ပုံတူကူးလို့မရတဲ့အရာ
^^^^^^^^^^^^^^^^^
တစ်နေ့မှာ ငှက်တစ်ကောင်နဲ့ ပျားတစ်ကောင် တွေ့ကြတဲ့အခါမှာ ငှက်က ပျားကိုမေးပါသတဲ့။
"ပျားရေ.. မင်းတစ်နေကုန်လုံး ကြိုးစားပြီး အလုပ်လုပ်ပြီး ပျားရည်တွေ ချက်လုပ်ပြီး မင်းတို့ အသိုက်မှာ စုဆောင်းထားတယ်။
ဒါပေမယ့် လူသားတွေက မင်းတို့ ပျားရည်ကို အဆင်သင့် ခိုးယူသွားကြတယ်။ မင်း ဝမ်းမနည်းဘူးလားကွာ?"
အဲဒီ့အခါမှာတော့ ပျားက ပြုံးပြီး
"ဝမ်းမနည်းပါဘူးကွာ။ လူတွေက ပျားရည်ကိုပဲ ခိုးတတ်တာပါ။ သူတို့ ပျားရည်ကို မလုပ်တတ်ပါဘူး" လို့ ပြန်ဖြေသတဲ့။
သင်ခန်းစာ - လူတွေက ကိုယ့်ရဲ့အပြင်ပန်းကိုပဲ တုပခိုးယူလို့ရတာပါ။ ကိုယ့်ရင်ထဲက လေးနက်တဲ့အရာ၊ တန်ဖိုးရှိတဲ့အရာကို ခိုးယူလို့မရပါဘူး။
ရွှေညာမောင် (Focus Youth E-magazine)
ဘာသာပြန်
{Focus Youth E-magazine သည် လူငယ်များနှင့်ဆိုင်သော အကြောင်းအရာများအား Ebook (PDF version) အဖြစ် လစဉ်တိုင်း အခမဲ့ download စနစ်ဖြင့် ဖြန့်ဝေပေးသွားမည့် Digital Magazine ဖြစ်ပါသည်။}

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။