မုန့်ဟင်းခါး (တောချက်) ချက်နည်း
-------------------------- ---------
Ingredients:
ငါးခူအနေတော် ၄ကောင်
စပါးလင် ၄ပင်
ချင်း တတက်
**ငါးငံပြာရည် ထမင်းစားဇွန်း ၆ဇွန်း
ကြက်သွန်နီအနေတော် ၄လုံး
ကြက်သွန်ဖြူအနေတော် ၁လုံး (၈မွှာခန့် )
ငရုတ်သီးအစိမ်းမှုန့်  ထမင်းစားဇွန်း ၁ဇွန်း
ဆားအနည်းငယ်
နနွင်းမှုန့် အနည်းငယ်
**ဆန်လှော်မှုန့်  ထမင်းစားဇွန်း ၆ဇွန်း
ကြက်သွန်နီအကြီး ၅လုံး ၊ ကြက်သွန်နီအသေး ၁၅လုံး
ကြက်ဥ ၃လုံး
ငှက်ပျောအူ တပိုင်း
ငရုတ်ကောင်းမှုန့်  အနည်းငယ်
**ငရုတ်သီးအကျက်မှုန့်
ငါးငံပြာရည်
နံနံပင်
အကြော်စုံ
ကြက်သွန်ဖြူဆီချက်
Preparation Method:
၁)ငါးပြုတ်ဖို့ အတွက် ငါးခူတွေကို ခေါင်းဖြတ်ပြီး ကိုယ်လုံးကို ဆားနနွင်းမှုန့် ၊ငါးငံပြာရည် ထမင်းစားဇွန်း ၃ဇွန်း၊ ချင်းအနည်းငယ်၊ စပါးလင်အပြင်ခွံအရင့်တွေကို ထုံးပီး ရေအနည်းငယ်ဖြင့် ပြုတ်ပါ။
၂)ငါးအသားတွေကျက်သွားပြီဆို လျှင် ဆယ်ယူပြီး အအေးခံထားပါ။ ငါးပြုတ်ရည်ကို စစ်ပြီး ပန်းကန်တလုံးထဲ ထည့်ထားပါ။ နောက်မှ ဟင်းရည်ထဲ ထည့်ပါမည်။
၃)ငါးအရေခွံတွေကိုဖယ်ပြီး အသားချည်းသပ်သပ် နွှင်ထားပါ။ အရိုးတွေကို ရေနွေးအနည်းငယ်ထည့်ပြီး အချိုရည်စစ် ယူထားပါ။
၎)ငါးဆီသတ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ချင်း၊စပါးလင်အ နုတွေ၊ငရုတ်သီးအစိမ်းမှုန့်  အားလုံးကို ညက်အောင် ထောင်းထားပါ။ ဒယ်အိုးထဲ ဆီထည်ပြီး ဆီကျက်လျှင် ကြက်သွန်ထောင်းကို ဆီသတ်ပါ။
နည်းနည်းကြာကြာလေးသတ်ပေးပါ။ ပြီးလျှင် ငါးအသားတွေထည့်ပြီး မခြောက်တခြောက် အနေအထားအထိ ရအောင် ဆီသတ်ပါ။ ငါးဆီသတ်ကောင်းမှ ဟင်းရည်ရဲ့  အရသာကောင်းမှာပါ။
၅)(Readymade) ဆန်လှော်မှုန့် ကို မီးအေးအေးဖြင့် မတူးအောင် လှော်ထားပါ။
၆)ဟင်းရည်ချက်ဖို့ အိုးကြီးကြီးထဲကို ရေ တ၀က်လောက်ဖြည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။ ပွက်ပွက်ဆူမှ အဆင့်(၁)မှ ငါးပြုတ်ရည်ကို ထည့်ပြီး ပွက်ပွက်ဆူပါစေ။ အဆင့်(၃)မှ အချိုရည်ကို ဆက်ထည့်ပြီး ပွက်ပွက်ဆူပါစေ။
အဆင့်(၄)မှ ငါးဆီသတ်ကို ထည့်ပြီး ပွက်ပွက်ဆူအောင် ၅မိနစ်ခန့် တည်ပါ။ လှော်ထားသော ဆန်လှော်မှုန့်  ဆက်ထည့်ပြီး နောက် ၅မိနစ်ခန့် တည်ပါ။
ရ)ဆားအနည်းငယ်နှင့် ကျန်နေသော ငါးငံပြာရည်ထည့်ပြီး ဟင်းရည်အရသာပြင်ပါ။
၈)ကြက်သွန်နီအကြီးတွေကို ၆စိပ် စိပ်ပြီး အဖတ်ခွာထားပါ။ ကြက်ဥတွေကို နာနာခေါက်ထားပါ။ ငှက်ပျောအူအနုလေးတွေကို ပါးပါးလှီးပြီး နနွင်းရည်ထဲ စိမ်ထားပါ။
၉)ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲသို့  အဆင့်(၈)မှ အစာပလာတွေကို ထည့်ပြီး နောက် ၅မိနစ်ခန့် တည်ပါ။ ကြက်သွန်နီအသးတွေနဲ့ ငရုတ်ကောင်းမှုန့်  အနည်းငယ်ကို ထည့်ပြီး မီးအေးအေးဖြင့် ဆက်တည်ထားပါ။
စပါယ်ရှယ်မုန့် ဟင်းခါးဟင်းရည် ရပါပြီ....
ကြိုက်နှစ်သက်သလို ပြင်ဆင်ပြီး သုံးဆောင်လို့ ရပါပြီရှင်...
မူရင်း = KaeKae's FoodPalace
--------------------------
Ingredients:
ငါးခူအနေတော် ၄ကောင်
စပါးလင် ၄ပင်
ချင်း တတက်
**ငါးငံပြာရည် ထမင်းစားဇွန်း ၆ဇွန်း
ကြက်သွန်နီအနေတော် ၄လုံး
ကြက်သွန်ဖြူအနေတော် ၁လုံး (၈မွှာခန့် )
ငရုတ်သီးအစိမ်းမှုန့်  ထမင်းစားဇွန်း ၁ဇွန်း
ဆားအနည်းငယ်
နနွင်းမှုန့် အနည်းငယ်
**ဆန်လှော်မှုန့်  ထမင်းစားဇွန်း ၆ဇွန်း
ကြက်သွန်နီအကြီး ၅လုံး ၊ ကြက်သွန်နီအသေး ၁၅လုံး
ကြက်ဥ ၃လုံး
ငှက်ပျောအူ တပိုင်း
ငရုတ်ကောင်းမှုန့်  အနည်းငယ်
**ငရုတ်သီးအကျက်မှုန့်
ငါးငံပြာရည်
နံနံပင်
အကြော်စုံ
ကြက်သွန်ဖြူဆီချက်
Preparation Method:
၁)ငါးပြုတ်ဖို့ အတွက် ငါးခူတွေကို ခေါင်းဖြတ်ပြီး ကိုယ်လုံးကို ဆားနနွင်းမှုန့် ၊ငါးငံပြာရည် ထမင်းစားဇွန်း ၃ဇွန်း၊ ချင်းအနည်းငယ်၊ စပါးလင်အပြင်ခွံအရင့်တွေကို
၂)ငါးအသားတွေကျက်သွားပြီဆို
၃)ငါးအရေခွံတွေကိုဖယ်ပြီး အသားချည်းသပ်သပ် နွှင်ထားပါ။ အရိုးတွေကို ရေနွေးအနည်းငယ်ထည့်ပြီး အချိုရည်စစ် ယူထားပါ။
၎)ငါးဆီသတ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ချင်း၊စပါးလင်အ
နည်းနည်းကြာကြာလေးသတ်ပေးပါ။
၅)(Readymade) ဆန်လှော်မှုန့် ကို မီးအေးအေးဖြင့် မတူးအောင် လှော်ထားပါ။
၆)ဟင်းရည်ချက်ဖို့ အိုးကြီးကြီးထဲကို ရေ တ၀က်လောက်ဖြည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။ ပွက်ပွက်ဆူမှ အဆင့်(၁)မှ ငါးပြုတ်ရည်ကို ထည့်ပြီး ပွက်ပွက်ဆူပါစေ။ အဆင့်(၃)မှ အချိုရည်ကို ဆက်ထည့်ပြီး ပွက်ပွက်ဆူပါစေ။
အဆင့်(၄)မှ ငါးဆီသတ်ကို ထည့်ပြီး ပွက်ပွက်ဆူအောင် ၅မိနစ်ခန့် တည်ပါ။ လှော်ထားသော ဆန်လှော်မှုန့်  ဆက်ထည့်ပြီး နောက် ၅မိနစ်ခန့် တည်ပါ။
ရ)ဆားအနည်းငယ်နှင့် ကျန်နေသော ငါးငံပြာရည်ထည့်ပြီး ဟင်းရည်အရသာပြင်ပါ။
၈)ကြက်သွန်နီအကြီးတွေကို ၆စိပ် စိပ်ပြီး အဖတ်ခွာထားပါ။ ကြက်ဥတွေကို နာနာခေါက်ထားပါ။ ငှက်ပျောအူအနုလေးတွေကို ပါးပါးလှီးပြီး နနွင်းရည်ထဲ စိမ်ထားပါ။
၉)ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲသို့  အဆင့်(၈)မှ အစာပလာတွေကို ထည့်ပြီး နောက် ၅မိနစ်ခန့် တည်ပါ။ ကြက်သွန်နီအသးတွေနဲ့ ငရုတ်ကောင်းမှုန့်  အနည်းငယ်ကို ထည့်ပြီး မီးအေးအေးဖြင့် ဆက်တည်ထားပါ။
စပါယ်ရှယ်မုန့် ဟင်းခါးဟင်းရည် ရပါပြီ....
ကြိုက်နှစ်သက်သလို ပြင်ဆင်ပြီး သုံးဆောင်လို့ ရပါပြီရှင်...
မူရင်း = KaeKae's FoodPalace

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။