဥာဏ်နဲ့ လှပတဲ့ တုန့်ပြန်မှု ကို ပေးတတ်ရမယ်။ ဘဝမှာလည်း အဲဒီလိုပဲ... မကျေနပ်မှုတွေ၊ စိတ်ဆင်းရဲမှုတွေကို တစ်ဇွတ်ထိုး မလုပ်ဘဲ အသိဥာဏ် နဲ့ ပေါင်းပြီး ဖြေရှင်းတတ်ရမယ်။
ကိုလင်း(သာလ္လာဝတီ)
#သုတဇုန်
www.thutazone.com
==========
ဒုတိယကမ္ဘာစစ်တုန်းက ဆွီဒင်ဟာ ကြားနိုင်ငံအဖြစ် ရပ်တည်ပြီး စစ်ပွဲမှာမပါဝင်ကြောင်း ကြေညာခဲ့တယ်။ ဒါကြောင့် ဂျူးလူမျိုးအများအပြားက ဆွီဒင်ကို ထွက်ပြေးလာခဲ့ကြတယ်။ ဒါကို နယ်စပ်က ဂျာမဏီစစ်တပ်တွေက ကြည့်မရခဲ့ဘူး။ အခွင့်အရေးရတာနဲ့ ဆွီဒင်စစ်တပ်ကို အကြောင်းပြဖို့ ချောင်းနေခဲ့ကြတယ်။
တစ်နေ့မှာ ဂျာမဏီစစ်တပ်က အထက်အမိန့်အရ လှလှပပ ထုပ်ထားတဲ့ လက်ဆောင်ထုပ်တစ်ခုကို ဆွီဒင်အရာရှိဆီ ပို့လိုက်တယ်။ အရာရှိက လက်ဆောင်ထုပ်ကို ဖောက်ကြည့်တော့ညစ်ပတ်နံစော်
"အထဲမှာ ဘာထည့်ထားသလဲဆိုတာ ဖွင့်မကြည့်လည်း သိနိုင်တယ်။ ငါတို့လိုပဲ ညစ်ညစ်ပတ်ပတ်တွေ ထည့်ထားမှာပဲ" လို့ ဂျာမဏီအရာရှိက တွေးလိုက်တယ်။ ဒါပေမယ့် လက်ဆောင်ထုပ်ကို ဖွင့်ကြည့်တော့ အထဲမှာ ဆွီဒင်နိုင်ငံထုတ် အကောင်း စား ချိစ်နဲ့ စာရွက်တစ်ရွက် တွေ့လိုက်တယ်။ စာရွက်ပေါ်မှာ " ကြီးမြတ်သော နိုင်ငံတော်၏ ထုံးတမ်းစဉ် လာအရ နိုင်ငံထုတ် အကောင်းဆုံးလက်ဆောင်ကို ပါးလိုက်ပါသည်" လို့ ရေးသားထားတယ်။
တစ်ခြားလူက ကိုယ့်ကိုအဆိုးနဲ့ ဆက်ဆံလာတဲ့အခါ ကိုယ်က အဆိုးနဲ့ ပြန်မဆက်ဆံဘဲ အသိဥာဏ်နဲ့ လှပတဲ့ တုန့်ပြန်မှု ကို ပေးတတ်ရမယ်။ ဘဝမှာလည်း အဲဒီလိုပဲ... မကျေနပ်မှုတွေ၊ စိတ်ဆင်းရဲမှုတွေကို တစ်ဇွတ်ထိုး မလုပ်ဘဲ အသိဥာဏ် နဲ့ ပေါင်းပြီး ဖြေရှင်းတတ်ရမယ်။
ကိုလင်း(သာလ္လာဝတီ)
#သုတဇုန်
www.thutazone.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။