Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 19, 2015

ဦးခေါင်း နှစ်လုံးနဲ့ ငှက်

ဦးခေါင်း နှစ်လုံးနဲ့ ငှက်
===============

တစ်ခါက.. ဦးခေါင်းနှစ်လုံးပါရှိတဲ့ ထူးဆန်းတဲ့ ငှက်တစ်ကောင်ရှိပါသတဲ့..။ ငှက်ရဲ့ ဦးခေါင်းနှစ်လုံးဟာ ဆန့်ကျင်ဘက်အရပ်တွေကို မျက်နှာမူထားတာကြောင့် ဦးခေါင်းတစ်လုံးမြင်တဲ့အရာကို နောက်ဦးခေါင်းတစ်လုံးက မမြင်တွေ့ရပဲ ရှိပါသတဲ့။ အဲဒါကြောင့်လည်း ငှက်ရဲ့ ဦးခေါင်းနှစ်လုံးက အမြဲတမ်းပဲ ရန်ဖြစ်နေလေ့ရှိတယ်။ အကြောင်းပြချက်ရယ်လို့ မယ်မယ်ရရ မရှိပေမယ့်လည်း ဦးခေါင်းတစ်လုံးနဲ့တစ်လုံးဟာ အချင်းချင်း မကောင်းပြော ရန်စောင်နေလေ့ရှိပြန်တယ်။ တစ်ခါတစ်ရံမှာ ကိုယ်ခန္ဓာ တစ်ခုတည်းကို အတူတူ ပိုင်ဆိုင်ကြတာကိုတောင် မေ့လျော့သွားပြီး အချင်းချင်း ထိုးဆိတ်ကြပြန်တယ်။
အဲဒီလို ထူးဆန်းတဲ့ငှက်ဟာ မြစ်ကမ်းနားဘေးက ညောင်မုတ်ဆိတ်ပင်ကြီး တစ်ပင် အပေါ်မှာ နေထိုင်ခဲ့တယ်။

တစ်နေ့မှာတော့ ထူးဆန်းတဲ့ငှက်ဟာ မြစ်ပြင်ပေါ်မှာ ဖြတ်ပြီးပျံသန်းခဲ့တယ်။ အဲဒီလို ပျံသန်းနေစဉ်မှာပဲ ငှက်ရဲ့ ဦးခေါင်းတစ်လုံးက နီရဲမှည့်ဝင်းနေတဲ့ သစ်သီးတစ်လုံးကို တွေ့မြင်သွားခဲ့တယ်။ သူက အသီးကိုစားချင်တာကြောင့် အသီးရှိတဲ့အပင်ကို ပျံသန်းသွားတယ်။ ကျန်တဲ့ဦးခေါင်းတစ်လုံးက သစ်သီးကို မမြင်တွေ့ရပေမယ့်လေည်း.. လိုက်ပါသွားခဲ့ရပြန်တယ်။ အသီးကို မြင်တွေ့တဲ့ဦးခေါင်းဟာ မှည့်ဝင်းမွှေးကြိုင်လှတဲ့ သစ်သီးကို ခူးဆွတ်ပြီး မြစ်ကမ်းဘေးကို ယူဆောင်ကာ တစ်ယောက်တည်းပဲစားသုံး ခဲ့တယ်။ ကျန်တဲ့ဦးခေါင်းတစ်လုံးကို မျှဝေပေးခြင်းမရှိဘူး။

"မင်းဒီလိုတော့မလုပ်သင့်ဘူး..၊ ငါ့ကိုလည်း နည်းနည်းပေးကျွေးသင့်တယ်" လို့ ကျန်တဲ့ဦးခေါင်းတစ်လုံးက ပြောခဲ့တယ်။

"ငါစားတယ်ဆိုပေမယ်၊ ဗိုက်ပြည့်တော့ အတူတူပြည့်မှာပဲ၊ မင်းပါးစပ်ပိတ်ထား" လို့ အခြား ဦးခေါင်းတစ်လုံးက ပြန်ပြောလိုက်တယ်။ အဲဒီအခါ ဒုတိယဦးခေါင်းက

"ဒါပေမယ့် အသီးရဲ့ အရသာကို ငါလည်း ခံစားချင်တာပေါ့ကွာ" လို့ တောင်းပန်ခဲ့ပြန်တယ်။ အဲဒီအခါ ပထမ ဦးခေါင်းက

"ဒီသစ်သီးကို ငါအရင်တွေ့တာလေ၊ မင်းနဲ့ဘာဆိုင်လဲ၊ မင်းမပြောနဲ့ ဘယ်သူ့ကိုမှ ငါခွဲဝေကျွေးနေမှာမဟုတ်ဘူး"
လို့ပြောလိုက်တယ်။

အဲဒီအခါမှာ ကျန်တဲ့ဦးခေါင်းတစ်လုံးက ၀မ်းနည်းစွာနဲ့ ငြိမ်နေခဲ့ရတယ်။

အဲဒီလိုနဲ့ နေ့ရက်တော်တော်များများ ကုန်လွန်လာခဲ့တယ်။ တစ်နေ့မှာတော့ ဦးခေါင်းနှစ်လုံးငှက်ဟာ မြစ်ပြင်ပေါ်မှာ ဖြန်ပြီးပျံသန်းပြန်တယ်။ ဒီတစ်ခါမှာတော့ ငှက်ရဲ့ ဒုတိယဦးခေါင်း ဟာ လှပမွှေးကြိုင်တဲ့ အသီးတစ်ခုကို တွေ့ရှိခဲ့တယ်။ ငှက်ရဲ့ ဒုတိယမြောက်ဦးခေါင်း ဟာ အသီးရှိတဲ့နေရာကို ပျံသန်းပြီး အသီးကို စတင်စားသုံးတယ်။ အဲဒီအခါ ပထမငှက်က

"မစားနဲ့၊ မစားနဲ့၊ အဲဒါအဆိပ်သီးကွ၊ မင်းသေလိမ့်မယ်"
လို့ ပြောတယ်။ အဲဒီအခါ ဒုတိယဦးခေါင်းက

"မနာလို မဖြစ်နဲ့လေ၊ မင်းတုန်းက ငါ့ကို ခွဲကျွေးလို့လား၊ ငါစားတယ်ဆိုပေမယ့်၊ ဗိုက်ပြည့်တော့ အတူတူပါပဲကွာ"
လို့ ပြောပြီး ရယ်မောခါ ဆက်လက်ပြီး စားမြဲစားနေပြန်တယ်။

"မစားပါနဲ့၊ မင်းတင်မဟုတ်ဘူး၊ ငါတို့အကုန်သေကြရလိမ့်မယ်"
လို့ ပထမ ဦးခေါင်းက အော်ဟစ်သတိပေးပြန်တယ်။ အဲဒီအခါ ဒုတိယငှက်က

"ငါအရင်တွေ့တော့၊ ငါစားမှာပဲ "
လို့ ပြောဆိုပြီး စားမြဲစားနေခဲ့ပြန်တယ်။

ခဏအကြာမှာတော့ ဦးခေါင်းနှစ်လုံးနဲ့ငှက်ဟာ အဆိပ်တက်ပြီး သေဆုံးသွားခဲ့ရတယ်။

===================
တကယ်တော့ မိသားစုတစ်စုဟာ ဦးခေါင်း နှစ်လုံးနဲ့ငှက်တွေဖြစ်တယ်။ ဦးခေါင်းနှစ်လုံးနဲ့ငှက်ဟာ ကိုယ်ခန္ဓာတစ်ခုကို မျှဝေသုံးစွဲရသလို မိသားစုဝင်တွေဟာလည်း တစ်မိုးအောက်မှာ မျှဝေနေထိုင်နေကြသူများ ဖြစ်တယ်။ မိမိရဲ့ ကောင်းကျိုးချမ်းသာဟာ၊ အခြားမိသားစုဝင်တွေရဲ့ ကောင်းကျိုးချမ်းသာလည်းဖြစ်တယ်။ မိမိရဲ့ ဆင်းရဲခြင်းဟာလည်း၊ အခြားမိသားစုဝင်တွေရဲ့ ဆင်းရဲခြင်းပဲဖြစ်တယ်။ မိသားစုဝင်တွေဟာ တူညီတဲ့ကံကြမ္မာကို မျှဝေခံစားသူများဖြစ်ကြတယ်။

တစ်ကယ်လို့ ကျနော်တို့ဟာ တစ်မိသားစုတည်းနေထိုင်နေပါလျက် မိမိတစ်ဘို့တည်းကိုသာကွက်ပြီးစဉ်းစားမယ်၊ အခြားသူတွေရဲ့ မျက်နှာကိုမထောက်ဘဲ၊ အဆိပ်သီးနဲ့တူတဲ့ အတ္တစိတ်ကို စားသုံးမယ်ဆိုရင်တော့ ဦးခေါင်းနှစ်လုံးငှက်လိုပဲ၊ ကိုယ့်ရဲမိသားစုရဲ့ ဂုဏ်သတင်းကိုပါ ဆုံးရှုံးရမှာပဲဖြစ်တယ်။ အခန့်မသင့်ရင်တော့ အဆိပ်သင့်တဲ့ငှက်လို မိသားစုတစ်ခုလုံးရဲ့ ဘ၀ပါ ရေစုန်မြောရမယ်လို့ ဆိုတယ်။

မိသားစုကို တန်ဖိုးထားတတ်ကြပါစေ
(ဖြိုးသုတ)
http://facebook.com/ko.phyo.3363/u

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။