Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 6, 2015

ဂီတပြေးလမ်းပေါ်က ပုရွက်ဆိတ်ကလေးတွေရဲ့အသံ


ဂီတပြေးလမ်းပေါ်က ပုရွက်ဆိတ်ကလေးတွေရဲ့အသံ
The ANTS
*************
အရင်တုန်းက ကိုခင်ဝမ်းပြောဖူးတာရှိတယ်။ "ပါရမီကုန်ရင် အတတ်ပညာနဲ့ဆက်တဲ့"။ ကျွန်တော်တို့က အနုပညာသမားတစ်ယောက် အနုပညာတစ်ခုကို ဖန်တီးဖို့ အနုပညာပဲလိုတယ်လို့ ထင်ပါတယ်။
တစ်ချိန်သောကာလက တောင်ကြီးမြို့ရဲ့ တစ်ခုသောနေရာလေးမှာ လက်ထဲမှာ ငွေကမရှိ၊ ချစ်သူကို မွေးနေ့လက်ဆောင်ကလည်း ပေးချင်။ ကဲ...ဘာပဲဖြစ်ဖြစ် အမှတ်တရ တစ်ခုခုပေးဖြစ်အောင်တော့ ပေးဦးမယ်ဆုံးဖြတ်ပြီး သီချင်းတစ်ပုဒ် ရေးဖြစ်ခဲ့သူ။ အောက်တိုဘာ (၂၉) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ချစ်သူမွေးနေ့အတွက် 'မင်းမရှိရင် မဖြစ်လို့' သီချင်းလေးကို ရေးဆိုပေးဖြစ်ခဲ့သူ။ ကျွန်တော်ရေးပြီး သူပိုင်တဲ့ သီချင်းလေးပါလို့ ပြောသူ (အယ်ဖြူ)
" ငါတော့ ဒီအချိန်မှာ ဒီသီချင်းတွေ ဒီမြူးဇစ်တွေကို ကြိုက်တယ်။ မင်းရောကြိုက်လား၊ အေး....ဒါဆို တို့တွဲလုပ်ကြမယ်။ ပြောနေကြတာကတော့ Alternative လို့ ပြောတာပဲ။ ငါတော့ အဲဒီလို ပုံစံမျိုးလေးတွေ ရေးဆိုတီးချင်တယ်" (မောင်မောင်ဇော်လတ်)
" မင်းတို့ရဲ့ ရည်ရွယ်ချက်တွေ ယုံကြည်မှုတွေက ငါနဲ့တစ်ထပ်တည်းပဲ။ ငါလည်း အသေအချာပါဝင်မယ်။" (အောင်ခန့်)
အဲဒီလို ဖြစ်ကောင်းဖြစ်ခဲ့ကြမယ်။ ပြောတောင် ပြောဖြစ်ခဲ့ကြပေလိမ့်မယ်။ သေချာတာကတော့ စိတ်ကူးတွေ ယုံကြည်ချက်တွေနဲ့ ပြောခဲ့တဲ့ စကားတွေ၊ ကတိတွေက အခုတော့ ပုရွက်ဆိတ်ကလေးတွေအဖြစ်နဲ့ နေရာအနှံ့အပြားမှာ လှုပ်ရှားမြူးတူးနေကြလေရဲ့။
သူတို့ကိုယ်သူတို့ ပုရွက်ဆိတ်ပါလို့ ပရိသတ်ထဲချပြခဲ့တာက ဟိုးလွန်ခဲ့တဲ့ ၁၉၉၇ လောက်ကပါ။ 'ရောင်စုံချောကလက်' တဲ့။ အချိန်တွေကြာပေမယ့်လည်း သူ့ပရိသတ်တွေ မမေ့ကြသေး။ သတိတရနဲ့ မေးမြန်း စုံစမ်းနေကြမြဲ.....
'ပုရွက်ဆိတ်ကလေးတွေက အထာကိုင်တာပဲလား...
မာနကြီးတာလား...
အားမလို အားမရနဲ့ မေးကြ မြန်းကြ...
ဘယ်သူမှလဲ အတိအကျ မဖြေဆိုနိုင်ကြ...
ဒီတော့...
ကာယကံရှင် ပုရွက်ဆိတ်တွေကိုပင် ပြန်လည်မေးမြန်း တင်ပြလိုက်ပါသည်။
Q- ပုရွက်ဆိတ်လေးတွေ ဘဝကို ဘယ်လိုစတင်ခံယူပြီး ဖြစ်တည်လာခဲ့တယ်ဆိုတာ ပြည့်ပြည့်စုံစုံလေး အရင်ဦးဆုံး ပြောပြပေးပါဦး။
A- ပုရွက်ဆိတ်ဘဝကို မစတင်ခင် အရင်ဆုံးခွေလုပ်ဖို့ စိတ်ကူးမိကြတာကတော့ ကျွန်တော် (မောင်မောင်ဇော်လတ်) နဲ့ အယ်ဖြူပေါ့။ သီချင်းတွေ ရေးကြတီးကြနဲ့ နယ်မှာကတည်းက သူငယ်ချင်းတွေဆိုတော့ အမြဲတွဲဖြစ်နေကြတာ။ အဲဒီအချိန်မှာ Alter ကိုကြိုက်ပြီး ရေးဖြစ်ကြ တီးဖြစ်ကြတယ်။ နောက် ဆိုမယ့်သူရှာတာလည်း မတွေ့တာနဲ့ မထူးတော့ဘူး။ ကိုယ်တိုင်ပဲ သူငယ်ချင်းတွေအားကိုးနဲ့ ရေးကြတီးကြ ဆိုကြမယ်ဆိုပြီး ချောကလက်အခွေကို လုပ်ဖြစ်ခဲ့တယ်။ အဲဒီမှာ အဓိက ပုရွက်ဆိတ်သုံးကောင်ကတော့ ကျွန်တော် (မောင်မောင်ဇော်လတ်)ရယ်၊ အယ်ဖြူရယ်၊ အောင်ခန့်ရယ်ပေါ့။ ကိုယ်လုပ်ချင်တာတွေ ဘယ်လောက်ထိ လုပ်နိုင်သလဲ။ လုပ်တတ်သလဲဆိုတာ သိချင်လို့ ကိုယ့်ကိုယ်ကိုယ် စာမေးပွဲစစ်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဂီတ သူငယ်ချင်းတွေရဲ့ ဖေးမကူညီမှုကိုလည်း အများကြီးရခဲ့ပါတယ်။
Q- The Ants ရဲ့ ရှေ့မှာ ဒီလို ရေးဆိုတီး Band မျိုးတွေ ရှိခဲ့ဖူးပါသလား။ ဒီလို The Ants ဖြစ်ပေါ်လာဖို့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲ။
A- ကျွန်တော်တို့ရှေ့မှာလဲ ရေးဆိုတီး Band တွေ ရှိပါတယ်။ The Ants ဖြစ်ပေါ်လာဖို့အတွက် သိပ်အခက်အခဲတော့ မရှိပါဘူး။ အစစ အရာရာကို ကိုလေးဖြူပဲ ဒိုင်ခံဖြေရှင်းသွားတာ များပါတယ်။
Q- ခင်ဗျားတို့နောက်မှထွက်တဲ့ Okra အဖွဲ့တောင် နောက်ထပ်ခွေတွေ ထွက်နေပြီ။ ခင်ဗျားတို့က ဘာဖြစ်လို့ ကြာနေရတာလဲ။
A- ကျွန်တော်က ကျောင်းမပြီးသေးတော့ မန္တလေးမှာ ကျောင်းပြန်ပြန်တက်နေရပါတယ်။ အချိန်က သိပ်မရဘူး။ ဒီကြားထဲ အကြိုက်တွေကလည်း ခဏခဏပြောင်းနေ။ သီချင်းတွေ တီးလိုက် ပြန်ဖျက်လိုက် အသစ်တွေထပ်တီးလိုက်နဲ့ ကြာသွားတာပါ။
Q- ခင်ဗျားတို့ အခုလုပ်နေတဲ့ စီးရီးက ဘယ်အခြေအနေရောက်ပြီလဲ။
A- ပြီးလောက်နီးပါး ရှိနေပါပြီ။ ဆင်ဆာကျရင် Mixing ဆွဲပြီး ခွေထွက်ရုံပဲ ကျန်ပါတော့တယ်။ မူပိုင်က မျိုးဆွေသန်းပါ။
Q- ခင်ဗျားတို့ ရေးဆိုတီးသမျှတွေထဲက ဘယ်သီချင်းကို အကြိုက်ဆုံးပါလဲ။ ရေးသူဆိုသူတွေက ဘယ်သူတွေပါလဲ၊ ဘာကြောင့်ကြိုက်ရတယ်ဆိုတာလေး ပြောပြပါဦး။
A- အခုထွက်မယ့်အခွေက 'ဂီတဉ္စလီ' သီချင်းကို အကြိုက်ဆုံးပါပဲ။ ဗုဒ္ဓကို ပူဇော်တဲ့သီချင်းတစ်ပုဒ်ပါ။ Group လိုက် ဆိုထားပါတယ်။
Q- ခင်ဗျားတို့ Recording ခန်းထဲကို မရောက်ခင် စိတ်ကူးတွေကို တစ်ယောက်နဲ့တစ်ယောက် ချပြပြီး ညှိနှိုင်းကြတယ်။ အားလုံးလည်း အဆင်ပြေတယ်။ Recording ခန်းထဲမှာ တကယ်တီးဆိုကြည့်လိုက်တော့ ထင်သလို ဖြစ်မလာဘူးဆိုပါတော့။ အဲဒါဆို အဲဒီသီချင်းကို ခင်ဗျားတို့ ဘယ်လို လုပ်ပစ်ကြတုန်း။
A- မေ့ပစ်လိုက်တယ်။ နောင် တစ်ပုဒ်ထပ်လုပ်ပါတယ်။
Q- Arrangement ကို ဘယ်သူက အများဆုံးလုပ်ပါသလဲ။
A- အကုန်လုံးနဲ့ ညှိနှိုင်းပြီး လုပ်ပါတယ်။
Q- အခုအချိန်မှာ Alternative ကို ခင်ဗျားတို့ရင်ထဲမှာ နှစ်နှစ်ကာကာရော ရှိသေးလား။ နောက်ပေါက် Music အချောအလှလေးတွေကို မျက်စိကျနေမလားလို့။
A- အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ မမေ့ဘူးပေါ့ဗျာ။
Q- Alter ထဲကို ခင်ဗျားတို့က တိုးဝင်တာလား။ ခင်ဗျားတို့ထဲကို Alter က တိုးဝင်တာလား။ အဲဒီ ခံယူချက်လေးကိုလည်း ပြောပြပါဦး။
A- ကျွန်တော်တို့ သတိမထားမိလိုက်ဘူး။
Q- Alter က Composttion တို့ Music တို့ တည်ဆောက်ပုံဆန်းသစ်လွတ်လပ်လို့ ခင်ဗျားတို့ ကြိုက်တယ်လို့ ပြောဖူးတယ်။ ကိုယ်တိုင် ဖန်တီးကြည့်တော့ရော လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်ခွင့် တစ်ထပ်တည်းကျရဲ့လား။
A- Music ပိုင်းကတော့ အနည်းဆုံး ၉၀ ရာခိုင်နှုန်း တစ်ထပ်တည်းကျအောင် လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။
Q- ပုရွက်ဆိတ်တွေဆီက Alter ကို ဖြုတ်ကြည့်ရင် ဘယ်လိုပုံစံမျိုးနဲ့ မြင်ရမလဲ။
A- ပုရွက်ဆိတ်ကနေ လူပြန်ဖြစ်သွားမယ်လေ။
Q- သီချင်းကောင်းတစ်ပုဒ် ဖြစ်လာဖို့အတွက် အသိပညာနဲ့ အတတ်ပညာမှာ ဘယ်ဟာက ပိုပြီး အရေးကြီးတယ်လို့ထင်လဲ။
A- အသိပညာတို့ အတတ်ပညာတို့ထက် သီချင်းကောင်းဖန်တီးချင်တဲ့ စိတ်စေတနာက အရေးကြီးဆုံးလို့ ထင်ပါတယ်။
Q- ခင်ဗျားတို့ရဲ့ Music Style Crazy တစ်ယောက်က စီးရီးထုတ်ချင်တယ်။ အကုန်လုံးကိုလည်း ခင်ဗျားတို့ကိုပဲ ပုံအပ်မယ်။ ရေးတာရော တီးတာရောပေါ့။ အဲဒါဆိုရင်ကော လက်ခံဆောင်ရွက် ပေးပါသလား။
A- အမြဲတမ်း ကြိုဆိုပါတယ်။
Q- အနုပညာသမားတစ်ယောက်မှာ ပါရမီနဲ့အတတ်ပညာ ဘယ်ဟာက ပိုအရေးကြီးပါသလဲ။
A- အရင်တုန်းက ကိုခင်ဝမ်းပြောဖူးတာ ရှိတယ်။ 'ပါရမီကုန်ရင် အတတ်ပညာနဲ့ဆက်' တဲ့ ကျွန်တော်တို့က အနုပညာသမားတစ်ယောက်၊ အနုပညာတစ်ခုကို ဖန်တီးဖို့ အနုပညာပဲလိုတယ်လို့ ထင်ပါတယ်။
Q- သီချင်းတွေမရှိရင် ဝန်းကျင်ကြီး ဘာဖြစ်သွားနိုင်သလဲ။
A- အနည်းဆုံး နားညဉ်းသက်သာတာပေါ့ဗျာ။
Q- ခင်ဗျားတို့ ပုရွက်ဆိတ်လေးတွေ ကိုက်ဖဲ့စားသောက် ဝမ်းစာဖြည့်ဖို့အတွက် ဘယ်လိုအရာဝတ္ထုတွေကို ချဉ်ချင်းတပ်ကြလဲ။
A- ပုရွက်ဆိတ်အဖြစ် ဆက်လက် ရပ်တည်ဖို့ အဓိကပါပဲ။ အရာတစ်ခုကို ကိုက်ဖဲ့စားသောက်ချင်တဲ့ ချဉ်ချင်းဆိုတာ အရေးမကြီးဘူးလို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့ ဆက်အလုပ်လုပ် ရဖို့ကိုပဲ မျှော်လင့်ပါတယ်။
Q- ခင်ဗျားတို့ အခုချိန်မှာ အကြိုက်ဆုံးဖြစ်တဲ့ အခွေတစ်ခွေကို ဘာကြောင့် ကြိုက်တယ်ဆိုတာကအစ ပြောပြပေးပါလား။
A- Radio Head ရဲ့ Kid 'A' Album ကို ကြိုက်တယ်။ ကျွန်တော်တို့ကို လမ်းအသစ်တစ်ခု ပြသပြီး ကမ္ဘာသစ်တစ်ခုထိ ခေါ်သွားနိုင်လို့ပါပဲ။
Q- ပုရွက်ဆိတ်ကလေးတွေအနေနဲ့ ရှေ့ဆက်မယ့်ခရီးစဉ်တွေ ပြောပြလို့ရမလား။
A- သီချင်းတွေ ရေးမယ်၊ ဆိုမယ်၊ တီးမယ်၊ ပြီးတော့ Producer လိုက်ရှာမယ်။
Q- ပရိသတ်ကို ပြောပြချင်တဲ့ ပုရွက်ဆိတ်တို့ရဲ့ဘာသာဗေဒလေး တဆိတ်လောက်...။
A- လွတ်လပ်မှု...ဘာမှ အစွဲမရှိဘူး။
Q- ပုရွက်ဆိတ်တို့ရဲ့ တည်နေရာလိပ်စာလေး။
A- ကျားကွက်သစ်လမ်း၊ ကျောက်မြောင်း (စာပေလောက ၄ )။

2001 june beaty magazine
စာစီကျေးဇူးရှင် Ko ka lee

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။