ဝင်ရိုးတန်းအိပ်မက်တွေထဲက ရုန်းမထွက်နိုင်တဲ့ တစ်ခါက ရော့ခ်အင်ရိုး🎸🎸🎸
(ဘိုဘိုနှင့် ဂီတရေးရာ စကားပြောခြင်း)
#အေးနွယ်လှိုင်
#YATI_JULY_2007
`တစ်ခါကရော့ခ်အင်ရိုး´ဆိုတဲ့  ခပ်ကြမ်းကြမ်း Rock သီချင်းတွေနဲ့ ပရိသတ်ရဲ့ စိတ်အာရုံကို လှုပ်နိုးဖမ်းစားနိုင်ခဲ့သလို အမေ့ရုပ်ရည်၊ နှောင်ကြိုးလေးတစ်မျှင်စတဲ့ ချိုမြမြ POP တေးသွားလေးတွေနဲ့လည်း နားဆင်သူ နှလုံးသားကို နူးညံ့စွာသိမ်းပိုက်နိုင်ခဲ့ တဲ့
တေးသံရှင်ဘိုဘိုကို ရတီရဲ့ စာမျက်နှာအထက်မှာ ဖော်ပြပေးချင်တဲ့
စိတ်ဆန္ဒကြောင့် ဗိုတ်တစ်ထောင်မြို့နယ်၊ ဘိုကလေးဈေးလမ်းရှိ သူ့ရဲ့နေအိမ်မှာ
အခုလို တွေ့ဆုံခဲ့ပါတယ်။
မေး- အစ်ကိုရဲ့ ပထဆုံးအခွေဖြစ်တဲ့ ၀င်ရိုးတန်းအိမ်မက်ကို ဖန်တီးခဲ့တဲ့အချိန်နဲ့ အခုဂီတကို လုပ်ရတဲ့ အချိန်ကို ဘယ်လိုခွဲခြားမြင်မိပါသလဲ.. .။
ဖြေ- အဲ့ဒီ့တုန်းကဆိုတဲ့ သီချင်းတိုင်းအပေါ်မှာ ခံစားမှုအားက အခုနဲ့ မတူတော့ဘူး။ အရမ်းလတ်ဆတ်တက်ကြွတယ်။ ပြီးတော့ လုပ်ရတာလည်း အရမ်း စိတ်အားထက်သန်မှုရှိတယ်။ အခုကျတော့ လုပ်ရတာ အဲ့ဒီ အချိန်ကလောက် မရှိတော့ဘူးပော့။ အဲဒီ့အခွေလုပ်တုန်းကဆို စိတ်ထဲမှာ တခြားဟာတွေ ဘာမှမရှိဘူး။ သီချင်းဆိုဖို့ပဲ။ Recording တို့ သွင်းတဲ့ အချိန်ဆိုရင်လည်း သေသေချာချာ အချိန်ပြည့်ပဲလုပ်တယ်။ တက်ကြွပြီး ပျော်ကိုနေခဲ့တာ.....။
မေး- အခုချိန်မှာ အရင်ကလောက် တက်ကြွမှုမရှိတော့တာ ဘယ်လို အကြောင်းအရာတွေကြောင့်ပါလဲ။
ဖြေ- အဲဒါက ဒီအချိန်မှာ ကိုယ်ဘယ်လောက် လုပ်ထား၊ လုပ်ထား ခိုးကူးထဲ ရောက်သွားတာပဲလေ။ ပြီးတော့ ဟိုတုန်းက ကိုယ်က လူလွတ်ဆိုတော့ တာဝန်တွေ သိပ်မရှိဘူး။ သီချင်းထဲမှာပဲ စိတ်နှစ်ထားလို့ရတယ်။ အခုကျတော့ သားသမီးတွေက ကြီးလာပြီဆိုတော့ ကိုယ့်ရဲ့အချိန်ထက် သူတို့အတွက် ထားတဲ့အချိန်က ပိုများသွားပြီ။ မိဘဆိုတော့ သားသမီးတွေဘ၀က ကိုယ့်ဝါသနာထက် အရေးပါသွားပြီလေ။ အရင်လို အလုပ်မှာ အချိန်အများကြီးထားပြီး အားထည့်လုပ်လို့မရတော့ပေမယ့်  သီချင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့ ခံစားမှုကတော့ အတူတူပါပဲ။
မေး- အစ်ကိုရယ်၊ အဆိုတော် ဖိုးကျော်ရယ် မန္တလေးမှာ တွဲပြီး ပျော်ခဲ့ကြတဲ့ ဂီတ ပုံရိပ်တချို့ကိုလည်း ပြောပြပေးပါဦး။
ဖြေ- ကျွန်တော်ရယ်၊ ဖိုးကျော်ရယ်၊ ညီပုလေးရယ် ရှဲလ်မှာ ပင်တိုင်အနေနဲ့ ဆိုကြတယ်။ အဲဒီတုန်းက မန္တလေးမှာ အရမ်းပျော်ခဲ့ကြပါတယ်။ သီချင်းသွားဆိုကြမယ်ဆိုရင် စက်ဘီးကိုယ်စီနဲ့ သွားကြတာ။ ပြီးသွားပြီဆိုရင် အပြန်မှာ လက်ဖက်ဆိုင်ထိုင်ကြပြီး သီချင်း အကြောင်းတွေ ပြောကြပေါ့။ အဖွဲ့ထဲမှာဆို ကျွန်တော်က အရင်ဆုံး ရန်ကုန်ကို ဆင်းလာပြီး အခွေလုပ်တယ်။ ပြီးတော့ ကိုဖိုးကျော်နဲ့ ညီပုလေးလည်း ဆင်းလာပြီး လုပ်တယ်။
မေး- အစ်ကိုတစ်ယောက်တည်း ရန်ကုန်ဆင်းလာပြီး အခွေလုပ်တုန်းက ဘယ်သူတွေ လာကူညီကြသေးလဲ။
ဖြေ- ကိုညီပုလေးက ကျွန်တော်နဲ့အတူ Recording Date လာယူကတည်းက အတူတူပါခဲ့ပြီး ကူညီပေးခဲ့ပါတယ်။ ပြီးတော့ ကိုကေအေတီက သီချင်းရေးပေးတယ်။ သူတို့အိမ်မှာပဲ ကျွန်တော်တို့နေကြတယ်။ အားလုံး သိုက်သိုက်ဝန်းဝန်း ကူညီပေးခဲ့ကြပါတယ်။
မေး- အစ်ကိုနဲ့ ထွဏ်းထွဏ်းရဲ့ နှစ်ယောက်တွဲ Show အခွေက အရမ်း အောင်မြင်ခဲ့တယ်နော်။
ဖြေ- အဲဒါက ကျွန်တော်ရယ်၊ ကိုလေးဖြူ၊ ကိုထွဏ်းထွဏ်း သုံးယောက် Show ဆိုခဲ့တယ်။ အဲဒါကိုပြန်ပြီး အခွေထုတ်တာလေ။ ဒါပေမယ့် အခွေထုတ်တော့ ကိုလေးဖြူမပါတော့ဘူး။ အဲဒီအခွေက ရတနာမြိုင်က ထုတ်တာလေ။ အဲ့ဒီအချိန်တုန်းက ဒီဘက်ခေတ်လို Recording သွင်းတာ သိပ် မပြည့်စုံသေးဘူးလေ။ အခွေထုတ်မယ်ဆိုတော့ ပြန်ပြီး ပြင်ဆင်ရသေးတာ။ ဟာမိုနီတွေလည်း သူငယ်ချင်းတွေ အကုန် ၀ိုင်းဆိုပေးကြတယ်။ တစ်ကယ်ကို ပျော်ပျော်ပါးပါးကြီး လုပ်ခဲ့ကြပါတယ်။
မေး- အစ်ကို့ရဲ့ ပထမစီးရီးထွက်ပြီးတော့ မကြာခင် အိမ်ထောင်ပြုလိုက်တယ်နော်။
ဖြေ- ဟုတ်တယ်။ ၀င်ရိုးတန်းအိမ်မက် ထွက်ပြီး ၅ လအကြာ၊ ပျဉ်းမနားမှာ သီချင်းသွားဆိုပြီး သီတင်းကျွတ် ပြန်လာတဲ့အချိန် လက်ထပ်လိုက်ပါတယ်။
မေး -အိမ်ထောင်ပြုပြီးသွားတော့ တာဝန်တွေ အများကြီးရှိလာပြီဆိုတော့ ဂီတဘက်ကို လုပ်ရတဲ့ အပိုင်းမှာလျော့သွားလား။
ဖြေ- အဲ့ဒီတုန်းကတော့ မလျော့သွားပါဘူး။ ဇနီးကလည်း ဒီဂီတကို ၀ါသနာပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းဘ၀မှာကတည်းက သီချင်းဆိုတဲ့နေရာတွေ တော်တော် များများကို လိုက်ပြီးအားပေးတာ။ အိမ်ထောင်ပြုပြီးတော့လည်း သူက ရန်ကုန်မှာ လိုက်နေတယ်။ အဲ့တုန်းက ကန်တော်လေးမှာ ကိုကေအေတီတို့ နားမှာပဲ နေကြပြီး စုစုစည်းစည်းနဲ့ သီချင်းတွေလုပ်ကြတယ်။ ရင်ခုန်နှစ်သစ် သီချင်းတွေ ရေးဖြစ်ကြတယ်။
မေး- အစ်ကို Live Show ယဉ်ကျေးမှုအစမှာကတည်းက ပါဝင်ခဲ့တယ်လို့ ပြောရမလား။ ဘယ်နှခွေလောက် ပါဝင်သီဆိုခဲ့ပါသလဲ။
ဖြေ -ကျွန်တော် Live Show အတော်များများကို ပါဝင်သီဆိုခဲ့ပါတယ်။ အရေအတွက်ကတော့ သိပ်မမှတ်မိဘူး။
မေး- သူများသီချင်းတွေကို သီဆိုရတဲ့အခာ ကိုယ်တိုင်ရွေးပြီး သီဆိုတာလား။ Producer အကြိုက် သီဆိုပေးရတာလား။
ဖြေ- နှောင်ကြိုးလေးတစ်မျှင်တုန်းကတော့
ကျွန်တော်ကိုယ်တိုင် အရင်တုန်းကလည်း သီဆိုခဲ့တယ်။ ဒါပေမယ့် သိပ်မသိကြဘူး။
နောက်တော့ မာစတာက လက်ရွေးစင် သီချင်းတွေကို Show လုပ်မယ်ဆိုတော့
အဲ့ဒီသီချင်းလေးလည်းပါသွားတာ။
ကျွန်တော်ကိုယ်တိုင်ကလည်း ကြိုက်တယ်လေ။ နောက်ပိုင်း သူများသီချင်းတွေ
သီဆိုတဲ့အခါ ကိုယ်နဲ့ လိုက်မယ့်သီချင်း၊ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို
ကိုယ်ပဲရွေးချယ်ပြီး သီဆိုပါတယ်။ အဲဒီသီချင်းတွေကလည်း ငယ်ငယ်က
ဂစ်တာတီးတက်ခါစလောက်ကတည်းက အဆောင်ရှေ့ကျောင်းတွေမှာ ဂစ်တာတီးပြီး ဆိုနေကျ
သီချင်းတွေလေ။
မေး -အစ်ကိုက Rock အဆိုတော် တစ်ယောက်ဖြစ်ပေမယ့်လည်း Pop ချိုချိုလေးတွေ၊ မြန်မာသံ သီချင်းတွေလည်း ဆိုတယ်နော်။ မြန်မာသီချင်းတွေအပေါ် အစ်ကိုရဲ့ ခံစားမှုအမြင်ကို ပြောပြပါဦး။
ဖြေ- ဟိုတုန်းက ကျောင်းမှာသီချင်းဆိုရင် သူငယ်ချင်းတွေက ကျွန်တော်နဲ့ သီချင်း အေးအေးလေးတွေနဲ့ ပိုလိုက်တယ်လို့ ပြောကြတယ်။ အားလည်း အားပေးကြတယ်။ အရင်ကတည်းက သီချင်းပောင်းစုံကို နားထောင်တယ်။ Rock မှ ဘာမှတော့ မဟုတ်ပါဘူး။ အားလုံးအပေါ်ကို ခံစားလို့ရပါတယ်။ ကျွန်တော့်ကို Rock အဆိုတော်လို့လည်း ပြောကြသလို သီချင်းချိုချိုနဲ့ပဲ လိုက်တယ်လို့ အမျိုးမျိုးပြောကြတဲ့ သူတွေလည်းရှိပါတယ်။ မြန်မာသီချင်းတွေကို သီဆိုရတာက ကျွန်တော်တို့ခေတ် သီချင်းတွေ၊ ကော်ပီတွေကို သီဆိုရတာထက် ပိုပြီး လေးနက်ခက်ခဲပါတယ်။ ကျွန်တော် မန္တလေးမှာ ရှဲလ်နဲ့ သီချင်းဆိုတုန်းကဆိုရင် ဆရာ မြို့မငြိမ်းတို့ရေးခဲ့ကြတဲ့  ဂန္တ၀င် သင်္ကြန်တေးသီချင်းတွေကို ကျွန်တော် ပင်တိုင်သီဆိုခဲ့ပါတယ်။
မေး - အစ်ကိုတို့ခေတ်တုန်းက Heavy Rock နဲ့ အခု ခေတ်စားနေတဲ့ မော်ဒန် Rock ကို နှိုင်းယှဉ်ပေးပါဦး။
ဖြေ -ကျွန်တော်တို့ အရင်က ကြိုက်ခဲ့ကြတဲ့ တစ်ခါကရော့ခ်အင်ရိုး သီချင်းတွေနဲ့ အခုဆိုနေကြတဲ့ Modern Rock သီချင်းတွေမှာ ခံစားမှုက Rock ခေါင်းစဉ်ပေါ်မှာပဲ ခံစားတယ်။ ပြောင်းလဲမှုက သူတို့ သီဆို ဖန်တီးမှုအပေါ်မှာပဲ ကွဲသွားတာပဲ ရှိတယ်။ အမှန်ကတော့ အတူတူပါပဲ။
မေး- ကိုဘိုဘိုရဲ့ သီချင်းတွေအပေါ်မှာ ရူးသွပ်ခဲ့မှုနဲ့ ဒီဘက်ခေတ်မျိုးဆက်သစ်တွေရဲ့ ဂီတအပေါ် အားထုတ်မှုကို ၀ါရင့်တစ်ယောက်ရဲ့ အမြင်နဲ့ပြောပြပေးပါဦး။
ဖြေ- ကျွန်တော် အဆိုတော်မဖြစ်ခင်က သီချင်းစာအုပ်တွေ ၀ယ်တယ်၊ ပြီးတော့ ဂစ်တာတီးပြီး ဆိုတယ်။ အဆိုတော် ပေါင်းစုံရဲ့သီချင်းတွေ အကုန်တီးတယ်။ ဆိုတယ်။ အဲ့ဒီတုန်းက လူငယ်တွေကြားမှာ သီချင်းစာအုပ်က အရမ်းခေတ်စားတယ်။ ဒီဘက်ခေတ်တော့ အဲ့လို သိပ်မရှိတော့ဘူး။ အဲ့လိုပဲ အခွေလုပ်တဲ့အခါမှာလည်း Single အခွေကိုပဲ အရမ်းအားထည့်ပြီး လုပ်ကြရတယ်။ ဒီဘက်ခေတ်မှာကျတော့ အတွဲခွေထဲမှာ ဆိုလို့ပေါက်သွား ပရိသတ်ကလက်ခံရင် အဆိုတော် ဖြစ်သွားတာပဲလေ။ ဘာပဲဖြစ်ဖြစ် သီချင်းများများ ဆိုတာကို ကြိုက်ပါတယ်။
မေး- အစ်ကိုတို့ခေတ်တုန်းက သီချင်းတစ်ခွေထုတ်ရင် တစ်ခွေလုံးလိုလို ပရိသတ်တွေ လက်ခံအားပေးခဲ့ကြတယ်။ ဒီဘက်ခေတ်ကျတော့ တစ်ခွေထုတ်ရင် တစ်ခွေလုံး မပေါက်ဘူး။ တစ်ပုဒ် နှစ်ပုဒ်လောက်ပဲပေါက်တယ်။ အဲဒါ ဘာကြောင့်လဲလို့ ထင်ပါသလဲ သုံးသပ်ပေးပါဦး။
ဖြေ- ကျွန်တော်တို့ခေတ်တုန်းက ဒီသီချင်းလုပ်မယ်ဆိုရင် ဒီသီချင်းထဲပဲ အာရုံစိုက်ပြီး မကောင်းမချင်း သေသေချာချာ အချိန်ပေးပြီး လုပ်လို့ရတယ်။ အခုခေတ်ကျတော့ အဲ့ဒီ့လောက်အထိလည်း အချိန်မပေးနိုင်ကြတော့ဘူးလေ ။
ကုန်ကျစရိတ်တွေလည်း အရင်ကထက် ပိုပြီးများလာပြီး ချုံ့ပြီး
လုပ်ရတာတွေလည်းရှိတယ်။ အချိန်ကလည်း မပေးနိုင်ကြတာတွေရှိတယ်။ အဲ့ဒီတော့
ဖန်တီးမှု အားလျှော့လာတာပေါ့နော်။ ပြီးတော့ ကျွန်တော်ထင်တယ် ပရိသတ်
အနေနဲ့လည်း အရင်ကလောက် အခွေ တစ်ခွေကို သေသေချာချာ အချိန်ပေး
နားမထောင်နိုင်တော့ဘူး ထင်တယ်။ အဲ့ဒီတော့ သူတို့ နားထဲစွဲသွားနိုင်အောင်
ဖန်တီးမှုရှိတဲ့ သီချင်းတွေကို ကြိုက်လို့ ပေါက်သွားတယ် ထင်တယ်။
မေး- အစ်ကို့ရဲ့ Single အခွေ မထွက်နိုင်သေးတာ အချိန်မပေးနိုင်သေးလို့လား။ ကိုယ်လုပ်သလောက်၊ ရင်းထားသလောက် ပြန်မရမှာစိုးလို့လား ဘာကြောင့်ပါလဲ။
ဖြေ- ညီမပြောသလို စီးရီးတစ်ခွေ လုပ်မယ်ဆိုရင် အရင်တုန်းကလောက် အချိန်ပေးလို့ မရတော့ဘူး။ ဘာလို့လဲဆိုတော့ မိသားစုကိစ္စတွေရော၊ တခြား အလုပ်ကိစ္စတွေလည်း ရှိသေးတယ်။ ဒါပေမယ့် ရတဲ့ အချိန်လေးမှာ သီချင်းလေးတွေ ဖန်တီးဖြစ်ပါတယ်။ အခွေတော့ လုပ်ထားပါတယ်။ ကြာဦးမယ်။ အခွေထဲမှာ ရော့ခ်တွေရော ပေါ့ပ်တွေရောပါမယ်။ ကျွန်တော့် သူငယ်ချင်း အိုက်ပီး ရေးပေးထားတဲ့ Own Tune သီချင်း တော်တော်များများပါမယ်။
မေး -လက်ရှိလှုပ်ရှားနေတဲ့ အစ်ကို့ဂီတ အကြောင်းလေး ပြောပြပါဦး။
ဖြေ- လောလောဆယ်တော့ စတိတ်ရှိုးကြီးတွေ သိပ်မဆိုဖြစ်ဘူး။ကုမ္ပ္မဏီပွဲ တွေ မင်္ဂလာဆောင်ပွဲတွေတော့ ဆိုဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အနုပညသမားတွေက သီချင်းဆိုနေရရင်ကို ပျော်နေပါတယ်။
စာစီကျေးဇူးရှင် Sar Mu Rai
# ကိုဘိုဘိုသည် ယခုအခါ NOON BAND နှင့်အတူ အနုပညာလှုပ်ရှားမှုများ ပြုလုပ်နေပြီဖြစ်ပါသည်။
ဝင်ရိုးတန်းအိပ်မက်
http:// www.myanmarsongs.net/album/ 177/win-yoe-tan-ein-mat
တို့ဝေးရာ
http:// www.myanmarsongs.net/album/ 178/doe-way-yar
ကြယ်ကြွေကောက်သူ
http://www.mediafire.com/ download/h2diuuukdrxhqai/ Kyal_Kyaway_Kauk_Thu.rar
OR
http://www.mediafire.com/ ?0mmzk0mjwt2
http://www.mediafire.com/ ?cgjendldp16qtej ရင်ခုန်နှစ်သစ် (+ညီပုလေး) http://www.mediafire.com/ ?5v5ufxefygpygco
http://www.mediafire.com/ ?9bg3vjhs8l8dsnl ဘိုဘို ညီပုလေး မိုးတိမ်အကြောင်း
http://www.mediafire.com/ ?1qod1smg9d45yfv ဘိုဘို အကောင်းစားတေးများ
https://my.pcloud.com/ publink/ show?code=f6i#folder=344699 13 ဘိုဘို အသက်ထက်ဆုံး မင်းကိုချစ်လို့
အချစ်ရူးရဲ့တစ်ခါကရော့ခ်(+ထွဏ်းထွဏ်း)
https://my.pcloud.com/ publink/ show?code=fzNitalK#folder=3 3321284
—(ဘိုဘိုနှင့် ဂီတရေးရာ စကားပြောခြင်း)
#အေးနွယ်လှိုင်
#YATI_JULY_2007
`တစ်ခါကရော့ခ်အင်ရိုး´ဆိုတဲ
မေး- အစ်ကိုရဲ့ ပထဆုံးအခွေဖြစ်တဲ့ ၀င်ရိုးတန်းအိမ်မက်ကို ဖန်တီးခဲ့တဲ့အချိန်နဲ့ အခုဂီတကို လုပ်ရတဲ့ အချိန်ကို ဘယ်လိုခွဲခြားမြင်မိပါသလဲ..
ဖြေ- အဲ့ဒီ့တုန်းကဆိုတဲ့ သီချင်းတိုင်းအပေါ်မှာ ခံစားမှုအားက အခုနဲ့ မတူတော့ဘူး။ အရမ်းလတ်ဆတ်တက်ကြွတယ်။ ပြီးတော့ လုပ်ရတာလည်း အရမ်း စိတ်အားထက်သန်မှုရှိတယ်။ အခုကျတော့ လုပ်ရတာ အဲ့ဒီ အချိန်ကလောက် မရှိတော့ဘူးပော့။ အဲဒီ့အခွေလုပ်တုန်းကဆို စိတ်ထဲမှာ တခြားဟာတွေ ဘာမှမရှိဘူး။ သီချင်းဆိုဖို့ပဲ။ Recording တို့ သွင်းတဲ့ အချိန်ဆိုရင်လည်း သေသေချာချာ အချိန်ပြည့်ပဲလုပ်တယ်။ တက်ကြွပြီး ပျော်ကိုနေခဲ့တာ.....။
မေး- အခုချိန်မှာ အရင်ကလောက် တက်ကြွမှုမရှိတော့တာ ဘယ်လို အကြောင်းအရာတွေကြောင့်ပါလဲ။
ဖြေ- အဲဒါက ဒီအချိန်မှာ ကိုယ်ဘယ်လောက် လုပ်ထား၊ လုပ်ထား ခိုးကူးထဲ ရောက်သွားတာပဲလေ။ ပြီးတော့ ဟိုတုန်းက ကိုယ်က လူလွတ်ဆိုတော့ တာဝန်တွေ သိပ်မရှိဘူး။ သီချင်းထဲမှာပဲ စိတ်နှစ်ထားလို့ရတယ်။ အခုကျတော့ သားသမီးတွေက ကြီးလာပြီဆိုတော့ ကိုယ့်ရဲ့အချိန်ထက် သူတို့အတွက် ထားတဲ့အချိန်က ပိုများသွားပြီ။ မိဘဆိုတော့ သားသမီးတွေဘ၀က ကိုယ့်ဝါသနာထက် အရေးပါသွားပြီလေ။ အရင်လို အလုပ်မှာ အချိန်အများကြီးထားပြီး အားထည့်လုပ်လို့မရတော့ပေမယ်
မေး- အစ်ကိုရယ်၊ အဆိုတော် ဖိုးကျော်ရယ် မန္တလေးမှာ တွဲပြီး ပျော်ခဲ့ကြတဲ့ ဂီတ ပုံရိပ်တချို့ကိုလည်း ပြောပြပေးပါဦး။
ဖြေ- ကျွန်တော်ရယ်၊ ဖိုးကျော်ရယ်၊ ညီပုလေးရယ် ရှဲလ်မှာ ပင်တိုင်အနေနဲ့ ဆိုကြတယ်။ အဲဒီတုန်းက မန္တလေးမှာ အရမ်းပျော်ခဲ့ကြပါတယ်။ သီချင်းသွားဆိုကြမယ်ဆိုရင် စက်ဘီးကိုယ်စီနဲ့ သွားကြတာ။ ပြီးသွားပြီဆိုရင် အပြန်မှာ လက်ဖက်ဆိုင်ထိုင်ကြပြီး သီချင်း အကြောင်းတွေ ပြောကြပေါ့။ အဖွဲ့ထဲမှာဆို ကျွန်တော်က အရင်ဆုံး ရန်ကုန်ကို ဆင်းလာပြီး အခွေလုပ်တယ်။ ပြီးတော့ ကိုဖိုးကျော်နဲ့ ညီပုလေးလည်း ဆင်းလာပြီး လုပ်တယ်။
မေး- အစ်ကိုတစ်ယောက်တည်း ရန်ကုန်ဆင်းလာပြီး အခွေလုပ်တုန်းက ဘယ်သူတွေ လာကူညီကြသေးလဲ။
ဖြေ- ကိုညီပုလေးက ကျွန်တော်နဲ့အတူ Recording Date လာယူကတည်းက အတူတူပါခဲ့ပြီး ကူညီပေးခဲ့ပါတယ်။ ပြီးတော့ ကိုကေအေတီက သီချင်းရေးပေးတယ်။ သူတို့အိမ်မှာပဲ ကျွန်တော်တို့နေကြတယ်။ အားလုံး သိုက်သိုက်ဝန်းဝန်း ကူညီပေးခဲ့ကြပါတယ်။
မေး- အစ်ကိုနဲ့ ထွဏ်းထွဏ်းရဲ့ နှစ်ယောက်တွဲ Show အခွေက အရမ်း အောင်မြင်ခဲ့တယ်နော်။
ဖြေ- အဲဒါက ကျွန်တော်ရယ်၊ ကိုလေးဖြူ၊ ကိုထွဏ်းထွဏ်း သုံးယောက် Show ဆိုခဲ့တယ်။ အဲဒါကိုပြန်ပြီး အခွေထုတ်တာလေ။ ဒါပေမယ့် အခွေထုတ်တော့ ကိုလေးဖြူမပါတော့ဘူး။ အဲဒီအခွေက ရတနာမြိုင်က ထုတ်တာလေ။ အဲ့ဒီအချိန်တုန်းက ဒီဘက်ခေတ်လို Recording သွင်းတာ သိပ် မပြည့်စုံသေးဘူးလေ။ အခွေထုတ်မယ်ဆိုတော့ ပြန်ပြီး ပြင်ဆင်ရသေးတာ။ ဟာမိုနီတွေလည်း သူငယ်ချင်းတွေ အကုန် ၀ိုင်းဆိုပေးကြတယ်။ တစ်ကယ်ကို ပျော်ပျော်ပါးပါးကြီး လုပ်ခဲ့ကြပါတယ်။
မေး- အစ်ကို့ရဲ့ ပထမစီးရီးထွက်ပြီးတော့ မကြာခင် အိမ်ထောင်ပြုလိုက်တယ်နော်။
ဖြေ- ဟုတ်တယ်။ ၀င်ရိုးတန်းအိမ်မက် ထွက်ပြီး ၅ လအကြာ၊ ပျဉ်းမနားမှာ သီချင်းသွားဆိုပြီး သီတင်းကျွတ် ပြန်လာတဲ့အချိန် လက်ထပ်လိုက်ပါတယ်။
မေး -အိမ်ထောင်ပြုပြီးသွားတော့ တာဝန်တွေ အများကြီးရှိလာပြီဆိုတော့ ဂီတဘက်ကို လုပ်ရတဲ့ အပိုင်းမှာလျော့သွားလား။
ဖြေ- အဲ့ဒီတုန်းကတော့ မလျော့သွားပါဘူး။ ဇနီးကလည်း ဒီဂီတကို ၀ါသနာပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းဘ၀မှာကတည်းက သီချင်းဆိုတဲ့နေရာတွေ တော်တော် များများကို လိုက်ပြီးအားပေးတာ။ အိမ်ထောင်ပြုပြီးတော့လည်း သူက ရန်ကုန်မှာ လိုက်နေတယ်။ အဲ့တုန်းက ကန်တော်လေးမှာ ကိုကေအေတီတို့ နားမှာပဲ နေကြပြီး စုစုစည်းစည်းနဲ့ သီချင်းတွေလုပ်ကြတယ်။ ရင်ခုန်နှစ်သစ် သီချင်းတွေ ရေးဖြစ်ကြတယ်။
မေး- အစ်ကို Live Show ယဉ်ကျေးမှုအစမှာကတည်းက ပါဝင်ခဲ့တယ်လို့ ပြောရမလား။ ဘယ်နှခွေလောက် ပါဝင်သီဆိုခဲ့ပါသလဲ။
ဖြေ -ကျွန်တော် Live Show အတော်များများကို ပါဝင်သီဆိုခဲ့ပါတယ်။ အရေအတွက်ကတော့ သိပ်မမှတ်မိဘူး။
မေး- သူများသီချင်းတွေကို သီဆိုရတဲ့အခာ ကိုယ်တိုင်ရွေးပြီး သီဆိုတာလား။ Producer အကြိုက် သီဆိုပေးရတာလား။
ဖြေ- နှောင်ကြိုးလေးတစ်မျှင်တုန်
မေး -အစ်ကိုက Rock အဆိုတော် တစ်ယောက်ဖြစ်ပေမယ့်လည်း Pop ချိုချိုလေးတွေ၊ မြန်မာသံ သီချင်းတွေလည်း ဆိုတယ်နော်။ မြန်မာသီချင်းတွေအပေါ် အစ်ကိုရဲ့ ခံစားမှုအမြင်ကို ပြောပြပါဦး။
ဖြေ- ဟိုတုန်းက ကျောင်းမှာသီချင်းဆိုရင် သူငယ်ချင်းတွေက ကျွန်တော်နဲ့ သီချင်း အေးအေးလေးတွေနဲ့ ပိုလိုက်တယ်လို့ ပြောကြတယ်။ အားလည်း အားပေးကြတယ်။ အရင်ကတည်းက သီချင်းပောင်းစုံကို နားထောင်တယ်။ Rock မှ ဘာမှတော့ မဟုတ်ပါဘူး။ အားလုံးအပေါ်ကို ခံစားလို့ရပါတယ်။ ကျွန်တော့်ကို Rock အဆိုတော်လို့လည်း ပြောကြသလို သီချင်းချိုချိုနဲ့ပဲ လိုက်တယ်လို့ အမျိုးမျိုးပြောကြတဲ့ သူတွေလည်းရှိပါတယ်။ မြန်မာသီချင်းတွေကို သီဆိုရတာက ကျွန်တော်တို့ခေတ် သီချင်းတွေ၊ ကော်ပီတွေကို သီဆိုရတာထက် ပိုပြီး လေးနက်ခက်ခဲပါတယ်။ ကျွန်တော် မန္တလေးမှာ ရှဲလ်နဲ့ သီချင်းဆိုတုန်းကဆိုရင် ဆရာ မြို့မငြိမ်းတို့ရေးခဲ့ကြတဲ
မေး - အစ်ကိုတို့ခေတ်တုန်းက Heavy Rock နဲ့ အခု ခေတ်စားနေတဲ့ မော်ဒန် Rock ကို နှိုင်းယှဉ်ပေးပါဦး။
ဖြေ -ကျွန်တော်တို့ အရင်က ကြိုက်ခဲ့ကြတဲ့ တစ်ခါကရော့ခ်အင်ရိုး သီချင်းတွေနဲ့ အခုဆိုနေကြတဲ့ Modern Rock သီချင်းတွေမှာ ခံစားမှုက Rock ခေါင်းစဉ်ပေါ်မှာပဲ ခံစားတယ်။ ပြောင်းလဲမှုက သူတို့ သီဆို ဖန်တီးမှုအပေါ်မှာပဲ ကွဲသွားတာပဲ ရှိတယ်။ အမှန်ကတော့ အတူတူပါပဲ။
မေး- ကိုဘိုဘိုရဲ့ သီချင်းတွေအပေါ်မှာ ရူးသွပ်ခဲ့မှုနဲ့ ဒီဘက်ခေတ်မျိုးဆက်သစ်တွေရဲ့
ဖြေ- ကျွန်တော် အဆိုတော်မဖြစ်ခင်က သီချင်းစာအုပ်တွေ ၀ယ်တယ်၊ ပြီးတော့ ဂစ်တာတီးပြီး ဆိုတယ်။ အဆိုတော် ပေါင်းစုံရဲ့သီချင်းတွေ အကုန်တီးတယ်။ ဆိုတယ်။ အဲ့ဒီတုန်းက လူငယ်တွေကြားမှာ သီချင်းစာအုပ်က အရမ်းခေတ်စားတယ်။ ဒီဘက်ခေတ်တော့ အဲ့လို သိပ်မရှိတော့ဘူး။ အဲ့လိုပဲ အခွေလုပ်တဲ့အခါမှာလည်း Single အခွေကိုပဲ အရမ်းအားထည့်ပြီး လုပ်ကြရတယ်။ ဒီဘက်ခေတ်မှာကျတော့ အတွဲခွေထဲမှာ ဆိုလို့ပေါက်သွား ပရိသတ်ကလက်ခံရင် အဆိုတော် ဖြစ်သွားတာပဲလေ။ ဘာပဲဖြစ်ဖြစ် သီချင်းများများ ဆိုတာကို ကြိုက်ပါတယ်။
မေး- အစ်ကိုတို့ခေတ်တုန်းက သီချင်းတစ်ခွေထုတ်ရင် တစ်ခွေလုံးလိုလို ပရိသတ်တွေ လက်ခံအားပေးခဲ့ကြတယ်။ ဒီဘက်ခေတ်ကျတော့ တစ်ခွေထုတ်ရင် တစ်ခွေလုံး မပေါက်ဘူး။ တစ်ပုဒ် နှစ်ပုဒ်လောက်ပဲပေါက်တယ်။ အဲဒါ ဘာကြောင့်လဲလို့ ထင်ပါသလဲ သုံးသပ်ပေးပါဦး။
ဖြေ- ကျွန်တော်တို့ခေတ်တုန်းက ဒီသီချင်းလုပ်မယ်ဆိုရင် ဒီသီချင်းထဲပဲ အာရုံစိုက်ပြီး မကောင်းမချင်း သေသေချာချာ အချိန်ပေးပြီး လုပ်လို့ရတယ်။ အခုခေတ်ကျတော့ အဲ့ဒီ့လောက်အထိလည်း အချိန်မပေးနိုင်ကြတော့ဘူးလေ
မေး- အစ်ကို့ရဲ့ Single အခွေ မထွက်နိုင်သေးတာ အချိန်မပေးနိုင်သေးလို့လား။
ဖြေ- ညီမပြောသလို စီးရီးတစ်ခွေ လုပ်မယ်ဆိုရင် အရင်တုန်းကလောက် အချိန်ပေးလို့ မရတော့ဘူး။ ဘာလို့လဲဆိုတော့ မိသားစုကိစ္စတွေရော၊ တခြား အလုပ်ကိစ္စတွေလည်း ရှိသေးတယ်။ ဒါပေမယ့် ရတဲ့ အချိန်လေးမှာ သီချင်းလေးတွေ ဖန်တီးဖြစ်ပါတယ်။ အခွေတော့ လုပ်ထားပါတယ်။ ကြာဦးမယ်။ အခွေထဲမှာ ရော့ခ်တွေရော ပေါ့ပ်တွေရောပါမယ်။ ကျွန်တော့် သူငယ်ချင်း အိုက်ပီး ရေးပေးထားတဲ့ Own Tune သီချင်း တော်တော်များများပါမယ်။
မေး -လက်ရှိလှုပ်ရှားနေတဲ့ အစ်ကို့ဂီတ အကြောင်းလေး ပြောပြပါဦး။
ဖြေ- လောလောဆယ်တော့ စတိတ်ရှိုးကြီးတွေ သိပ်မဆိုဖြစ်ဘူး။ကုမ္ပ္မဏီပွဲ
စာစီကျေးဇူးရှင် Sar Mu Rai
# ကိုဘိုဘိုသည် ယခုအခါ NOON BAND နှင့်အတူ အနုပညာလှုပ်ရှားမှုများ ပြုလုပ်နေပြီဖြစ်ပါသည်။
ဝင်ရိုးတန်းအိပ်မက်
http://
တို့ဝေးရာ
http://
ကြယ်ကြွေကောက်သူ
http://www.mediafire.com/
OR
http://www.mediafire.com/
http://www.mediafire.com/
http://www.mediafire.com/
http://www.mediafire.com/
https://my.pcloud.com/
အချစ်ရူးရဲ့တစ်ခါကရော့ခ်(+ထ
https://my.pcloud.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။