တေးမြုံငှက် (သို့) တေးရေးဆရာ မောင်သစ်မင်း
တေးရေးဆရာ မောင်သစ်မင်းဆိုတာ ဂီတပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့ မလိုတဲ့ လူတစ်ယောက်ပါ။ သူက ကဗျာဆရာတစ်ယောက်လည်း ဖြစ်တယ်။ သူက ဒဿနဆန်တဲ့ စာသားတွေ ရေးဖွဲ့တဲ့နေရာမှာ နာမည်ကြီးတယ်။ အဲဒီထက် အံ့သြစရာကောင်းတာက အနုအနွဲ့တွေ ရေးတဲ့နေရာမှာလည်း ဆရာဖြစ်နေတာပဲ။ စတီရီယို ခေတ်ဦးကနေ ဒီနေ့ခေတ်ထိ သီချင်းရေးသားခြင်းနဲ့ ရပ်တည်လာခဲ့တဲ့ တေးရေးဆရာတစ်ယောက် ဖြစ်တဲ့အတွက် သူ့အတွေ့အကြုံတွေထဲက လေ့လာမယ်ဆိုရင်ကို စာဖတ်ပရိသတ်အဖို့ အများကြီး အကျိုးရှိနိုင်မယ်လို့ ကျွန်တော်ယူဆမိတယ်။အဲဒါကြော င့် တေးရေးဆရာ မောင်သစ်မင်းနဲ့ ပြောဖြစ်တဲ့ စကားတစ်ချို့ကို အခုလမှာ ဖေါ်ပြလိုက်ပါတယ်။
Q- တေးရေးဆရာတစ်ယောက်ရဲ့ ဘဝကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်း ....။
A- အဲဒါကတော့ အစတုန်းက ကဗျာလေးတွေ ရေးတယ်။ မဂ္ဂဇင်းတွေ ဘာတွေမှာလည်း ပို့တယ်။ ကိုယ့်ဟာကိုယ် သူငယ်ချင်းတွေနဲ့စုပြီး ကဗျာလုံးချင်းလေးတွေ လုပ်တယ်။ ကဗျာရေးနေရင်း လူငယ်တစ်ယောက်ရဲ့ အသွေးအသားထဲမှာ ဂီတဆိုတာလည်း စိမ့်ဝင်လာတယ်။ အဲဒီအချိန်က ဂီတလောကကြီးမှာ အချိုးအကွေ့တစ်ခု ပြောင်းသွားတာနဲ့လည်း ဆိုင်ပါတယ်။ ဒီစတီရီယိုဂီတဆိုတာ ပေါ်လာတဲ့အချိန်မှာ စိတ်က အဲဒီဂီတအပေါ် တော်တော်လေးကို အာရုံကျတာပေါ့။ အရမ်းကို ကြိုက်နှစ်သက်ပြီး ကိုယ့်အသွေးအသားထဲကို ရောက်တဲ့ဂီတလို့ ခံစားရတယ်။ အဲဒီဂီတမှာ ကိုယ်တိုင်ပါဝင်ချင်လာတယ်။ ကဗျာရေးနေရင်း သီချင်းရေးချင်စိတ်လည်း ပေါ်လာတယ်။Copy ရေးတာ အမှန်တော့ နိုင်ငံခြားသံစဉ်တွေထဲမှာ ကဗျာစာသားတွေ ထည့်တဲ့သဘောပါပဲ။ အဲလို သီချင်းစာသားတွေ ရေးဖြစ်သွားတော့ အလိုလို သီချင်းရေးဆရာဘဝကို ရွေးချယ်ပြီးသား ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့ ရွေးချယ်သလဲဆို သီချင်းကို ကြိုက်လို့ သီချင်းရေးချင်လို့ကို သီချင်းရေးဆရာ ဘဝကို ရွေးချယ်လိုက်တာပဲ။ တခြား ဘာမှ အမြော်အမြင် မရှိဘူး။ ဒါပေမယ့် ဒါကြီးက ကိုယ့်ရဲ့ Professional ဖြစ်မယ်လို့တော့လည်း အဲဒီအချိန်တုန်းက မျှော်မှန်းမထားဘူး။ ရေးဖို့ပဲသိတာ။ အနုပညာနဲ့ဆက်စပ်တဲ့ စာရေးခြင်း၊ ကဗျာရေးခြင်း၊ သီချင်းရေး ဆိုတာတွေကို ရေးချင်စိတ်ရှိလို့ကို ရေးပြီး အဲဒီ Life ကို ရွေးချယ်ခဲ့တာပါ။
Q- ဦးသစ်ရဲ့ဘဝမှာ ပထမဆုံး ရေးဖြစ်ခဲ့တဲ့သီချင်း။
A- ၁၉၇၁ ခုနှစ် အဆိုတော် စိန်သစ်ရဲ့ 'စာတိုက်ပုံးလေး' စီးရီးပေါ့ကွာ။ အဲဒီ 'စာတိုက်ပုံလေး' ဆိုတဲ့ သီချင်းကို စရေးဖြစ်တယ်။ Copy သီချင်းပဲ။ အကြောင်းအရာက 'စာတိုက်ပုံးလေး အသိပါကွယ်...မယုံရင် မေးကြည့် ချစ်သူရယ်...မင်းမကျီစားနဲ့ '
ဆိုတာလေးပါ။ စာတိုက်ပုံးလေးက တစ်ဆင့် ကောင်မလေးဆီ စာထည့်ရတာလေ။
အဲဒီခေတ်တုန်းက စာလိုက်ပေးတယ်ဆိုရင် ရိုင်းတယ်ပေါ့။ စာတိုက်ကနေ
တစ်နေ့တစ်စောင် ထည့်ပြီး ကောင်မလေးကို Propose လုပ်တဲ့ အကြောင်းလေးပါပဲ။
စာရေးကတည်းက series လိုက်ရေးခဲ့တာ။ တစ်ပုဒ်ကို ၂၅ ကျပ်လောက်ပဲရတဲ့ခေတ်မှာ၊
စိန်သစ်ရဲ့ စီးရီးမှာ ၁၅ ပုဒ် ၁၆ ပုဒ်လောက်ရေးရတာ။ ကိုယ်စရေးတုန်းက
ကိုယ့်အသက်က ၁၉ -၂၀ လောက်ပဲ ရှိသေးတယ်။ ၇၃ ခုနှစ်ကျတော့ စိုးပိုင်ရဲ့
'အချစ်ည ရင်ခုန်သံ' စီးရီးကိုရေးဖြစ်တယ်။ အဲသီချင်းက အရမ်းပေါက်သွားပြီး
တစ်နိုင်ငံလုံး လူတိုင်းရဲ့ ပါးစပ်ဖျားပေါ်မှာ ရောက်သွားတယ်။ ကိုယ့်နာမည်ကို
အထင်ကရ ဖြစ်သွားစေတဲ့သီချင်းပေါ့။
Q- ဦးသစ်နဲ့ခေတ်ပြိုင် တေးရေးဆရာတွေက ဘယ်သူတွေလဲ။
A- ကိုယ်က ၇၁-၇၂ ကတည်းက စရေးခဲ့တာ။ ကိုလှိုင်(သုခမိန်လှိုင်) ကတော့ အတူတူ ရေးလာကြတာပေါ့။ ကိုယ်ရေးတဲ့အချိန်မှာ ကိုယ့်ထက်နည်းနည်းလေး စောတဲ့လူတွေ ရှိတယ်။ ဒါပေမဲ့လည်း စတီရီယိုလောကက ၆၉-၇၀ လောက်မှ ပေါ်တာဆိုတော့ ကိုယ်နဲ့သက်တမ်း သိပ်တော့မကွာကြပါဘူး။ နေဇော်အောင်၊ မင်းဇော်၊ ကိုဆွေနွယ်၊ ပုသိမ်မောင်စိမ်းသူ၊ ဦးကျော့မှူး...သူတို့တွေက ကိုယ့်ထက် နည်းနည်းစောတဲ့အတွက် ကိုယ့်ရဲ့ကြားဆရာ၊ မြင်ဆရာတွေပါပဲ။ ကိုယ်က သူတို့ တစ်ခေတ်ထဲမှာပဲ ဝင်ရေးလာတာ။ ကိုယ်တို့နဲ့ တစ်တန်းတည်း ရေးတာက မောင်မောင်ခင်အောင်၊ မောင်စစ်ငြိမ်း၊ ဒီနေ့ ပုဏ္ဏက၊ ခုထက်ထိ ကိုယ်နဲ့အတူတူ ရှိနေတာကတော့ ကိုလှိုင်(သုခမိန်လှိုင်)၊ ကိုယ်တို့နောက်မှာဆိုပေမဲ့ ခေတ်ပြိုင် တောက်လျှောက်ရေးလာခဲ့တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဝင်းမင်းထွေးတို့၊ မင်းချစ်သူတို့ပေါ့။ ကိုယ်တို့နဲ့ သက်တူရွယ်တူတွေပါပဲ။
Q- ဦးသစ်လေးစားအတုယူခဲ့ရတဲ့ တေးရေးဆရာတွေဆိုရင် ဘယ်သူတွေဖြစ်မလဲ။
A- ကိုယ်ကတော့ ဒီ..တေးရေးဆရာကြီးတွေ အကုန်လုံးက မြန်မာသံကနေ စတီရီယို ပြောင်းလာကြတာလေ။ ဦးကျော့မှူးဆို 'တဝဂူ' သီချင်းတို့ဘာတို့ နာမည်ကြီးခဲ့တယ်။ ကိုလေးလွင်တို့လည်း မြန်မာသီချင်းတွေ အများကြီးပဲ နာမည်ကြီးခဲ့တယ်။ ပုသိမ်မောင်စိမ်းသူဆိုလည်း တွံတေးသိန်းတန် သီချင်းတွေနဲ့ နာမည်ကြီးခဲ့တယ်။ အဲလို တေးရေးဆရာကြီးတွေ စတီရီယိုမှာ ပြောင်းရေးလုပ်တဲ့အခါမှာလည်း
သူတို့လက်ရာတွေက အရမ်းကောင်းနေတယ်။ ထူးထူးဆန်းဆန်း ခေတ်ဆန်ဆန်နဲ့ တကယ့်ကို
ဆန်းဆန်းပြာပြား ရေးနိုင်ကြတယ်။ ကိုယ်တို့က ဒီပုဂ္ဂိုလ်တွေရဲ့ ဘယ်လိုလာလာ
ရေးနိုင်တာနဲ့ ဆန်းသစ်တဲ့ တွေးခေါ်မှုတွေကို အတုယူခဲ့တယ်။ အဲဒီထဲမှာ
ကိုယ့်ရဲ့စံပြလိုပုဂ္ဂိုလ်ကေ တာ့
ပုသိမ်မောင်စိမ်းသူပဲ။ သူက တွံတေးသိန်းတန်လို တကယ့် မြန်မာ Country
သီချင်းတွေ ရေးတဲ့ပုဂ္ဂိုလ်က 'အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း၊ ဖက်ရှင်မလေး'
တို့လို ထူးထူးဆန်းဆန်းတွေလို ရေးနိုင်တာ။ သူရေးတဲ့သီချင်းတွေက
ခေတ်ပေါ်ကဗျာတစ်ပုဒ်လိုပဲ။ အရမ်းဆန်းသစ်တယ်။ ကိုယ် သူ့ဆီက
အများကြီးပညာယူခဲ့ရပါတယ်။ ကိုယ်နဲ့တန်းတူတွေထဲက ကိုယ်အတုခိုးခဲ့ရတဲ့
ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ကိုလှိုင်တို့ စိုင်းခမ်းလိတ်တို့ပေါ့။
ဆင့်ပွါးကူးယူရတယ်။
Q- ဦးသစ်ရဲ့ Lyrics တွေ အများအားဖြင့် ကဗျာတစ်ပုဒ်ကို ဖတ်နေရသလိုဘဲ။ အဲဒါက ကဗျာတွေရေးခဲ့တဲ့ အခြေအနေတစ်ခုနဲ့ ပတ်သက်ဆက်နွယ်နိုင်သလား။
A- ကိုယ်က ကဗျာရေးတာကနေ လာတာကြောင့် အဖွဲ့အနွဲ့ နည်းနည်းသန်တာပါ။ နောက်ပြီးတော့ ကိုယ်က ရှုမျှော်ခင်းလေးတွေ မြင်ကွင်းလေးတွေနဲ့လည်း ရေးတတ်တဲ့ သဘာဝလည်း ရှိတာပေါ့။ ဒါတွေအားလုံးကလည်း တေးရေးဆရာ ကဗျာဆရာတွေ အများကြီးဆီက ကိုယ်ဖြန့်ကျက်ပြီးတော့ ရယူထားတဲ့ အာရုံခံစားမှုတွေပါ။ ဒါတွေကိုပဲ ကိုယ့်သီချင်းတွေမှာ ပြန်အသုံးချတဲ့ သဘောပါ။
Q- သီချင်းတစ်ပုဒ်ရေးပြီဆိုရင် ဦးသစ်အနေနဲ့ အားထုတ်လေ့ရှိတဲ့ အပိုင်းလေးတွေကို ပြောပြပေးပါလား။
A- ကိုယ်က ငယ်ငယ်ကတည်းက အင်္ဂလိပ်သီချင်းတွေ အများကြီး နားထောင်ခဲ့တယ်။ အရမ်းလည်း နားရည်ဝခဲ့တယ်။ အဲဒီတုန်းက ဂစ်တာလည်း မတီးတတ်သေးသလို Own Tune လည်း မရေးတတ်သေးပါဘူး။Notes တွေရဲ့ သဘာဝ နားထဲမှာ သိနေတော့ စာသားဖြည့်လိုက်တာနဲ့ မလွဲဘူး။ ပြန်ဆိုကြည့်လို့ တစ်လုံးတစ်လေ ထောက်နေရင် ပြင်လိုက်တာနဲ့ အဆင်ပြေတာပေါ့။ Copy ရေးတာတော့ ကိုယ့်အတွက် ရှောရှောရှုရှုပါပဲ။ အကြောင်းအရာနဲ့ စာလုံးရွေးချယ်တာတွေပဲ နည်းနည်း ဂရုစိုက်ပြီးတော့ အားထည့်ရတယ်။ Melody လိုင်းမှာ စာသားထည့်ရတာက ကိုယ့်အတွက် အခက်အခဲမရှိခဲ့ဘူး။ ငယ်ငယ်ကတည်းက ရေဒီယို အင်္ဂလိပ်သီချင်းတွေ နားထောင်လာခဲ့တဲ့ အားက ပြည့်တော့လေ။ နောက်ပိုင်းကျ Copy ပဲရေးရေး၊ Owu Tune ပဲရေးရေး Music လည်း တတ်ဖို့လိုတယ်ဆိုတာ သိလာတဲ့အခါ Guitar တီးသင်တာတို့ Piano တီးသင်တာတို့ လုပ်လာဖြစ်တယ်။ အဲဒီမတိုင်ခင်က Earing ကောင်းကောင်းနဲ့ပဲ ရေးခဲ့တာပဲ။
Q- အကြောင်းအရာပိုင်းကို ချဉ်းကပ်တဲ့ပုံစံကကျတော့ ဘယ်လိုမျိုးလဲ။
A- Copy နဲ့ Own Tune နှစ်မျိုးခွဲပြောရမယ်ထင်တယ် ။
Copy သီချင်းရေးတာမှာ မူရင်းသံစဉ် အသွားအလာလေးကို နားထောင်လိုက်တယ်။ သူက
ဘာ Mood အကြောင်းရေးထားတယ် ဆိုတာကို ကိုယ်က အရင်ခံစားတာပေါ့။
အင်္ဂလိပ်စာတတ်တော့ အင်္ဂလိပ်သီချင်း ဆိုရင်တော့ လွယ်လွယ်နားလည်တာပေါ့။
ဂျပန်သီချင်း၊ တရုတ်သီချင်း၊ ကုလားသီချင်း ဆိုရင်တော့ ဘာတွေဆိုနေမှန်း
မသိတော့ဘူး။ ဒါပေမယ့် သူ့ရဲ့ သံစဉ်သွားတာလေးကို နားထောင်လိုက်ရင်
သူကပျော်သလား၊ ဒေါသတွေနဲ့ ပေါက်ကွဲနေသလား၊ စသဖြင့်ပေါ့နော်။ သံစဉ်မှာ
ကြည့်လိုက်တာနဲ့ ခန့်မှန်းလို့ရတယ်။ အဲဒီအပေါ်မှာ အခြေခံလိုက်တယ်။
ကိုယ်ရေးမယ့် Subject က ဘာလဲဆိုတာ ကွဲပြားသွားတယ်။ အဲလို ကွဲပြားသွားပြီ
ဆိုတော့မှ အကြောင်းအရာကို ရွေးချယ်လိုက်တယ်။ အဲဒါနဲ့ဆက်နွယ်ပြီး ကိုယ့်ရဲ့
ဘဝအတွေ့အကြုံထဲက (သို့မဟုတ်) တခြားသူရဲ့ ဘဝအတွေ့အကြုံကို
အငှားခံစားပြီးတော့ သီချင်းတစ်ပုဒ်ကို ချဉ်းကပ်ပြီး ရေးဖွဲ့တယ်။
Q- မိန်းကလေးတွေကျတော့ ဦးသစ်ဘယ်လို ဖန်တီးရေးဖွဲ့ဖြစ်တာလဲ။
A- အဲဒါကတော့ ဒီလိုပါပဲ။ မိန်းကလေး တစ်ယောက်ဘက်ကနေ စဉ်းစားပေးရတာ ရှိတာပေါ့။ ယောက်ျားလေးတစ်ယောက်အနေနဲ့ မိန်းကလေးသီချင်း ရေးရတာ သိပ်တော့မလွယ်ဘူး။ ဒါပေမယ့် မိန်းကလေးတွေရဲ့ သဘာဝကိုလည်း တိတ်တခိုး လေ့လာနေတာမျိုးတော့ရှိတယ်။ သူတို့တွေရဲ့ အတွေ့အကြုံတွေ၊ သူတို့အချင်းချင်း ပြောတဲ့စကားတွေကို (ဘက်စ်ကားပေါ် ကောင်မလေးနှစ်ယောက် ပြောနေတာပဲဖြစ်ဖြစ်) ကိုယ်က မသိမသာ နားထောင်ရတယ်။ သူတို့ရဲ့ရင်တွင်းက ပွင့်အံထွက်လာတဲ့ ခံစားချက်လေးတွေကို ကိုယ်က အမြဲတမ်း သတိထားပြီးတော့ နားထောင်ထားတယ်။ သူတို့ရဲ့ သဘောတရား အကြောင်းအရာ တစ်ခုပေါ်မှာ သူတို့မြင်တဲ့ ရှုထောင့်လေးတွေကို ဆွေမျိုးသားချင်းတွေထဲလည်း မသိမသာ လေ့လာထားတဲ့အခါကျ မိန်းကလေးသီချင်းရေးတဲ့နေရာ မှာ
အထောက်အကူရတယ်။ ကိုယ်က သူတို့ရှုထောင့်ကနေ ကြည့်ပေးလိုက်တာကိုး။
မိန်းကလေးသီချင်းမှာ ကိုယ့်သဘောထားချည်းပဲ ရေးတာမဟုတ်ဘဲ သူတို့ဘက်က
နားလည်ပြီး ရေးပေးရတာမျိုးတော့ ရှိတာပေါ့။
Q- ဦးသစ်ရေးပြီး လေးဖြူဆိုခဲ့တဲ့ 'လမ်း' နဲ့ ပတ်သက်ပြီး ဦးသစ်မှာ ပြောစရာ နောက်ခံအကြောင်းအရာ ရှိမလား။
A- ကိုယ့်ဇနီးက ဆေးရုံမှာ ကင်ဆာရောဂါဖြစ်ပြီး ကျောက်ကပ်နှစ်လုံးစလုံးကလည်း
ကြွသွားပြီပေါ့နော်။ သူ့ရဲ့ချဉ်ဆီ ကင်ဆာကလည်း တစ်ကိုယ်လုံးကို
ပျံ့နှံ့နေတဲ့အချိန်။ သူက သေမယ့်ရက်ကို စောင့်နေရတာ။ သူ့အသက်ကို
ဆွဲထားနိုင်ရင် တစ်နှစ်ပဲလို့ ဆရာဝန်တွေကလည်း ပြောတာပေါ့။ သူကိုယ်တိုင်လည်း
သိနေရှာတယ်။ အတတ်နိုင်ဆုံးတော့ သူလည်း နေချင်တာပေါ့လေ။ အဲဒီအချိန်မှာ
လေးဖြူကလည်း သီချင်းလာအပ်တယ်။ ကိုယ်ကလည်း တစ်စုံတစ်ခု
ကိုယ့်အမျိုးသမီးအတွက်ပေးချ င်တာ သီချင်းတစ်ပုဒ်ဖြစ်ဖြစ်ပေါ့ ။ သူလည်း သက်ရှိထင်ရှားရှိနေတဲ့အချိ န်လေးမှာ
ကဗျာတစ်ပုဒ် (သို့မဟုတ်) သီချင်းလေးတစ်ပုဒ် သူ့ကို လက်ဆောင်ပေးချင်တာနဲ့
အဲဒီသီချင်းလေးကို ရေးဖြစ်ခဲ့တယ်။ 'လမ်း' ဆိုတာ ကိုယ်တို့ဘဝမှာ
ရုတ်တရက်ကြီး ပျော်ပျော်ရွှင်ရွှင်နေ နေရာကနေ အပြောင်းအလဲတစ်ခု
အချိုးအကွေ့ကြီးတစ်ခု ဖြစ်သွားတယ်။ သူ့မှာ ရောဂါဆိုးကြီးတစ်ခု ကျရောက်တယ်။
ကိုယ်တို့နှစ်ယောက်ဟာ တစ်ခုခုအတားအဆီး ခံလိုက်ရသလိုပဲ။ လမ်းပျောက်သလို
ဖြစ်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ
မြစ်တွေချောင်းတွေ ခြားနေသလို၊ ဆူးခတ်တွေ ခြားနေသလိုမျိုး ခံစားရတယ်။
တို့နှစ်ယောက်ကြားမှာ သေခြင်းတရားက ဒီလိုပဲ လာခြားပြီ။ သေတော့မယ်ဆိုတဲ့
မျဉ်းကြောင်းကြီးတစ်ခုက လာခြားသွားပြီ။ ဒါပေမယ့်
တို့နှစ်ယောက်ကြားမှာရှိတဲ့
ချစ်ခြင်းမေတ္တာကတော့ ရတဲ့နေရာကနေ အပေါက်ရှာပြီး တို့နှစ်ယောက်ကို
ဆက်သွယ်ပေးနေမှာပဲပေါ့။ လမ်းဆိုတာကိုက အဲဒါကိုပြောတာ။ လမ်းပျောက်သွားတာ
မှန်ပေမယ့် ချိတ်ဆက်နေတဲ့လမ်း ရှိတယ်ဆိုပြီး သူ့ကိုအားပေးတဲ့ သီချင်းပေါ့။
သူ သက်ရှိထင်ရှား ရှိနေသေးတဲ့အချိန်မှာ ဒီသီချင်းလေးကို
ကိုယ့်အသံနဲ့ဆိုပြတယ်။ သူနားထောင်သွားရတယ်။ ဒီစာသားလေးကို သူခံစားသွားရတယ်။
သူ့ကို စိတ်မလျှော့နဲ့လို့ အားပေးတဲ့ သီချင်းပေါ့။ တစ်ချိန်ကျရင်တော့
ဒီသင်္ခါရ တရားကြီးက ကြုံရမှာပါ။ ဒါပေမယ့် မကြုံခင်မှာ စိတ်မလျှော့ပါနဲ့လို့
အားပေးတဲ့အနေနဲ့ ရေးခဲ့တာ။ ဒီသီချင်းက သူဆုံးသွားပြီးမှပဲ ထွက်လာပြီးတော့
အောင်မြင်တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ခဲ့တယ်။
Q- ဦးသစ်ရေးတဲ့ သီချင်းလေးတွေကို အသိအမှတ်ပြုပြီး အားပေးနေတဲ့ ပရိသတ်ကို ဘာပြောချင်လဲ။
A- တေးရေးဆရာကို မချီးကျူးရင်တောင်မှလေ ဒီသီချင်းလေးအပေါ်မှာ ဒီလိုခံစားပြီး အဲလောက်တန်ဖိုးထားရင်ကို တေးရေးဆရာက ဘယ်သူလို့ ကိုယ့်ကိုမချီးကျူးလည်း ကျေနပ်သွားပြီပေါ့နော်။ အဲတော့ အဲလို ပရိသတ်မျိုးတွေ များများရှိပါစေလို့ ကိုယ်က ဆုတောင်းပေးပါတယ်။
#နေလ
#FASHION
#June_2010
#စာစီ_Ko Ka Lee
လမ်း_မောင်သစ်မင်း_လေးဖြူ
http:// www.myanmarsongs.net/ myanmar_songs/Various/LMN/ 02%20-%20Lan%20-%20Lay%20Ph yu.mp3
တေးရေးဆရာ မောင်သစ်မင်းဆိုတာ ဂီတပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့ မလိုတဲ့ လူတစ်ယောက်ပါ။ သူက ကဗျာဆရာတစ်ယောက်လည်း ဖြစ်တယ်။ သူက ဒဿနဆန်တဲ့ စာသားတွေ ရေးဖွဲ့တဲ့နေရာမှာ နာမည်ကြီးတယ်။ အဲဒီထက် အံ့သြစရာကောင်းတာက အနုအနွဲ့တွေ ရေးတဲ့နေရာမှာလည်း ဆရာဖြစ်နေတာပဲ။ စတီရီယို ခေတ်ဦးကနေ ဒီနေ့ခေတ်ထိ သီချင်းရေးသားခြင်းနဲ့ ရပ်တည်လာခဲ့တဲ့ တေးရေးဆရာတစ်ယောက် ဖြစ်တဲ့အတွက် သူ့အတွေ့အကြုံတွေထဲက လေ့လာမယ်ဆိုရင်ကို စာဖတ်ပရိသတ်အဖို့ အများကြီး အကျိုးရှိနိုင်မယ်လို့ ကျွန်တော်ယူဆမိတယ်။အဲဒါကြော
Q- တေးရေးဆရာတစ်ယောက်ရဲ့ ဘဝကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်း
A- အဲဒါကတော့ အစတုန်းက ကဗျာလေးတွေ ရေးတယ်။ မဂ္ဂဇင်းတွေ ဘာတွေမှာလည်း ပို့တယ်။ ကိုယ့်ဟာကိုယ် သူငယ်ချင်းတွေနဲ့စုပြီး ကဗျာလုံးချင်းလေးတွေ လုပ်တယ်။ ကဗျာရေးနေရင်း လူငယ်တစ်ယောက်ရဲ့ အသွေးအသားထဲမှာ ဂီတဆိုတာလည်း စိမ့်ဝင်လာတယ်။ အဲဒီအချိန်က ဂီတလောကကြီးမှာ အချိုးအကွေ့တစ်ခု ပြောင်းသွားတာနဲ့လည်း ဆိုင်ပါတယ်။ ဒီစတီရီယိုဂီတဆိုတာ ပေါ်လာတဲ့အချိန်မှာ စိတ်က အဲဒီဂီတအပေါ် တော်တော်လေးကို အာရုံကျတာပေါ့။ အရမ်းကို ကြိုက်နှစ်သက်ပြီး ကိုယ့်အသွေးအသားထဲကို ရောက်တဲ့ဂီတလို့ ခံစားရတယ်။ အဲဒီဂီတမှာ ကိုယ်တိုင်ပါဝင်ချင်လာတယ်။ ကဗျာရေးနေရင်း သီချင်းရေးချင်စိတ်လည်း ပေါ်လာတယ်။Copy ရေးတာ အမှန်တော့ နိုင်ငံခြားသံစဉ်တွေထဲမှာ ကဗျာစာသားတွေ ထည့်တဲ့သဘောပါပဲ။ အဲလို သီချင်းစာသားတွေ ရေးဖြစ်သွားတော့ အလိုလို သီချင်းရေးဆရာဘဝကို ရွေးချယ်ပြီးသား ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့ ရွေးချယ်သလဲဆို သီချင်းကို ကြိုက်လို့ သီချင်းရေးချင်လို့ကို သီချင်းရေးဆရာ ဘဝကို ရွေးချယ်လိုက်တာပဲ။ တခြား ဘာမှ အမြော်အမြင် မရှိဘူး။ ဒါပေမယ့် ဒါကြီးက ကိုယ့်ရဲ့ Professional ဖြစ်မယ်လို့တော့လည်း အဲဒီအချိန်တုန်းက မျှော်မှန်းမထားဘူး။ ရေးဖို့ပဲသိတာ။ အနုပညာနဲ့ဆက်စပ်တဲ့ စာရေးခြင်း၊ ကဗျာရေးခြင်း၊ သီချင်းရေး ဆိုတာတွေကို ရေးချင်စိတ်ရှိလို့ကို ရေးပြီး အဲဒီ Life ကို ရွေးချယ်ခဲ့တာပါ။
Q- ဦးသစ်ရဲ့ဘဝမှာ ပထမဆုံး ရေးဖြစ်ခဲ့တဲ့သီချင်း။
A- ၁၉၇၁ ခုနှစ် အဆိုတော် စိန်သစ်ရဲ့ 'စာတိုက်ပုံးလေး' စီးရီးပေါ့ကွာ။ အဲဒီ 'စာတိုက်ပုံလေး' ဆိုတဲ့ သီချင်းကို စရေးဖြစ်တယ်။ Copy သီချင်းပဲ။ အကြောင်းအရာက 'စာတိုက်ပုံးလေး အသိပါကွယ်...မယုံရင် မေးကြည့် ချစ်သူရယ်...မင်းမကျီစားနဲ့
Q- ဦးသစ်နဲ့ခေတ်ပြိုင် တေးရေးဆရာတွေက ဘယ်သူတွေလဲ။
A- ကိုယ်က ၇၁-၇၂ ကတည်းက စရေးခဲ့တာ။ ကိုလှိုင်(သုခမိန်လှိုင်) ကတော့ အတူတူ ရေးလာကြတာပေါ့။ ကိုယ်ရေးတဲ့အချိန်မှာ ကိုယ့်ထက်နည်းနည်းလေး စောတဲ့လူတွေ ရှိတယ်။ ဒါပေမဲ့လည်း စတီရီယိုလောကက ၆၉-၇၀ လောက်မှ ပေါ်တာဆိုတော့ ကိုယ်နဲ့သက်တမ်း သိပ်တော့မကွာကြပါဘူး။ နေဇော်အောင်၊ မင်းဇော်၊ ကိုဆွေနွယ်၊ ပုသိမ်မောင်စိမ်းသူ၊ ဦးကျော့မှူး...သူတို့တွေက ကိုယ့်ထက် နည်းနည်းစောတဲ့အတွက် ကိုယ့်ရဲ့ကြားဆရာ၊ မြင်ဆရာတွေပါပဲ။ ကိုယ်က သူတို့ တစ်ခေတ်ထဲမှာပဲ ဝင်ရေးလာတာ။ ကိုယ်တို့နဲ့ တစ်တန်းတည်း ရေးတာက မောင်မောင်ခင်အောင်၊ မောင်စစ်ငြိမ်း၊ ဒီနေ့ ပုဏ္ဏက၊ ခုထက်ထိ ကိုယ်နဲ့အတူတူ ရှိနေတာကတော့ ကိုလှိုင်(သုခမိန်လှိုင်)၊ ကိုယ်တို့နောက်မှာဆိုပေမဲ့ ခေတ်ပြိုင် တောက်လျှောက်ရေးလာခဲ့တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဝင်းမင်းထွေးတို့၊ မင်းချစ်သူတို့ပေါ့။ ကိုယ်တို့နဲ့ သက်တူရွယ်တူတွေပါပဲ။
Q- ဦးသစ်လေးစားအတုယူခဲ့ရတဲ့ တေးရေးဆရာတွေဆိုရင် ဘယ်သူတွေဖြစ်မလဲ။
A- ကိုယ်ကတော့ ဒီ..တေးရေးဆရာကြီးတွေ အကုန်လုံးက မြန်မာသံကနေ စတီရီယို ပြောင်းလာကြတာလေ။ ဦးကျော့မှူးဆို 'တဝဂူ' သီချင်းတို့ဘာတို့ နာမည်ကြီးခဲ့တယ်။ ကိုလေးလွင်တို့လည်း မြန်မာသီချင်းတွေ အများကြီးပဲ နာမည်ကြီးခဲ့တယ်။ ပုသိမ်မောင်စိမ်းသူဆိုလည်း တွံတေးသိန်းတန် သီချင်းတွေနဲ့ နာမည်ကြီးခဲ့တယ်။ အဲလို တေးရေးဆရာကြီးတွေ စတီရီယိုမှာ ပြောင်းရေးလုပ်တဲ့အခါမှာလည်
Q- ဦးသစ်ရဲ့ Lyrics တွေ အများအားဖြင့် ကဗျာတစ်ပုဒ်ကို ဖတ်နေရသလိုဘဲ။ အဲဒါက ကဗျာတွေရေးခဲ့တဲ့ အခြေအနေတစ်ခုနဲ့ ပတ်သက်ဆက်နွယ်နိုင်သလား။
A- ကိုယ်က ကဗျာရေးတာကနေ လာတာကြောင့် အဖွဲ့အနွဲ့ နည်းနည်းသန်တာပါ။ နောက်ပြီးတော့ ကိုယ်က ရှုမျှော်ခင်းလေးတွေ မြင်ကွင်းလေးတွေနဲ့လည်း ရေးတတ်တဲ့ သဘာဝလည်း ရှိတာပေါ့။ ဒါတွေအားလုံးကလည်း တေးရေးဆရာ ကဗျာဆရာတွေ အများကြီးဆီက ကိုယ်ဖြန့်ကျက်ပြီးတော့ ရယူထားတဲ့ အာရုံခံစားမှုတွေပါ။ ဒါတွေကိုပဲ ကိုယ့်သီချင်းတွေမှာ ပြန်အသုံးချတဲ့ သဘောပါ။
Q- သီချင်းတစ်ပုဒ်ရေးပြီဆိုရင်
A- ကိုယ်က ငယ်ငယ်ကတည်းက အင်္ဂလိပ်သီချင်းတွေ အများကြီး နားထောင်ခဲ့တယ်။ အရမ်းလည်း နားရည်ဝခဲ့တယ်။ အဲဒီတုန်းက ဂစ်တာလည်း မတီးတတ်သေးသလို Own Tune လည်း မရေးတတ်သေးပါဘူး။Notes တွေရဲ့ သဘာဝ နားထဲမှာ သိနေတော့ စာသားဖြည့်လိုက်တာနဲ့ မလွဲဘူး။ ပြန်ဆိုကြည့်လို့ တစ်လုံးတစ်လေ ထောက်နေရင် ပြင်လိုက်တာနဲ့ အဆင်ပြေတာပေါ့။ Copy ရေးတာတော့ ကိုယ့်အတွက် ရှောရှောရှုရှုပါပဲ။ အကြောင်းအရာနဲ့ စာလုံးရွေးချယ်တာတွေပဲ နည်းနည်း ဂရုစိုက်ပြီးတော့ အားထည့်ရတယ်။ Melody လိုင်းမှာ စာသားထည့်ရတာက ကိုယ့်အတွက် အခက်အခဲမရှိခဲ့ဘူး။ ငယ်ငယ်ကတည်းက ရေဒီယို အင်္ဂလိပ်သီချင်းတွေ နားထောင်လာခဲ့တဲ့ အားက ပြည့်တော့လေ။ နောက်ပိုင်းကျ Copy ပဲရေးရေး၊ Owu Tune ပဲရေးရေး Music လည်း တတ်ဖို့လိုတယ်ဆိုတာ သိလာတဲ့အခါ Guitar တီးသင်တာတို့ Piano တီးသင်တာတို့ လုပ်လာဖြစ်တယ်။ အဲဒီမတိုင်ခင်က Earing ကောင်းကောင်းနဲ့ပဲ ရေးခဲ့တာပဲ။
Q- အကြောင်းအရာပိုင်းကို ချဉ်းကပ်တဲ့ပုံစံကကျတော့ ဘယ်လိုမျိုးလဲ။
A- Copy နဲ့ Own Tune နှစ်မျိုးခွဲပြောရမယ်ထင်တယ်
Q- မိန်းကလေးတွေကျတော့ ဦးသစ်ဘယ်လို ဖန်တီးရေးဖွဲ့ဖြစ်တာလဲ။
A- အဲဒါကတော့ ဒီလိုပါပဲ။ မိန်းကလေး တစ်ယောက်ဘက်ကနေ စဉ်းစားပေးရတာ ရှိတာပေါ့။ ယောက်ျားလေးတစ်ယောက်အနေနဲ့ မိန်းကလေးသီချင်း ရေးရတာ သိပ်တော့မလွယ်ဘူး။ ဒါပေမယ့် မိန်းကလေးတွေရဲ့ သဘာဝကိုလည်း တိတ်တခိုး လေ့လာနေတာမျိုးတော့ရှိတယ်။ သူတို့တွေရဲ့ အတွေ့အကြုံတွေ၊ သူတို့အချင်းချင်း ပြောတဲ့စကားတွေကို (ဘက်စ်ကားပေါ် ကောင်မလေးနှစ်ယောက် ပြောနေတာပဲဖြစ်ဖြစ်) ကိုယ်က မသိမသာ နားထောင်ရတယ်။ သူတို့ရဲ့ရင်တွင်းက ပွင့်အံထွက်လာတဲ့ ခံစားချက်လေးတွေကို ကိုယ်က အမြဲတမ်း သတိထားပြီးတော့ နားထောင်ထားတယ်။ သူတို့ရဲ့ သဘောတရား အကြောင်းအရာ တစ်ခုပေါ်မှာ သူတို့မြင်တဲ့ ရှုထောင့်လေးတွေကို ဆွေမျိုးသားချင်းတွေထဲလည်း မသိမသာ လေ့လာထားတဲ့အခါကျ မိန်းကလေးသီချင်းရေးတဲ့နေရာ
Q- ဦးသစ်ရေးပြီး လေးဖြူဆိုခဲ့တဲ့ 'လမ်း' နဲ့ ပတ်သက်ပြီး ဦးသစ်မှာ ပြောစရာ နောက်ခံအကြောင်းအရာ ရှိမလား။
A- ကိုယ့်ဇနီးက ဆေးရုံမှာ ကင်ဆာရောဂါဖြစ်ပြီး ကျောက်ကပ်နှစ်လုံးစလုံးကလည်
Q- ဦးသစ်ရေးတဲ့ သီချင်းလေးတွေကို အသိအမှတ်ပြုပြီး အားပေးနေတဲ့ ပရိသတ်ကို ဘာပြောချင်လဲ။
A- တေးရေးဆရာကို မချီးကျူးရင်တောင်မှလေ ဒီသီချင်းလေးအပေါ်မှာ ဒီလိုခံစားပြီး အဲလောက်တန်ဖိုးထားရင်ကို တေးရေးဆရာက ဘယ်သူလို့ ကိုယ့်ကိုမချီးကျူးလည်း ကျေနပ်သွားပြီပေါ့နော်။ အဲတော့ အဲလို ပရိသတ်မျိုးတွေ များများရှိပါစေလို့ ကိုယ်က ဆုတောင်းပေးပါတယ်။
#နေလ
#FASHION
#June_2010
#စာစီ_Ko Ka Lee
လမ်း_မောင်သစ်မင်း_လေးဖြူ
http://
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။