Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 19, 2015

သမိုင်းကြောင်းမှ အစောဆုံးသရဲ

က်ာငြာစာမြည်း ရှယ်ပေးပါလို့ request ပါတယ်
သမိုင်းကြောင်းမှ အစောဆုံးသရဲ
==================
သရဲ၊တစ္ဆေဖြစ်ရပ်များသည် ယနေ့ခေတ်တွင်မှ ဖြစ်ပေါ်လာသော အကြောင်းအရာများမဟုတ်ပေ။ သမိုင်းစဉ် တစ်လျှောက်လုံးတွင် ယင်းအဖြစ် အပျက်များက ကမ္ဘာပေါ်ရှိ လူမျိုး စုအားလုံးတို့တွင် ဖြစ်ပေါ်လာခဲ့ သည်။ သရဲ၊တစ္ဆေနှင့် ပတ် သက်၍"ချိန်းသံပေးသောသရဲ" (chain-clanking ghost) အ မည်ဖြင့် အေဒီ (၁) ရာစုခန့် က မှတ်တမ်းတင်ထားမှုကို အစောဆုံးတွေ့ရသည်။ မှတ် တမ်းတင်သူမှာရောမ စာရေး ဆရာနှင့် အတွေးအခေါ် ပညာ ရှင် ပလင်နီ (Pliny the Younger) ဖြစ်သည်။ သူက သူ၏မိတ်ဆွေ တစ်ယောက်ထံသို့ ရေးသား သောစာတွင် အထက်ဖော်ပြပါ သရဲခြောက်သည့်အကြောင်း ထည့်သွင်းရေးသားထားခြင်းဖြစ် သည်။


သူ့စာအရ ရောမမြို့ရှိ အေသင်မြို့သားတစ်ယောက်ပိုင်ဆိုင်သော အိမ်တစ် အိမ်သည် ကျယ်ပြန့်ခါ လှပလှသော်လည်း အလွန်ဆိုးသွမ်း၍ ရွံစရာကောင်းသောသရဲ အဖိုးအိုကြီးတစ်ကောင်ကြောင့် ငှားရမ်းမည့်သူ မရှိဖြစ်နေသည်ဆိုသည်။ သရဲ ခြောက်သည်ဟု နာမည်ကြီးနေသော ယင်းအိမ်ကြီးအား အယုံအကြည် မရှိသူ ဂရိ လူငယ်တစ်စုတို့သည် ညအိပ်ခါ စမ်းသပ်ခဲ့ကြသည်။ သို့သော် ဆိုးသွမ်းလှသည့် သရဲအဖိုးကြီး ညည်းညူသံပေး၍ ပေါ်လာပြီး လက်တွင်ချည်နှောင်ထားသည့် သံကြိုး များကို လှုပ်၍အသံပေးသည့်အခါတွင်ကား မယုံကြည်သူ လူငယ်တို့ထွက်ပြေးခဲ့ရ တော့သည်။ ယင်းသို့သော အဖြစ်အပျက်များကြောင့် ယင်းအိမ်ကြီးသည် လှပပြီး နေချင့်စဖွယ်ဖြစ်သော်လည်း ငှားရမ်းမည့်သူ မရှိဖြစ်နေခဲ့သည်။
သို့သော်နောက်ပိုင်းတွင် ငှားရမ်းမည့်သူ တစ်ဦးပေါ်လာတော့သည်။ သူကား အေသင်နိုဒိုးရပ်စ် (Athenodorus) အမည်ရှိ အတွေးအခေါ်ပညာရှင်၊ စာရေးဆရာ တစ်ယောက်ဖြစ်သည်။ အေသင်နိုဒိုးရပ်စ်သည် အိမ်ကြီးအား မြင်လျှင်မြင်ချင်း အေးချမ်း ငြိမ်သက်ကာ ဆိပ်ငြိမ်ရာအရပ်ဖြစ်သည့်အတွက် အထူးပင်နှစ်ချိုက်သဘောကျမိသည်။ ထို့ပြင် မယုံကြည်နိုင်လောက်အောင် ဈေးချိုနေသော ငှားရမ်းခကလည်း သူ့အား ဆွဲဆောင်နေခဲ့သည်။ သို့အတွက် နောက်ဆုံးတွင် ငှားရမ်းရန် ဆုံးဖြတ်ခဲ့သည်။ သူ့အားရိုးသားသော အိမ်ရှင်ကိုယ်တိုင်က အိမ်တွင်ခြောက်လှန့်နေသော သရဲ တစ်ကောင် ရှိကြောင်း ပြောပြသော်လည်း သူကနောက်မဆုတ်ဘဲ ငှားရမ်းခဲ့တော့သည်။ ပလင်နီ၏စာအရ အိမ်ငှားဖြစ်သူ အေသင်နိုဒိုးရပ်စ်သည် အိမ်ငှားပြီး ပထမဦး ဆုံးညမှာပင် ချိန်းသံပေးသည့် သရဲနှင့်တွေ့လေတော့သည်။ ထိုညက အေသင် နိုဒိုးရပ်စ်သည် စာတစ်အုပ်ကို စိတ်ဝင်စားစွာ ဖတ်ရှုနေချိန်ဖြစ်သည်။ ပထမဦးဆုံးသူကြားလိုက်ရသည်က သံချိန်းကြိုးများ တစ်ခုနှင့်တစ်ခုရိုက်မိခါ လှုပ်ခါနေသည့်အသံ ဖြစ်သည်။ ခဏအကြာတွင်ကား ရွံစရာကောင်းသော အဖိုးအိုသရဲသည် သူ့ရှေ့တွင် ပေါ်လာပြီး အရိုးသာကျန်တော့သည့် လက်ချောင်းများဖြင့် သူ့အား လက်ယပ်ခေါ် နေခဲ့သည်။ သို့သော် အတွေးအခေါ်ပညာရှင်ကြီးဖြစ်သည့် အားလျှော်စွာ တုန်လှုပ် ခြင်းကင်းစွာဖြင့် လက်တစ်ဖက်ဖြင့် ထွက်သွားစေရန် ဝှေ့ယမ်းလိုက်ပြီး စာဆက်ဖတ်နေ လိုက်သည်။ သရဲအဖိုးကြီးကလည်း မလျှော့ဘဲ ချိန်းသံများပေးကာ ပိုမိုဆူညံလာစေ ခဲ့သည်။ နောက်ဆုံးတွင် အေသင်နိုဒိုးရပ်စ်သည် စိတ်မရှည်တော့ဘဲ တုတ်တစ် ချောင်းကိုဆွဲခါ သရဲအဖိုးကြီးနှင့် ရင်ဆိုင်လိုက်တော့သည်။ ထိုအခါ သရဲအဖိုးကြီး သည် အိမ်ထဲမှ အိမ်ရှေ့ခြံထဲသို့ ထွက်ပြေးလေတော့သည်။ အေသင်နိုဒိုးရပ်စ်လည်း နောက်မှပြေးလိုက်လာခဲ့သည်။ သရဲသည် အိမ်ရှေ့ဥယျာဉ်အတွင်း တစ်နေရာရှိ ခြုံတစ်ခုအောက်သို့ ၀င်ရောက် ပျောက်ကွယ်သွားတော့သည်။ ဒိုးရပ်စ်လည်း ပျောက် ကွယ်သွားသည့်နေရာ အတိအကျအား ကျောက်တုံးများဖြင့် အမှတ်အသားပြုခါ အိမ်တွင်းသို့ ပြန်ဝင်လာခဲ့သည်။
နောက်တစ်နေ့မနက်တွင် အတွေးအခေါ်ပညာရှင်ကြီးသည် ရာဇ၀တ် တရားသူကြီးနှင့် တိုင်ပင်ကာ မှတ်သားထားသောနေရာအား သူ၏ကျွန်များကို တူးဖော်စေတော့သည်။ တစ်မီတာကျော်မျှတူးပြီးသည့် နောက်တွင်တွေ့လိုက်ရသည်မှာ သံချေးတက်နေသည့် ချိန်းကြိုးများနှင့် လက်နှစ်ဖက်ကို ချည်နှောင်ထားသည့် အရိုးစု တစ်ခု ဖြစ်သည်။ ထို့နောက်တွင် ရာဇ၀တ်တရားသူကြီးအမိန့်ဖြင့် ယင်းပြုလုပ်ခဲ့သော မကောင်းမှုရှိက ပယ်ပျောက်စေရန် အမိန့်ပြန်ပြီး အရိုးစုအား ချိန်းကြိုးများဖြုတ်ခါ သင့်တော်သာ အခမ်းအနားတစ်ခုဖြင့် မြေမြုတ်သင်္ဂြိုဟ် ပေးလိုက်တော့သည်။ နောက်ပိုင်းတွင် ယင်းချိန်းသံပေးသော သရဲအဖိုးကြီးလည်း ထိုအိမ်မှ ပျောက်ကွယ် သွားခဲ့တော့သည်။
ယင်းသည်ကား အစောဆုံးမှတ်တမ်းတင်ထားသော တစ္ဆေ၊ သရဲဖြစ်ရပ် တစ်ခုပင်ဖြစ်သည်။ မြန်မာစာပေတွင်လည်း ဆရာတော် ဘဒ္ဒန္တ၀ါသနမထေရ် ပါဠိစာပေ မှ မြန်မာပြန်ဆိုတော်မူအပ်သော ပဒေသာ မဟာပေတ၀တ္ထုတော်ကြီး တွင် မကောင်းမှု ပြုလုပ်မှုကြောင့် အကျိုးဆက်အဖြစ် ပြိတ္တာဖြစ်ရသော အဖြစ်အပျက်ပေါင်း များစွာကို ဖော်ပြထားသည်။ ထို့ပြင် ဆရာကြီးနိုင်ပန်းလှ ရေးသားခဲ့သော ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းတွင်လည်း သူရဲကောင်း သမိန်ဗရမ်း ဇာတ်သိမ်းခန်းတွင် သရဲ ခေါင်းပြတ်ကိုက်သည့်အတွက် သေဆုံးရသည်ဟု ဖော်ပြထားသည်။ ယင်းဖြစ်စဉ် အား ဖော်ပြရလျှင်-
သမိန်ဗရမ်းသည် ဒုန်ဝန်းမြို့ကို စားရသည်။ သို့သော် နေ့စဉ်နေတိုင်း ဟံသာဝတီရွှေနန်းတွင်စံတော်မူသော ရာဇဓိရာဇ်ထံ အခစားဝင်ရသည်။ နံနက် မိုးသောက်ယံ ဒုန်ဝန်းမြို့မှ ဟံသာဝတီသို့ မြင်းဖြင့်လာရောက်ပြီး ညချမ်းချိန်တွင် ဟံသာဝတီမှ ဒုန်းဝန်းသို့ မြင်းကို ဒုန်းစိုင်းကာ ပြန်လာသည်။ ယင်းသည်ကား သမိန်ဗရမ်း၏ နေ့စဉ်အလုပ်ဖြစ်သည်။ တစ်နေ့တွင် ဣဘယဂါမရွာသို့ ဓားပြ၀င်တိုက် သည်ဆိုသည်။ ရွာသားများလည်း ဓားပြဗိုလ်အား ၀ိုင်းဝန်းဖမ်းဆီးခါ သတ်ပစ်လိုက် တော့သည်။ ရင်ကိုခွဲခါ အလောင်းကောင်ကို တံကျင်ဖြင့်သီပြီး ရွာအပြင် တောလမ်း ခရီးတွင် လူအများအား မြင်စေလိုသဖြင့် ချိတ်ဆွဲထားသည်။
သမိန်ဗရမ်းလည်း ဟံသာဝတီနေပြည်တော်မှအပြန်တွင် ဣဘယဂါမ ရွာသို့ ညနေ နေ၀င်ရီတရောအချိန်တွင် ရောက်၍ တောလမ်းကို ဖြတ်သန်းလိုက်သည်။ ထိုအခါ သမိန်ဗရမ်းနားထဲတွင် "ဟယ်သမိန်ဗရမ်း၊ နင့်မြင်းကို ငါလည်းစီးချင်လို့ ငါ့ကိုလည်း တင်သွားပါ"ဟူသော ထူးဆန်းအံ့သြဖွယ် စကားသံကို ကြားရလေသည်။ သမိန်ဗရမ်းလည်း ကြက်သီးမွေးညင်းဖြန်းဖြန်းထလေတော့သည်။ "သည်တောထဲမှာ ငါ့နာမည်ကိုတပ်ပြီး ဘယ်သူက မထီလေးစား ခေါ်လိုက်ပါသနည်း"ဟု စိတ်တွင် ဖြစ်ပေါ်ပြီး မြင်းဇက်ကိုသတ်ပြီး လှည့်ပတ်ကြည့်သောအခါတွင် တံကျင်လျှိုထားသော အလောင်းကောင်ကို တွေ့လိုက်ရပြီး သူ့အား တစ္ဆေတစ်ကောင် ခြောက်လှန့်သည် ကို သိလိုက်ရသည့်အတွက် ဒေါသအလွန်ထွက်သွားခဲ့သည်။ "ဟယ် - ဓားပြဆိုး နင့်ရင်ကို သူတို့ရင်ခွဲလိုက်လို့ နင်သေနေပြီ။ ဘာကြောင့် နင်မသွားသေးဘဲ ငါ့ကို ခြောက်လှန့်ရသနည်း"ဟု နှုတ်ကဆိုလျက် လက်ကလည်း ဓားရှည်ကို ဓားအိမ်မှ ဆွဲထုတ်ခါ ဓားပြဦးခေါင်းကို ဆံပင်မှဆွဲခါ တစ်ချက်တည်းခုတ်ဖြတ်လိုက်တော့သည်။ ထို့နောက် ဆံပင်ရှည်ကိုဆွဲခါ မြင်းဇက်နံဘေးတွင် ချိတ်လျက် မြင်းကို အပြင်းနှင် လိုက်တော့သည်။
မြင်းကို အပြင်းနှင်သည့်အတွက်ကြောင့် မြင်းဘေးတွင် ချိတ်ဆွဲထားသော ခေါင်းပြတ်သည်လည်း ရှေ့တိုးနောက်ငင် လှုပ်ရှားလေတော့သည်။ ထိုသို့ လှုပ်ရှား ပြီးမကြာမီပင် ခေါင်းပြတ်သည် သမိန်ဗရမ်း၏ ဒူးခေါင်းအား မြဲစွာကိုက်လျက် အနေ အထားသို့ ရောက်ရှိသွားတော့သည်။ သမိန်ဗရမ်းလည်း ဓားပြခေါင်းပြတ်ကို အမျိုး မျိုးဆွဲထုတ်သော်လည်း ဦးခေါင်းပြတ်ကား ဒူးခေါင်းကို ကိုက်မြဲကိုက်လျက်ရှိနေခဲ့ သည်။ ထိုအခါ သမိန်ဗရမ်းလည်း စိတ်မရှည်တော့ဘဲ ဦးခေါင်းကို ဓားဖြင့်ရိုက်ချလိုက် ရာ ခေါင်းပြတ်မှာ မြေသို့ကျသော်လည်း ဒူးခေါင်းတွင် သွားသုံးချောင်းက စူးဝင်လျက် ကျန်ရစ်တော့သည်။ ဒုံးဝန်းသို့ရောက်လျှင် သမားများကို အလျှင်အမြန်ခေါ်ကာ ကုသော်လည်း သွားကိုက်ခံရသောအနာမှာ အဆိပ်အတောက် ဖြစ်ပြီး (၃) ရက်မြောက် နေ့တွင် သမိန်ဗရမ်းကွယ်လွန်ခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းသည်ကား စာရေးသူလက်လှမ်းမီသမျှ မြန်မာစာပေတွင် တွေ့ရသော တစ္ဆေခြောက်သည့် အဖြစ်နှင့် ဆက်စပ်လျက်ရှိသည့် အဖြစ်အပျက်တစ်ခုဖြစ်သည်။
===========================================
အထက်ပါဆောင်းပါးကို သဘာဝလွန်ဖြစ်ရပ်များနှင့် သိပ္ပံပညာ စာအုပ်မှ ကူးယူဖော်ပြပါသည်။ (ရှယ်ပေးကြပါလို့ request လုပ်ပါတယ်) စိတ်နယ်လွန်ဖြစ်ရပ်ဆန်းများ၊ တစ္ဆေဖြစ်ရပ်များကို သိပံပညာရှုဒေါင့်မှရေးသားထားသည်။
Credit to : ကိုဆွေ (ပန်နိုရားမား) https://web.facebook.com/ko.swepanorama?hc_location=ufi

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။